← Chapters

အခန်း ၄၅၀

Vol. 30 Ch. 450

အခန်း ၄၅၀

Vol. 30 Ch. 450

အခန်း ( ၄၅၀) ကျွန်မရဲ့ ခင်ပွန်းက ကမ္ဘာပေါ်မှာ အချောဆုံးပဲ

စုယန်ယန်သည် ဒေါသထွက်သွားပြီး ကုရှောက်ယန်ကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

ကုရှောက်ယန်က စုယန်ယန်၏ ဖုန်းကောလ်ကို လက်ခံရရှိချိန်မှာ အွန်လိုင်းပေါ်မှာ ဖြစ်ပျက်နေသော အဖြစ်အပျက်ကြောင့် သူမ သူ့ကို အကူအညီ လာတောင်းပြီဟု ထင်သွားပြီး သူတို့အား သူမအတွက် ထိုကီးဘုတ်ဖိုက်တာတွေကို ကူတိုက်ခိုက်ပေးစေချင်နေသည် ဟူ၍ တွေးမိသွားသည်။

မျှော်လင့်မထားစွာဖြင့် စုယန်ယန်ကတော့ " ' စိတ်ဝိညာဉ် စားသောက်ပွဲ ' အတွက် ကြော်ငြာကို ထုတ်လွှင့်ပြီးပြီလား " ဟု မေးခဲ့သည်။

" စိတ်ဝိညာဉ် စားသောက်ပွဲ " က သူတို့ နှစ်ယောက်ရဲ့ နာမည် အတိုင်း တစ်ပုံစံတည်း သတ်မှတ်ခေါ်ဝေါ်ထားသော ဟိုလိုဂရပ်ဖစ် အွန်လိုင်းဂိမ်း တစ်ခု ဖြစ်သည်။ ထိုဂိမ်းရဲ့ နာမည်ကို သူတို့ရဲ့ နာမည်တွေအား အသံထွက်တူသော အက္ခရာတွေ အဖြစ် ပေါင်းစပ်ဖွဲ့စည်းထားသည်။

ကုရှောက်ယန် အံ့အားသင့်သွားမိသည်။ " မထုတ်လွှင့်ရသေးဘူးဗျ။ မနက်ဖြန်မှ ထုတ်လွှင့်ဖို့ စီစဉ်ထားတာပါ။ "

" တစ်ရက် စောပြီး ထုတ်လွှင့်လိုက်ပါ။ အဲ့ဒါကို အခုချက်ချင်း တရားဝင် ထုတ်လွှင့်ပြီး ကျွန်မကို ဂိမ်းရဲ့ ကော်ပီ ပေးနော်။ နောက်မှ ကျွန်မတို့ ဒီအကြောင်း ပြောကြမယ်။ "

သူမရဲ့ အနုပညာရှင်ကို သူတို့တွေ ဖျက်ဆီးချင်နေကြတာ မဟုတ်လား။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမလဲ ဆိုတယ ကြည့်လိုက်လေ။ နိမ့်ကျသည့် ထိုလူများကို ထိပ်တန်းအဆင့် အနုပညာရှင် တစ်ယောက် ဆိုတာ ဘာမှန်း သိသွားအောင် သူမ ယနေ့ ပြပေးရမည်။

" ကောင်းပါပြီ။ " စုယန်ယန်နှင့် အမိန့်တွေနှင့် ပတ်သက်ပြီး ကုရှောက်ယန်မှာ ဘာမှ အထွန့်တက်စရာ မရှိပေ။ စုယန်ယန်၏ လေသံက စိတ်အဆင်ပြေနေပုံ မပေါ်မှန်း သူ ပြောနိုင်သဖြင့် သူမကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ " အွန်လိုင်းပေါ်က မကောင်းတဲ့ ကွန်းမန့်တွေကို မစိုးရိမ်ပါနဲ့ သခင်‌မလေး။ အဲ့ဒါတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံး ကူဖြေရှင်းပေးပါ့မယ်။ သခင်မလေးရဲ့ ကုမ္ပဏီနဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဥပဒေငှာနက လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်နေပါပြီ။ "

ကုရှောက်ယွီ၏ စကားဆုံးသည်နှင့် စုယန်ယန်က ဒေါသတကြီး ထပ်ပြောလိုက်သည်။ " ကျွန်မ သိတယ်။ အဲ့ဒီ အမှိုက်တွေက ကျွန်မတို့ ဟွမ်းဟွမ်းရဲ့ ချောမောမှုကို မနာလိုဖြစ်နေကြတာ။ သူတို့က တကယ့်ကို အမှိုက်ပုံတွေပဲ။ ရှင် သူတို့ရဲ့ မျက်နှာတွေကို ဖူးရောင်သွားတဲ့အထိ ဖြတ်မရိုက်ရင် ကျွန်မရဲ့ မျိုးရိုးနာမည်က စု မဟုတ်တော့ဘူး။ "

စုယန်ယန်သည် ထိုစကားကို ပြောပြီးနောက် ဖုန်းချပစ်လိုက်သည်။ ကုရှောက်ယန်ကတော့ မျက်နှာမှာ သံသယတွေ ပြည့်နှက်လျက် အံ့ဩကြောင်အစွာ အတောင့်သား ရပ်နေမိသည်။

ဟွမ်းဟွမ်း .. ။ ချောမောမှု … ။ အွန်လိုင်းပေါ်က ရက်စက်တဲ့ ကျိန်ဆဲမှုတွေကြောင့် သခင်မလေး ရူးသွားတာများလား။

သခင်မလေးကပဲ ရုပ်ရည် ချောမောလှပတဲ့ လူ တစ်ယောက် ဖြစ်သင့်တာ မဟုတ်ဘူးလား။

သခင်လေးသာ ဒီအကြောင်း သိသွားပါက သူ နှုတ်ပိတ်ခံလိုက်ရလိမ့်မည်။ သေချာတာပေါ့ ၊ သခင်လေးရဲ့ ဒေါသတွေကို လက်ခံရရှိတဲ့ တစ်ဖက်လူက သူပဲ ဖြစ်မှာလေ ၊ သခင်မလေးမှ မဟုတ်တာ။

ထိုအကြောင်းကို နားလည်သော ကုရှောက်ယန်သည် တိတ်တိတ်လေး ပါးစပ်ပိတ်ထားကာ သူ ဘာကိုမှ မကြားခဲ့သလို ဟန်ဆောင်လိုက်သည်။

စုယန်ယန်သည် ညွှန်ကြားထားခဲ့ကာ ' စိတ်ဝိညာဉ် စားသောက်ပွဲ ' အတွက် ကြော်ငြာကို ချက်ချင်း တိုက်ရိုက်ထုတ်လွှင့်နေခဲ့သည်။

အသစ်စက်စက် မှတ်ပုံတင်ထားသော အကောင့် တစ်ခု ဖြစ်သောကြောင့် ထိုကြော်ငြာကို လူ အများကြီး အာရုံမစိုက်ကြသလို စိတ်ဝင်စားမှု များစွာကိုလည်း မရရှိခဲ့ပေ။

စုယန်ယန်က သူမရံ တရားဝင် အကောင့်ထဲ လော့ဂ်အင် ဝင်ကာ ကြော်ငြာကို Repost လုပ်လိုက်သည်။

ဟွမ်းဟွမ်း မိသားစုရဲ့ စုစုလေး : ကျွန်မရဲ့ ခင်ပွန်းက ကမ္ဘာပေါ်မှာ အချောဆုံးပဲ။ ကျွန်မ ဘယ်လို ပြန်လည် ချေပချက်မျိုးကိုမှ လက်ခံမှာ မဟုတ်ဘူး။ ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ခင်ပွန်းကို အိုမင်းရင့်ရော်ပြီး အရုပ်ဆိုးတယ်လို့ ပြောနေတဲ့ လူတွေကိုတော့ ရှင်တို့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်ဖို့ပဲ အကြံပေးပါတယ်။ မျက်စိဆေးရုံကတောင် ရှင်တို့ကို ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး။ မသန်စွမ်း ဖြစ်နေတဲ့ အတွက် ဆိုရင်တော့ ရှင်တို့ ခြေထောက်တွေက ကုသမှု ခံယူပြီး ပြန်သက်သာလာပြီ ဆိုရင်တောင်မှ မသန်စွမ်း ဖြစ်နေတယ်လို့ ပြောလို့ ရတယ် ဆိုရင် ကမ္ဘာပေါ်မှာ ကျန်းမာတဲ့ လူတွေ အများကြီး မရှိတော့မှာကို ကျွန်မ စိုးရိမ်မိတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ အနုပညာရှင်တွေကို ကျိန်ဆဲနေတဲ့ လူတွေကိုလည်း ရှင်တို့ စိုးရိမ်စရာ မလိုပါဘူး။ ရှင်တို့ရဲ့ သခင်က စိတ်နှလုံး အေးစက်ပေမဲ့ ကျွန်မတို့ အနုပညာရှင်တွေရဲ့ စိတ်နှလုံးကတော့ အေးစက်မှာ မဟုတ်ဘူး …

လူတိုင်းဟာ ကောလဟာလကြောင့် တရားဝင် အကောင့်တွေကို မျက်ခြည်မပြတ် အာရုံစိုက်နေခဲ့ကြသည်။ အင်တာနက်အသုံးပြုသူများနှင့် ကီးဘုတ်ဖိုက်တာများသည် စုယန်ယန်ကို မြင်သောအခါ သူမဆီ ပြေးသွားခဲ့ကြသည်။

အတုအယောင် သုံးသပ်သူများက စုယန်ယန် တင်ထားသော Post ကို ဂရုမစိုက်ကြပေ။ သူတို့က သူမရဲ့ Post ကို အကုန်လုံး ကော်ပီယူပြီး ကြိမ်းမောင်းနေခဲ့သည်။ သူတို့က စုယန်ယန်ကို ဆွဲချပြီး သူမကို ဆူပူကြိမ်းမောင်းချင်နေကြတာ ဖြစ်သည်။

ဖြတ်သွားဖြတ်လာ ပွဲကြည့်သူများသည် သူမရဲ့ တုံ့ပြန်မှုကို အရင် မြင်ခဲ့ကာ သူမရဲ့ လေသံက အလွန် အထက်စီးဆန်သည်ဟု ခံစားလိုက်ရသည်။ သူတို့က အင်္ကျီလက်တွေကို ပင့်တင်ပြီး သူမကို ဝေဖန်ကြိမ်းမောင်းတော့မည့်ဆဲဆဲတွင် စုယန်ယန်၏ တုံ့ပြန်ချက် နောက်မှ ဓာတ်ပုံ နှစ်ပုံကို မြင်သွားကြလေသည်။

ဓာတ်ပုံရဲ့ နောက်ခံမြင်ကွင်းက အလွန် လှပကာ ကြီးကျယ်ခမ်းနားသော ပင်လယ်နံဘေး အိမ်ကြီး တစ်လုံး ဖြစ်သည်။ အိမ် ပတ်ပတ်လည်မှာ အပြာရောင် နှင်းဆီတွေ အများကြီး စိုက်ပျိုးထားကာ နှင်းဆီပန်းတွေရဲ့ အရှေ့မှာတော့ မိန်းကလေး တစ်ယောက်က အပြာရောင် နှင်းဆီပန်းစည်းကြီး တစ်စည်းကို ဖက်ထားခဲ့သည်။ သူမက ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ ဝှီးချဲလ်ပေါ်ရှိ အမျိုးသားငယ်လေးကို နမ်းနေသည်။ ထိုဓာတ်ပုံက နတ်သမီးပုံပြင်ထဲမှ ဇာတ်ဝင်ခန်း တစ်ခုကဲ့သို့ လိုက်ဖက်ညီကာ နွေးထွေးစရာကောင်းပါသည်။

++++

All Chapters