← Chapters

အခန်း ၄၄၉

Vol. 30 Ch. 449

အခန်း ၄၄၉

Vol. 30 Ch. 449

အခန်း ( ၄၄၉) အိုမင်းရင့်ရော်ပြီး ရုပ်ဆိုးတယ်တဲ့လား။

သို့သော်လည်း အဲ့ဒါက ဖြစ်စဉ် တစ်ခုလုံးရဲ့ ဇာတ်ရှိန်အမြင့်ဆုံး နေရာ မဟုတ်ပေ။ စက်ဆုပ်စရာကောင်းသူရဲ့ သခင်မကို အရင်တုန်းက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ ရဲရင့်ထက်မြတ်‌သော စုယန်ယန်ရဲ့ အခြေအနေသည် တစ်ညတည်းမှာပဲ ပြောင်းပြန် ဖြစ်သွားခဲ့သည်။ သူမကို ရစရာ မရှိအောင် ‌ပြောဆိုခဲ့ကြပြီး လင်ငယ်ထားသော အရှက်မရှိတဲ့ မိန်းမပေါ့ မိန်းမပျက် တစ်ယောက် အဖြစ် လူသိများလာခဲ့သည်။

လူ များစွာက လင်ငယ်ထားသော မိန်းမဖြစ်သူ သူမရဲ့ ခင်ပွန်း၏ သရုပ်မှန် အကြောင်း စပ်စုချင်နေခဲ့ကြသည်။ ထို့နောက် စုယန်ယန်၏ ပူပူနွေးနွေး ခင်ပွန်းလေးဟာ စက်ဆုပ်စရာကောင်းသူဟု အခေါ်ခံရသော သခင်လေး‌ဟောက်ရဲ့ ဦးလေး ဖြစ်ကြောင်း တစ်စုံတစ်ယောက်က ဖော်ထုတ်ခဲ့သည်။

တူနှင့် လက်ထပ်ဖို့ ရည်ရွယ်ထားသော အမျိုးသမီးသည် ရုတ်တရက်ပဲ သူ့ဦးလေးနှင့် လက်ထပ်ဖြစ်ခဲ့ကာ သူ့သတို့သမီးလောင်းကနေ သူ့အဒေါ် အဖြစ် ပြောင်းလဲသွားခဲ့သည်။ လူများစွာသည် လူချမ်းသာ မိသားစု တစ်စုရဲ့ မြင်ကွင်းကို စိတ်ကူးယာဉ်ထားပြီးသား ဖြစ်သည်။

ထင်ကြေးပေးသူများက ပွဲကြည့်ရတာ ကြိုက်သည်။ ဖျော်ဖြေရေးလောက အပြင် လူချမ်းသာ မိသားစုတွေရဲ့ ကောလဟာလတွေနှင့် စည်းစိမ်လုပွဲတွေကို ကြည့်ရတာကိုလည်း နှစ်သက်သည်။

စုယန်ယန် ၊ ဟောက်ချန်ဟွမ်းနှင့် ဟောက်ရှောက်ဖုန်းကြားမှ သပွတ်အူ ဆက်ဆံရေးကြောင့် လူများစွာသည် ထိုကိစ္စတွေက အမြင်နှင့် မြင်နေရသလောက် မရိုးရှင်းဘူးလို့ ယူဆခဲ့ကြသည်။

စုယန်ယန်က အဲ့ဒါကို မြင်သောအခါ တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း အာရုံမိသွားသည်။ ဒီကိစ္စ နောက်ကွယ်က လူက သူမ တစ်ယောက်တည်းကို ဦးတည်နေတာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။

မျှော်လင့်ထားသလိုပင် နာရီဝက် ဝန်းကျင် အကြာတွင် နောက်ထပ် အတွင်းလူ တစ်ယေက်က မစ်စ်စုရဲ့ ခင်ပွန်းက တကယ်တော့ မသန်စွမ်း တစ်ယောက် ဖြစ်ပြီး အတူတူ အိပ်ရန် မစွမ်းဆောင်နိုင်တော့ကြောင်း ဖော်ထုတ်ခဲ့သည်။ အကယ်၍ စုယန်ယန်သာ ကိုယ်ဝန်ရခဲ့လျှင် ထိုကလေးက တခြား ယောက်ျား တစ်ယောက်နှင့် ရတဲ့ ကလေး ဆိုတာ သေချာသည်။

အဲ့ဒီ သတင်း ပြန့်သွားသည်နှင့် လူများစွာ ထိတ်လန့်သွားခဲ့ကြသည်။ သူတို့က မစ်စ်စုဟာ ဟောက်မိသားစုရဲ့ ဦးလေးကို ရုတ်တရက် ဖြစ်ပေါ်လာသည့် တွန်းအား တစ်ခုကြောင့် လက်ထပ်ခဲ့တာ ဖြစ်ပြီး သူ့အပေါ် ဖောက်ပြန်ရန် လုံလောက်သော ရည်ရွယ်ချက်လည်း ရှိနေတယ် ဆိုတာ ပိုလို့တောင် သေချာသွားခဲ့ကြသည်။

စုယန်ယန်၏ ဇာတ်ရှုပ်များကို သည်းမခံနိုင်တော့သော ဖြောင့်မတ်သူ တချို့သည် သူမကို ချက်ချင်းပဲ စတင် ပြက်ရယ်ပြုခဲ့ကြသည်။

" ဟောက်မိသားစုရဲ့ သခင်လေးကို ဒီအမျိုးသမီး ကြိမ်းမောင်းနေတာကို ငါ မြင်တုန်းက သူမက တကယ် ဖြောင့်မတ်မှန်ကန်တယ်လို့ ထင်ခဲ့မိတာ။ သူမက အဘိုးကြီး တစ်ယောက်နဲ့ လက်ထပ်ထားလို့သာ ဝံ့ကြွားပြီးယုံကြည်ချက်ရှိနေခဲ့တာပဲ။ မင်း ငါ့ကို လာမေးရင်တော့ ဒီအမျိုးသမီးက လူမှုအသိုင်းအဝိုင်းရဲ့ ရာထူးဂုဏ်ရှိန် အမြင့်ပိုင်းကို တက်လှမ်းချင်ပေမဲ့ မအောင်မြင်လို့ ဒေါသထွက်နေတာပဲ။ သခင်လေးဟောက်က တကယ် သနားစရာကောင်းတယ်။ သူမက လူချမ်းသာ ဒုတိယ အမွေဆက်ခံသူ တစ်ယောက်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့ပြီး အမွေဆက်ခံပိုင်ခွင့်ကိုတောင် ဆုံးရှုံးသွားစေခဲ့တယ်။ ငါ သူမကို ကြောက်စရာကောင်းတဲ့ မိန်းမလို့ ပြောရင် အဲ့ဒါက ငါ သက်ညှာပေးနေတာပဲ။ "

" အရင်တုန်းက စက်ဆုပ်စရာကောင်းတဲ့ ဟိုလူနဲ့ သခင်မကို သူမ ဆက်ဆံပုံကို ကြည့်ပြီး ငါ သူမကို တော်တော်လေး သဘောကျသွားခဲ့တာ။ ဒါပေမဲ့ အခုတော့ ကြည့်ရတာ ငါ အထင်မှားသွားခဲ့တယ် ထင်တယ်။ လူချမ်းသာတွေ ဆိုတာ အကုန်လုံး လူကောင်းတွေ မဟုတ်ဘူး။ သူတို့ တစ်ယောက်ချင်းစီက ဉာဏ်နီဉာဏ်နက် များတဲ့ နေရာမှာ သူ့ထက်ငါ အပြိုင်အဆိုင် တော်ကြတယ်။ တကယ့်ကို စိတ်ပျက်စရာ လူတွေပဲ။ ရွံစရာကောင်းလိုက်တာ။ "

" သူ့ကို အဘိုးကြီးလို ခေါ်တာ ဆိုးတော့ မဆိုးဘူး။ မစ်စ်စုက အသက် ၂၀ အစပိုင်းတွေထဲမှာပဲ ရှိဦးမယ် ထင်တယ် ၊ ပြီးတော့ သခင်လေးဟောက်ကလည်း ၂၀ အစပိုင်းထဲမှာပဲ ရှိသေးတယ်။ ဒီဦးလေးဟောက်က သေချာပေါက် အသက် ၄၀ ၊ ၅၀ ထဲ ရှိနေမှာ မဟုတ်လား။ မသန်စွမ်းဖြစ်နေတဲ့ အဘိုးကြီး။ သူ ဘယ်လောက်တောင် အိုမင်းရင့်ရော်ပြီး ရုပ်ဆိုးမလဲ ဆိုတာ ငါ မှန်းကြည့်လို့ ရတယ်။ အဲ့လို လူမျိုးကို သူမ ဘယ်လိုလုပ် လက်ထပ်နိုင်ရတာလဲ။ ဒါကို အချစ်စစ်လို့ မင်း ငါ့ကို ပြောနေတာလား။ ငါတော့ အဲ့ဒါ အချစ်စစ် မဟုတ်မှာကို စိုးရိမ်နေပြီ။ "

ဟောက်ချန်ဟွမ်းသည် လမ်းတိုင်းမှာ နေရာအနှံ့ ဓာတ်ပုံတွေ ရှိနေတတ်သော ဖျော်ဖြေရေးလောကထဲက အနုပညာရှင် တစ်ယောက် မဟုတ်ပါ။ ထို့ပြင် အက်ဆီးဒင့် ဖြစ်သွားပြီးကတည်းက သူ အိမ်ထဲက အိမ်ပြင် ထွက်ခဲသည်။

အင်တာနက်အသုံးပြုသူများက သူ့အကြောင်း မည်သည့် အချက်အလက်ကိုမှ ရှာမရကြဘဲ သူ့ရဲ့ ဓာတ်ပုံလေး တစ်ပုံကိုတောင် မရှာနိုင်ပေ။ ဟောက်ရှောက်ဖုန်း၏ ဦးလေး ဖြစ်နေခြင်းကြောင့် သူတို့က သူဟာ ဟောက်ချီဟန်နှင့် ရွယ်တူ အဘိုးကြီး တစ်ယောက်ပဲလို့ သေချာသွားကြသည်။

စုယန်ယန်သည် ဟောက်ရှောက်ဖုန်းကို လက်စားချေချင်သဖြင့် သူ့ဦးလေးကို လက်ထပ်ခဲ့တာ ဟူ၍လည်း သူတို့ အတပ် ပြောနိုင်ကြသည်။ သို့သော် သူမက လက်ထပ်ပြီးနောက်ပိုင်း ထိုကဲ့သို့ လူမျိုးနှင့် သည်းခံမပေါင်းသင်းနိုင်သောကြောင့် သူ့အပေါ် ဖောက်ပြန်ခဲ့ရာမှ အခုလို အခြေအနေ ဖြစ်သွားခဲ့သည်။

သူမနှင့် ဟောက်ချန်ဟွမ်းကို တိုက်ခိုက်နေကြသော ဘယ်ကမှန်း မသိတဲ့ ဖြတ်သွားဖြတ်လာတွေရဲ့ ကွန်းမန့်တွေ ၊ Post တွေကို ဖတ်ကာ စုယန်ယန် တစ်ယောက် ဒေါသထွက်လွန်းလို့ ဖုန်းကိုတောင် ပေါက်ခွဲမိတော့မလို ဖြစ်သွားရသည်။

ဒီလူတွေ သူမကို ကြိမ်းမောင်းနေရင် အဆင်ပြေသော်လည်း သူတို့က သူမရဲ့ ခင်ပွန်းကိုတောင် ကြိမ်းမောင်းနေခဲ့ကြသည်။။

သူမရဲ့ ခင်ပွန်းကို ကြိမ်းမောင်းတာက ဒေါသထွက်စရာကောင်းသော်လည်း သူ့ကို အိုမင်းရင့်ရော်ကာ အရုပ်ဆိုးသော မသန်စွမ်း အဘိုးကြီး တစ်ယောက်ဟု မဟုတ်မမှန် လျှောက်ပြောနေတာက ပိုဒေါသထွက်စရာကောင်းသည်။ ပြောချင်ရာတွေ လျှောက်ပြောနေကြတယ်။ အဘိုးကြီးတဲ့လား ၊ ဒီလို ငယ်ရွယ်ချောမောတဲ့ အဘိုးကြီးကို နင်တို့ မြင်ရော မြင်ဖူးလို့လား။

All Chapters