← Chapters

အခန်း ၄၇၄

Vol. 32 Ch. 474

အခန်း ၄၇၄

Vol. 32 Ch. 474

အခန်း ( ၄၇၄ ) ကိုယ်တို့ရဲ့ အချစ်ကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံး နည်းလမ်း

စုယန်ယန်က ပြတင်းပေါက် အောက်ဘက်ရှိ ခြံဝင်းလေးကို ညွှန်ပြရင်း သူမရဲ့ အနာဂတ် အစီအစဉ်တွေ အကြောင်း စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့သည်။ သူမရဲ့ မျက်လုံးထဲမှာ သူတို့ နှစ်ယောက်ရဲ့ အနာဂတ် အတွက် မျှော်လင့်ချက်တွေ ၊ ယုံကြည်ချက်တွေ ပြည့်နှက်နေပါသည်။

ဒီအစဉ်အစဉ်ထဲမှာ သူမလည်း ပါသည် ၊ သူလည်း ပါသည် ၊ သူမတို့ရဲ့ အိမ်လေးလည်း ပါသည်။

ဟောက်ချန်ဟွမ်းသည် သူမရဲ့ ဘေး‌တစောင်း မျက်နှာလေးကို ကြည့်ကာ သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံး အလင်းရောင်တွေ လက်ဖြာတောက်ပနေသလို ခံစားလိုက်ရသည်။ ပြီးတော့ ထိုအလင်းရောင်ကို သူ ပိုင်ဆိုင်သည်။

စုယန်ယန်က တစ်ယောက်တည်း စကားတွေ အကြာကြီး ပြောနေပြီးမှ သူမနံဘေးရှိ လူဟာ ဘာမှ မတုံ့ပြန်ကြောင်း သတိထားမိသွားသည်။ သူမ စကားရပ်ပြီး သူ့ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်၏။

“ ရှင် နားရော နားထောင်နေရဲ့လား။ အယ် … ”

သူမ စကားမဆုံးသေးခင်မှာပဲ ဟောက်ချန်ဟွမ်းက သူမကို နမ်းလိုက်လေသည်။

စုယန်ယန်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားသော်လည်း သူမ ချက်ချင်းပဲ စိတ်ပေါ့ပါးသွားကာ ဟောက်ချန်ဟွမ်းရဲ့ ခါးကို ဖက်ထားလိုက်သည်။

စုယန်ယန်က ပြတင်းပေါက် ထောက်တိုင်လေးကို ထောင်ကာ ပြတင်းပေါက်ကို အနည်းငယ် ဖွင့်လိုက်သည်။ နေရောင်ခြည် အလင်းတန်း တစ်ခုက အိမ်ထဲသို့ ဝင်ရောက်လာပြီး တစ်ယောက်ကို တစ်ယောက် ဖက်နေကြသော လူ နှစ်ယောက်အပေါ် လင်းဖြာကျလာခဲ့သည်။ သိပ်သည်း‌သော အလင်းရောင် အလွှာ တစ်လွှာက သူတို့ နှစ်ယောက်ကို လွှမ်းခြုံထားသကဲ့သို့ လိုက်ဖက်ညီစွာ နွေးထွေးဖွယ်ကောင်းနေ၏။

နောက်တစ်နေ့ မနက် ရောက်တော့ စုယန်ယန်သည် စောစော အိပ်ရာနိုးလာခဲ့သည်။ အိပ်ပျော်နေဆဲ ဖြစ်သော ဟောက်ချန်ဟွမ်းကို သူမ စောင်းငဲ့ကြည့်ရင်း ခပ်တိုးတိုး ရယ်မိသည်။

မနေ့ညတုန်းက သူတို့ ဘာမစ်ရှင်မှ မလုပ်သော်လည်း သန်းခေါင်ယံ ညနက်တဲ့ အထိ ဂိမ်းထဲမှာ နာရီ အနည်းငယ် ကြာအောင် နေဖြစ်ခဲ့သည်။

ပြီးခဲ့တဲ့ နာရီ အနည်းငယ် အတွင်း သူတို့ လုပ်ခဲ့တဲ့ အရာ အတွက် ဆိုရင်တော့ …

သေချာတာပေါ့။ အရာ အားလုံး ပြီးပြည့်စုံခဲ့ပါတယ်။ နောက်ဆုံး အဆင့်ထိ မရောက်ခဲ့ပေမဲ့လို့ပေါ့။

သူမတို့ရဲ့ ပထမဆုံး အကြိမ်ကို လက်တွေ့ကမ္ဘာမှာပဲ ကျော်လွန်ရမယ်လို့ သူ ယုံကြည်ထားတာ ဖြစ်ရမည်ဟု စုယန်ယန် ခန့်မှန်းမိသောကြောင့် နောက်ဆုံး အခိုက်အတန့်မှာ သူတို့ ရပ်ခဲ့ကြတာပင်။

စုယန်ယန် အနည်းငယ် နှမြောမိသော်လည်း ဟောက်ချန်ဟွမ်း မတ်တပ်ရပ်တာကို မြင်ရပြီး ဂိမ်းထဲမှာ သူမနှင့်အတူ အကြာကြီး ရှိနေခြင်းက သူမကို ပျော်ရွှင်‌ကျေနပ်စေပါသေးသည်။

စုယန်ယန် နှစ်နှစ်ခြိုက်ခြိုက် ပြုံးကာ ဟောက်ချန်ဟွမ်းထံမှ အနမ်း တစ်ပွင့်ကို ခိုးယူလိုက်သည်။ ထို့နောက် သူမ လျင်မြန်စွာ အိပ်ရာထကာ သူမကိုယ်သူမ ဆုချပြီး ဟောက်ချန်ဟွမ်းနှင့်အတူ သူမရဲ့ ပျော်ရွှင်မှုကို မျှဝေရန် အတွက် မနက်စာ ပြင်ဆင်နေခဲ့သည်။

သို့သော်လည်း သူမ အိပ်ခန်းထဲမှ ထွက်သွားချိန်မှာပဲ အိပ်ရာထက်မှာ လဲလျောင်းနေသူသည် သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

အခုလေးတင် ချပ်ခနဲ စေ့ပိတ်သွားသော တံခါးကို ကြည့်ကာ သူ အနမ်းခံခဲ့ရသော နေရာလေးကို ထိကိုင်ကြည့်ဖို့ လက်လှမ်းလိုက်သည်။ သူ့ရဲ့ ကြည်လင်နေသော မျက်လုံးတွေထဲမှာ ဘယ်လို အိပ်ငိုက်မှုမျိုး ၊ စိတ်မကြည်လင်မှုမျိုးမှ ရှိမနေပါ။

“ ဘာလို့ ဒီနေ့ အစောကြီး နိုးနေတာလဲ သခင်မ‌လေး။ ” ဦးလေးကျန်းက စုယန်ယန်ကို မြင်တော့ အံ့ဩသွားသည်။

“ ကျွန်မ ဒီနေ့ ဟင်းလေး နည်းနည်း ပိုချက်ချင်လို့ စောစော အိပ်ရာထလာတာပါ။ အိမ်မှာ ရှိတဲ့ စားဖိုမှူးတွေရော နိုးကြပြီလားဟင်။ ”

စုယန်ယန်က စားဖိုမှူးတွေကို ရည်ညွှန်းပြောဆိုနေတာ ဖြစ်သည်။ သူမ ပြုလုပ်ထားသော ကြက်ဥငှာပနာမုန့်နှင့် ဘန်းကိတ် ( စပျစ်သီးခြောက်ပါတဲ့ ကိတ် ) တွေကို သူတို့ အရင်တုန်းက တုပပြုလုပ်ဖူးပြီး အရသာက သူမရဲ့ လက်ရာနှင့် ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်ထိ တူသည်။ ထို့ကြောင့် သူတို့မှာ အရည်အချင်းရှိပါသည်။

“ ကျွန်တော် နိုးပါပြီ။ ကျွန်တော် သခင်လေးနဲ့ သခင်မလေး အတွက် မနက်စာ ပြင်ပေးနေတာ။ ”

“ ကျွန်မ ဒီနေ့ ချက်စရာ‌တွေ အများကြီး ရှိတယ်ရယ် ၊ တစ်ယောက်တည်း မနိုင်မှာကိုလည်း စိုးရိမ်နေတာ။ ကျွန်မကို တစ်ယောက်ယောက်များ ကူညီချင်မလားလို့ ဦးလေးကျန်း ကူမေးပေးနော်။ ”

ဦးလေးကျန်းရဲ့ မျက်လုံးတွေ ဖျတ်ခနဲ လက်သွားကာ အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်၏။ “ ကောင်းပါပြီ။ သူတို့ကို ကျွန်တော် အခု သွားမေးလိုက်ပါ့မယ်။ ”

ဦးလေးကျန်းက သူမ အတွက် လက်ထောက် တစ်ယောက်လောက် ရှာပေးရင် ကောင်းမှာပဲဟု စုယန်ယန် တွေးမိသည်။ ဒါပေမဲ့ နေမကောင်းဖြစ်ကာ ခွင့်ယူထားသော စားဖိုမှူးတွေက လွဲလို့ အိမ်မှာ ရှိနေသေးသော ကျန်စာဖိုးမှူးတွေ အကုန်လုံး အပြေးအလွှား ရောက်လာခဲ့ကြသည်။

စားဖိုမှူးများသည် သခင်မလေးက ချက်ပြုတ်ပေးရန် အတွက် သူတို့ကို ငှားရမ်းချင်နေကြောင်း ကြားသောအခါ ဘာမှ စဉ်းစားမနေဘဲ ပြေးလာခဲ့ကြသည်။

အရမ်း နောက်ကျသွားမှာကို သူမ စိုးရိမ်သည်။ အခု သူမမှာ လူ အလုံအလောက် ရှိနေပြီမို့ အကုန်လုံးကို တာဝန်ကိုယ်စီ ခွဲပေးထားလိုက်သည်။

အမျိုးသမီး နှစ်ယောက် ၊ အမျိုးသား တစ်ယောက် .. စုစုပေါင်း စားဖိုမှူး သုံးယောက်။ သူတို့ အားလုံး အသက် သုံးဆယ် ၊ လေးဆယ်တွေထဲ ဝင်နေကြပြီ ဖြစ်သည်။ အချက်အပြုတ်အပေါ် ရူးသွပ်စိတ်ဖြင့် စုယန်ယန်ကို ကြည့်နေကြသော သူတို့ရဲ့ မျက်လုံး‌တွေက သူမကို အရှင်လိုက် မြိုချချင်နေသကဲ့သို့ တလက်လက် တောက်ပနေသည်။

စုယန်ယန်က သူတို့ရဲ့ အကြည့်တွေကြောင့် ကြက်သီးထသွားမိသည်။ သူမ အဟမ်း အဟမ်းဟု လည်ချောင်းရှင်းကာ ပြောလိုက်၏။ “ ရှင်တို့ကို ဦးလေးကျန်း ပြောထားပြီးသား ဖြစ်မယ် ထင်တယ်။ ကျွန်မ ဒီနေ့ ချက်စရာတွေ အများကြီး ရှိတော့ ရှင်တို့ကို အကူအညီတောင်းချင်လို့ပါ … ”

All Chapters