← Chapters

အခန်း ၄၅၁

Vol. 31 Ch. 451

အခန်း ၄၅၁

Vol. 31 Ch. 451

အခန်း (၄၅၁) မြတ်နိုးစိတ်နဲ့ ကြည့်နေတဲ့ သူ့မျက်လုံးတွေက မင်းဆီမှာပဲ ကျရောက်နေတယ်

ဓာတ်ပုံက လှပသော်လည်း သူတို့ နှစ်ယောက်၏ ဘေးတစောင်း မျက်နှာကိုသာ ရိုက်ယူထားသည်။ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကို ဘယ်သူမှ သေချာ မမြင်နိုင်သလို သူ ဘယ်လောက် ချောမောကြောင်းကိုလည်း ဘယ်သူမှ မပြောနိုင်ကြပေ။

ဒုတိယ ဓာတ်ပုံကတော့ ပထမ ဓာတ်ပုံလို မဟုတ်။ ဒုတိယ ဓာတ်ပုံရဲ့ နောက်ခံမြင်ကွင်းက ခမ်းနားကြီးကျယ်သည့် အိမ်တော်ကြီး ဖြစ်နေဆဲ ဖြစ်ကာ ကောင်မလေးက လှပသော အပြာရောင် နှင်းဆီးပန်းလေးကို ခူးဆွတ်ရန် လက်လှမ်းနေပြီး အမျိုးသားငယ်လေးကတော့ သူမနှင့် မလှမ်းမကမ်း တစ်နေရာမှာ ထိုင်နေခဲ့သည်။

နူးညံ့သော အပြုံး တစ်ပွင့်က အမျိုးသားငယ်လေးရဲ့ လူကြီးဆန်ဆန် ရင့်ကျက်တည်တင်းနေသော မျက်နှာကို ပျော့ပျောင်းသွားစေခဲ့သည်။ ကောင်မလေးကို ကြည့်နေတဲ့ သူ့မျက်လုံးထဲမှ မြတ်နိုးမှုတွေကဝောာ့ မိန်းကလေးများစွာကို အရည်ပျော်ကျသွားစေခဲ့လေသည်။

ထိုမြင်ကွင်းက ' မင်းက ရှုခင်းကို သဘောကျစိတ်နဲ့ ကြည့်နေချိန်မှာ မြတ်နိုးစိတ်နဲ့ ကြည့်နေတဲ့ သူ့မျက်လုံးတွေကဝောာ့ မင်းဆီမှာပဲ ကျရောက်နေတယ် ' ဟူသော စာသားနှင့် အပြည့်အဝ ကိုက်ညီသည်။

နွေးထွေးသော နေရောင်ခြည်က သူတို့ နှစ်ယောက်အပေါ် လင်းဖြာကျနေလျက် သူတို့အား ပန်းချီကား တစ်ချပ်ကဲ့သို့ လှပနေစေသည်။

အွတ် —

ဟောက်ချန်ဟွမ်းကို ကြိမ်းမောင်းဖို့ ရောက်လာကြသူများသည် ‌ခွေးစာတွေ အများကြီးကို စားရန် ရုတ်တရက် ဖိအားပေးခံလိုက်ရပြီး ဗိုက်ပြည့်အင့်သွားတဲ့ အထိ စားခဲ့ကြရသည်။

[ သေစမ်း ၊ ဒါ ဦးလေးဟောက် ဆိုတဲ့ လူလား။ သူ့ကို အိုမင်းရင့်ရော်ပြီး အရုပ်ဆိုးတယ်လို့ ဘယ်သူ ပြောတာလဲ။ သူ့ရုပ်ရည်ကို အိုမင်းရင့်ရော်ပြီး အရုပ်ဆိုးတယ်တဲ့လား။ ]

[ ငါ ဒီညီလေးကို သဘောကျတယ်။ သူ အနုပညာရှင် တစ်ယောက်အဖြစ် ပွဲဦးမထွက်တာ နှမြောစရာပဲ။ သူက အနုပညာရှင် ဖြစ်ဖို့ တကယ့်ကို လုံလုံလောက်လောက် ရုပ်ချောတယ်။ ငါ သူ့ကို ပွဲဦးထွက်စေချင်တယ်။ ]

[ အသိဉာဏ်မရှိတဲ့ မိန်းမရေ ၊ နင်က လူ တစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဘယ်လို ဝေဖန်ရမလဲ ဆိုတာပဲ သိတယ်။ သူတို့ စုံတွဲရဲ့ ဆက်ဆံရေးက ခိုင်မာတယ် ဆိုတာ နင် မမြင်နိုင်ဘူးလား။ မျက်လုံး ရှိတဲ့ လူတွေကို နင် လာလှည့်စားလို့ မရဘူး။ တစ်ယောက်ကို တစ်ယောက် ကြည့်နေတဲ့ အချိန်မှာ သူတို့ရဲ့ မျက်လုံးထဲမှာ အချစ်တွေနဲ့ပဲ ပြည့်နေတာ။ နင့်လို မုန်းချင်စရာကောင်းတဲ့ မြေခွေးမက ဘယ်လိုတောင် ဝင်နှောင့်ယှက်နိုင်ရတာလဲ။ ]

[ ငါ့ခင်ပွန်းနေရာမှာ လူ ထပ်ပြောင်းဖို့ ငါ အရမ်း စိတ်လှုပ်ရှားနေပြီလို့ ခံစားရတယ်။ ဒါပေမဲ့ ဒီခင်ပွန်းက တခြား မိန်းကလေး တစ်ယောက်ရဲ့ ခင်ပွန်း ဖြစ်နေပြီ ဆိုတဲ့ အကြောင်း ပြန်တွေးမိတော့ ငါ့နှလုံးသားလေး နာကျင်သွားရတယ်။ အဟင့် အဟင့် အဟင့်။ ]

အရပ်အမြင့်က ပြဿနာ မဟုတ်သလို အသက်အရွယ်ကလည်း ထည့်စဉ်းစားစရာ မဟုတ်ပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဖြတ်သွားဖြတ်လာ လူများစွာရဲ့ မျက်လုံးထဲမှာ ရုပ်ရည်ဟာ အရေးကြီးဆုံးပင်။

ဒီလူတွေက သူတို့ နှစ်‌ယောက်နှင့် ဘာမှ မပတ်သက်သလို သူတို့ရဲ့ စရိုက်တွေ ၊ ခံစားချက်တွေ အကြောင်း ဘာမှ မသိသောကြောင့် သူတို့ နှစ်ယောက် လိုက်ဖက်လား ၊ မလိုက်ဖက်ဘူးလား ဆိုတာကို ဒီလို အပေါ်ယံ အရာတွေအပေါ်သာ မူတည်ကာ ခန့်မှန်းနိုင်ပါသည်။

စုယန်ယန်ဟာ ဟောက်ချန်ဟွမ်းရဲ့ ဦးလေးနှင့် လက်ထပ်ထားကြောင်း ခုနတုန်းက သူတို့ သိသွားကြချိန်မှာ လူများစွာရဲ့ ပထမဆုံး တုံ့ပြန်မှုက သူမဟာ အဖေအရွယ် အဘိုးကြီး တစ်ယောက်နှင့် လက်ထပ်ထားတယ်လို့ ထင်သွားခဲ့ကြတာ ဖြစ်သည်။

ငယ်ရွယ်လှပသော မိန်းကလေး တစ်ယောက် အတွက် အဘိုးကြီး တစ်ယောက်ကို လက်ထပ်ဖို့ ဆိုတာ အချစ်စစ် ဆိုလျှင်တောင်မှ တခြား လူတွေ အပြစ်တင် ဝေဖန်တာကို သေချာပေါက် ခံရလိမ့်မည်။

အခုတော့ စုယန်ယန်က ဓာတ်ပုံကို တင်လိုက်သောအခါ အကုန်လုံးရဲ့ အမြင်တွေ ပြောင်းလဲသွားသည်။ သူတို့ ပြောနေကြသော လူသည် စုယန်ယန်နှင့် သက်တူရွယ်တူ ဖြစ်ရုံသာမက ဟောက်မိသားစု သခင်လေးထက် အများကြီး ပိုချောကြောင်းကိုလည်း နားလည်သွားကြ၏။

ချောမောသော အမျိုးသား တစ်ယောက်နှင့် လှပသော အမျိုးသမီး တစ်ယောက် အတူတူ ရှိနေလျှင် အမြဲတမ်း ငေးကြည့်အားကျချင်စရာကောင်းသော စုံတွဲ တစ်တွဲ ဖြစ်သွားလေ့ရှိသည်။ ရုပ်ချောသူများကို သဘောကျသော လူတချို့သည် ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်၏ ဓာတ်ပုံကို မြင်ချိန်မှာ ချက်ချင်းပဲ အံ့အားသင့်သွားခဲ့ရသည်။

ဓာတ်ပုံထဲမှ လူက ဟောက်မိသားစုရဲ့ ဦးလေး ဆိုတဲ့ လူ မဟုတ်လောက်ဘူးဟု သံသယရှိနေကြသူ တချို့လည်း ရှိသည်။ သူက ဟောက်ရှောက်ဖုန်းရဲ့ ဦးလေး ဖြစ်တာမို့ သူ ဒီလောက် ငယ်ရွယ်နေဖို့ ဆိုတာ မဖြစ်နိုင်ပေ။

လူ တချို့က ထိုဓာတ်ပုံ နှစ်ပုံက တကယ် မဟုတ်ဘဲ ဟန်ဆောင်စီစဉ်ထားတာလို့ သံသယရှိနေခဲ့ကြသည်။

စုယန်ယန်ကတော့ သူတို့ ဘာတွေ တွေးနေလဲ ဆိုတာ ဂရုမစိုက်ပါ။ သူမခင်ပွန်း၏ ချောမောတဲ့ ရုပ်ရည်ကို တစ်ယောက်ပြီး တစ်ယောက် အမွှမ်းတင်နေကြသော လူများကို သူမ ထိုင်ကြည့်နေရင်း တစ်ချိန်တည်းမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ဂုဏ်ယူတာရော ၊ သဝန်တိုတာရော ခံစားလိုက်ရသည်။

သူတို့တွေ သူမရဲ့ ခင်ပွန်းကို ဘယ်လောက်ပဲ ချီးကျူးနေပါစေ ၊ သူက ဘယ်တော့မှ သူတို့အပိုင် ဖြစ်လာမှာ မဟုတ်ဘူး။ ဟွန့်။

လော့ဝေပင်း၏ ပရိသတ်များသည် အရှက်ရသွားခဲ့ကြသည်။

သူတို့ အိုင်ဒေါရဲ့ ဘော့စ်က ဒီတစ်ခေါက်တော့ သိပ်မဟုတ်သေးဘူးဟု ခံစားလိုက်ကြရသည်။ သူမက ခင်ပွန်းအပေါ် ဖောက်ပြန်ပြီး လော့ဝေပင်းနှင့် ကိုယ်ဝန်ရှိနေတယ် ဆိုတဲ့ ကိစ္စကိုကျ ဘာမှ မဖြေရှင်းဘဲ သူမရဲ့ ခင်ပွန်းကို အိုမင်းရင့်ရော်ပြီး အရုပ်ဆိုးတယ်လို့ မ‌ကျေမနပ် ညည်းညူနေကြသော စိတ်ဓာတ်မကောင်းသူများကို တိုက်ခိုက်ဖို့ကိုသာ ဂရုစိုက်နေခဲ့သည်။

ရပြီ ၊ ရပြီ။ မင်းတို့ နှစ်ယောက် နီးစပ်တယ် ဆိုတာ ငါ သိပြီ။ အဲ့ဒါကြောင့် ကျန်တဲ့ ကိစ္စတွေကို မြန်မြန် ရှင်းပြစမ်းပါ။

ကောလဟာလထဲမှာ ပါဝင်နေတဲ့ ကာယကံရှင် ကိုယ်တိုင်က စိတ်အေးလက်အေး ဖြစ်နေသောကြောင့် ကြည့်ရှုသူ ပရိသတ်သည် စိတ်မရှည်နိုင် ဖြစ်လာခဲ့ကြသည်။

သို့သော်လည်း စုယန်ယန် တစ်ဆင့် ပြန်ပို့ထားသော Post ကို သူတို့ ရုတ်တရက်ပဲ သတိပြုမိသွားကြ၏။ ထို Post ကို နှိပ်ကြည့်လိုက်တော့ အဲ့ဒါက ကြော်ငြာ အတိုလေး ဖြစ်ကြောင်း သဘောပေါက်သွားသည်။ ဒီကြော်ငြာရဲ့ အဓိက ဇာတ်ကောင်ကဝောာ့ သူတို့ အိုင်ဒေါပါပဲ။

All Chapters