← Chapters

အခန်း ၄၇၆

Vol. 32 Ch. 476

အခန်း ၄၇၆

Vol. 32 Ch. 476

အခန်း ( ၄၇၆ ) အဲ့လောက်တောင် သိသာနေတာလား။

စုယန်ယန် ထိုသို့ ပြောလိုက်တော့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲရှိ က

ပရိသတ်များသည် ကျေနပ်သွားကြ၏။

[ ဟားဟားဟား။ ငါ အခုမှ အိပ်ရာထဲမှာပဲ ရှိသေးတယ်။ ငါ နေ့ခင်း ရောက်တဲ့ အထိ အိပ်ဖို့ စီစဉ်ထားပေမဲ့ တင်ဆက်သူရဲ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု စနေပြီ ဆိုတဲ့ သတိပေးစာ ဝင်လာတာနဲ့ ချက်ချင်းပဲ အိပ်ရာထခဲ့တာ။ ငါ အခု အိပ်ရာထဲမှာ အိပ်ရင်း တင်ဆက်သူရဲ့တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေတယ်။ ငါ့ရဲ့ အလုပ်ကြိုးစားမှုကြောင့် တင်ဆက်သူ ငါ့ကို ဒီနေ့ သေချာပေါက် ရွေးရမယ်။ ]

[ အချိန်ကျနေပြီ။ တင်ဆက်သူကလည်း ခေါ်နေပြီ။ ငါ ဘယ်လိုလုပ် မလာဘဲ နေနိုင်မှာလဲ။ ]

[ မင်းက တင်ဆက်သူကြောင့် လာကြည့်တာ မဟုတ်ပါဘူး။ မင်း အစားကြောင့် လာကြည့်တယ် ဆိုတာ ငါ သိတယ်။ ]

“ အဟင်း … ” တစ်ယောက်နှင့် တစ်ယောက် ငြင်းခုံနေကြသော ထိုချစ်စရာ ကြည်ရှုသူလေးတွေကို မြင်တိုင်း သူမ မပြုံးမိဘဲ မနေနိုင်ပေ။

“ ဒီနေ့ ချက်ပြုတ်စရာတွေ အများကြီး ရှိပါတယ်။ ပြီးတော့ ခဏနေရင် လာမယ့် ကံစမ်းမဲ အတွက်လည်း ဟင်းလျာတွေ အများကြီး ပါဝင်လာပါလိမ့်မယ်။ အားလုံးပဲ ၊ ပါဝင်ဖို့ မမေ့ကြနဲ့နော်။ ”

စုယန်ယန် ထိုစကားကို ပြောလိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲရှိ ပရိသတ်တွေ အကုန်လုံး စိတ်အားတက်ကြွသွားကြသည်။

[ ဟီးဟီးဟီး။ တင်ဆက်သူ ဘာမှ ပြောမထားဘဲနဲ့ ရုတ်တရက်ကြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တာကို ငါ သဘောကျတယ်။ မနက် အစောကြီးပဲ ရှိသေးတော့ သေချာပေါက် လူ အများကြီး မရှိသေးဘူး။ ဒါက ငါ့ရဲ့ ကံစမ်းမဲပေါက်နိုင်တဲ့ အခွင့်အလမ်းတွေ တိုးလာပြီ ဆိုတဲ့ အဓိပ္ပာယ်လား။ ]

[ နင် စိတ်ကူးနဲ့ ရူးနေတာလား။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက အွန်လိုင်း ကြည့်ရှုသူ အရေအတွက်ကို ကြည့်လိုက်ဦး။ နင် နေ့ဘက် ဖြစ်နေတာကို အမြတ်ထုတ်ဖို့ ကြိုးစားနေတာလား။ လုံးဝ မဖြစ်နိုင်ဘူးနော်။ ]

[ … ဒီကြည့်ရှုသူ အရေအတွက်နဲ့ ဆိုရင်တော့ တင်ဆက်သူနဲ့ သူမရဲ့ အစားအစာတွေက တကယ့်ကို စွဲမက်စရာကောင်းတယ် ဆိုတာပဲ ငါ ပြောနိုင်တော့တယ်။ ]

မိနစ် အနည်းငယ် အတွင်းမှာပဲ စုယန်ယန်ရဲ့ ကြည့်ရှုနှုန်းက ဂဏာန်း ခုနှစ်လုံး အထိ ထိုးတက်သွားပြီး သူမက ထိပ်ဆုံး နေရာကို သိမ်းပိုက်ထားခဲ့သည်။

အစပိုင်းမှာ ထိုတစ်ယောက်က တင်ဆက်သူ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေတယ် ဆိုတာကို ကြည့်ရှုသူ အများစု မသိသေးတဲ့ အခြေအနေကို အမြတ်ထုတ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ကာ အခွင့်အရေးကို အသုံးချရန် စောစော အိပ်ရာထခဲ့ကြသူများလည်း နှလုံးသားတွေ တစ်စစီ ကွဲကြေသွားကြလေသည်။ သူတို့က ဖန်သားပြင်ပေါ်မှာ အသည်းကွဲ အီမိုဂျီလေးတွေ အများကြီး ဝိုင်းပို့ခဲ့ကြသည်။

နောက်ထပ် ပရိသတ် တစ်ယောက်ကလည်း တစ်စုံတစ်ရာကို သတိပြုမိသွားပုံပေါ်ကာ ထူးထူးခြားခြား မေးလာခဲ့သည်။

[ တင်ဆက်သူက ဒီနေ့ ပျော်နေတဲ့ ပုံပဲ။ သူမရဲ့ အသံတောင်မှ နည်းနည်းလေး တုန်နေတယ်။ ကောင်းတဲ့ ကိစ္စ တစ်ခုခု ဖြစ်ပျက်ခဲ့လို့လား။ ]

ထိုမက်ဆေ့ခ်ျကို မြင်ချိန်မှာ စုယန်ယန် ဆွံ့အသွားသည်။ သူမကို သူတို့ မမြင်နိုင်ဘူး ဆိုတာ စုယန်ယန် သိသော်လည်း မျက်နှာကို အလိုလို ကိုင်ကြည့်ရင်း မေးလိုက်မိသည်။ “ အဲ့လောက်တောင် သိသာနေတာလား။ ”

[ သိပ်သိသာတာပေါ့ ၊ ဟားဟား။ တကယ်တော့ တင်ဆက်သူရဲ့ အသံက အရင်တုန်းကနဲ့ မတူဘဲ ဒီနေ့ ထူးထူးခြားခြား နူးညံ့နေတယ်လို့ ငါ ပြောတော့မလို့။ တင်ဆက်သူက ခါတိုင်းဆိုရင် မနူးညံ့ဘူးလို့ ပြောတာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ … ဒီနေ့ကျမှ ငါ စကားနဲ့ ဖော်ပြလို့ မရလောက်အောင် ချိုမြိန်နူးညံ့နေတာ။ ]

ဒီပရိသတ်ရဲ့ အသက်ရှင်လိုစိတ်က ပြင်းပြလွန်း၏။

တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှ တခြား ကြည့်ရှုသူတွေကလည်း ချိုမြိန်တယ် ဟူသော စကားလုံးကို ကြားလျှင် အလိုအလျောက် နားလည်သွားကြသည်။

[ ဟီးဟီးဟီး။ ဒီနေ့ ခံစားချက်ကောင်းနေတဲ့ တင်ဆက်သူရဲ့ ပုံစံကို အကဲခတ်ရသလောက် သူမရဲ့ ခင်ပွန်းနဲ့ တစ်ခုခု ပတ်သက်နေတာ ဖြစ်ရမယ်။ ]

[ မျက်စိစုံမှိတ် ခန့်မှန်းရမယ် ဆိုရင်တော့ သူမရဲ့ ခင်ပွန်းနဲ့ ပတ်သက်နေတာ သေချာတယ်။ တင်ဆက်သူ တိုက်ရိုက်ထုတ်လွှင့်တာကို အကြာကြီး ကြည့်လာခဲ့တဲ့ ငါ့အတွေ့အကြုံအရ နေ့စဉ် စိတ်ခံစားချက် အပြောင်းအလဲတွေရဲ့ ၉၉ ရာခိုင်နှုန်းက သူမခင်ပွန်းနဲ့ ပတ်သက်နေတယ် မဟုတ်လား။ ]

[ … ကျန်တဲ့ ၁ ရာခိုင်နှုန်းက ဘာလဲ။ ]

[ ကီးဘုတ်ဖိုက်တာတွေ ၊ ဆန့်ကျင်မုန်းတီးသူတွေနဲ့ ပတ်သက်နေတာလား။ ]

[ … မင်း ထင်တာ မမှားလောက်ဘူး။ ]

[ ငါ့အပေါ်က ကွန်းမန့်ကို ဖတ်လိုက်တုန်းက ဘာလို့ ငါ့စိတ်ထဲမှာ နေမင်းကို ဗဟိုပြုပြီး လည့်ပတ်နေတဲ့ နေကြာပန်းလေးရဲ့ ပုံ ချက်ချင်း ပေါ်လာရတာလဲ။ ဝိုး ၊ သူတစ်ပါးရဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာကို အားကျရတဲ့ နောက်တစ်နေ့ပါပဲလားဟေ့။ ]

စုယန်ယန်သည် ဖန်သားပြင်ပေါ်က ဆွေးနွေးပွဲကို ကြည့်ကာ အကြောင်းပြချက် တချို့ကြောင့် သူမကို လူမိသွားခြင်းအပေါ် ရှက်ရွံ့သွားမိသည်။ သူမရဲ့ မျက်နှာလေး ရဲသွားမိကာ ကူညီပေးနေသော စားဖိုမှူး ၃ ယောက်ကို ပြောလိုက်သည်။ “ စွပ်ပြုတ်က ကြာမှာ ဆိုတော့ ကျွန်မတို့တွေ စွပ်ပြုတ်ကို အရင် ချက်ရအောင်။ ရှင်တို့ ကူညီပေးလို့ ရတယ်။ ”

စုယန်ယန်က ဆန်ပြုတ် ချက်ရာမှာ တော်သည်ဟု ပြောထားသော အမျိုးသမီး စားဖိုမှူးကို လက်ဝှေ့ရမ်းပြလိုက်သည်။ အမျိုးသမီး စားဖိုမှူးဟာ အနည်းငယ် ရှေ့တိုးလာကာ ခဏ အကြာမှာပဲ ကင်မရာထဲ ဝင်လာခဲ့သည်။

[ အာ။ တင်ဆင်သူရဲ့ ဘေးမှာ တခြား တစ်ယောက် ရှိနေတဲ့ ပုံပဲ။ အဲ့ဒါ ဘယ်သူလဲ။ ]

“ အိမ်က စားဖိုမှူး နည်းနည်းပါ။ ဒီနေ့ ချက်ပြုတ်စရာ ဟင်းလျာတွေ အများကြီး ရှိတယ် ၊ ချက်ရမယ့် ပမာဏတွေကလည်း အများကြီးပဲ။ ကျွန်မ တစ်ယောက်တည်း မနိုင်တာနဲ့ သူတို့ကို တာဝန်မျှယူပေးဖို့ တောင်းဆိုထားတာပါ … ”

All Chapters