← Chapters

အခန်း ၄၅၅

Vol. 31 Ch. 455

အခန်း ၄၅၅

Vol. 31 Ch. 455

အခန်း ( ၄၅၅ ) ပြင်းထန်သော ရန်ငြိုးရန်စ

လော့ဝေပင်းသည် ဒီနှစ်တွေ တစ်လျှောက်လုံး ဖိနှိပ်ခံခဲ့ရ၏။ လော့ဝေပင်းရဲ့ ပရိသတ် မဟုတ်တဲ့ ဖြတ်သွားဖြတ်လာတွေကတော့ မသိလောက်ပေမဲ့ သူ့ပရိသတ် အစစ်တွေကတော့ အကုန်လုံးထက် ပိုကောင်းကောင်း နားလည်သည်။

သူတို့ သူ့အတွက် ဇာတ်ကောင်နေရာတွေ အများကြီး စီစဉ်ပေးခဲ့လျှင် အဆင်ပြေမှာပင်။ လော့ဝေပင်းရဲ့ မိသားစုနောက်ခံက ချမ်းချမ်းသာသာထဲမှ မဟုတ်ဘဲ သူ ပိုက်ဆံ လိုမှန်း သူတို့ သိကြသည်။ အလုပ်တွေ အများကြီး လုပ်တာက သူ့အနေအထားနှင့် မကိုက်ညီသော်လည်း သူ့မှာ အလုပ် တစ်ခု ရှိလျှင် အနည်းဆုံးတော့ စားဝတ်နေရေး အတွက် ပိုက်ဆံရှာနိုင်သည်။ ပြီးတော့ အလုပ်တွေ လုပ်ရလွန်းလို့ သူ ခွေး တစ်ကောင်လို ပင်ပန်းနေခဲ့ရသည်။

သို့သော်လည်း လော့ဝေပင်းရဲ့ ပရိသတ်တွေကို အမှန်တကယ် စိတ်ပျက်စေတဲ့ အရာကတော့ ထိုကုမ္ပဏီနှင့် သူ့မန်နေဂျာဟောင်းက အရမ်း ဉာဏ်နီဉာဏ်နက် များလွန်းတာပါ။

ဥပမာ ပေးရလျှင် အစီအစဉ် တစ်ခု ၊ သို့မဟုတ် ရိုက်ကူးရေး တစ်ခုက လော့ဝေပင်း တစ်ယောက်တည်းကိုသာ ဖိတ်ကြားထားသော်လည်း ကုမ္ပဏီသည် စာချုပ်မှာ လော့ဝေပင်း လက်မှတ်မထိုးသေးခင်မှာပဲ တစ်ဖက်လူအား သူတို့ရဲ့ အစီအစဉ်မှာ လော့ဝေပင်းကို ပါဝင်စေချင်ပါက ကုမ္ပဏီရှိ တခြား အနုပညာရှင် တစ်ယောက်ကိုပါ ထည့်သွင်းရမည်ဟု အကျပ်ကိုင်ခဲ့သည်။

ထိုအနုပညာရှင်ဟာ ဘယ်လို အခြေအနေမျိုးမှာမဆို လူတိုင်း ချီးကျူးရသည့် အရည်အချင်းရှိသူ တစ်ယောက် ဆိုလျှင် ကိစ္စမရှိသော်လည်း သူတို့တွေ လော့ဝေပင်းကို အသုံးချကာ အမြတ်ထုတ်ချင်ရတဲ့ အကြောင်းပြချက် အများစုကတော့ ထိုအနုပညာရှင်မှာ အရည်အချင်းရယ်လို့ မယ်မယ်ရရ မရှိဘဲ အလွယ်လမ်း လိုက်ချင်တာကြောင့် ဖြစ်သည်။

ချည်ပြီးတုပ်ပြီး စာချုပ်ကြောင့် ကုမ္ပဏီနှင့် လော့ဝေပင်းရဲ့ မန်နေဂျာက လော့ဝေပင်းအား အပြစ်တင်မှုတွေကို ခေါင်းခံစေခဲ့ပြီး တွဲဖက်တွေ အများကြီးကိုလည်း ဆုံးရှူံးသွားစေခဲ့သည်။

ထို့ပြင် လော့ဝေပင်းကို ဆန့်ကျင်မုန်းတီးသူတွေကလည်း အဲ့ဒီ မကောင်းတဲ့ အဖြစ်အပျက်တွေကြောင့် များလာခဲ့တာ ဖြစ်သည်။

လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက လော့ဝေပင်းကို ကုမ္ပဏီရဲ့ အနုပညာရှင် တစ်ယောက် အဖြစ် သတ်မှတ်ထားဆဲပင်။ ကုမ္ပဏီက သူ့ကို အနုပညာကြေး ပိုများလာလို့ မျှော်လင့်ထားခဲ့ကြ၏။ အဲ့ဒါက စိတ်ပျက်ရွံရှာစရာကောင်းသော်လည်း သူတို့ တရားလွန်သော ကိစ္စတွေတော့ မလုပ်ခဲ့ကြပါ။

နောက်ထပ် ၁ နှစ် ၊ ၂ နှစ် အကြာတွင် လော့ဝေပင်းရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရက်က တဖြည်းဖြည်း နီးကပ်လာခဲ့ပြီး သူ့ညီမလေးကလည်း အပြင်းအထန် နေမကောင်းဖြစ်ခဲ့သည်။

ထို့ကြောင့် ကုမ္ပဏီသည် သူ့မိသားစု အခြေအနေကြောင့် အချိန်တို အတွင်း အလုပ်တွေ အများကြီး လုပ်နိုင်မှာ မဟုတ်ဘူး ဟူသော ဆင်ခြေကို သုံးကာ လော့ဝေပင်းရဲ့ အခွင့်အလမ်း တချို့အား တခြား တစ်သစ်စ သရုပ်ဆောင်တွေကို ပေးခဲ့လေသည်။

သူတို့က ‌သူ ရရှိရမှာ ဖြစ်သော အခွင့်အလမ်းတွေကို ခိုးယူခဲ့ရုံသာမက လူတွေကို သူတို့ ကုမ္ပဏီရဲ့ လူသားဆန်သော ကြင်နာမှု အကြောင်း ရည်ရွယ်ချက်ရှိရှိ သတင်းရေးခိုင်းခဲ့သဖြင့် မီဒီယာ အဖွဲ့အစည်းတွေ အများကြီးက လော့ဝေပင်းရဲ့ ညီမလေးဟာ ဘယ်လို ရောဂါဝေဒနာမျိုးကို ခံစားနေရလဲ ဆိုတာ လေ့လာရန် ဆေးရုံကို သူ့ထက်ငါ အပြေးအလွှား အပြိုင်အဆိုင် ရောက်လာခဲ့ကြသည်။ သူမရဲ့ ကုသမှု အခြေအနေက အခု ဘယ်လိုလဲ။ သူမ အသက်အန္တာရာယ်ရော ရှိနေလား။

လော့ဝေပင်းနှင့် သူ့ညီမလေးသည် အကြိမ်ပေါင်းများစွာ နှောင့်ယှက်ခံခဲ့ရကာ နောက်ဆုံးတော့ ညတွင်းချင်း ဆေးရုံပြောင်းဖို့က လွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ပေ။ သို့သော်လည်း ထိုစိတ်ပျက်စရာ သတင်းထောက်တွေထံမှ သူတို့ မလွတ်မြောက်နိုင်သေးပေ။

ထိုကိစ္စက လော့ဝေပင်းရဲ့ ပရိသတ်တွေအား သူ့ကုမ္ပဏီဟောင်းကို ရွံရှာစက်ဆုပ်သွားစေဖို့ လုံလောက်သည်။ နောက်ပိုင်းမှာ လော့ဝေပင်းရဲ့ အေဂျင်စီဟောင်း၌ ဝန်ထမ်းအဖြစ် အထူးတလည် ‌အလုပ်လျှောက်ထားတဲ့ ၊ မီးရထား ဘူတာရုံမှာ အလုပ် လုပ်သော မိန်းကလေး တစ်ယောက်က သူမရဲ့ အိုင်ဒေါကို နီးနီးကပ်ကပ် စောင့်ကြည့်ချင်လို့ပါ ထုတ်ပြောခဲ့၏။

ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က သူတို့ ကုမ္ပဏီရဲ့ တက်သစ်စ အနုပညာရှင်တွေ အတွက် လမ်းဖောက်ပေးရန် အလို့ငှာ လော့ဝေပင်းကို အသုံးချလို့ ရသမျှ အတင်း ဖျစ်ညှစ် အသုံးချခဲ့ခြင်း အပြင် သူတို့ လော့ဝေပင်းကို ကောင်းကောင်း ဆက်ဆံပေးနေသည်ဟု လူတွေ အမြင်မှာ ဖန်တီးဖို့လည်း ပါဝင်ပြီး လော့ဝေပင်းကို သူတို့နှင့် စာချုပ် သက်တမ်းတိုးရန် ဖိအားပေးခဲ့ကြသည်။

အဲ့ဒီလို ကြင်နာတတ်သော ကုမ္ပဏီကောင်း တစ်ခုလို ပုံစံဖမ်းထားတဲ့ လော့ဝေပင်း၏ ကုမ္ပဏီဟောင်းကြောင့် အကယ်၍ သူသာ အောင်မြင်မှု အထွဋ်အထိပ် ရောက်နေစဉ်မှာ တခြား ကုမ္ပဏီ တစ်ခုကို ပြောင်းသွားခဲ့လျှင် ကျေးဇူးမသိတတ်သူလို့ သေချာပေါက် နာမည်တပ်ခံရလိမ့်မည်။

လော့ဝေပင်းရဲ့ ပရိသတ်များသည် ထိုအကြောင်းကို သိပြီးနောက် အဲ့ဒီ ကုမ္ပဏီကို အလွန် စက်ဆုပ်သွားခဲ့ကြသည်။ သူတို့ စိတ်ရဲ့ တစ်ဖက်မှာ ဒီလို ဂုတ်သွေးစုပ်နေတဲ့ ကုမ္ပဏီကနေ စာချုပ်သက်တမ်း ပြည့်တာနှင့် လော့ဝေပင်း ထွက်ခွာလာနိုင်ဖို့ မျှော်လင့်နေကြပြီး တခြား တစ်ဖက်မှာတော့ လော့ဝေပင်း တစ်ယောက် ဖိအားတွေကို တောင့်မခံနိုင်ဘဲ ဒီကုမ္ပဏီဆိုး လက်အောက်မှာ ဆက်ပြီး အချိန်တွေ အလဟဿ အဖြစ်ခံသွားရမှာကို စိုးရိမ်နေခဲ့ကြသည်။ အကယ်၍ သူသာ ကုမ္ပဏီနှင့် လမ်းခွဲလိုက်လျှင် ထိုခွေးကုမ္ပဏီက သူ့ကို ဒီတိုင်း အလွတ်မပေးဘဲ ဆွဲချမှာ ဖြစ်ပြီး သူ ဘယ်တော့မှ နာလန်ထူနိုင်မှာ မဟုတ်ပေ။

ထို့ကြောင့် လော့ဝေပင်းရဲ့ ကောလဟာလတွေကို ဖြန့်ပြီး အခြေအနေကို အမြတ်ထုတ်ရန် ကြိုးစားနေသည့် တစ်စုံတစ်ယောက်ကို သူတို့ မြင်သွားချိန်မှာ ဒီကိစ္စက သူ့အေဂျင်စီဟောင်းနှင့် တစ်ခုခု ပတ်သက်နေတယ် ဆိုတာ နားလည်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် ဆန့်ကျင်မုန်းတီးသူတွေကို ပြန်လည်ချေပရန် သူတို့ ပါးစပ်ဟလိုက်သည်နှင့် " တွေ့ကရာ အိုင်ဒေါတွေကို အားပေးနေတဲ့ ပရိသတ်တွေ။ လော့ဝေပင်းက ကျေးဇူးမသိတတ်ဘူး။ လော့ဝေပင်းရဲ့ ပရိသတ်တွေကလည်း မျက်စိကန်းနေကြတာ။ " ဟု အခေါ်ခံရလိမ့်မည်။

ဘယ်သူမှ သူတို့ကို ယုံကြည်မပေးချင်ကြ။ လော့ဝေပင်းက စုယန်ယန် ကိုယ်ဝန်ရှိနေလို့ မဟုတ်ဘဲ သူ့မိသားစု နေမကောင်းဖြစ်နေလို့ ဆေးရုံမှာ ရှိနေတာပါ ဆိုတဲ့ အကြောင်းကို သူတို့ သေသေချာချာ ကူဖြေရှင်းပေးခဲ့သလိုပါပဲ။ သူတို့ ဘယ်လောက်ပဲ ရှင်းပြ ရှင်းပြ ၊ မရေမတွက်နိုင်သော သုံးသပ်သူ အတုအယောင်များနှင့် မုန်းတီးသူတွေက သူတို့ကို ခေါင်းဖော်လို့ မရအောင် ဖိနှိပ်ထားခဲ့ကြသည်။

စုယန်ယန်၏ တုံ့ပြန်ချက်ကတော့ သူတို့ကို ယုံကြည်မှု တချို့ ပေးခဲ့သည်။ လော့ဝေပင်းရဲ့ ကုမ္ပဏီ အသစ်ဟာ သူ့ကို ဒီကိစ္စကြောင့် လက်လျှော့သွားမှာ မဟုတ်ဘူးလို့ သူတို့ ယုံသည်။ သူတို့ ယုံကြည်ချက်အတိုင်းသာ အမှန်တကယ် ဖြစ်လာမည် ဆိုလျှင် သူတို့ လုပ်နိုင်သမျှ အရာ အားလုံးကို လုပ်ပြီး ထိုမကောင်းဆိုးဝါး အေဂျင်စီဟောင်းကို တစ်စစီ ဆုတ်ဖြဲပစ်ပါမည်။

All Chapters