အခန်း ၄၅၇
Vol. 31 Ch. 457
အခန်း ( ၄၅၇ ) ကလေးအဖေလို့ နာမည်တပ်ခံရလုနီးပါး
မျက်နှာကို ဖြတ်အရိုက်ခံလိုက်ရသော ကီးဘုတ်ဖိုက်တာများနှင့် အတုအယောင် သုံးသပ်သူများသည် ဒီအတိုင်း လက်မြှောက် အရှုံးမပေးနိုင်ကြပေ။ သူတို့တွေ ပင်ပန်းလွန်းလို့ သေတော့မယ် ဆိုရင်တောင်မှ ပြောဆိုမှုမှတ်တမ်းတွေကို အတု ဖန်တီးလို့ ရတာပဲလေ။ ပြီးတော့ စာပို့နေတဲ့ လူတွေက ဒါရိုက်တာနဲ့ လော့ဝေပင်းရဲ့ မန်နေဂျာဟောင်း ဆိုတာ ဘယ်သူက သေချာ သိနိုင်မှာလဲ။
လော့ဝေပင်းရဲ့ ပရိသတ်တွေက သွေးရူးသွေးတန်း ပြောချင်ရာတွေ လျှောက်ပြောနေသော သူတို့ရဲ့ အလိမ်အညာ စကားတွေကို လှောင်ရယ်ခဲ့ကြသည်။ သူတို့၏ အင်္ကျီလက်တွေကို ပင့်တင်ကာ ထိုလူတွေနှင့် ရန်ပွဲ စတင်ဖို့ ပြင်လိုက်ကြချိန်မှာပဲ သူတို့အောက်မှာ " အရေးကြီးဟန်နှင့် အော်ပြောနေသော " တစ်စုံတစ်ယောက်ရဲ့ စာကို မြင်လိုက်ရသည်။
[ မြန်မြန် ၊ မြန်မြန် ၊ မြန်မြန်။ တရားဝင် ဝေ့ပေါ်မှာ သက်သေတွေ ထပ်တင်နေပြီ။ ဒီတစ်ခေါက်တော့ သူတို့က ဒီအရူးတွေ အကုန်လုံးကို ပြားပြားဝပ်သွားအောင် ရိုက်နှက်ဖို့ တကယ် ပြင်ဆင်ထားတဲ့ ပုံပဲ။ ပွဲတွေ ဖြစ်ရင် ငါ ဘေးကနေ ပွဲကြည့်တဲ့ လူပဲ လုပ်ခဲ့တာ နှစ်တွေ အများကြီး ကြာလှပြီ ၊ အတင်းအဖျင်းတွေနောက်ကို လိုက်ရင်း ငါ့သွေးတွေ ပွက်ပွက်ဆူလာတာ ဒါ ပထမဆုံး အကြိမ်ပဲ။ မြန်မြန် လုပ်ကြ ၊ မြန်မြန် ၊ မြန်မြန်။ တစ်ချက်လောက် သွားကြည့်ကြဦး။ ]
လော့ဝေပင်းရဲ့ ပရိသတ်များသည် ထိုကွန်းမန့်ကို မြင်သောအခါ အတုအယောင် သုံးသပ်သူများနှင့် ဆက်ရန်ဖြစ်ဖို့ စိတ်မဝင်စားနိုင်တော့ပေ။ မျှော်လင့်ထားသလိုပင် သူတို့ ပေ့ခ်ျကို Refresh လုပ်လိုက်ချိန်မှာ တရားဝင် ဝေ့ပေါ်တွင် နောက်ဆုံး တင်ထားသော Post ကို မြင်လိုက်ကြရသည်။
တုန်ချမ်း : နင် အရမ်း လူမှုဆက်ဆံရေး ကောင်းနေလို့ မရဘူးလေ။ ကီးဘုတ်ဖိုက်တာ လုပ်ဖို့ နင့်ဒါလင်ဆီကရော ခွင့်ပြုချက် ရထားရဲ့လား။
ထို Post အောက်မှာ နောက်ထပ် အသံဖိုင် တစ်ခု ရှိနေသည်။ သူတို့ ထိုအသံဖိုင်ကို ဖွင့်ပြီး စက္ကန့် အနည်းငယ် ကြာအောင် နားထောင်လိုက်ကြသည်။ သူတို့ အားလုံး ဒေါသူပုန်ထမသွားခင် ခဏ ဆွံ့အသွားခဲ့ကြရ၏။
အသံဖိုင်ထဲမှာ ယောက်ျား တစ်ယောက်နှင့် မိန်းမ တစ်ယောက် ပြောနေတဲ့ စကားတွေ ပါဝင်သည်။
အမျိုးသားဖြစ်သူ : " ကိုယ်တို့ တကယ်ပဲ ဒီလို လုပ်ရမှာလား။ "
အမျိုးသမီးဖြစ်သူ : " ကျွန်မမှာ ရွေးချယ်စရာ မရှိဘူး။ ကျွန်မ ကိုယ်ဝန်ဖျက်မချရင် ကုမ္ပဏီက ကျွန်မကို နာမည်ပျက်စာရင်း သွင်းမယ်လို့ ပြောတယ်။ အဲ့ဒါအပြင် ကုမ္ပဏီက စာချုပ်ထဲမှာ ပါတဲ့ ကတိကို ဖောက်ဖျက်တဲ့ အတွက် ကျွန်မကို တာဝန်ယူခိုင်းပြီး လျော်ကြေးပေးခိုင်းလိမ့်မယ်။ ကျွန်မ လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ထဲမှာ ဘယ်သူနဲ့မှ ချိန်းတွေ့လို့ မရဘူး ဆိုတဲ့ အပိုဒ်ငယ် တစ်ခု ပါတယ်။ ကျွန်မ စာချုပ်ကို ဖောက်ဖျက်ခဲ့မိပြီ။ ]
အမျိုးသမီးဖြစ်သူ : " ဒါ ကျွန်မတို့ ကလေးပဲ။ ကျွန်မ သူ့ကို ဖျက်မချချင်ဘူး။ ဒါပေမဲ့ ကျွန်မတို့ သူ့ကို ဖျက်မချရင် စာချုပ် ဖောက်ဖျက်မှု အတွက် လျော်ကြေးပေးဖို့ ပိုက်ဆံကို ဘယ်က ရှာရမှာလဲ။ ဒီကလေးကို မွေးပြီးသွားရင် နို့မှုန့်ဖိုးတွေ ၊ ဒီုက်ပါဖိုးတွေက ကုန်ဦးမှာပဲ။ ]
အမျိုးသားက ပြောလိုက်သည်။ " ကိုယ် နားလည်ပါတယ်။ ကိုယ်က အသုံးမကျလိုက်တာ။ ကိုယ် … စိတ်မကောင်းလို့ပါ။ ဒါ ကိုယ့်ကလေးလေ ၊ ဒါပေမဲ့ သူတို့က အဲ့ဒါကို သူများရဲ့ ကလေးပါလို့ ပြောနေကြတယ်။ "
အမျိုးသမီးက ပြန်ပြောသည်။ " ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ လုပ်နိုင်တာ ဘာမှ မရှိဘူး။ ဒီကိစ္စသာ အတည် ဖြစ်သွားရင် အနာဂတ်မှာ ကျွန်မတို့ရဲ့ ကလေးကို ပြုစုပျိုးထောင်ဖို့ အကူအညီရနိုင်တယ်။ ကုမ္ပဏီက ကျွန်မကို နစ်နာသူ အဖြစ် ဖန်တီးဖို့ စီစဉ်ပြီးသွားပြီ။ ဒီလို လူသိများမှုနဲ့ ဆိုရင် ကျွန်မ တကယ် နာမည်ကျော်လာနိုင်တယ်။ ဒါက ကျွန်မတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ သည်းခံလိုက်ပါ။ ဒါ ပြီးရင် အေးချမ်းသာယာတဲ့ မိသားစုဘဝလေးမှာ ကျွန်မတို့ မိသားစု သုံးယောက် နေနိုင်မှာပါ။ "
အမျိုးသားဖြစ်သူ : " … ဟုတ်ပါတယ်လေ။ "
ချီးကို ဟုတ်နေလိုက်။ မင်းက ကလေးလည်း ဖျက်မချချင်ဘူး ၊ စာချုပ် ဖောက်ဖျက်မှု အတွက် လျော်ကြေးလည်း မပေးချင်ဘူး။ ဒါပေမဲ့ မင်းတို့နဲ့ ဘာမှ မပတ်သက်ဘဲ အပြစ်ကင်းတဲ့ လူ တစ်ယောက်ကိုကျ အရေးမကြီးတဲ့အတိုင်း နာမည်ဖျက်နိုင်တယ်ပေါ့။
" မင်းက ကိုယ့်ကလေးကို တခြား တစ်ယောက်ကို တာဝန်ယူစေချင်နေတာလား။ မင်း ဒီနေ့ ရောက်နေတဲ့ အနေအထားကို ရောက်ဖို့ သူတစ်ပါးကို ကပ်ပါးကောင်လို ကပ်တွယ်နေချင်တာလား။ မင်းက အေးချမ်းသာယာတဲ့ ဘဝမှာ နေထိုင်နေပေမဲ့ မင်းကို လူလိမ် တစ်ယောက်လို့ စွပ်စွဲခံပြီးသွားရရင် ဘယ်လိုမျိုး အပြစ်တင် ဝေဖန်ခံရမလဲ ဆိုတာ မင်း ဘာလို့ မတွေးတာလဲ။ အဲ့ဒါက ဘယ်လောက်တောင် စိတ်ဆင်းရဲစရာကောင်းလိုက်သလဲ။ "
အဲ့ဒါနဲ့တောင် မင်းက မကျေမနပ် ဖြစ်နေတုန်းပဲလား။ အဲ့ဒါကို သည်းခံမှာလား။ အရှက်မရှိတဲ့ လူတွေ ဆိုတာ တကယ့်ကို ထိန်းမနိုင်သိမ်းမရပါပဲလား။
လော့ဝေပင်း၏ ပရိသတ်များသည် ဒေါသကြောင့် သွေးဆောင့်တိုးတော့မလို ဖြစ်သွားခဲ့ကြ၏။
[ ငါ မွေးကတည်းကနေ အခုချိန်ထိ တစ်ခါမှ အရမ်း ဒေါသမထွက်ဖူးဘူး။ ဖုန်းကို ကိုင်ထားတဲ့ ငါ့လက်တွေတောင် တုန်နေတယ်။ ဒါ ဘယ်လို အမှိုက်ဆန်တဲ့ မိန်းမမျိုးလဲ။ သူမက အဆုံးမရှိတဲ့ တွင်းနက်ကြီးထဲမှာ ရှိနေသင့်တယ်။ ငါတို့ အိုင်ဒေါက သူမနဲ့ ဘာမှ မပတ်သက်မှန်း သိတယ် ၊ ကလေးကိုလည်း ငါတို့ အိုင်ဒေါရဲ့ ကလေး မဟုတ်မှန်း သိတယ်။ အဲ့ဒါနဲ့တောင် သူမက သူမရဲ့ အကျိုးအမြတ် အတွက် ငါတို့ အိုင်ဒေါကို မဟုတ်မဟတ် စွပ်စွဲဖို့ ရောက်လာပြီး သူမရဲ့ ကလေးကို အတင်းအကျပ် တာဝန်ယူခိုင်းခဲ့တယ် ၊ ပြီးတော့ သူမကို ကလေးဖျက်ချခိုင်းတယ် ဆိုပြီး သူ့ကို အပြစ်တောင် တင်လိုက်သေးတယ်။ ငါ့ဘဝမှာ ဒီလောက် အရှက်မဲ့တဲ့ မိန်းမ တစ်ယောက်ကို မြင်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။ ]
[ ကံကောင်းစွာနဲ့ ငါ့အိုင်ဒေါရဲ့ ဒီတစ်ခေါက် ကုမ္ပဏီ အသစ်က အရမ်း တော်တယ်။ မဟုတ်ရင် ငါ့အိုင်ဒေါကို ကလေးအဖေလို့ သေချာပေါက် နာမည်တပ်ခံလိုက်ရတော့မလို့။ သူ ဘာမှ မလုပ်ခဲ့တာ ရှင်းနေတာကိုတောင်မှ တခြား တစ်ယောက်ရဲ့ ကလေးကို ထောက်ပံ့ပေးရဦးမယ်တဲ့။ သူမ ဘယ်သူ့ကို ရွံရှာစက်ဆုပ်သွားအောင် လုပ်ဖို့ ကြိုးစားနေတာလဲ။ ]
[ ငါ ဒီစကားကို အကြိမ် တစ်ထောင် ပြောမယ်။ အမှိုက်သရိုက်လို ကုမ္ပဏီတွေမှာ လူစိတ် ဆိုတာ မရှိဘူး ၊ လူစိတ် ဆိုတာ မရှိဘူး ၊ လူစိတ် ဆိုတာ မရှိဘူး။ လော့ဝေပင်း အဲ့ဒီကုမ္ပဏီမှာ ရှိနေတုန်းက သူ ရသင့် ရထိုက်တဲ့ အခွင့်အလမ်းတွေကို လုယူခံလိုက်ရပြီး သူလည်း ဘာအမှားမှ မလုပ်ဘဲနဲ့ တခြား သူတွေရဲ့ အမှားတွေ အတွက် ကြားထဲကနေ အပြစ်တင်ခံရတဲ့ တက်သစ်စ အနုပညာရှင် တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ ကုမ္ပဏီနဲ့ လမ်းခွဲလိုက်တော့ မဟုတ်မမှန် အစွပ်စွံခံရပြီး လူတွေ စော်ကားတာ ခံခဲ့ရတယ်။ သူ မင်းတို့အပေါ် ဘာအကြွေးတွေ တင်နေလို့ မင်းတို့တွေ သူ့ကို ဒီလောက် ဆိုးဆိုးဝါးဝါး ဆက်ဆံနေရတာလဲ။ ]