← Chapters

အခန်း ၄၆၂

Vol. 31 Ch. 462

အခန်း ၄၆၂

Vol. 31 Ch. 462

အခန်း ( ၄၆၂ ) အရိုးထဲထိ သွေးပျက်တုန်လှုပ်သွားခြင်း

ပထမဆုံး အပြင်းအထန် အထိနာသွားသည့် အုပ်စုထဲမှာ D အဆင့် အမျိုးသမီး သရုပ်ဆောင် ၊ ဒါရိုက်တာနှင့် အေဂျင်စီတို့ ပါဝင်သည်။

သို့သော်လည်း အရင်ဆုံး ဂယောင်‌ခြောက်ခြား ဖြစ်သွားကြသူတွေကတော့ ကီးဘုတ်ဖိုက်တာတွေပဲ ဖြစ်ပါသည်။ ထိုလူတွေက နာမည်ကျော် အနုပညာရှင်တွေ ကောလဟာလထွက်သည့်အခါ မကြာခဏ ကြိမ်းမောင်းလေ့ရှိပေမဲ့ သူတို့ကိုတော့ ဘယ်သူကမှ မကြိမ်းမောင်းပါ။ သူတို့ ဒီတစ်ခေါက် ပြဿနာထဲ ဘာ့ကြောင့် တည့်တည့် ဝင်တိုးမိခဲ့တာလဲ ဆိုတဲ့ အကြောင်းအရင်းကို နားမလည်ကြ။

အစတုန်းကတော့ နာမည်စာရင်းထဲတွင် သူတို့ရဲ့ ID တွေကို မြင်လိုက်ရချိန်မှာ သိပ်ဂရုမစိုက်ခဲ့ကြပေ။ တုန်ချမ်းက သူတို့ကို ကြောက်အောင် ခြောက်နေတာ ဖြစ်ပြီး ရက် အနည်းငယ် အတွင်း ဒီကိစ္စ ပြီးဆုံးသွားလိမ့်မည်ဟုသာ ထင်ခဲ့ကြ၏။

နာရီဝက် အတွင်းမှာပဲ ရှေ့နေရဲ့ သတိပေးစာကို ရလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ပါ။ ရှေ့နေ သတိပေးစာကို ရတော့မှ အခြေအနေက ပေါ့ပေါ့လေး မဟုတ်ကြောင်း နောက်ဆုံးမှာ သဘောပေါက်သွားခဲ့ကြသည်။

ဒါပေမဲ့ သူတို့စိတ်ထဲ အရင်ဆုံး တွေးမိတဲ့ အရာက တုန်ချမ်း၏ အကောင့်ကို တောင်းပန်ဖို့ မဟုတ်ဘဲ ဆဲဆိုဖို့ ဖြစ်လေသည်။

[ ဘာမဟုတ်တဲ့ ပြဿနာလေး ဖြစ်တာကို ရှေ့နေ သတိပေးစာ ပို့လိုက်ရုံနဲ့ ကုမ္ပဏီ အသေးစားလေးကနေ ကုမ္ပဏီကြီး တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး။ မင်းတို့မှာ တစ်စက်မှ သည်းခံတတ်တဲ့ စိတ်ကောင်း မရှိဘူးပဲ ၊ မင်းတို့က သေသင့်တယ်။ ]

[ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒါက အမျိုးသမီး ပိုင်တဲ့ ကုမ္ပဏီ ဆိုတော့ သူတို့က အရေးမပါဘူး ဆိုတာကို တခြား လူတွေ သိသွားမှာ ကြောက်လို့ အရမ်း ယုတ်မာနေကြတာ။ အမှိုက်သရိုက် ကုမ္ပဏီပဲဟေ့ ၊ မင်းမှာ အရည်အချင်းရှိတယ် ဆိုရင် သူတို့ကို တရားစွဲလိုက်လေ။ ငါကတော့ မင်းကို ကြိမ်းမောင်းပစ်မယ်။ ဘယ်လိုလဲ။ ]

ဖြတ်သွားဖြတ်လာများက ထိုကွန်းမန့်တွေကို မြင်သောအခါ အလွန် စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။ အဲ့ဒီ လူတွေရဲ့ ID တွေက စာရင်းထဲက ID တွေနဲ့ အတူတူပဲ ဆိုတာကိုလည်း သူတို့ နားလည်သွားသည်။

[ ဟဟဟ။ ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ ကွန်းမန့်တွေ အများကြီး ဘာလို့ ရုတ်တရက် တက်လာပါလိမ့်လို့ ငါ အံ့ဩနေတာ။ လတ်စသတ်တော့ နာမည်စာရင်းထဲက လူတွေ ဖြစ်နေတာပဲ။ သူများ ဒုက္ခရောက်နေတာကို မရယ်သင့်မှန်း သိပေမဲ့ ငါ ရယ်ချင်နေတုန်းပဲ။ မင်းတို့နဲ့ အဲ့ဒါနဲ့ ထိုက်တန်တယ် ဆိုတာကိုလည်း ငါ ပြောချင်တယ်။ ]

[ ဒါက ဒုတိယ အကြိမ် ဖြစ်နေတာတောင်မှ မင်းတို့က ကိုယ့်အမှားကိုယ် သင်ခန်းစာ မယူနိုင်ကြသေးဘူး။ ဥက္ကဌစုကို မင်းတို့ အလွယ်တကူ သွားရှုပ်လို့ ရမယ်လို့ ထင်နေကြတာလား။ မင်းတို့တွေ သူမကို သွားစော်ကားရဲတယ် ဆိုကတည်းက လက်တုံ့ပြန်ခံရဖို့ ပြင်ဆင်ထားသင့်တယ်။ အင်တာနက်ပေါ်ကနေ တစ်ဆင့် မင်းတို့ကို ဘယ်သူမှ ဘာမှ မလုပ်နိုင်ဘူးလို့ ထင်နေကြတာလား။ သုံးစားလို့ မရတဲ့ လူယုတ်မာနဲ့ သူ့အပျော်မယားကို ပျစ်ပျစ်နှစ်နှစ် ပြောထားတဲ့ ဥက္ကဌစုရဲ့ ဗီဒီယိုကို ကြည့်ထားရင် သူမက သွားရှုပ်လို့ ရတဲ့ လူမျိုး မဟုတ်ဘူး ဆိုတာ မင်းတို့ သိသင့်တယ်။ မင်းတို့က အဖျက်ဆီးခံရဖို့ ထိုက်တန်တယ်။ ]

[ ယို့ ယို့ ယို့။ တစ်ဖက်ပိတ်သမားတွေက နေရာတိုင်းမှာပါပဲလား။ ငါ မင်းတို့ကို လက်တုံ့ပြန်ချင်နေတဲ့ အချိန်တုန်းက သက်သက်ညှာညှာလေးပဲ လုပ်ဖို့ တွေးထားခဲ့တာ။ ဒါပေမဲ့ မင်းတို့ ပြောသလိုသာ ဆိုရင် မင်းတို့ ကြိမ်းမောင်းတာကို ခံရတဲ့ လူတွေက အဲ့လို ကြိမ်းမောင်းခံရဖို့ ထိုက်တန်တယ်ပေါ့လေ။ သူတို့က မင်းတို့ လုပ်သမျှ ငြိမ်ခံနေရမယ်ပေါ့ … ဟုတ်လား။ ဘာမှ ထပ်မပြောနဲ့တော့ ၊ စိတ်ဓာတ်ပြတ်သားတဲ့ ဥက္ကဌစုကို ငါ သဘောကျတယ်။ ငါသာ သူမ နေရာမှာ ဆိုရင်လည်း ငါ့ကို လာမတိုက်ခိုက်တဲ့ လူတွေကို ပြန်တိုက်ခိုက်မှာ မဟုတ်ဘူး။ ငါ့ကို လာတိုက်ခိုက်ရင်ဝောာ့ သူတို့ လုပ်တဲ့ လုပ်ရပ်ထက် ၁၀ ပိုဆိုးတဲ့ လုပ်ရပ်မျိုးနဲ့ လက်တုံ့ပြန်မှာ။ သူတို့ကို မှတ်လောက်သားလောက်အောင် ဆုံးမလိုက်ပါ ဥက္ကဌစုရေ။ ]

[ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း စွပ်တဲ့ လူကို ငါ ပထမဆုံး အကြိမ် မြင်ဖူးတာပဲ။ စိတ်မပူပါနဲ့ ၊ ငါသာ ဥက္ကဌစု နေရာမှာသာ ဆိုရင် စကားတွေ အများကြီး ပြောမနေဘူး။ ငါ စကား အများကြီး ပြောနေရင် မင်းတို့ရဲ့ ပါးစပ်တွေကို အလကား ဆေးပေးလိုက်မယ်။ အနာဂတ်မှာ ငါ မင်းတို့ရဲ့ ပါးစပ်တွေကို အာပုပ်စော်တွေ နံဟောင်နေအောင် လုပ်ပစ်ပြီး မင်းတို့နဲ့ တန်တဲ့ အရာကို ပေးမယ်။ ]

ထိုလူတွေကို စုယန်ယန်ရဲ့ ကုမ္ပဏီဘက်က တိုက်ခိုက်နေစရာပင် မလိုပါ။ သည်းမခံနိုင်တဲ့ ဖြတ်သွားဖြတ်လာတွေက သူတို့ကို စတင် ဝေဖန်တိုက်ခိုက်နေခဲ့ပါပြီ။

လော့ဝေပင်းရဲ့ ပရိသတ်များသည် စိတ်ချမ်းသာနေခဲ့ကြသည်။ သူတို့က ပျော်ပွဲရွှင်ပွဲ အထိမ်းအမှတ်အဖြစ် ဗျောက်အိုး ဖောက်ရန် ထရပ်ကား တစ်စီးစာ ဗျောက်အိုးတွေကို ဝယ်ချင်နေခဲ့၏။

[ အိုင်ဒေါက နောက်ဆုံးတော့ တဖြည်းဖြည်း ပိုကံကောင်းလာပြီ။ သူက စိန်ထက်တောင် မာကျောပြတ်သားတဲ့ ကုမ္ပဏီ တစ်ခုနဲ့ စာချုပ် ချုပ်ပြီးတော့ လွေ့ယွီကို ချက်ချင်းပဲ လက်တုံ့ပြန်နေပြီ။ ဒီခွေးကုမ္ပဏီကို အစအန မကျန်အောင် ချေမွဖျက်ဆီးပစ်လိုက်ပါ တုန်ချမ်းရေ။ ဒီနေ့က စပြီး ငါက တရားဝင် ဝေ့ပေါ်ရဲ့ သစ္စာအရှိဆုံး အမာခံ ဖန် ဖြစ်လာမှာပါ။ ]

[ ဟဟဟ။ ညဘက် ဆိုရင် မင်း အပြင်မှာ အကြာကြီး နေမိတဲ့အခါ တစ္ဆေသရဲတွေနဲ့ တကယ်ကြီး မတော်တဆ တွေ့ဆုံရလိမ့်မယ် ဆိုတာကို ဒီအချက်အလက်တွေက သက်သေပြပေးလိုက်တာပဲ။ အဲ့ဒီ အမှိုက်ဆန်တဲ့ အမျိုးသမီး သရုပ်ဆောင်က နာမည်ကျော်ကြားဖို့ အတွက် ငါတို့ရဲ့ အိုင်ဒေါကို အသုံးချချင်နေတုန်းပဲ မဟုတ်လား။ ကောင်းတယ် ၊ အခုတော့ သူမရဲ့ နာမည်က အဖတ်ဆယ်မရလောက်အောင် ပျက်သွားပြီ။ ( နှုတ်ဆက်ပါတယ် jpg ) ]

ဤလောကကို နည်းနည်းပါးပါးပဲ အာရုံစိုက်သူများပင်လျှင် ထိုကီးဘုတ်ဖိုက်တာတွေရဲ့ ပြဿနာက လျော်ကြေးငွေ ပေးလိုက်ရင် ပြေလည်သွားမည် ဆိုတာကို သိကြသည်။ အကယ်၍ ပြဿနာ ကြီးလွန်းတယ် ဆိုလျှင်တော့ ရဲစခန်းမှာ ရက် အနည်းငယ်လောက် ထိန်းသိမ်းခံရလိမ့်မည်။

သို့သော် အမျိုးသမီး သရုပ်ဆောင် ၊ ဒါရိုက်တာနှင့် လွေ့ယွီတို့ရဲ့ ပြဿနာကတော့ အဲ့ဒီလို မဟုတ်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင်‌ ဖျော်ဖြေရေးလောက ဆိုတာဟာ ဖြတ်သားဖြတ်လာ‌တွေရဲ့ အာရုံစိုက်မှု အပေါ် အဓိက အမှီပြုနေတာပင်။ စရိုက်ဆိုး ရှိသော လူ တစ်ယောက်က သူ့အပုပ်အပွတွေကို ထုတ်ဖော်မခံရရင် အဆင်ပြေပေမဲ့ ထုတ်ဖော်ခံလိုက်ရရင်ဝောာ့ မွေးရာပါ ဦးနှောက် ပါမလာတဲ့ ပရိသတ်တွေက လွဲလို့ ဘယ်သူက သူ့ကို ကာကွယ်ပေးချင်မှာတဲ့လဲ။

လော့ဝေပင်းကို မဟုတ်မမှန် စွပ်စွဲခဲ့သည့် အမျိုးသမီး သရုပ်ဆောင်က D အဆင့် သရုပ်ဆောင် တစ်ယောက် ဖြစ်၍ သူမမှာ ပရိသတ်တွေ အများကြီး မရှိသလို သဘာဝကျစွာပင် ‌အားပေးထောက်ခံမှု များများစားစားလည်း မရှိပေ။ အခုတော့ သူမရဲ့ နာမည် သေသွားခဲ့ပြီ ဖြစ်သည်။

All Chapters