အခန်း ၄၆၇
Vol. 32 Ch. 467
အခန်း ( ၄၆၇ ) သူတို့က ပြဿနာပဲ
သို့သော်လည်း " အချိန်အခါတွေ ပြောင်းလဲကုန်ပြီလေ။ " ဟူသော ဤမှတ်ချက်က အဓိပ္ပာယ်ရှိပုံရသည်။
အတိတ်နဲ့ ပစ္စုပ္ပန်ကြား အကြီးမားဆုံး ပြောင်းလဲသွားတာက … ဟောက်ရှောက်ဖုန်း ဘယ်အနေအထားမှာ ရှိနေလဲ ဆိုတာလား။
အရင်တုန်းက ဟောက်ရှောက်ဖုန်းက ဟောက် ကော်ပိုရေးရှင်းရဲ့ အမွေဆက်ခံသူ ဖြစ်နေသေးပေမဲ့ လက်ရှိအချိန်မှာတော့ သူက စွန့်ပစ်ခံလိုက်ရသော နယ်ရုပ်လေး တစ်ရုပ်ထက် ဘာမှ မပိုတော့ပေ။
ဝမ်ကျင့်ဖျင်က သူ့ကို အဲ့ဒါကြောင့် ကန်ထုတ်လိုက်တာလား။
တကယ်ပဲ အဲ့လိုသာ ဆိုလျှင် သူတို့ နှစ်ယောက်ကြားက " အချစ်စစ် " ဆိုတဲ့ အရာကြီးဟာ အတုအယောင်သာ ဖြစ်လိမ့်မည်။
စုာန်ယန်၏ မျက်လုံးထဲမှာ သရော်တော်တော် အရိပ်အယောင်တွေ ယှက်သန်းသွားသည်။ ထို့နောက် သူမ အတွေး တစ်ခုကို တွေးမိသွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ " အဲ့ဒီ အမျိုးသား ဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်း ဆိုတာ ဘာကြီးလဲ။ ချန်ဟွမ်းက ဟောက်ရှောက်ဖုန်းရဲ့ ရွေရောင် အခွင့်အလမ်းကို လုယူရမှာလား။ ဘာလို့ အစကတည်းက အဲ့ဆောင်ရွက်မှုကို မစတင်ခဲ့တာလဲ။ "
အခုအချိန်မှာ ဟောက်ရှောက်ဖုန်းက ဟောက် ကော်ပိုရေးရှင်းကနေ ထုတ်ပယ်ခံလိုက်ရပြီး အမွေဆက်ခံသူ ဟူသည့် သူ့နေရာကိုလည်း ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ လုယူစရာ ဘာအခွင့်အလမ်းတွေများ ကျန်သေးလို့လဲ။
[ အမျိုးသမီး ဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို လုယူတဲ့ ဆောင်ရွက်မှုက ခရီးတစ်ဝက် အရောက်မှာ အမျိုးသား ဇာတ်လိုက်ရဲ့ ရွှေရောင် အခွင့်အလမ်းကို လုယူဖို့ ဆောင်ရွက်မှုကို စတင်သွားမှာပါ။ အသေးစိတ်ကိုတော့ နောက်မှ ရှင်းပြပါ့မယ်။ ]
စုယန်ယန် ဆွံ့အသွားမိသည်။ ပြောရရင် ငါ နင့်ကို မေးခွန်း နည်းနည်းပါးပါးပဲ မေးမိတာလေ ၊ ဒါပေမဲ့ နင်ကတော့ ဘယ်မေးခွန်းကိုမှ ပြန်မဖြေပါလား။ ဘာမှ ပြန်မဖြေရင် နင် ရှိနေလည်း ဘာထူးတော့မှာလဲ။
စနစ်က စုယန်ယန်ရဲ့ မကျေနပ်ချက်ကို သတိပြုမိသွားပုံပေါ်ကာ ကြုံတောင့်ကြုံခဲ ခံစားချက် တစ်မျိုးဖြင့် ပြန်ပြောသည်။
[ ဟွန့်။ ]
စုယန်ယန် တစ်ယောက် ပြောစရာ စကားမရှိ ဖြစ်သွားသည်။ သူမရဲ့ စနစ်နဲ့ ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူးလို့ သူမ ဘာလို့ ခံစားလာရတာပါလိမ့်။
မဟုတ်ဘူး ၊ သူ အခုတလောမှ အဲ့လို ပုံစံ ဖြစ်နေတာ မဟုတ်ဘူး။ ဒီအိမ်ကို ရိုလီပိုလီ ရောက်လာကတည်းက စနစ်ရဲ့ ပုံစံလည်း ပြောင်းလဲသွားတာပါ။ သူက ပို,ပိုပြီး လူသားနှင့် တူလာခဲ့သည်။
စုယန်ယန်သည် ထိုအတွေးကြောင့် မပြုံးမိဘဲ မနေနိုင်ပေ။
အစတုန်းကတော့ သူမရဲ့ ဦးနှောက်ထဲကို မဖိတ်ခေါ်ဘဲ ဦးဦးဖျားဖျား ရောက်လာတဲ့ ဧည့်သည်လေးကို သူမ သဘောမကျခဲ့တာ ဖြစ်နိုင်သည်။
သို့သော်လည်း ကိစ္စများစွာ ဖြစ်ပျက်ပြီး နောက်ပိုင်းမှာ စနစ်က တကယ်တော့ သူမကို ကူညီပေးနေတာ ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ တကယ်တမ်းမှာ သူက သူမ တစ်ယောက်တည်းကိုပဲ ကူညီနေတာ မဟုတ်ပါ။
သူ ရှိနေလို့ သူမရဲ့ ဦးလေးနှင့် ဒေါ်လေးတို့ လိုချင်တောင့်တနေတဲ့ ကလေးလေးကို ရခဲ့ပြီး နျဉ်ချီလွေ့ကိုလည်း အသက်အန္တာရာယ်ရှိသော အပြင်းအထန် ဖျားနာမှုကနေ ကယ်တင်ပေးနိုင်ခဲ့သည်။ နျဉ်မိသားစုနှင့် ချီမိသားစုဟာ သူတို့ မိသားစုတွေရဲ့ ပျက်သုဥ်းခြင်းမှ ကင်းလွတ်သွားခဲ့ပြီး ဟောက်ချန်ဟွမ်းကို ဘဝသစ် တစ်ခု ရရှိစေခဲ့၏။
အဲ့ဒါ အပြင် တခြား ကိစ္စတွေ အများကြီးလည်း ရှိသေးသည်။
ဇာတ်လမ်းအရ ဆင်းရဲဒုက္ခ ရောက်ရမည့် လူများစွာသည် စနစ်ကြောင့် လွတ်ငြိမ်းခွင့် ရသွားခဲ့ကြသည်။ ပြီးတော့ စနစ်ကြောင့်ပဲ သူတို့ဟာ သူတို့ ကိုယ်တိုင်နှင့် သူတို့ ပတ်ဝန်းကျင်က လူတွေရဲ့ ကံကြမ္မာကို ပြန်ဖန်တီးနိုင်ခဲ့သည်။
စုာန်ယန်၏ မျက်လုံးများ တောက်ပသွားပြီး သူမ စိတရင်းအတိုင်း ရိုးသားစွာ ပြောလိုက်ပါသည်။ " ကျေးဇူးတင်ပါတယ်။ "
သူမ ပြန်ရလိုက်တဲ့ အဖြေကဝောာ့ အချိန် အကြာကြီး တိတ်ဆိတ်နေမှုပါပဲ။ ၅ မိနစ် အကြာမှာတော့ စက်ရုပ်သံလို အကြောင်းကြားချက် တစ်မျိုး သူမရဲ့ ခေါင်းထဲကနေ ထွက်ပေါ်လာသည်။
[ နှစ်လိုမှုရမှတ် +၁၀ မှတ် ရရှိတဲ့ အတွက် Host ကို ဂုဏ်ပြုပါတယ်။ ]
တိုတိုပြတ်ပြတ် စာသားလေးက အရင် နှစ်လိုမှုရမှတ် တိုးလာချိန်မှာ ပေါ်လာတတ်တဲ့ ၊ အားပေးစကားတွေ အများကြီး ပါဝင်သော အကြောင်းကြားချက်နှင့် ကွာခြားသည်။ ဘယ်လိုပဲ စဉ်းစား စဉ်းစား ၊ ဒီနှစ်လိုမှုရမှတ်က နည်းနည်းလေးတော့ … မရိုးသားသလိုပဲ။
စုယန်ယန်သည် သူမကို ဒီနှစ်လိုမှုရမှတ်တွေ ဘယ်သူ ပေးတာလဲ ဆိုတာကို အချိန် ခဏလေးနှင့် သဘောပေါက်သွားပြီး ခပ်တိုးတိုး ရယ်လိုက်မိသည်။
အမြဲတမ်း တည်ငြိမ်လေးနက်လွန်းတဲ့ စနစ်မှာ နူးညံ့နွေးထွေးတဲ့ ချစ်စဖွယ် ပုံစံ တစ်မျိုး ရှိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
စနစ် : " … " မင်းကသာ အေးစက်လိုက် ၊ နွေးထွေးလိုက်နဲ့ မျက်နှာ နှစ်မျိုး ရှိတဲ့ မိန်းကလေး။ မင်းတို့ တစ်မိသားစုလုံးက မျက်နှာ နှစ်မျိုး ရှိတဲ့ လူတွေချည်းပဲ။
သူက စုယန်ယန်၏ စိတ်ခံစားချက်တွေကို အာရုံခံနိုင်ပုံ ပေါ်သည်။ သူ ငြိမ်ကျမသွားခင် ထူးဆန်းသော လျှပ်စစ်စီးကြောင်း တစ်ကြောင်း ဖြတ်သန်းစီးဆင်းသွားခဲ့သည်။
စနစ် တိတ်ဆိတ်သွားပြီမို့ စုယန်ယန်လည်း သူ့ကို စနောက်နေတာကို ရပ်လိုက်တော့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ထိုအချိန်မှာ အားလပ်ရက် အပန်းဖြေခရီး ထွက်ရာမှ ပြန်ရောက်လာသော လင်းရှောင်ချီက သူမကို စိုးရိမ်ပူပန်စွာ ဖုန်းဆက်လာခဲ့သည်။
" နင် အဆင်ပြေရဲ့လား ယန်ယန်။ အွန်လိုင်းပေါ်က အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရ သတင်းတွေက ဘာတွေလဲ။ နင်နဲ့ … နင့်ခင်ပွန်း အဆင်ပြေရဲ့လား။ "
သူမ ဘာကို စိတ်ပူနေလဲ ဆိုတာ နားလည်သော စုယန်ယန်က ပြုံးလိုက်မိသည်။ " ငါ ဘာဖြစ်နိုင်မှာမို့လို့လဲ။ သူတို့တွေသာ အခု ဒုက္ခရောက်နေကြတာ။ ငါတို့ ကုမ္ပဏီရဲ့ တရားဝင် အကောင့်မှာ တင်ထားတဲ့ နာမည်စာရင်းကို နင် မမြင်ဘူးလား။ နင် ငါ့ကို လာရန်စရဲတယ် ဆိုရင် ရန်စပြီးတော့မှ ဒီတိုင်း ထွက်ပြေးလို့ ရမယ်လို့ စိတ်ကူးတောင် မယဉ်နဲ့။ "