အခန်း ၄၆၉
Vol. 32 Ch. 469
အခန်း ( ၄၆၉ ) ထူးဆန်းသော အသံ
" နေဦး။ " စုယန်ယန်က ဖုန်းချဖို့ ပြင်နေသည့် သူမရဲ့ ရည်ရွယ်ချက်ကို သတိပြုမိသွားကာ ရုတ်တရက် ပြောလိုက်သည်။ " စကား အကောင်း ပြောကြမယ်။ ဖုန်းမချနဲ့ဦး။ "
" ခွီး " လင်းရှောင်ချီသည် စုယန်ယန်၏ လေးနက်နေသော အသံကို ကြားသောအခါ မရယ်မိဘဲ မနေနိုင်ပေ။ သို့သော်လည်း သူမရဲ့ ရယ်ချင်စိတ်ကို အမြန် ချိုးနှိမ်ထားလိုက်သည်။ " နင် စကား အကောင်း ပြောချင်တယ် ဆိုရင် ငါ့ကို အမှန်အတိုင်း ပြော။ နင် … "
စုယန်ယန် ဆွံ့အသွားရပါပြီ။ လင်းရှောင်ချီက ဒီမေးခွန်းကို သူမရဲ့ ကောင်းကျိုး အတွက် မေးနေတာ မဟုတ်ဘဲ စပ်စုချင်လို့သာ မေးနေတာလားလို့ အကြီးအကျယ် သံသယဖြစ်လာမိသည်။
" နင် ဘာလို့ ပြန်မဖြေတာလဲ။ နင် မလုပ်ရသေးဘူးလို့တော့ … ငါ့ကို မပြောနဲ့နော်။ "
လင်းရှောင်ချီသည် သူမ မေးခွန်း ထုတ်ပြီးနောက်မှာ စုယန်ယန် နှုတ်ဆိတ်နေလိမ့်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။
မျှော်လင့်မထားစွာဖြင့် စုယန်ယန်က ရေရေရာရာ မရှိသော အဖြေကို ပြန်ပေးသည်။ " … အင်း။ "
" တကယ်ကြီးလား။ " လင်းရှောင်ချီ အံ့အားသင့်သွားမိသည်။ " ဒီလောက် ကြာနေပြီကို နင်တို့တွေ အဲ့ဒါ တစ်ခါလေးတောင် မလုပ်ရသေးတာလား။ ငါ့ကို ဒီလိုတော့ မပြောနဲ့နော် … နင်တို့ … "
" တော်တော့။ ငါတို့မှာ ဘာပြဿနာမှ မရှိဘူး။ သူက အခုတလော ကုသမှု ခံယူနေတယ်။ အဲ့ဒါကြောင့် သူ့အတွက် သူ့ကိုယ်သူ အာရုံလွှဲပြောင်းစေမယ့် အရာမျိုးတွေ လုပ်ဖို့ မသင့်တော်ဘူး။ "
" ကုသမှု ၊ ဘာကို ကုသတာလဲ။ " လင်းရှောင်ချီသည် အခြေအနေကို အချိန် ခဏလေး အတွင်း နားလည်မသွားသေးခင် မေးလိုက်သည်။ " သူ့ခြေထောက်တွေကိုလား။ နင့်ခင်ပွန်းက သူ့ခြေထောက်တွေ အတွက် ကုသမှု ခံယူနေတာလား။ သူ့ခြေထောက်တွေ တကယ်ပဲ ပြန်ကောင်းလာမှာလားဟင်။ "
စုယန်ယန်က လင်းရှောင်ချီကို ယုံကြည်သောကြောင့် ချက်ချင်းပဲ အမှန်အတိုင်း ပြောပြလိုက်၏။
" တော်သေးတာပေါ့ဟာ။ " လင်းရှောင်ချီက အံ့ဩဝမ်းသာစွာ ပြောလိုက်သည်။
သူမ ဟောက်ချန်ဟွမ်းကို ပထမဆုံး အကြိမ် တွေ့တုန်းက သူ့ကို အရာရာတိုင်းမှာ ပြီးပြည့်စုံသည်ဟု ထင်ခဲ့မိသည်။ ရုပ်ချောသည် ၊ ချမ်းသာသည် ၊ စုယန်ယန်ကိုလည်း ငုံမထားမတတ် ချစ်သည်။ သူမ နှမြောတဲ့ တစ်ခုတည်းသော အရာက သူ့ခြေထောက်တွေ မသန်စွမ်း ဖြစ်နေတာပါ။
အခုတော့ ထိုခြေထောက်တွေကို ကုသနိုင်ကြောင်း သိလိုက်ရ၍ လင်းရှောင်ချီသည် စုယန်ယန် အတွက် အတိုင်းမသိ ဝမ်းသာသွားရသည်။ အနာဂတ်မှာ ကီးဘုတ်ဖိုက်တာတွေ သူတို့ကို တိုက်ခိုက်စော်ကားတဲ့ နေရာမှာ ဟောက်ချန်ဟွမ်းက မသန်စွမ်း ဖြစ်နေတယ် ဆိုတဲ့ အားနည်းချက်ကို ဘယ်လို အသုံးပြုမလဲ ဆိုတာ သူမ မြင်ချင်သည်။ ဘယ်လောက်တောင် ရူးလိုက်ကြတဲ့ အရူးတွေလဲ။
စုာန်ယန်က လင်းရှောင်ချီရဲ့ စကားတွေကို ကြားလျှင် သူမကိုယ်သူမ သတိမထားမိခင်မှာပဲ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ အပေါ်သို့ ကွေးတက်သွားခဲ့သည်။
နောက် ၁ စက္ကန့် အကြာမှာ လင်းရှောင်ချီက ခပ်ယဲ့ယဲ့ အပြုံးလေးဖြင့် ခပ်တိုးတိုး မေးသည်။ " သူလည်း သက်သာလုနီးပါး ဖြစ်နေပြီ ဆိုတော့ ငါ အခု ပြောခဲ့တဲ့ အကြောင်းက … "
" ငါ့ကို အဲ့ဗီဒီယိုတွေ အကုန်သာ ပို့လိုက် ၊ တစ်ခုလေးတောင် မကျန်စေနဲ့။ နင် အကုန် မပို့ဘဲ ချန်ထားတယ် ဆိုတာ သိတာနဲ့ ငါ နင့်ကို မနက်ဖြန်ကျ ငါ့အစ်ကိုနဲ့ အောင်သွယ်ပေးမယ်။ "
လင်းရှောင်ချီ : " … " အမယ်လေး ၊ သူမ ဘယ်လောက်တောင် စိတ်မရှည်ဖြစ်နေလဲ ဆိုတာ ကြည့်လိုက်ပါဦး။ သူမက ငါ့ကိုလည်း ဗီဒီယိုတွေ ပို့ခိုင်းသေးတယ် ၊ ခြိမ်းလည်း ခြိမ်းခြောက်သွားသေးတယ်။ မျက်နှာပြောင်လိုက်တာ။
လင်းရှောင်ချီက မကျေမနပ် ညည်းညူနေသော်လည်း စုယန်ယန်ကိုတော့ ဗီဒီယိုတွေ ပို့ပေးလိုက်ပါသည်။
စုယန်ယန်သည် ဗီဒီယိုတွေကို လက်ခံရရှိပြီးနောက် နာမည်စာရင်း အရှည်ကြီးကို မြင်လိုက်ရသည်။
" ၃၆၀ ဒီဂရီ စိတ်ညို့ခြင်း။ ပြိုင်ဘက်ကင်း လျို့ဝှက် စုဆောင်းမှု။ ခိုးကြည့်သူ သေပါစေ။ "
စုယန်ယန်မှာ ပြောစရာ စကားပင် မရှိတော့။ Folder ထဲမှာ ဗီဒီယိုတွေ အများကြီး ရှိသည်။ ဒါက ကလေးတွေ ကြည့်ဖို့ မသင့်တော်တဲ့ အရာမှန်း တခြား လူတွေ မသိမှာကို သူမ မစိုးရိမ်ဘူးလား။ ဒါ တော်လောက်ပြီ။
စုယန်ယန်သည် Folder ကို နှိပ်လိုက်ရင်း မကျေမနပ် ပြောနေမိသည်။ ထို့နောက် သူမ ပထမဆုံး ဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။
ဖန်သားပြင်ပေါ်မှာ ပထမဆုံး ပေါ်လာသော မြင်ကွင်းက လူ နှစ်ယောက် နူနူးညံ့ညံ့ ချစ်တင်းနှီးနှောနေကြသည့် မြင်ကွင်း ဖြစ်ကာ အံ့ဩဖွယ် ကျယ်လောင်ပြီး ထိတ်လန့်စရာကောင်းသော ညည်းသံတွေလည်း ထွက်ပေါ်နေသည်။
စုယန်ယန်သည် အံ့ဩဆွံအကာ ကြောင်အမ်းအမ်းလေး ဖြစ်သွားမိသည်။
ထိုအချိန်မှာပဲ အပြင်ဘက်မှ အိပ်ခန်းတံခါးက ပွင့်လာခဲ့သည်။
စုယန်ယန်ဟာ မိုးကြိုးပစ်ခံရသကဲ့သို့ ထခုန်မိလိုက်ကာ ဗီဒီယိုကို ပိတ်ရန် အလန့်တကြား ကြိုးစားမိသည်။ ဒါပေမဲ့ သူမ ပိုစိတ်လှုပ်ရှားလာလေ ၊ ပိုပြာယာခတ်လာလေပဲ ဖြစ်သည်။
ကျေးဇူးတင်စရာကောင်းစွာဖြင့် နောက်ဆုံးမှာတော့ အပြင်က လူ အခန်းထဲ ဝင်မလာသေးခင်မှာ ဗီဒီယိုကို ပိတ်နိုင်သွားခဲ့သည်။
ဟောက်ချန်ဟွမ်းသည် တံခါးကို ဖွင့်ကာ ဘေးပတ်လည်ကို အကြည့် ဖြန့်ကျက်လိုက်၏။ ထို့နောက် သူ စုယန်ယန်ကို ကြည့်ပြီး မေးလိုက်သည်။ " ကိုယ် ထူးဆန်းတဲ့ အသံ တစ်မျိုး ကြားလိုက်ရသလားလို့။ "
" ဘာမှ မဟုတ်ပါဘူး ၊ တကယ် ဘာမှ မဟုတ်တာ။ " စုယန်ယန်က အမှန်အတိုင်း ပြောလိုက်တာ ဖြစ်သော်လည်း အဲ့ဒါကပဲ သူ့ကို ပိုလို့တောင် သံသယဖြစ်သွားစေခဲ့သည်။
ဟောက်ချန်ဟွမ်းက သူမကို သံသယရှိစွာ ကြည့်နေသည်။
စုယန်ယန်သည် အကြောင်းပြချက် တချို့ကြောင့် မလုံမလဲ ခံစားလာရပြီး ခေါင်းငုံ့ကာ ပြောလိုက်မိလေသည်။ " … ကျွန်မ မဟုတ်ကဟုတ်က ဝက်ဘ်ဆိုဒ် တစ်ခုထဲ မတော်တဆ ဝင်မိသွားရင်း အသံ နည်းနည်းလေး ကျယ်သွားတာ။ အရေးကြီး ကိစ္စ မဟုတ်ပါဘူး။ အဟင်း … အဟင်းဟင်း … "