← Chapters

အခန်း ၄၆၈

Vol. 32 Ch. 468

အခန်း ၄၆၈

Vol. 32 Ch. 468

အခန်း ( ၄၆၈ ) လျို့ဝှက် စုဆောင်းမှု

လင်းရှောင်ချီ စိတ်ပျက်သွားကာ စိတ်ထဲကနေ " ငါ စာရင်း အရှည်ကြီးကို တွေ့လို့ နင် အရမ်း ဒေါသထွက်နေမှာကို စိုးရိမ်လို့ ဖုန်းလှမ်းဆက်လိုက်တာဟဲ့။ " ဟု တစ်ယောက်တည်း ပြောလိုက်မိသည်။

" နင် အဆင်ပြေတာ သေချာရဲ့လား။ သူတို့က နင့်ခင်ပွန်းကို တိုက်ခိုက်နေတဲ့ ပုံပဲ … နင့်ခင်ပွန်းကဝောာ့ ဒီကိစ္စကို ဒေါသမထွက်ဘူးမို့လား။ နင်ရော အရမ်း ဒေါသထွက်မနေနဲ့ဦးနော်။ အများဆုံး အနေနဲ့ ဆိုရင် နင် သူတို့ကို သူတို့ရဲ့ လုပ်ရပ် အတွက် လျော်ကြေး တောင်းလို့ ရတယ်။ "

သူမရဲ့ ခင်ပွန်းကို စုယန်ယန် ဘယ်လောက် ချစ်မှန်း လင်းရှောင်ချီ သိသည်။ သူမလို ဘာမှ မဆိုင်သော အပြင်လူ တစ်ယောက်ပင်လျှင် အွန်လိုင်းပေါ်က ကွန်းမန့်တွေ ဖတ်ရင်း ဒေါသထွက်မိသည်။ စုယန်ယန် ဆိုရင် ထည့်ပြောမနေနဲ့တော့။

စုယန်ယန်က နှာခေါင်းက‌ လေထွက်ရုံ လှောင်ရယ်ပြီး ဝံ့ဝံ့ကြွားကြွား ပြောလိုက်သည်။ " သူတို့ဆီက လျော်ကြေး ရရုံနဲ့ ငါ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။ ငါ့ခင်ပွန်းက ငါ့အတွက် အဲ့ကုမ္ပဏီကို ကူဖျက်ဆီးပေးတဲ့အနေနဲ့ လွေ့ယွီကို ငါ ကစားဖို့ ဝယ်ပေးမယ်လို့ ပြောတယ်။ သူတို့ ငါ့ကို ရန်စရဲတယ် ဆိုရင် ငါက သူတို့ရဲ့ ဘော့စ် ဖြစ်လာမှာလေ။ အနာဂတ်မှာ ငါ စိတ်ကျေနပ်တဲ့ အထိ သူတို့ကို ငါ့ကို ကောင်းကောင်း အမှုထမ်းခိုင်းရမယ်။ နောက်ပိုင်းကျ မဟုတ်မဟတ် စကားတွေ ဘယ်သူ လျှောက်ပြော‌ရဲသေးလဲ ဆိုတာ ကြည့်ကြတာပေါ့။ "

လင်းရှောင်ချီ : " … " ကောင်းတယ်ဟေ့။ နင်တို့ပဲ အကောင်းဆုံး။

အဖော်မဲ့ အထီးကျန်‌နေတဲ့ သနားစရာ တစ်ကိုယ်ရည်သမားလေး ငါကတော့ နင်တို့လို လက်ထပ်ပြီးခါစ ကြင်စဦး စုံတွဲတွေကြောင့် ရင်ခံသွားရပြီ။ ဖုန်းဆက်မိတဲ့ ငါ့အမှားပဲ။

" ရပြီ ရပြီ ၊ ငါ့ကို ဆက်ကြွားမနေနဲ့တော့။ အလုပ် လုပ်နေရတဲ့ သနားစရာ တစ်ယောက်တည်းသမားလေး ငါကတော့ ဂရုစိုက်ပေးမယ့် ခင်ပွန်း ရှိတဲ့ တချို့‌တွေလို ဘယ်ဆက်ဆံခံရပါ့မလဲလေ။ "

သူမရဲ့ ဝမ်းနည်းမှုနှင့် ဒေါသတို့ ရောနေသော စကားကို ကြားသောအခါ စုယန်ယန် ခပ်တိုးတိုး ရယ်မိသည်။ " နင် မနာလိုဖြစ်နေတာလား။ မနာလိုဖြစ်တယ် ဆိုရင် တစ်ယောက်ယောက်ကို စောစောစီးစီး ရှာထားသင့်တယ်နော်။ ငါ့အစ်ကိုက အခုထိ စင်ဂယ်လ်ပဲ။ နင် သူ့ကို … "

" … ငါ့ကို အောင်သွယ်ပေးဖို့ လုပ်မနေနဲ့။ နင် ငါ့ကို ဇွတ်အတင်း တိုက်တွန်းနေရင် ငါ နင့်ကို လာကိုက်မှာ။ "

စုယန်ယန်က နှုတ်ခမ်းတွေကို စေ့ပိတ်လိုက်သည်။ " နင်က နင့်အတွက် ဘာက ကောင်းတယ် ဆိုတာ မသိဘူးပဲ။ "

" အိုကေ ၊ အိုကေ ၊ အိုကေ။ နင် ငါ့ကောင်းကျိုး အတွက် ဒီလို လုပ်နေမှန်း ငါ သိပြီ။ ဒီအကြောင်း မပြောဘဲ နေရအောင်။ ငါ့မှာ နင့်ကို မေးစရာ ရှိတယ်။ "

" ဘာမေးမလို့လဲ။ "

လင်းရှောင်ချီက အဟမ်း အဟမ်းဟု လည်ချောင်းရှင်းကာ အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ " နင်တို့ နှစ်ယောက် လက်ထပ်ထားတာ အခုဆို အချိန် တစ်ခုတော့ ကြာပြီနော်။ နင်တို့ … ဟိုကိစ္စ လုပ်ပြီးကြပြီလား။ "

စုယန်ယန် ဆွံ့အသွား၏။ ဒီမေးခွန်းကို မေးနေတာ လင်းရှောင်ချီရော ဟုတ်ရဲ့လား ဆိုတာကို အတည်ပြုရန် အတွက် ဖုန်းမျက်နှာပြင်ကို ပြန်ကြည့်လိုက်မိသည်။

" နင် ဘာလို့ အဲ့ဒါကို မေးတာလဲ။ "

" အမ်း ၊ ငါ နင့်ကို ဒီတိုင်း တစ်ခုခု မေးကြည့်ချင်လို့ပါ။ စုံတွဲ တစ်တွဲရဲ့ အိမ်ထောင်သည်ဘဝက သဟဇာတ မဖြစ်တတ်ဘူးလေ။ အဲ့ဒါကြောင့် နင်တို့ အဆင်ပြေကြတယ် ဆိုရင် ငါ့မှာ ဗီဒီယိုလေး တစ်ခု ရှိတယ်။ နင့်အသိပညာတွေကို တိုးမြှင့်ဖို့ အဲ့ဒါကို ကြည့်ချင်လား။ "

ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေက မသန်စွမ်း ဖြစ်နေတာမို့ စိတ်ရှိတိုင်း မလှုပ်ရှားနိုင်ပါ။ စုံတွဲလေးမှာ တစ်ယောက်နှင့် တစ်ယောက်ကြား အနေရခက်မှုတွေ ရှိဖို့ ဆိုတာ မြေကြီးလက်ခတ်မလွဲပင်။ ထိုကိစ္စ လုပ်လျှင် စုယန်ယန်ကပဲ ပိုအားစိုက်ရလိမ့်မည်။

သူတို့ နှစ်ယောက်ကြားမှ ဆက်ဆံရေးကို လင်းရှောင်ချီ မယုံကြည်တာမျိုး မဟုတ်ပါ။ စုံတွဲ အများစု အတွက် အဲ့လို နောက်ဆက်တွဲ ကိစ္စတွေက ရှိတတ်စမြဲ ဖြစ်သည်။

သူတို့ နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် သဟဇာတ မဖြစ်ဘဲ စိတ်ထဲမှာ မကျေနပ်တာတွေ ၊ အစိုင်အခဲတွေ စုပုံလာရင် ဘယ့်နှယ့် လုပ်မလဲ။ သူတို့ နှစ်ယောက်ထဲက တစ်ယောက်က သည်းမခံနိုင်ဝောာ့ဘဲ နောက်တစ်ယောက်ကို သွားရှာရင်ရော ဘယ်လို လုပ်မလဲ။

လင်းရှောင်ချီက ကိစ္စတွေကို စိတ်ကူးယဉ် တွေးတောရတာ သဘောကျသည်။ သူမရဲ့ အချစ်ဆုံး သူငယ်ချင်းလေး အတွက် သူမ အလွန် စိုးရိမ်သွားသောကြောင့် စုယန်ယန်ကို သူမရဲ့ လျို့ဝှက် စုဆောင်းမှုအား ပေးရန် သတ္တိစုစည်းခဲ့လေသည်။

စုယန်ယန်က သူမရဲ့ စကားတွေကို ကြားပြီးနောက် စက္ကန့ အနည်းငယ်ကြာ ဆွံ့အနေမိသည်။ ထိုစက္ကန့် အနည်းငယ်မှာ သူမရဲ့ လောကအမြင်တွေ တစ်စစီ ကြေမွပျက်စီးသွားပြီးမှ အကောင်းအတိုင်း ပြန်ဆက်သွားခဲ့သည်။

" နင်က ကောင်လေးတောင် မရှိတဲ့ သနားစရာ တစ်ကိုယ်တည်းသမားလေးလေ။ နင့်မှာ ဘယ်လိုလုပ် အဲ့ဒါမျိုး ရှိနေရတာလဲ … ။ "

လင်းရှောင်ချီသည် ဖုန်းထဲကနေ အော်ပြောလိုက်သံကြောင့် လန့်ဖြန့်သွားသည်။ သူမ သတိဝင်လာချိန်မှာဝောာ့ ဒေါသလည်း ထွက် ၊ ရယ်လည်း ရယ်ချင်သွားမိသည်။ " စင်ဂယ်လ်တွေက အဲ့လို ဗီဒီယိုမျိုးတွေ ကြည့်လို့ မရဘူးလို့ ဘယ်သူ ပြောထားလို့လဲ။ နင်က အဆင့်အတန်း ခွဲခြားနေတာပဲ။ "

စုယန်ယန်က အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်သည်။ " သေလိုက်ပါလား ၊ ဘာကို အဆင့်အတန်း ခွဲတာလဲ။ ဘုရားရေ ၊ ငါ ဖြည်းဖြည်းချင်း အသက်ရှူမှပဲ ရမယ်။ ယုံတောင် မယုံနိုင်ဘူး။ နင်က အပေါ်ယံ ကြည့်တော့သာ လေးနက်တည်ငြိမ်သလို ပုံစံလေးနဲ့ တကယ်တမ်းကျ ဒီလို လူမျိုး ဖြစ်နေတာပဲ။ ငါ နင့်ကို တကယ့်ကို မှားပြီး ခန့်မှန်းခဲ့မိတာ။ "

" ဟွန်း ၊ အခု သိသွားတာလည်း နောက်မကျသေးပါဘူးနော်။ နင် အဲ့ဒါကို ကြည့်ချင်လား ၊ မကြည့်ချင်ဘူးလား။ နင်သာ ငါ့အချစ်ဆုံး သူငယ်ချင်း မဟုတ်ရင် ငါ နင့်ကို ဒီလိုမျိုး ကမ်းလှမ်းနေတာ မဟုတ်ဘူးနော်။ " လင်းရှောင်ချီက ဖုန်းချဖို့ ပြင်လိုက်သည်။

All Chapters