အခန်း ၄၅၄
Vol. 31 Ch. 454
အခန်း ( ၄၅၄ ) အပြစ်ပေးခြင်း
ပြီးတော့ ရုတ်တရက်ကြီး ဘယ်ကမှန်း ပေါ်လာပြီး သူမကို သူက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့ကြောင်းနှင့် သူ့ကိုယ်ဝန်ကို လွယ်ထားရကြောင်း ပြောခဲ့သော အမျိုးသမီး သရုပ်ဆောင် တစ်ယောက် ရှိသည်။
လော့ဝေပင်းက သူ့ဘဝ တစ်လျှောက်လုံး မိန်းကလေးတွေနှင့် သူငယ်ချင်း အဆင့်ထက် ပိုပြီး တစ်ခါမှ မပတ်သက်ဖူးပါဘူး ဟူ၍ ရိုးရိုးရှင်းရှင်းသာ ဖြေရှင်းထားခဲ့သည်။
စကားလုံးအလှ သုံးထားသော အဓိပ္ပာယ် : ဖိတ်ကြားချက် အတွက် ကျေးဇူးတင်ပေမဲ့ ငါက လူပျို တစ်ယောက် ဖြစ်နေဆဲပါ။ ငါ မိန်းကလေး တစ်ယောက်ကို ကိုယ်ဝန်ရအောင် လုပ်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
မင်းရဲ့ ဗိုက်ထဲက ကလေးက တခြား တစ်ယောက်နဲ့ ရတာ ဖြစ်လိမ့်မယ် ၊ ငါ့ကလေး မဟုတ်တာဝောာ့ အသေအချာပဲ။
နောက်ဆုံးမှာ သူနှင့် စုယန်ယန်တို့ ဆေးရုံမှာ ရှိနေတုန်း ဓာတ်ပုံရိုက်ခံထားရတဲ့ ပြဿနာ ကျန်သေးသည်။ သူတို့ နှစ်ယောက်မှာ တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်း ရှိနေကာ သူက သူ့ဘော့စ် အသစ်ကို ကိုယ်ဝန်ရအောင် လုပ်ခဲ့သောကြောင့် သူ့ကို စီမံခန့်ခွဲသည့် ကုမ္ပဏီကို ပြောင်းရန် ထိုအခွင့်အရေးအား အသုံးချခဲ့သည် ဟူသော ကောလဟာလတွေ ထွက်နေသည်။
လော့ဝေပင်းက ဆေးမှတ်တမ်း အနည်းငယ်ကိုပဲ ထုတ်ပြပြီး ဆေးရုံမှာ ကုသခံနေရတဲ့ လူက သူ့ညီမ ဖြစ်ကြောင်း ပြောခဲ့သည်။
စုယန်ယန်သည် လော့ဝေပင်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို စီမန့်ခန့်ခွဲသည့် ကုမ္ပဏီ၏ ဘော့ အသစ် တစ်ယောက်အနေဖြင့် သူ့ညီမလေးဆီ လူနာသတင်း သွားမေးချင်သောကြောင့် သူနှင့်အတူ ဆေးရုံကို လိုက်ခဲ့တာ ဖြစ်သည်။
သို့သော်လည်း ထိုအချိန်မှာ မန်နေဂျာရှားနှင့် သူ့လက်ရှိမန်နေဂျာလည်း သူတို့နှင့်အတူ ရှိနေခဲ့ပါသည်။ အဲ့ဒီ ဓာတ်ပုံတွေထဲမှာတော့ သူ့ညီမလေးရဲ့ ကျန်းမာရေး အခြေအနေ အကြောင်း သူနှင့် ဆွေးနွေးနေသည့် စုယန်ယန်ကိုသာ ရိုက်ယူထားခဲ့၏။
ထို့ပြင် သူ့ညီမလေးကို ကုသပေးနေသော ဆရာဝန်ကိုလည်း ကုမ္ပဏီကပဲ စီစဉ်ပေးခဲ့တာ ဖြစ်သည်။
လော့ဝေပင်းက သူ့ညီမ၏ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကုမ္ပဏီကို အလွန် ကျေးဇူးတင်ခဲ့မိသည်။ သူ့အနုပညာလမ်းကြောင်းရဲ့ နောက်ထပ် ခြေလှမ်း တစ်ခု အဖြစ် လူသားဆန်ကာ ကြင်နာတတ်သော ဤကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်း အတွက် သူ နောင်တမရပေ။
လော့ဝေပင်းရဲ့ ပရိသတ်များသည် သူ့တုံ့ပြန်ချက်ကို မြင်သောအခါ ငိုမိတော့မလို ဖြစ်သွားခဲ့ကြသည်။ သူတို့ အားလုံးက လော့ဝေပင်းဟာ အဲ့ဒီလို လူမျိုး မဟုတ်မှန်း သိကြောင်း ၊ စုယန်ယန်လို စိတ်ထားပြည့်ဝသော ဘော့စ် အသစ် တစ်ယောက်နှင့်မှ ထိုကဲ့သို့ မဟုတ်မဟတ် စွပ်စွဲခံရသည့်အတွက် သူတို့ ဝမ်းနည်းနာကျင်ရကြောင်း ပြောခဲ့လေသည်။
ဒါပေမဲ့ လော့ဝေပင်းရဲ့ တုံ့ပြန်စကားကို မယုံကြည်ကြသူတွေလည်း အများအပြား ရှိနေဆဲပါ။ သူတို့က သူ ဆင်ခြေတွေ ပေးနေတာပဲလို့တောင် ထင်နေခဲ့ကြသည်။
အကြောင်းပြချက်ကတော့ သူ့ရှင်းပြချက်က ကျိုးကြောင်းဆီလျော်ပုံ ပေါ်သော်လည်း ဆေးမှတ်တမ်း အနည်းငယ်က လွဲလို့ ခိုင်လုံသော သက်သေ အထောက်အထားတွေ ရှိမနေလို့ပါပဲ။ ဘာသက်သေမှ မရှိတာက သူလည်း အပြည့်အဝ အပြစ်မကင်းဘူးလို့ အဓိပ္ပာယ် သက်ရောက်စေသည်။
သို့သော်လည်း လော့ဝေပင်း အပြစ်ကင်းလား ၊ မကင်းဘူးလား ဆုံးဖြတ်ပေးရမယ့် လူက ဘယ်သူလဲ ဆိုတာနှင့် အတည်ပြုပေးမယ့် မျက်မြင်သက်သေကရော ဘယ်သူလဲ ဆိုတာကိုဝောာ့ ထိုလူတွေ မေ့လျော့နေခဲ့ကြသည်။ လော့ဝေပင်းကို ကြိမ်းမောင်းရန် ရုတ်တရက် ထွက်ပေါ်လာကြသူများသည် သူတို့ ပါးစပ်ကိုသာ အသုံးပြုကာ တစ်ဖက်ပိတ်နေခဲ့သည်။ ပြဿနာ စတင်ချိန်ကတည်းကနေ အချိန်ထိ ဘာသက်သေကိုမှ သူတို့ မပြခဲ့ကြပေ။
သူတို့က ကောလဟာလတွေကို အခိုင်အမာ ယုံကြည်နေပြီး ဖြစ်စဉ်ရဲ့ တစ်ဖက်ခြမ်းကို ရိုးသားစွာ ရှင်းပြနေသူကိုတော့ မမြင်ချင်ယောင်ဆောင်ထားခဲ့ကြ၏။ တစ်ဖက်ပိတ် ဆန့်ကျင်မုန်းတီးသူများသည် လော့ဝေပင်းအား ခိုင်လုံတဲ့ သက်သေကို ပြပါ ဟူ၍ပင် အသံကောင်းဟစ် ပြောဆိုနေခဲ့ကြသည်။
မဟုတ်ရင် ထိုလူတွေက ' ကောလဟာလတွေ ဖြန့်ပြီး သူများ မကောင်းကြောင်းကို ပြောရင်း သူတို့ပါ မကောင်းတဲ့ လူတွေ ဖြစ်သွားရမယ် ဆိုရင်တောင် လော့ဝေပင်းထက်တော့ သာသေးတယ် ' လို့ ဘာလို့ ပြောမှာတဲ့လဲ။ ပြဿနာထဲမှာ ပါဝင်သူ ကာယကံရှင်ကသာ အများဆုံး ထိခိုက်နစ်နာရမှာ ဖြစ်သည်။
လော့ဝေပင်းက တုန်ချမ်းကို ကာကွယ်ပြောဆိုပေးနေကာ စုယန်ယန်ကတော့ သူ့ဘော့စ် အဟောင်းကို ဒေါသထွက်လာမိသည်။
သူတို့ရဲ့ မျက်လုံးထဲမှာတော့ သူတို့က လော့ဝေပင်း အတွက် နှစ်ပေါင်းများစွာ ကြာအောင် ပိုက်ဆံတွေ အများကြီး အကုန်အကျခံပေးခဲ့သည်ဟု မြင်နေကြတာ ဖြစ်သည်။ လော့ဝေပင်းက စာချုပ်သက်တမ်း ပြည့်မှ ထိုကုမ္ပဏီနှင့် လမ်းခွဲခဲ့တာမို့ သူတို့ လက်ခံပေးသင့်ပါသည်။
အဆုံးသတ်မှာ လော့ဝေပင်းကတော့ သူတို့ကို မျက်နှာလွှဲခဲပစ် လုပ်ကာ သူ့ကုမ္ပဏီ အသစ်ကို ပွင့်ပွင့်လင်းလင်း ချီးကျူးနေခဲ့လေသည်။ အဲ့ဒါက ကုမ္ပဏီဟောင်းကို သူ့ကို ကောင်းကောင်း ဆက်ဆံမပေးခဲ့လို့ လှောင်ပြောင်နေတာ မဟုတ်လား။
သူတို့က လော့ဝေပင်းရဲ့ Post ကို ချက်ချင်းပဲ Repost လုပ်ခဲ့ပြီး သူ့ရွေးချယ်မှုကို သူတို့ လေးစားကြောင်းနှင့် သူတို့ရဲ့ ကုမ္ပဏီက လော့ဝေပင်းလို အရေးကြီးပုဂ္ဂိုလ် တစ်ယောက် အတွက် သေးငယ်လွန်းသည်ဟု ပြောခဲ့သည်။
တစ်ချိန်တည်းမှာပဲ လော့ဝေပင်းအား စာချုပ်သက်တမ်း မကုန်ခင် ကာလ အတွင်း ကုမ္ပဏီစည်းကမ်းတွေကို မလိုက်နာခဲ့ဘူးလို့ စွပ်စွဲရန် ကီးဘုတ်ဖိုက်တာ အဖွဲ့ တစ်ဖွဲ့ကို သူတို့ ငှားရမ်းလိုက်သည်။ သူ စာချုပ်သက်တမ်း မကုန်ခင်ကတည်းက ကုမ္ပဏီ အသစ်ကို ရှာတွေ့ထားတယ် ဆိုတာ သိသာပြီး သူတို့က လော့ဝေပင်းကို ကျေးဇူးမသိတတ်ဘူးလို့ အပြစ်ပုံချချင်နေခဲ့ကြသည်။
ထိုဖြစ်ရပ်က လော့ဝေပင်း ပွဲဦးထွက်ချိန်ကတည်းက သူ့ကို အားပေးလာခဲ့ကာ မရေမတွက်နိုင်သော အခက်အခဲများကို သူနှင့်အတူ ဖြတ်ကျော်ခဲ့ဖူးသော အမာခံ ပရိသတ်များကို ဒေါသအမျက်ခြောင်းခြောင်းထွက်သွားစေသည်။
[ အစတုန်းကတော့ ဘာပဲဖြစ်ဖြစ် အဲ့ဒီ စိတ်ယုတ်မာ ရှိတဲ့ ကုမ္ပဏီ အစုတ်အပြတ်မှာ ငါ့အိုင်ဒေါက ၆ နှစ် ၊ ၇ နှစ်လောက် နေခဲ့ရဝောာ့ အဲ့ကုမ္ပဏီအပေါ် ခံစားချက်တွေ ရှိနေလိမ့်ဦးမယ်လို့ ငါ ထင်ခဲ့တာ။ သူတို့တွေ လမ်းခွဲပြီးသွားရင်လည်း တစ်ယောက်နဲ့ တစ်ယောက် အခင်အမင်မပျက် ရှိနေဦးမယ်လို့ ငါ ထင်ခဲ့မိတယ်။ အတိတ်တုန်းက အဲ့ဒီ ခွေးကုမ္ပဏီ ငါ့အိုင်ဒေါကို လုပ်ခဲ့တဲ့ ၊ မကောင်းတဲ့ ကိစ္စတွေကို ငါတို့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီခွေးကုမ္ပဏီက ငါတို့ရဲ့ သည်းခံနိုင်စွမ်းကို တကယ်ကြီး အားလျော့အောင် လုပ်ပြီး လွယ်လွယ်လေး အနိုင်ကျင့်လို့ ရမလားလို့ သွေးတိုးလာစမ်းနေတာပဲ။ သူတို့က အမှန်တရားကို အမှားတစ်ရံ ဖြစ်အောင် လုပ်ပြီး ငါ့အစ်ကို,ကို လာစော်ကားနေမှတော့ ငါတို့တွေ သူတို့ကို ကောင်းကောင်းလေး အပြစ်ပေးရမယ်။ ]