← Chapters

အခန်း ၄၄၈

Vol. 30 Ch. 448

အခန်း ၄၄၈

Vol. 30 Ch. 448

အခန်း ( ၄၄၈) ခင်ပွန်းအပေါ် ဖောက်ပြန်ပြီး ကိုယ်ဝန်ရခြင်း

စုယန်ယန်၏ နှလုံးသားသည် စည်းချက် တစ်ချက် လွတ်သွားခဲ့သည်။ " ဘာဖြစ်တာလဲဟင်။ မစိုးရိမ်ဘဲနဲ့ သေချာ ရှင်းပြပါ။ "

" လော့ဝေပင်း။ လော့ဝေပင်း တစ်ခုခု ဖြစ်နေပြီ။ "

" လော့ဝေပင်း … ။ " စုယန်ယန် မျက်မှောင်ကြုတ်လိုက်သည်။ " သူ့ကို အရင်တုန်းက စီမံခန့်ခွဲတဲ့ ကုမ္ပ‌ဏီဟောင်းက လုပ်တာလား။ "

" ဟုတ်တယ်။ လော့ဝေပင်းနဲ့ သူတို့ရဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း သူတို့က လော့ဝေပင်း ဘယ်ရောက်သွားတာလဲ ဆိုတာ အဖြေရှာဖို့ ကြိုးစားနေခဲ့တာ။ လွန်ခဲ့တဲ့ နှစ်ရက် အတွင်း အစ်ကိုတို့ ကုမ္ပဏီကို သူ လာတာကို မြင်သွားလို့ ထင်တယ်။ မီဒီယာတွေနဲ့ မားကတ်တင်းအကောင့်တွေ အများကြီးက သူ့ရဲ့ မကောင်းတဲ့ လျို့ဝှက်ချက်တွေကို စတင် ဖော်ထုတ်နေပြီ။ "

စုယန်ယန်၏ မျက်လုံးများ အေးစက်သွားကာ သူမ၏ အမူအရာက ခပ်မဲ့မဲ့ ဖြစ်သွားသော်လည်း ထိတ်တော့ ထိတ်လန့်မသွားပေ။

လော့ဝေပင်းရဲ့ ယခင် စီမံခန့်ခွဲမှု ကုမ္ပဏီဟောင်းက လော့ဝေပင်းနှင့် သူမရဲ့ ကုမ္ပဏီကို ပြဿနာရှာလိမ့်မည် ဖြစ်ကြောင်း သူမလည်း ကြိုမှန်းထားခဲ့ပါသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုကုမ္ပဏီရဲ့ စက်ဆုပ်စရာကောင်းသော စရိုက်နှင့် သူ့မန်နေဂျာဟောင်းရဲ့ လက်စားချေတတ်သော စိတ်ထားကြောင့် သူတို့က လော့ဝေပင်းကို လွယ်လွယ်ကူကူ ထွက်သွားခွင့်မပြုမှာ အသေအချာပင်။

လော့ဝေပင်းနှင့် သူမရဲ့ ကုမ္ပဏီကို သူတို့ အလဲမထိုးနိုင်ဘူး ဆိုလျှင်တောင် သူမတို့အပေါ်ကို တက်နင်းပြီး သေချာပေါက် ထိခိုက်နစ်နာအောင် လုပ်လိမ့်မည်။

" ဒါ ဘယ်လို အမှိုက်သရိုက်မျိုးလဲ။ ပြည်သူ့ဆက်ဆံရေး ငှာနမှာ တုံ့ပြန်မှု အစီအစဉ် မရှိဘူးလား။ "

" ကျန်တာ အားလုံး အဆင်ပြေပါတယ်။ ရှင်းပြရ မခက်ဘူး။ အခက်တွေ့နေရတဲ့ ကိစ္စက သူတို့က ညီမနဲ့ ညီမရဲ့ ခင်ပွန်းကိုပါ ဒီကိစ္စထဲ ဆွဲထည့်နေလို့ပါ။ "

" ရှင်။ " စုယန်ယန်၏ မျက်နှာ မည်းခနဲ ဖြစ်သွားသည်။ " ဘယ်လို ဖြစ်တာလဲ။ "

ဒီနေ့ မနက်တုန်းက ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့သည် လော့ဝေပင်းဟာ သူ့ကိုယ်သူ အရေးကြီးပုဂ္ဂိုလ် တစ်ယောက်လို ပြုမူနေပြီး သူ့စာချုပ်အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဟု ရုတ်တရက် မကျေမနပ် ပြောလာခဲ့သည်။ သူက သူတို့ရဲ့ ဒရာမာထဲမှာ အမျိုးသား ဇာတ်လိုက် နေရာမှာ သရုပ်ဆောက်ပေးဖို့ သဘောတူထားပြီးသား ဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့ကလည်း အလွန် ပျော်ရွှင်ခဲ့ကာ သူနှင့် လက်တွဲ အလုပ် လုပ်ရန် အတွက် ရိုက်ကူးရေးကို တစ်လတိတိ အချိန်ဆိုင်းငံ့ပေးထားခဲ့သည်။ အဆုံးသတ်၌ ရိုက်ကူးရေး စတင်ချိန် ရောက်လာလျှင် သူက ရုတ်တရက် ကတိမတည်တော့ဘဲ ရိုက်ကူးရေးကို ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးစေခဲ့ပြီး အဆုံးအရှုံး များစွာကို ထိခိုက်နစ်နာစေခဲ့သည်။

ထို့နောက် တခြား အမျိုးသမီး သရုပ်ဆောင် တစ်‌ယောက်လည်း ပေါ်ထွက်လာကာ သူမ ရိုက်ကူးရေး လုပ်နေစဉ်တုန်းက သူမကို လော့ဝေပင်းက ထပ်ခါတလဲလဲ နှောင့်ယှက်ခဲ့ကြောင်းနှင့် သူမကို သူနှင့် အတူတူ အိပ်ဖို့တောင် ဖိအားပေးခဲ့ကြောင်း ပြောခဲ့သည်။ အခု သူမမှာ ကိုယ်ဝန်ရနေပြီ ဖြစ်သော်လည်း သူက အဲ့ဒါကို ဝန်ခံဖို့ ငြင်းဆန်ရုံသာမက သူမကို ကလေးဖျက်ချဖို့နှင့် ဖျက်မချပါက သူမကို သတ်မည် ဖြစ်ကြောင်း ပြောခဲ့လေသည်။

ရှားကျွင်းရှန်က ထိုအကြောင်းကို ပြောပြီးသွားတော့ ‌စုယန်ယန်နှင့် ဟောက်ချန်ဟွမ်း အကြောင်း ပြောပြခဲ့သည်။

အစပိုင်းမှာ စုယန်ယန်နှင့် လော့ဝေပင်းတို့ ဆေးရုံ အတူတူ သွားသည့် ‌ဓာတ်ပုံမှ အစပြုလာခဲ့တာ ဖြစ်သည်။ လော့ဝေပင်းနှင့် သူ့ဘော့စ် အဟောင်းရဲ့ စာချုပ်ဟာ သက်တမ်းကုန်ဆုံးသွားပေမဲ့ သူကတော့ စာချုပ်သစ် ထပ်မချုပ်ခဲ့‌‌ဘူးလို့ သတင်းဆောင်းပါး တစ်ပိုဒ်က အခိုင်အမာ ပြောခဲ့သည်။

အကြောင်းပြချက်ကတော့ တုန်ချမ်းရဲ့ တာဝန်ရှိသူ တစ်ယောက် ဖြစ်သော မစ်စ်စုနှင့် လော့ဝေပင်း ချိတ်ဆက်မိသွားကာ သူမက ဟောက် ကော်ပိုရေးရှင်းရဲ့ သခင်လေးနှင့် သခင်မလေးကို လောလောလတ်လတ် ကြိမ်းမောင်းထားခဲ့လို့ ဖြစ်သည်။

ထိုဆောင်းပါးက သူတို့ နှစ်ယောက် ဆေးရုံကို အတူ သွားခဲ့တဲ့ အကြောင်းနှင့် ရင်းရင်းနှီးနှီး ပြုမူနေကြသော အကြောင်းကို ထောက်ပြခဲ့သည်။ သူတို့ နှစ်ယောက် သားဖွားမီးယပ် ငှာနကို သွားတာလားဟု သံသယရှိခဲ့ကြသည်။

ဆောင်းပါးထဲက စကားများလုံများသည် သူတို့ရဲ့ ဆက်ဆံရေးက မရိုးရှင်းဘူးဟု အဓိပ္ပာယ်သက်ရောက်စေပြီး သူတို့ ချစ်ကြိုးသွယ်နေကြတာ ဖြစ်နိုင်တယ် ဟူ၍လည်း အဓိပ္ပာယ်သက်ရောက်စေခဲ့သည်။

စုယန်ယန် တစ်ယောက်‌ ကြောင်အသွားမိသည်။ သူမက ခင်ပွန်းအပေါ် ဖောက်ပြန်နေရုံတင် မကဘူး ၊ ကိုယ်ဝန်ပါ ရှိနေတာတဲ့လား။

ပိုက်ဆံ ရထားသော ထိုလူယုတ်မာ မီဒီယာ အဖွဲ့အစည်းများဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးတဥ့ နေရာမှာ အတော်ဆုံး ဖြစ်သည်။ အမှန်တရားက ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ပြည်သူလူထုရဲ့ စိတ်အာရုံကို သူတို့ ဖမ်းစားနိုင်သရွေ့ သူတို့ လုပ်ချင်တာ ဘာမဆိုကို သဘာဝကျစွာပင် လုပ်လေ့ရှိသည်။

လော့ဝေပင်းရဲ့ ပရိသတ်များကတော့ သူက အဲ့လို လူမျိုး ဆိုတာကို အစကတည်းက မယုံကြည်ပေ။ အခြားတစ်ဖက်၌ သူတို့က လော့ဝေပင်းမှာ ဆေးရုံ တက်နေရတဲ့ လူနာ တစ်ယောက် ရှိနေတာ ဖြစ်ပြီး စုယန်ယန်က သူနှင့် မတော်တဆ တွေ့ခဲ့တာလို့ ကူရှင်းပြပေးနေခဲ့သည်။ သူတို့ နှစ်ယောက်ကြားမှာ ဟိုလိုလိုဒီလိုလို ဆက်ဆံရေးမျိုး မရှိပါ။

သို့သော် အစောပိုင်း ထွက်ပေါ်ထားသော ကောလဟာလ နှစ်ခုသည် အရှိန်ကောင်းနေပြီ ဖြစ်၍ လော့ဝေပင်းရဲ့ စရိုက်ဟာ တစ်ခုခု မှားယွင်းနေသည်ဟု လူတွေကို ထင်စေခဲ့သည်။

အဖြစ်မှန်ကို မသိသော တချို့ ဖြတ်သွားဖြတ်လာ ပွဲကြည့်သူ တချို့ကလည်း အထင်မှားသွားကာ သူတို့နှင့် ရောယောင် သံယောင်လိုက်နေခဲ့ကြသည်။ သုံးသပ်သူ အတုများနှင့် ဆန့်ကျင်မုန်းတီသူများကလည်း အုန်းအုန်းကြွကြွ ဖြစ်နေသည်။

စွပ်စဲချက်များကို ဖြေရှင်းရန် အသုံးပြုထားသော ကွန်းမန့်များကို " လော့ဝေပင်းက သူ့ကိုယ်သူ နာမည်ကျော် အရေးကြီးပုဂ္ဂိုလ် တစ်ယောက်လို ပြုမူနေတယ် " ၊ " မကြားဝံ့မနာသာ ဆက်ဆံရေး တစ်ခုကို ပိုင်ဆိုင်ထားသော အမျိုးသားသရုပ်ဆောင် " ၊ " အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်ရဲ့ တိတ်တိတ်ပုန်း ကောင်လေး " ၊ " သူ့ရဲ့ ကျေးဇူးရှင် အလုပ်ရှင်ဟောင်းကို စွန့်ပစ်လိုက်ခြင်း " စသည့် အဆိုးမြင် ကွန့်မန်းများစွာက ဖုံးအုပ်ထားခဲ့သည်။

All Chapters