အခန်း ၄၅၂
Vol. 31 Ch. 452
အခန်း ( ၄၅၂ ) ဟိုလိုဂရပ်ဖစ် ဂိမ်း အတွက် ပြောရေးဆိုခွင့်ရှိသူ
[ အား။ ဒါ ဘာလဲ။ ဒါ ငါတို့ အိုင်ဒေါရဲ့ ဒရာမာ အသစ် ကာလအပိုင်းအခြားလား။ ပြီးတော့ ရုပ်ရှင်ဘုရင်မရွှယ်နဲ့ တွဲရိုက်ထားတဲ့ ကြော်ငြာတဲ့လား။ ဝိုး ၊ ငါဝောာ့ တကယ် ကြွေသွားပြီ။ ]
[ ဒါက ဒရာမာ အသစ်နဲ့ မတူဘူး။ ကြော်ငြာ ဖြစ်လိမ့်မယ် ၊ ဒါမှမဟုတ် … ဂိမ်း တစ်ခု အတွက် ကြော်ငြာပေါ့။ ]
[ ဒီကြော်ငြာရဲ့ နောက်ခံက အရမ်း လှတာပဲ။ ငါတို့ အိုင်ဒေါနဲ့ ရုပ်ရှင်ဘုရင်မရွှယ်ကလည်း အရမ်း ကြည့်ကောင်းလွန်းတယ်။ ငါ နောက်တစ်ကြိမ် ထပ်ချစ်မိသွားသလို ခံစားနေရတယ်။ ]
ကီးဘုတ်ဖိုက်တာ တချို့သည် လော့ဝေပင်းရဲ့ ပရိသတ်တွေ အံ့ဩတကြီး ပြောနေကြတာကို သတိပြုမိသွားကာ နောက်ဆုံးတော့ ကြော်ငြာကို သတိထားမိသွားကြသည်။ သူတို့က ကြော်ငြာကို ကြည့်တောင် မကြည့်ခဲ့ပါ။ ဂိမ်းကြော်ငြာ ဆိုတာကို ကြည့်လိုက်ရုံနှင့် သူတို့က တုန်ချမ်းလို ကုမ္ပဏီ သေးသေးလေးဟာ အခွင့်အလမ်းကောင်းတွေကို ပေးနိုင်မှာ မဟုတ်ကြောင်း သေချာနေခဲ့သည်။
သူတို့က ကြွားဝါဖို့ အတွက် ဘာမဟုတ်တဲ့ ဂိမ်းကြော်ငြာလေးကိုတောင် ထုတ်ပြနေခဲ့ပါပြီ။ ဘယ်လောက်တောင် အသိဉာဏ်မရှိလိုက်သလဲ။
လော့ဝေပင်းကို ဆန့်ကျင်မုန်းတီးသူများကလည်း ချက်ချင်းပဲ အားအင်ပြည့်ဝ တက်ကြွသွားကာ သူ့ကို လှောင်ပြောင်သရော်ခဲ့ကြသည်။
[ ဟဟ။ တခြား သရုပ်ဆောင်တွေထက် နှစ်ဆ ပိုတော်တဲ့ အကောင်းဆုံး သရုပ်ဆောင်လို့ လူတွေက ချီးကျူးကြတဲ့ နာမည်ကျော် လော့ဝေပင်းက ဂိမ်းကြော်ငြာကို ရိုက်ကူးရတဲ့ အထိ အဆင့် နိမ့်ကျသွားတာလား။ ငါ ရယ်ရလွန်းလို့ သေတော့မလားပဲ ၊ သနားစရာကောင်းလိုက်တာ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သူက အဲ့ဒါနဲ့ပဲ ထိုက်တန်တယ်။ သူက ကျေးဇူးမသိတတ်ဘဲနဲ့ သူ့ကိုယ်သူ အရေးကြီးပုဂ္ဂိုလ် တစ်ယောက်လို ပြုမူခဲ့ပြီး သူ့ကို ကောင်းကောင်း ဆက်ဆံပေးခဲ့တဲ့ ကုမ္ပဏီကို စွန့်ပစ်ခဲ့တာလေ။ သူ လုပ်ခဲ့တဲ့ လုပ်ရပ် အတွက် ပြန်ပေးဆပ်ရလိမ့်မယ်။ ]
[ အဲ့ဒီ လော့ဝေပင်းကို ဆန့်ကျင်မုန်းတီးတဲ့ အဖွဲ့က သူ့ရဲ့ တခြား သရုပ်ဆောင်တွေထက် နှစ်ဆ ပိုတော်တဲ့ အကောင်းဆုံး သရုပ်ဆောင် ဆိုတဲ့ ဂုဏ်ပုဒ်ကိုပဲ အမြဲတမ်း သုံးနေကြတာလို့ ငါ ပြောခဲ့တယ် မဟုတ်လား။ တခြား သရုပ်ဆောင်တွေထက် နှစ်ဆ ပိုတော်တဲ့ အကောင်းဆုံး သရုပ်ဆောင်လေးက အခုတော့ ဂိမ်းကြော်ငြာတွေကို ထောက်ခံပေးရတဲ့ အဆင့်ထိ နိမ့်ကျသွားတာလား။ သူ့ဘော့စ် အသစ်က ကြွားဝါဖို့ အတွက် သူ့ကို ဘာမဟုတ်တဲ့ ဂိမ်းကြော်ငြာတွေတောင် ရိုက်ခိုင်းနေပြီပဲ။ ဟဲဟဲ ၊ ဝေပင်းဆန့်ကျင်ရေး အဖွဲ့က လော့ဝေပင်းကို အနာဂတ်မှာ ဘယ်လို ဝေဖန်တိုက်ခိုက်မလဲ ဆိုတာ ငါ မြင်ချင်လိုက်တာ။ ]
ဆန့်ကျင်မုန်းတီးသူများသည် လက်ဝတ်ရတနာနှင့် အဝတ်အစားကဲ့သို့ ဇိမ်ခံ အမှတ်တံဆိပ်တွေနှင့် ယှဉ်လိုက်ပါက ဂိမ်းကြော်ငြာ ဆိုတာ နာမည်ကျော်ကြားမှု အနည်းဆုံး ထောက်ခံကြေညာချက်လို့ ပြောလို့ ရသည်။ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် ဖြစ်တဲ့ လော့ဝေပင်း၏ မူလ အဆင့်အတန်းကြောင့် ဒီကြော်ငြာက သူ့အဆင့်ကို သိသိသာသာ နိမ့်ကျသွားစေသည်။
သို့သော်လည်း အတုအယောင် သုံးသပ်ချက်ပေးသူများနှင့် ကြည့်ရှုသူများကို စိတ်ပျက်သွားစေတဲ့ အရာကတော့ သူတို့ရဲ့ လှောက်ပြောင်သရော်မှုတွေ အလုပ်မဖြစ်တာပါ။ လူများစွာက လှပသော ကြော်ငြာကို သဘောကျသွားခဲ့ကြသည်။
ကြော်ငြာ ဇာတ်ဝင်ခန်းက ကြီးကျယ်ခမ်းနားလွန်းပါသည်။ တောင် အမြင့်ကြီးတွေနှင့် အန္တာရာယ်များလောက်အောင် မတ်စောက်နေသော တောင်ထိပ်တောင်စွန်းတွေ ရှိပြီး အပြာနုရောင် ရိုးရာဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူငယ် တစ်ယောက်က စိမ်းစိမ်းစိုစို ဝါးရုံတောကြီး တစ်လျှောက် ဖြတ်သန်းလာစဉ်မှာ သူ့ဓားရှည်ကို ထုတ်လျက် ဝါးပင် အများအပြားကို ပိုင်းဖြတ်ပြိုလဲစေခဲ့၏။ သူ့မျက်ခုံးတွေက ငယ်ရွယ်နုပျိုသော အားမာန်ကို ဖော်ပြနေသည်။
နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခု ပြောင်းလဲသွားသည်။ ကျေးငှက်တွေ ပျံသန်းသွားသလို တောရိုင်းတိရစ္ဆာန်တွေ တောထဲမှ တရကြမ်း ပြေးလွှားထွက်ခွာသွားကြသည်။ ဖက်ဖူးစိမ်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားသော မိန်းကလေးငယ်လေးသည် မျက်လုံးတွေ မှိတ်ထားလျက် ပုလွေမှုတ်နေခဲ့လေသည်။ သာယာနာပျော်ဖွယ် ပုလွေတေးသွားက နောက်ခံသီချင်းနှင့် ပြီးပြည့်စွာ လိုက်ဖက်ညီနေသည်။
ကြော်ငြာက နှစ်မိနစ်ပင် မပြည့်သော်လည်း လူတိုင်းကို ရုပ်ရှင်ကား တစ်ကား ကြည့်နေရသလို ခံစားရစေခဲ့သည်။ အထူးသဖြင့် ဗီဒီယိုရဲ့ လက်ရာမြောက်မှုက ဒဏ္ဍာရီလာ နတ်ဘုံနတ်နန်းတမျှ အံ့မခန်း လှပနေသည်။ လူတိုင်းဟာ ထိုဗီဒီယိုကို ကြည့်ရုံဖြင့် သူတို့ပါ ဗီဒီယိုထဲ ဝင်ပြီး လှည့်လည်ကြည့်ရှုချင်သွားခဲ့ကြသည်။
ဗီဒီယို အဆုံးသတ်မှာ တစ်ယောက်ကို တစ်ယောက် ကျောပေးထားသော လော့ဝေပင်းနှင့် ရွှယ်ချိုင်ဝေတို့ရဲ့ ကျောပြင်တွေကို ဖော်ပြထားပြီး အပေါ်မှာ ပရိုမိုးရှင်း ပိုစတာ တစ်ခု ရှိနေသည်။ တစ်ချိန်တည်းမှာပဲ ရွှေရောင် စကားလုံး ၅ လုံး ပေါ်လာ၏။
စိတ်ဝိညာဉ် စားသောက်ပွဲ … ။
အောက်ဘက်မှာ ရှင်းပြချက် တချို့ ရှိရဲ့။ ကမ္ဘာ့ပထမဆုံး ဟိုလိုဂရပ်ဖစ် အွန်လိုင်းဂိမ်းကို X Month ၁ ရက်နေ့မှာ တရားဝင် ဖြန့်ချီသွားမည်ဟု ဆိုထားသည်။
ကြော်ငြာကို အပြေးအလွှား လာကြည့်နေကြသော ရွှယ်ချိုင်ဝေနှင့် လော့ဝေပင်း၏ ပရိသတ်များသည် အချိန် အတော်ကြာ သတိလက်လွတ် ဆွံ့အသွားခဲ့ကြသည်။
[ ငါ မြင်နေတာ တကယ်ရော ဟုတ်ရဲ့လား။ ဟိုလိုဂရပ်ဖစ် ဂိမ်းတဲ့လား။ ဟိုလိုဂရပ်ဖစ် ဂိမ်း ထွက်လာတော့မှာလား။ ]
[ လခွမ်း ၊ တကယ်ကြီးလား။ ရှေ့လ ၁ ရက်နေ့တဲ့လား။ ကြားထဲမှာ ၄ ရက်ပဲ လိုတော့တာ မဟုတ်ဘူးလား။ ဘုရားသခင်။ ဟိုလိုဂရပ်ဖစ် ဂိမ်း တကယ်ပဲ ဒီကို ရောက်လာတာလား။ ]
[ ဗီဒီယိုကို တင်ထားတဲ့ တရားဝင်အကောင့်ကို ငါ အခုလေးတင် သွားကြည့်ထားတာ။ အဲ့ဒါက ယာအန် အွန်လိုင်း ကုမ္ပဏီ ဆိုတာ အတည်ပြုပြီးသွားပြီ။ ငါ အဲ့ကုမ္ပဏီအကြောင်း အွန်လိုင်းမှာ ရှာကြည့်ရသလောက် အဲ့ကုမ္ပဏီက အဆုံးမဲ့အိပ်မက်ရဲ့ ကုမ္ပဏီခွဲ တစ်ခု ထင်တယ်။ ]
[ အကျိုးနည်း ၊ အဆုံးမဲ့အိပ်မက် .. ဟုတ်လား။ တကယ် မရှိတဲ့ အရာတွေကို လက်တွေ့ ဖြစ်နေသလို ခံစားရစေတဲ့ ပုံရိပ်ယောင် စက်ကို ဖန်တီးခဲ့တဲ့ ကုမ္ပဏီလား။ တကယ်ပဲ အဲ့ကုမ္ပဏီသာ ဆိုရင် ဒီဂိမ်းက သေချာပေါက် အောင်မြင်နိုင်တယ်။ ဒါဆို ၄ ရက် အတွင်း ငါတို့ ဆော့ဖို့ ဟိုလိုဂရပ်ဖစ် ဂိမ်း တစ်ခု ရှိလာတော့မှာပေါ့။ ]
အရင်တုန်းက ဟိုလိုဂရပ်ဖစ် ဂိမ်းတွေကို လက်တွေ့စင်စစ် အဖြစ် အသွင်ပြောင်းရန် ဘယ်သူမှ မတွေးခဲ့ကြတာ မဟုတ်ပါ။ ဟိုလိုပရပ်ဖစ် ဂိမ်းတွေကို ကြေညာသော ကုမ္ပဏီ ၅ ခုထက် မနည်း ရှိခဲ့ဖူးသည်။
ဂိမ်းဆော့သူတွေက ထိုဂိမ်းတွေကို စိတ်ဝင်တစား သွားဆော့ကြည့်ပြီးနောက် သူတို့ အလိမ်ခံလိုက်ရကြောင်း ခဏလေးနှင့် နားလည်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့က ထိုကုမ္ပဏီတွေကို သတင်းတွေထဲမှာပင် ကြိမ်းမောင်းခဲ့ကြလေသည်။