အခန်း ၄၆၅
Vol. 31 Ch. 465
အခန်း ( ၄၆၅ ) မင်း သူမနဲ့ သေအတူ ရှင်မကွာ အမြဲ ရှိချင်နေတာလား
ဟောက်ရှောက်ဖုန်းသည် သူ့အမေရဲ့ ငိုသံကို အချိန် အတော်ကြာ နားထောင်နေစဉ်မှာ သူ့မျက်နှာကဝောာ့ အေးစက်နေခဲ့သည်။ ထို့နောက် ရုတ်တရက်ပဲ သူ့အမူအရာက လူသတ်ချင်သလို ဝုန်းဒိုင်းကျဲလာကာ အိပ်ရာကို ဒုန်းခနဲ ဆောင့်ကန်လိုက်လေသည်။
" သူပဲ ၊ သူပဲ ဖြစ်ရမယ်။ ကျွန်တော် သူ့ကို သွားသတ်မယ်။ "
ဟောက်ရှောက်ဖုန်း၏ ရုတ်တရက် ဒေါသပေါက်ကွဲခြင်းက မစ္စဟောက်ကို ထိတ်လန့်သွားစေခဲ့သည်။ သူမ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ အရာ အားလုံးကို သတိလက်လွတ် ကြည့်နေမိသည်။
ဟောက်ချန်ဟွမ်းဟာ သူမရဲ့ လက်ကို ဆုပ်ကိုင်ကာ အရူး တစ်ယောက်လို ပြောတော့မှ သူမ သတိဝင်လာခဲ့သည်။ " ဟောက်ချန်ဟွမ်း ဆိုတာ သေချာတယ် အမေ။ အဲ့ဒါ သူပဲ ၊ အဲ့ဒီ မသန်စွမ်းကောင်ပဲ။ ကျွန်တော့်ကို ဒီလို ဖြစ်တာ သူပဲ။ သေချာပေါက် သူပဲ။ "
" သူမှန်း သား ဘယ်လိုလုပ် သိတာလဲ။ သူက ဘာလို့ သားကို ဘာအကြောင်းပြချက်မှလည်း မရှိဘဲနဲ့ ဒုက္ခပေးရမှာလဲကွယ်။ " မစ္စဟောက်သည် တွေဝေနေရာမှ ဖျတ်ခနဲ သတိကပ်သွားပြီး တစ်စုံတစ်ခုကို သတိရသွားပုံ ပေါ်သည်။ သူမ ထိတ်လန့်သွား၏။ " သား တစ်ခုခု လုပ်ခဲ့တာလား။ အမေ့ကို ပြောစမ်းပါ ၊ သား တစ်ခုခု ထပ်လုပ်ခဲ့ပြန်ပြီလား။ "
မကြာသေးခင် အချိန်တုန်းက ဟောက်ချန်ဟွမ်းနှင့် သူမတို့ မိသားစုကြား ပဋိပက္ခ အနည်းငယ် ရှိခဲ့ပေမဲ့ သူတို့ကို အမြဲတမ်း ရန်သွားစသူက သူမတို့ရဲ့ သားပဲ ဖြစ်ပါသည်။
ဒီတစ်ခေါက်လည်း သူမရဲ့ သား တစ်ခုခု သွားလုပ်ခဲ့ပြန်ပြီ ဆိုတာ သေချာသောကြောင့် သူမ ထိုမေးခွန်းကို မေးလိုက်တာပင်။
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားက သူ့အသံကလည်း အနည်းငယ် ကျယ်လောင်တင်းမာလာခဲ့သည်။ " ကျွန်တော် မလုပ်ဘူး ၊ ကျွန်တော် ဘာမှ မလုပ်ခဲ့ဘူး။ ကျွန်တော့်ရဲ့ အကောင်း ပကတိ ဖြစ်နေတဲ့ ခြေထောက်တွေကို မြင်သွားတဲ့ အဲ့ဒီ ဒုက္ခိတိ ကောင်ကသာ ကျွန်တော့်ကို အခုလို ဖြစ်အောင် လုပ်ခဲ့တာ။ သူ မနာလိုဖြစ်နေတယ် ဆိုတာ သေချာတယ် အမေ ၊ အဲ့ဒါကြောင့် ကျွန်တော့်ကို သူ့လို မသန်စွမ်း တစ်ယောက် ဖြစ်စေချင်လို့ အန္တာရာယ်ပေးခဲ့တာ။ ဟုတ်တယ် ၊ အဲ့ဒါ သေချာတယ်။ "
ဟောက်ချန်ဟွမ်း၏ အသံက ကျယ်လောင်နေသော်လည်း သူ့မျက်လုံးတွေကတော့ ဂဏှာမငြိမ်ပါ။
မစ္စဟောက်က သူမရဲ့ သားအကြောင်း ကောင်းကောင်း သိတာမို့ သူ အမှန်အတိုင်း ပြောနေတာ မဟုတ်မှန်း သိသည်။ သူမ စိတ်ပျက်လက်ပျက် ပြောလိုက်မိသည်။ " တကယ်လို့ သူသာ သားကို မနာလိုတယ် ဆိုရင် ဟိုးအရင် အစောကြီးကတည်းက ဒုက္ခပေးခဲ့မှာပေါ့ ၊ အခုချိန်ထိ ဘာလို့ စောင့်နေမှာလဲ။ အမေ့ကို အမှန်အတိုင်း ပြောပါ ရှောက်ဖုန်း။ ဘာဖြစ်ခဲ့တာလဲ။ သား ဘာလုပ်ခဲ့တာလဲ။ ဒီအချိန်မှာတောင် သား ဘာလို့ အမေ့ကို ဖုံးကွယ်ထားချင်သေးရတာလဲ။ "
ဟောက်ရှောက်ဖုန်း တွန့်ဆုတ်သွား၏။ ခဏ ကြာတော့မှ သူ မပြောချင် ပြောချင် ပုံစံဖြင့် ပြောလိုက်သည်။ " ကျွန်တော်က ဒီတိုင်း … စုယန်ယန်ကို ပြဿနာရှာချင်တဲ့ တစ်ယောက်ယောက် ရှိတယ်လို့ ကြားခဲ့တာပါ။ သူတို့က သူမကို ဖောက်ပြန်တယ် ဆိုပြီးတော့တောင် မဟုတ်မမှန် စွပ်စွဲချင်နေခဲ့ကြတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ပြဿနာကို ပိုကြီးအောင် ဖန်တီးဖို့ လူ တစ်ယောက်ကို ခိုင်းခဲ့တယ်။ အဲ့ဒီ မသန်စွမ်းက ကျွန်တော့်ရဲ့ ဦးလေး ဆိုတဲ့ အကြောင်းကို ထုတ်ဖော်ခဲ့တာလေ။ သူမရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်က လူတိုင်း သိအောင် အတည်ပြုပေးချင်ခဲ့တာ။ "
မစ္စဟောက်သည် မယုံကြည်နိုင်စွာ လက်သီး တင်းတင်း ဆုပ်လိုက်မိသည်။ " အဲ့ဒါပဲလား။ "
" ဟုတ်တယ်။ " ဟောက်ချန်ဟွမ်း၏ မျက်နှာက ဖြူရော်နေသည်။ " သတင်းတွေ ပြန်သွားတော့ လူတွေ အများကြီးက စုယန်ယန်ကို စပြီး ကြိမ်းမောင်းခဲ့ကြတယ်။ သူတို့က အဲ့ဒီ မသန်စွမ်းကောင်ကို အိုမင်းရင့်ရော်နေတယ် ၊ အရုပ်ဆိုးတယ် ၊ မသန်စွမ်း ဖြစ်နေတယ် ဆိုပြီးတော့တောင် ပြက်ရယ်ပြုခဲ့ကြတယ်။ အဲ့ဒါ … အဲ့ဒါကြောင့် သူ ကျွန်တော့်ကို ရုတ်တရက်ကြီး အန္တာရာယ်ပြုခဲ့တာ ဖြစ်နိုင်တယ်။ မဟုတ်ဘူး ၊ ဖြစ်နိုင်တာ မဟုတ်ဘူး။ သူ ဆိုတာ သေကို သေချာတယ်။ ကျွန်တော့်ကို အခုလို လုပ်မယ့် လူက သူက လွဲလို့ တခြား မရှိဘူး။ "
မစ္စဟောက်သည် ဟောက်ချန်းဟွမ်းဟာ ထိုကိစ္စကြောင့် သူမ သားရဲ့ လက်ကို မသန်စွမ်း ဖြစ်အောင် လုပ်လိမ့်မယ် ဆိုတာ မယုံနိုင်ပေ။ သို့သော်လည်း လောလောဆယ်မှာ ဟောက်ချန်ဟွမ်း မဟုတ်တဲ့ တခြား လူကို သူမ စဉ်းစားကြည့်လို့ မရသောကြောင့် ဒေါသတကြီး ပြောလိုက်မိသည်။ " သားက သူ့နဲ့ ပတ်သက်တဲ့ မကောင်းသတင်း နည်းနည်းပါးပါးလေးပဲ ပြောမိတာကို သူက သားကို ဒေါသထွက်သွားတယ်တဲ့လား။ သူက သားကို အန္တာရာယ်ပေးဖို့ လူ တစ်ယောက်ကိုတောင်မှ ခိုင်းခဲ့တယ်ပေါ့လေ။ သား သူ့အကြောင်း ပြောခဲ့တာက အမှန်တရားပဲလေ။ သူက မသန်စွမ်း ဆိုတာ မဟုတ်လို့လား ၊ အဲ့ဒါကို ဘာလို့ လူသိမှာ ကြောက်နေရတာလဲ။ အမေတို့ ဒီကိစ္စကို ဒီတိုင်း အလျှော့ပေးလို့ မရဘူး။ အမေတို့ သူ့ကို သားအတွက် လျော်ကြေးပေးခိုင်းရမယ်။ "
" သူ ကျွန်တော့်ကို ဘယ်လောက်ပဲ လျော်ကြေး ပေး,ပေး ၊ ကျွန်တော့်ရဲ့ လက်က ပြန်ကောင်းလာတော့မှာမှ မဟုတ်တာ။ " ဟောက်ရှောက်ဖုန်းရဲ့ မျက်လုံးတွေက မှုန်မှိုင်းနေကာ သူ့မျက်လုံးတွေထဲမှာ နောင်တ အငွေ့အသက်တွေ ထင်ဟပ်နေသည်။ " ဒါပေမဲ့ အမေ ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို ဒီအတိုင်း အလျှော့ပေးလို့ မရဘူး။ အဖေ ဘယ်မှာလဲဟင်။ ကျွန်တော် ဘာဖြစ်တယ် ဆိုတာ အဖေ့ကို ပြောပြီးပြီလား အမေ။ "
မစ္စဟောက်၏ မျက်နှာ အမူအရာက ချက်ချင်းပဲ အေးစက်သွားသည်။ သူမ ခေါင်းငုံ့ပြီး ပြောလိုက်၏။ " မပြောရသေးဘူး။ သားရဲ့ အဖေက ဒီမနက် အရေးကြီးတဲ့ စာချုပ် တစ်ခု ချုပ်စရာ ရှိလို့တဲ့။ သူ့ဖုန်းကိုလည်း စက်ပိတ်ထားတော့ အမေတို့ သူ့ကို ဆက်သွယ်လို့ မရဘူး။ "
ဟောက်ချန်ဟွမ်းကတော့ ဘာကိုမှ သံသယ မဖြစ်။ " ဒါဆို အဖေ့အလုပ်ကိစ္စတွေ ပြီးသွားတော့မှ သူ့ကို ပြောပြလိုက်နော် အမေ။ ဒါနဲ့ ရှောင်ပင်း ဘယ်မှာလဲ။ အမေ လာတော့ သူမကို တွေ့ခဲ့သေးလား။ "
" ရှောင်ပင်း … ဟုတ်လား။ သား ဝမ်ကျင့်ဖျင်ကို ပြောနေတာလား။ သား ဘားကို သူမနဲ့အတူ သွားခဲ့တာလား။ " မစ္စဟောက်၏ အမူအရာက သူမ သားရဲ့ စကားကို ကြားချိန်မှာ ပြောင်းလဲသွားခဲ့ပြီး သူမရဲ့ သားကို ပိုလို့ မကျေမနပ် ကြည့်လိုက်မိသည်။ " မင်းကို အဲ့ဒီ မကောင်းတဲ့ ကောင်မနဲ့ ဝေးဝေး နေဖို့ အမေ ပြောထားတယ် မဟုတ်ဘူးလား။ မင်း ဘာလို့ သူမနဲ့ ထပ်ရှိနေပြန်ရတာလဲ။ မင်း သူမနဲ့ သေအတူ ရှင်မကွာ အမြဲ ရှိချင်နေတာလား။ သူမက မင်းကို ဆေးခပ်ထားတာပဲ ဖြစ်ရမယ်။ "