← Chapters

အခန်း ၄၇၅

Vol. 32 Ch. 475

အခန်း ၄၇၅

Vol. 32 Ch. 475

အခန်း ( ၄၇၅ ) တစ်ယောက်ချင်းစီမှာ သူတို့ရဲ့ အထူး ကျွမ်းကျင်မှုတွေ ကိုယ်စီ ရှိကြသည်။

သူတို့ သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ဘဝင်မကျစွာ မေးလိုက်ကြသည်။ “ ဟုတ်တယ် ၊ သူ ပြောထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ခင်ဗျားရဲ့ … ကိုယ်ပိုင် လျှို့ဝှက်ချက်တွေကို ခင်ဗျား မသိအောင် လေ့လာသွားမှာကို မစိုးရိမ်ဘူးလား။ ”

စုယန်ယန်က တိုက်ရိုက် မဖြေဘဲ ပြုံးကာ မေးခွန်း တစ်ခု ပြန်မေးလိုက်သည်။ “ ရှင်တို့တွေ ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကြည့်လား။ ”

“ … ကြည့်ပါတယ်‌။ ”

အစတုန်းကတော့ သူတို့ ချက်ပြုတ်ရာမှာ ပိုလို့ လွယ်ကူစေရန် အတွက် ဒီအသစ်စက်စက် သခင်မလေးရဲ့ အချက်အပြုတ် လက်ရာကို သိချင်ခဲ့တာ ၊ စူးစမ်းချင်စိတ် ပြင်းပြခဲ့တာ ဖြစ်သည်။

သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွေဟာ တစ်ခါ ကြည့်ပြီးသည်နှင့် နောက်တစ်ခေါက် ထပ်မကြည့်ဘဲ မနေနိုင်တဲ့ အထိ ဆွဲဆောင်အားကောင်းကာ အရည်အချင်းရှိလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြ။

သူတို့သည် စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ကြောင်း ပြောရန် အလွန် ရှက်ရွံ့နေကြသော်လည်း ပါဝင်ပစ္စည်း တချို့ အတွက် သူမရဲ့ စားသောက်ဆိုင်ကို မှီခိုနေရသောကြောင့် ဟင်းလျာတွေကို သူမအတိုင်း ပုံတူကူးပြီး လိုက်မချက်နိုင်ပေ။

“ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကျွန်မနဲ့ မသိတဲ့ သူစိမ်းတွေကို ပြချင်နေတယ် ဆိုကတည်းက အဲ့ဒီ ဟင်းချက်နည်းတွေကို လူတွေ သိသွားမှာနဲ့ ပတ်သက်ပြီး ကျွန်မ မစိုးရိမ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုကနေ တစ်ဆင့် ရှင်တို့တွေ ဘယ်လောက် လေ့လာနိုင်သလဲ ဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ ရှင်တို့ လေ့လာနိုင်တယ် ဆိုရင် အဲ့ဒါက ရှင်တို့ရဲ့ အသိပညာပဲ။ အဲ့ဒီအတိုင်းပဲ ၊ ရှင်တို့ ကျွန်မရဲ့ လက်ထောက်တွေ ဖြစ်လာတဲ့အခါ ရှင်တို့ လေ့လာသင်ယူသမျှ အရာရာတိုင်းကလည်း ကိုယ်ပိုင် အရည်အချင်းနဲ့ လေ့လာထားတဲ့ အသိပညာတွေပါ။ ”

ထိုစကားကို ကြားသောအခါ သူတို့ သုံးယောက်လုံး အလွန် အံ့အားသင့်သွားခဲ့ကြသည်။ ကမ္ဘာပေါ်မှာ ဒီလို သဘောတရားကောင်း တစ်ခု ရှိနေတယ် ဆိုတာကို သူတို့ မယုံနိုင်ကြပေ။

“ တခြား ဘာမှ မေးစရာ မရှိဝောာ့ရင် စပြီး ချက်ပြုတ်ကြရအောင်နော်။ အခုတောင် နောက်ကျနေတာ .. ကျွန်မတို့ ထပ်ပြီး ကြာနေရင် မနက်စာက နေ့လယ်စာ ဖြစ်သွားလိမ့်မယ်။ ” စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်သည်။ “ ကျွန်မ ခဏနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို စတင်တော့မှာ။ တကယ်လို့ ရှင်တို့တွေ ကျွန်မကို ကူညီပေးနေရင် ရှင်တို့လည်း ရိုက်ကူးခံရလိမ့်မယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျွန်မရဲ့ မျက်နှာကို ကျွန်မ မပြပါဘူး။ ရှင်တို့ အဆင်မပြေဘူးလား။ ”

သူတို့ သုံးယောက်လုံး ကြောင်အနေရာမှ ဖျတ်ခနဲ သတိဝင်လာကာ ခေါင်းခါလိုက်ကြ၏။ “ ဟင့်အင်း။ တစ်စက်က‌လေးတောင် အဆင်မပြေတာမျိုး မရှိပါဘူး။ ”

သူတို့ သူမကို နီးနီးကပ်ကပ် စောင့်ကြည့်လေ့လာနိုင်တယ် ဆိုရင် သူတို့ရဲ့ မျက်နှာကို ထုတ်ပြရလည်း ဘာအရေးလဲ။ ပြီးတော့ သူမက သူမရဲ့ မျက်နှာကိုပါ ထုတ်ပြမှာမှ မဟုတ်ဝာာ။

“ ကောင်းပြီ ၊ ရှင်တို့ ဘယ်နေရာမှာ တော်လဲဆိုတာ ကျွန်မကို ပြောပါ။ ”

“ ကျွန်တော်က အသီးအရွက်တွေ ကြော်တဲ့ နေရာမှာ တော်ပါတယ်။ ”

“ ကျွန်မက စွပ်ပြုတ်နဲ့ ဆန်ပြုတ် လုပ်တဲ့ နေရာမှာ တော်ပါတယ်။ ”

“ ကျွန်မကတော့ အချိုပွဲတွေ လုပ်တဲ့ နေရာမှာ တော်ပါတယ်။ ”

“ အချိုပွဲ .. ဟုတ်လား။ ” စုယန်ယန်၏ စိတ်ဝင်စားမှုက ချက်ချင်းပဲ မြင့်တက်သွားသည်။ “ ဟိုကြက်ဥငှာပနာမုန့်‌တွေနဲ့ ဘန်းကိတ်တွေကို အစ်မ လုပ်ခဲ့တာလား။ ”

အချိုပွဲ လုပ်တတ်တယ်လို့ ပြောလာတာက အမျိုးသမီး စားဖိုမှူး တစ်ယောက်ပါ။ သူမက စုယန်ယန် ပြောသော စကားကို ကြားသောအခါ ရှက်ရွံ့စွာ စကားပြန်မပြောခင် တခဏ ဆွံ့အသွားခဲ့သည်။ “ ဟုတ်ကဲ့။ သခင်လေးက သခင်မလေး အရင်တုန်းက လုပ်ပေးဖူးတဲ့ ကြက်ဥငှာပနာမုန့်နဲ့ ဘန်းကိတ်တွေကို ကြိုက်လို့ ကျွန်မက သခင်လေးရဲ့ လက်ထောက် မစ်စတာယုကို သခင်မလေးဆီက မုန့်လုပ်နည်းတွေ မေးခိုင်းပြီး ကိုယ်တိုင် စမ်းလုပ်ကြည့်တာပါ။ ဒါပေမဲ့ သခင်မလေးလောက်တော့ အရသာမကောင်းပါဘူး။ ”

တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကနေ တစ်ဆင့် ဘန်းကိတ်ပေါင်းတွေကို ဘယ်လို လုပ်ရမလဲ ဆိုတာ သူမ လေ့လာခဲ့သည်။ စုယန်ယန်က ကြက်ဥငှာပနာမုန့် လုပ်နည်းကိုတော့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ မထည့်ခဲ့တာမို့ ထိုမုန့်လုပ်နည်းကို သူတို့ မသိကြ။ ထို့ကြောင့် ယုကျစ်ယန်ကို စုယန်ယန်အား ကူမေးပေးခိုင်းဖို့သာ သူတို့ ကြိုးစားနိုင်လေသည်။

အစတုန်းကတော့ သူမမှာ မျှော်လင့်ချက် အများကြီး မရှိခဲ့ပေ။ သခင်မလေးကိုလည်း သူမအား မုန့်လုပ်နည်း ကော်ပီ တစ်ခု ပို့ပေးတဲ့ အထိ သဘောကောင်းလိမ့်မည်ဟု မျှော်လင့်မထားမိ။

“ အစ်မက အရမ်း နှိမ့်ချလွန်းတာပဲ။ အစ်မရဲ့လက်ရာကို ကျွန်မ မြည်းကြည့်ထားပြီးပါပြီ ၊ အရမ်း အရသာရှိတယ်။ အစ်မက အချိုပွဲ လုပ်တတ်တယ် ဆိုတော့ တော်တော်လေး အဆင်ပြေသွားတယ်။ ဒီနေ့ ကျွန်မတို့တွေ စွပ်ပြုတ် နှစ်မျိုးနဲ့ ဆန်ပြုတ် နှစ်မျိုး လုပ်ကြမယ်။ အဲ့ဒါ ပြီးရင်ဝောာ့ အချိုပွဲနဲ့ ဖက်ထုပ် နည်းနည်း လုပ်မယ်။ ”

“ သခင်မ‌လေး စီစဥ်သမျှကို ကျွန်မတို့ လိုက်နာပါ့မယ်။ ”

စုယန်ယန်က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို မဖွင့်သေးခင် သူတို့ကို တာဝန်တွေ အမြန် ခွဲဝေသတ်မှတ်ပေးလိုက်သည်။

[ စောစော ထတဲ့ ငှက် .. ပိုးကောင် စောစော စားရတယ်။ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု စနေပြီဟေ့။ ]

[ အမ်။ တင်ဆက်သူက ဘာလို့ ဒီအချိန်ကြီး တိုက်ရိုက်ထုတ်လွှင့်နေရတာလဲ။ ခါတိုင်းဆို သူမက ညဘက်မှာပဲ လွှင့်တာ မဟုတ်ဘူးလား။ ]

စုယန်ယန်က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲတွင် ရှိသော ကောမန့်တွေကို ကြည့်လိုက်သည်။ အားလပ်ရက် မနက်ခင်းမှာ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို လူတွေ အများကြီး ကြည့်နေမည်ဟု သူမ ထင်မထားပေ။

“ ပုံမှန်ဆို ကျွန်မ အလုပ်သွားရတော့ မနက်ပိုင်းမှာ အရမ်း အချိန်မရလို့ပါ။ ကျွန်မ လုပ်နိုင်တာ ဘာမှလည်း သိပ်မရှိတော့ များသောအားဖြင့် ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွေကို ညဘက်မှာပဲ လုပ်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့က ပိတ်ရက် ဆိုတော့ ကျွန်မ အလုပ်သွားစရာ မလိုတာနဲ့ အချိုပွဲ နည်းနည်းပါးပါး လုပ်မယ် ဆိုပြီး စောစော အိပ်ရာထဖြစ်သွားတာပါ။ ရှင်တို့တွေ ဘာလို့ ဒီလောက် စောနေရတာလဲ။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ လူ အများကြီး ရှိမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်ထားတာ။ ”

All Chapters