အခန်း ၄၇၇
Vol. 32 Ch. 477
အခန်း ( ၄၇၇ ) ဆီ နည်းနည်းလေးဖြင့် ကြော်ထားသော အာလူး နုပ်နုပ်စဉ်း ကြက်ဥမွှေကြော်
[ စားဖိုမှူး “ နည်းနည်း ” လို့ တင်ဆက်သူ ပြောသွားတာကို ငါ တစ်ယောက်တည်း သတိထားမိလိုက်တာလား။ နည်းနည်း ဆိုတဲ့ စကားလုံးက တစ်ယောက်တည်း မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဘုရားရေ ၊ တင်ဆက်သူရဲ့ မိသားစုက ချမ်းသာလိုက်တာ။ သူတို့က စာဖိုမှူးတွေ အများကြီးကို တကယ် ငှားရမ်းနိုင်တာပဲ။ ]
[ ငါ့လို လူကတော့ စားဖိုမှူး တစ်ယောက်တောင် မငှားနိုင်ဘူး။ မဟုတ်ဘူး ၊ ငါက အထက်တန်း စားသောက်ဆိုင်တွေမှာ စားသောက်ဖို့တောင် မတတ်နိုင်တဲ့ လူဆင်းရဲ တစ်ယောက်ပါပဲ။ တခြား စားဖိုမှုးတွေကို ကြည့်ပြီး ငါ မနာလိုမိတယ်။ ]
အခြေအနေကို နားမလည်နိုင်တဲ့ လူတွေလည်း ရှိနေပါသေးသည်။
[ တင်ဆက်သူရဲ့ အချက်အပြုတ်စွမ်းရည်တွေက ထိပ်တန်းအဆင့်ပဲလေ။ သူမက ဘာလို့ စားဖိုမှူး လိုအပ်နေသေးတာလဲ။ ]
[ အချက်အပြုတ် တော်တယ် ဆိုတာနဲ့ပဲ သူမက နေ့တိုင်း မဖြစ်မနေ ချက်ပြုတ်ရမယ် ဆိုတဲ့ အဓိပ္ပာယ်မှ မဟုတ်တာ။ တကယ်လို့ ငါ့မှာသာ တင်ဆက်သူလို မိသားစုနောက်ခံ ကောင်းကောင်း ရှိပြီး ပိုက်ဆံတွေ အများကြီး ရှိနေရင် ငါ ကိုယ်တိုင် အလုပ်ရှုပ်ခံပြီး ချက်ပြုတ်နေမှာ မဟုတ်ဘူး။ အိမ်မှာ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့ အစားအစာတွေကို နေ့တိုင်း စားရတာက ကောင်းတယ် မဟုတ်လား။ ]
[ … ] ထိုအကြောင်းပြချက်က ငြင်းပယ်ရန် အလွန် ခက်ခဲပါသည်။
စုယန်ယန်က ခေါင်းမော့လိုက်သောအခါ သူမတို့ မိသားစုရဲ့ စားဖိုမှူးတွေကို မနာလိုဖြစ်နေကြသူများဖြင့် ပြည့်နေသော ဖန်သားပြင်ကို မြင်လိုက်ရ၏။ “ ဒီနေ့ ကျွန်မတို့ ကြက်သားစွပ်ပြုတ် ၂ မျိုးကို ချက်ပြုတ်သွားမှာပါ။ တစ်မျိုးက ခန္ဓာကိုယ် အားနည်းနေတဲ့ မိန်းကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက် သင့်တော်တဲ့ ဂျင်ဆင်းမြစ် အရှည်နဲ့ အင်ဂျလီကာ ဆေးပင်ကို ရောပြုတ်ထားတဲ့ ကြက်သားစွပ်ပြုတ်ပါ။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သား ဆိုတာ နွေဦးရာသီ အတွင်း စားနိုင်တဲ့ အကောင်းဆုံး အာဟာရဖြည့်စွက်စာပါပဲ။ ကျွန်မတို့ ဂျင်ဆင်းမြစ် အရှည် ၊ အင်ဂျလီကာ ဆေးပင်နဲ့ တရုတ်ဆီးသီး အနီတွေကို ရောပြီး နှပ်,ချက်ရပါမယ်။ အဲ့ဒီဟင်းလျာက သွေးတွေကို အသစ်တစ်ဖန် ပြန်လည် သန့်စင်စေပြီး သွေးသား အသစ်တွေကို အားဖြည့်ပေးတဲ့အပြင် ဓမ္မတာလာခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ကုသရာမှာ ကူညီပေးပြီး အကျိုးအမြတ်တွေ အများကြီးကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ”
စုယန်ယန်သည် စကားပြောရင်း ကြက်သား တစ်ခြမ်းကို အတုံးလေးတွေ တုံးကာ တခြား ပါဝင်ပစ္စည်းတွေနှင့် ရောပြုတ်လိုက်သည်။
“ ??? ” မိန်းကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ သောက်ဖို့ သင့်တော်တဲ့ ကြက်သားစွပ်ပြုတ်တဲ့လား။ မိန်းကလေးတွေ ဆိုတာကို ထည့်မတွက်ဘဲ သက်ကြီးရွယ်အိုတွေ ဆိုတဲ့ စကားလုံးကပဲ ဟောက်ချန်ဟွမ်းရဲ့ ခေါင်းထဲ ရောက်လာသည် ။ သူ့ဇနီးက သူ့ကို အရမ်း အသက်ကြီးနေပြီလို့ ထင်နေတာလား။
စုယန်ယန်က နောက် ၁ စက္ကန့် အကြာမှာ ပြောလိုက်သည်။ “ တခြား ကြက်သားစွပ်ပြုတ် တစ်မျိုးကတော့ မျောက်ဥနဲ့ အိုးအလုံပိတ်ပြီး ရောနှပ်ထားတဲ့ ကြက်သားစွပ်ပြုတ်ပါ။ မျောက်ဥက ကျောက်ကပ်ကို အာဟာရဖြည့်ပေးပြီးတော့ ကြက်သားတို့ ၊ မုန်လာဥနီတို့နဲ့ တွဲစပ်လိုက်တဲ့အခါမှာတော့ အမျိုးသားတွေ အတွက် နွေဦးမှာ သူတို့ကို အားဖြည့်ပေးပြီး ကျောက်ကပ် အာဟာရဓာတ် ချို့တဲ့ခြင်းနဲ့ ညဘက်မှာ အိပ်မက် မက်ပြီး အလိုအလျောက် ပြီးမြောက်ခြင်းအပေါ် သိသာတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ”
ဟောက်ချန်ဟွမ်း : “ … ” ကျောက်ကပ် အာဟာရဓာတ် ချို့တဲ့ခြင်းနဲ့ ညဘက်မှာ အိပ်မက် မက်ပြီး အလိုအလျောက် ပြီးမြောက်ခြင်း .. ဟုတ်လား … ။
သူမ ထိုစကားကို ပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲရှိ ကြည့်ရှုသူတွေ အများကြီးဟာ စွပ်ပြုတ်ကို မတူညီသော အမြင် တစ်မျိုးဖြင့် ထူးထူးဆန်းဆန်း ကြည့်လာခဲ့ကြသည်။
စုယန်ယန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေကြသူများနှင့် သူမရဲ့ စားသောက်ဆိုင်ကို လာဖူးကြသူများကတော့ တင်ဆက်သူ လိမ်ပြောနေတာ မဟုတ်မှန်း သိကြသည်။ အကျိုးသက်ရောက်မှု ရှိသည်ဟု သူမ ပြောလျှင် အဲ့ဒါက တကယ်လည်း အကျိုးသက်ရောက်မှု ရှိနေတာပါ။
“ ကျွန်မအတွက် မီးကို ကူကြည့်ပေးထားနော်။ ကျွန်မ မုန်လာဥနီနဲ့ ကြက်သားတွေကို အိုးထဲ ထည့်ပြီးသွားပြီ။ ရေဆူလာရင် ကျွန်မတို့ အဲ့ဒါကို မီးအေးအေးလေးနဲ့ မိနစ် ၅၀ ကြာအောင် ဆက်ပြုတ်ထားကြမယ်။ ပြီးရင်တော့ မျောက်ဥ ထည့်မယ်။ ခဏနေရင် စားဖို့ အဆင်သင့် ဖြစ်ပြီ။ ”
အမျိုးသမီး စားဖိုမှူးရဲ့ မျက်လုံးတွေ အနည်းငယ် တောက်ပသွားသည်။ စွပ်ပြုတ်ကို အပေါ့အငန် ၊ အချိုအစပ် ၊ ဟင်းခတ်အမွှေးအကြိုင် သင့်တင့်မျှတပြီး အရသာရှိစေရန် မီးကို ကောင်းကောင်း ထိန်းထားရပါမည်။
စုယန်ယန်က တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေစဉ် အတွင်းမှာ သူတို့ကို ပါးစပ်ကနေ ပြောပြနေခဲ့သော်လည်း ဘယ်လို ချက်ရမယ် ၊ ဘယ်လောက်ကြာကြာ ချက်ရမယ် ဆိုတာကိုတော့ အသေးစိတ် ပြောမပြခဲ့ပေ။
စုယန်ယန်သည် အမျိုးသမီး စားဖိုးမှူးအား မီးကို တစ်ချက် ကြည့်ပေးထားရန် အကူအညီတောင်းခြင်း အပြင် သူမအား ချက်ပြုတ်ရေး အကြံဉာဏ် တချို့ကိုလည်း ပေးရန် ကြိုးစားနေခဲ့သည်။
“ ဟုတ်ကဲ့။ ကျွန်မ အဲ့ဒါကို ကြည့်ထားပါ့မယ်။ ”
စွပ်ပြုတ်ကို ကြည့်ပေးနေတဲ့ စားဖိုမှူး တစ်ယောက် ရှိနေသောကြောင့် စုယန်ယန်သည် အမျိုးသား စားဖိုမှူးကို လှမ်းခေါ်လိုက်၏။
“ ရှင် ပန်ကိတ်လုပ်နည်းကို သိလား။ ”
“ ပန်ကိတ် … ။ ”
စုယန်ယန်က သူ တွန့်ဆုတ်နေတာကို သတိပြုမိသွားကာ ပြုံးလိုက်သည်။ “ ရှင် မသိဘူး ဆိုလည်း ဘာမှ မဖြစ်ပါဘူး။ ပန်ကိတ်လုပ်နည်းက အသီးအရွက်တွေကို ကြော်တာနဲ့ အတူတူပဲ။ လုပ်ရ လွယ်တယ်။ ကျွန်မ ခဏနေ ရှင့်ကို သင်ပေးမယ်လေ။ ရှင် အောင်အောင်မြင်မြင် လုပ်နိုင်မယ် ဆိုရင် ကျွန်မ ရှင့်ကို လုပ်ခွင့် ပေးမယ်။ ”
“ ဟုတ်ကဲ့။ ”
စုယန်ယန်က ဆီ နည်းနည်းဖြင့် ကြော်ရသော အာလူး နုပ်နုပ်စဉ်း ကြက်ဥမွှေကြော်တွေနှင့် လက် တစ်ဆုပ်စာ အရွယ်အစား ပန်ကိတ်တွေကို ချက်ပြုတ်ဖို့ ပြင်ဆင်ထားသည်။ ဆီ နည်းနည်းဖြင့် ကြော်ရသော အာလူး နုပ်နုပ်စဉ်း ကြက်ဥမွှေကြော်က ချက်ပြုတ်ရ လွယ်ကူပါသည်။ သူမ အာလူးတွေကို အချောင်းလေးတွေအဖြစ် လှီးကာ ဘေကွန်ကိုကိုလည်း အပိုင်းလေးတွေ လှီးဖြတ်လိုက်သည်။ ထို့နောက် ဂျုံမှုန့် ၊ ခလောက်ထားသော ကြက်ဥအရည် ၊ ကြက်သားမှုန့်နှင့် နွေကြက်သွန်နီတွေကို ပေါင်းထည့်လိုက်သည်။ သူတို့ကို ကြက်ဥအနှစ်ထဲ ရောမွှေကာ နှစ်ဖက်စလုံး ကျက်သွားတဲ့အထိ အိုးထဲမှာ ကြော်နေလိုက်သည်။
လမ်းကြားတွေ ၊ လမ်းမတွေပေါ်မှာ ပန်ကိတ်တွေက နာမည်ကြီး အဆာပြေမုန့်တွေထဲမှ တစ်ခု ဖြစ်လာတဲ့ အကြောင်းပြချက်က ပန်ကိတ်တွေကို အိုးထဲ ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးရနံ့က ဆယ်မိုင် အကွာထိ ပြန့်နှံ့သွားကာ ဖြတ်သွားဖြတ်လာတွေရဲ့ ဗိုက်တွေကို ဆာလောင်မှုကြောင့် တဂွီဂွီ မြည်လာစေနိုင်သည်။
စုယန်ယန်က အမျိုးသား စားဖိုမှူးကို တစ်ကြိမ်သာ သင်ပြပေးခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု တစ်ခုလုံးထဲမှာ အကြော်ဆီ ရနံ့တွေ ပြည့်နှက်သွား၏။