← Chapters

အခန်း ၄၆၀

Vol. 31 Ch. 460

အခန်း ၄၆၀

Vol. 31 Ch. 460

အခန်း ( ၄၆၀ ) ကျောင်းသား တစ်ယောက်က မင်းကို ချစ်တယ်လို့ ဖွင့်ပြောခဲ့တယ်လို့ ကိုယ် ကြားထားဝာယ်

စုယန်ယန်ကတော့ အတင်းအဖျင်း ပြောနေကြတဲ့ ထိုလူတွေကို ဂရုမစိုက်ပေ။ သူမရဲ့ ခင်ပွန်းကို ကြိမ်းမောင်းထားတဲ့ ကီးဘုတ်ဖိုက်တာတွေရဲ့ နာမည်ကို တိတ်တိတ်လေး ချမှတ်ထားခဲ့ပြီး ထိုနာမည်စာရင်းကို ကုမ္ပဏီရဲ့ ဥပဒေငှာနသို့ လွှဲပြောင်းပေးလိုက်သည်။

ဟောက်ချန်ဟွမ်းကလည်း သူမလိုပဲ လုပ်ခဲ့တယ် ဆိုတာကိုတော့ သူမ မသိခဲ့။ သူက သူ့ဇနီးလေးကို ‌လှောင်ပြောင်စော်ကားခဲ့သော ကီးဘုတ်ဖိုက်တာတွေရဲ့ နာမည်ကို တိတ်တိတ်လေး မှတ်ထားပြီး နာမည်စာရင်းကို ကုမ္ပဏီရဲ့ နည်းပညာငှာနသို့ လွှဲပေးခဲ့သည်။

နှစ်ဦးနှစ်ဖက်စလုံး စိတ်ချင်း တိုက်ဆိုင်နေတာမို့ သူတို့ နှစ်ယောက် တွေ့ဆုံသည့် အခိုက်အတန့်မှာပဲ လူတိုင်းသည် သူတို့ရဲ့ ချစ်ကြည်နူး တစ်တီတူးနေကြခြင်းတွေအား ထိုင်ကြည့်ရန် အတင်း ဖိအားပေးခံနေရသလို ခံစားခဲ့ကြရသည်။

ရှိ,ရှိသမျှ လူများ : " … " ဒါတော့ တော်တော်လေး များသွားပြီဟေ့။

စုယန်ယန်သည် နောက်ဆက်တွဲ ပြဿနာများကို ဥပဒေငှာနထံ လွှဲပြောင်းပေးလိုက်ပြီးနောက် တက်ကြွစွာ အိမ်ပြန်လာခဲ့၏။ သူမ အိမ်ထဲ ဝင်လိုက်ချိန်မှာပဲ တံခါးဘေးမှာ ရပ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်နေသော ဟောက်ချန်ဟွမ်းနှင့် ဦးလေးကျန်းကို မြင်လိုက်ရသည်။

စုယန်ယန် တစ်ယောက် ဘာပါလိမ့်ဟု ဇဝေဇဝါ ဖြစ်သွားကာ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်မိသည်။ " တစ်ခုခု ဖြစ်လို့လားဟင်။ "

စုယန်ယန်ရဲ့ အသံကို ကြားတော့ နံရံကို တစ်ချိန်လုံး မျက်နှာမူ‌ထားကာ သူ့တင်ပါးကို‌တော့ ဟောက်ချန်ဟွမ်းဘက် လှည့်ထားသော ခွေးလေး အပါအဝင် လူစေ့တက်စေ့ သူမကို လှည့်ကြည့်လာခဲ့ကြသည်။

" ဝုတ် — " အဖေ ငါ့ကို အနိုင်ကျင့်နေတယ် သခင်မရေ။

" ဘာမှ မဟုတ်ပါဘူး။ သူ မနက်တုန်းက ပြဿနာ နည်းနည်း ရှာထားလို့ နံရံကို မျက်နှာမူခိုင်းပြီး သူ့အပြစ်တွေကို တစ်နာရီတိတိ ပြန်လည် သုံးသပ်ခိုင်းထားတာ။ " ဟောက်ချန်ဟွမ်းရဲ့ မှတ်ချက်က အပေါ်ယံဆန်ပြီး အဓိက အကြောင်းအရာ အများစုကို ချန်လှပ်ထားခဲ့သည်။

" !!! " ငါ ဒီနေ့ တကယ့်ကို လိလိမ္မာမ္မာလေး နေ,နေတာလေ။ မင်းကမှ မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အတွက် လက်စားချေပြီး ငါ့ကို စကားမပြောတတ်လို့ ဆိုပြီး အနိုင်ကျင့်နေခဲ့တာ။

ကူကယ်ရာမဲ့နေတဲ့ ဒီခွေးလေးဟာ စကားမပြောနိုင်သောကြောင့် အရေးနိမ့်နေခဲ့ရ၏။

စုယန်ယန်က ဟောက်ချန်ဟွမ်း၏ စကားကို ကြားလျှင် ချက်ချင်း နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။ သူမ သူ့ကို အပြည့်အဝ ယုံကြည်သဖြင့် သူ့နောက် လိုက်ပြောခဲ့သည်။ " ဒီကောင်လေးက အခုနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပို,ပိုရဲတင်းလာတယ်။ ကျွန်မတို့ သူ့ကို သေချာ စောင့်ကြည့်ရမယ်။ သူ့ကို ထိုင်ခိုင်းထားလိုက်ပါ။ ကျွန်မ ရှင့်အတွက် ဟင်းချက်ပေးမယ်လေ။ "

ခလွမ်း — အဲ့ဒါ ခွေး တစ်ကောင်ရဲ့ နှလုံးသား ကွဲကြေသံပါ။

မျှော်လင့်ထားသလိုပဲ။ ပထွေး ဆိုတာ မိထွေးနဲ့ ဘာမှ မကွာပါဘူး။ ဒီပုံအတိုင်း ဆက်နေသွားဖို့ ဘယ်လို နည်းနဲ့မှ မဖြစ်နိုင်တော့ပေ။

စုယန်ယန်က မီးဖိုချောင်ထဲ ဝင်ရန် လှည့်လိုက်သော်လည်း ဟောက်ချန်ဟွမ်းက သူမကို တားလိုက်သည်။

စုယန်ယန် အူကြောင်ကြောင် ဖြစ်သွားမိသည်။ " ဘာပြောစရာ ရှိလို့လဲဟင်။ "

" ကိုယ်က ကမ္ဘာပေါ်မှာ အချောဆုံး ယောက်ျားလား။ "

စုံတွဲလေးမှာ ပြောစရာ ရှိနေတာကို မြင်သွားသော ဦးလေးကျန်းသည် ရှောင်ပေးလိုက်သည်။ ဧည့်ခန်းထဲမှာ စုယန်ယန်နှင့် ခွေး တစ်ကောင်သာ ကျန်ခဲ့သည်။

စုယန်ယန်က ဟောက်ချန်ဟွမ်း၏ စကားကို ကြားချိန်မှာ မျက်နှာလေး ရဲသွားမိသည်။ " ရှင် မြင်သွားတာလား။ "

သူမရဲ့ အတွေးတွေကို အွန်လိုင်းပေါ် တင်တဲ့အခါ အလွန် ယုံကြည်ချက်ရှိနေခဲ့သော်လည်း လက်တွေ့ ကာယကံရှင် အရှေ့မှာ ပြောရမည် ဆိုလျှင် ရှင်းပြလို့ မရလောက်အောင် ရှက်ရွံ့သွားရသည်။ သူမရဲ့ အရေပြားက တကယ်တော့ လုံလုံလောက်လောက် မထူပါ။

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ စတော်ဘယ်ရီသီးလေးလို နီရဲနေသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်ပါသည်။ " အဲ့ဒါ တကယ်လား။ "

စုယန်ယန်က အနည်းငယ် တုံ့ဆိုင်းသွားပေမဲ့ အလျင်အမြန်ပဲ စိတ်တည်ငြိမ်သွားခဲ့သည်။ သူမ လေးနက်စွာ ပြောလိုက်၏။ " တကယ်ပေါ့။ ကျွန်မ အတည် ပြောနေတာပါ။ ကျွန်မရဲ့ မျက်လုံးထဲမှာ ရှင်က ကမ္ဘာပေါ်မှာ အချောဆုံး လူ တစ်ယောက်ပဲ။ "

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက ပိုလို့ အရောင်တောက်လာခဲ့လျက် သူမရဲ့ မျက်နှာလေးကို ခပ်ဖွဖွ ဖျစ်ညှစ်ကာ ပြောလိုက်သည်။ " လွေ့ယွီကို ဝယ်ဖို့ ကိုယ် လူလွှတ်ပြီးသွားပြီ။ သုံးရက် အတွင်း လွေ့ယွီကို မင်းရဲ့ လက်ထဲ ကိုယ် လွှဲပြောင်းပေးမယ်။ "

" လွေ့ယွီကို … ဝယ်ဖို့ …. " စုယန်ယန် အံ့ဩသွားသည်။

" အဲ့ဒါကို ဖျက်ဆီးပစ်ဖို့ မင်း ပြောခဲ့တယ် မဟုတ်ဘူးလား။ "

" ကျွန်မ ပြောခဲ့ပါတယ် ၊ ဒါပေမဲ့ … " ဒါပေမဲ့ စုယန်ယန်က သူမရဲ့ အစ်ကို,ကို အကူအညီတောင်းချင်ခဲ့တာ ဖြစ်ကာ ဟောက်ချန်ဟွမ်းကို အကူအညီတောင်းချင်ခဲ့တာ မဟုတ်ပါ။

" ဒါပေမဲ့ ဘာလဲ။ "

" ဟင့်အင်း။ ဘာမှ မဟုတ်တော့ပါဘူး။ "

သို့သော်လည်း ဟောက်ချန်ဟွမ်းကတော့ သူမရဲ့ စိတ်ကို ဖတ်နိုင်ပုံရသည်။ သူ သက်ပြင်းရှိုက်ရင်း ပြောလိုက်သည်။ " အနာဂတ်မှာ မင်း အတွက် အခက်အခဲတွေ ရှိလာရင် ကိုယ့်ကို အရင်ဆုံး စဉ်းစားလိမ့်မယ်လို့ ကိုယ် မျှော်လင့်တယ်။ "

စုယန်ယန်သည် နည်းနည်းလေး အံ့ဩသွားခဲ့ပေမဲ့ သတိဝင်လာသောအခါ မပြုံးမိဘဲ မနေနိုင်ပေ။ " ဟုတ်ပါပြီ။ ကျွန်မ မှတ်ထားပါ့မယ်။ အနာဂတ်မှာ အခက်အခဲ တစ်ခုခု ရှိရင် ရှင့်ဆီကို သေချာပေါက် အရင်ဆုံး လာခဲ့ပါ့မယ်။ "

" အင်း။ ဒီအကြောင်း ထပ်မပြောဘဲ နေကြရအောင်။ " ဟောက်ချန်ဟွမ်း၏ အမူအရာက နူးညံ့နေသည်။ သူ စုယန်ယန်ရဲ့ မျက်လုံးထဲသို့ စိုက်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။ " ကျောင်းသား တစ်ယောက်က မင်းကို ချစ်တယ်လို့ ဖွင့်ပြောခဲ့တယ်လို့ ကိုယ် ကြားထားဝာယ်။ "

စုယန်ယန် ဆွံ့အသွားရသည်။ သောက်ကျိုးနည်း ၊ ဘယ်သူက သူမရဲ့ ခင်ပွန်းကို အဲ့အကြောင်း ပြောပြလိုက်တာလဲ။

All Chapters