အခန်း ၄၇၈
Vol. 32 Ch. 478
အခန်း ( ၄၇၈ ) ဆွဲဆောင်မှုရှိသော ဩရှရှ အသံ
[ အဟင့် အဟင့် အဟင့်။ မနက် အစောကြီးပဲ ရှိသေးတယ်လေ။ ဒီလို စားချင်စရာ အနံ့မျိုးကို ရနေတာ ဆင်းရဲဒုက္ခ တစ်မျိုးပဲ။ ]
[ ဂလွီ — ဂလွီ — ဂွီ ၊ ငါ့အစာအိမ်ကနေ အကျယ်ကြီး ထွက်နေတဲ့ အသံတွေကို မင်းတို့ ကြားရလား။ ငါ ဗိုက်ဆာလွန်းလို့ အသက်တောင် ကောင်းကောင်း မရှုနိုင်တော့လုနီးပါးပဲ။ တင်ဆက်သူရဲ့ ကြက်ဥမွှေကြော်ကို ငါ့ဆီ အမြန်ဆုံး ယူလာခဲ့ပါ။ ]
[ ဟီးဟီးဟီး။ ကြည့်ရတာ ဒီလို အစားအစာမျိုး လုပ်ရတာ တင်ဆက်သူ အတွက် တော်တော်လေး လွယ်တဲ့ ပုံပဲ။ ငါလည်း အဲ့ဒါကို စမ်းလုပ်ကြည့်နိုင်တယ်လို့ ခံစားရတယ်။ ငါ့မှာ အာလူးရယ် ၊ ဂျုံမှုန့်ရယ် ၊ ကြက်ဥတွေရယ် အော်ဒါမှာထားပြီးသာ ရှိတယ်။ ညီအစ်မတို့ရေ ၊ ငါ့ရဲ့ သတင်းကောင်းတွေကို စောင့်နေကြဟေ့။ ]
[ နင့်စိတ်က အဲ့ဒါကို လုပ်ရ လွယ်တယ်လို့ ထင်နေပေမဲ့ နင့်လက်ကတော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ]
[ ဟဟဟ။ အပေါ်က ကွန်းမန့် မန့်သူကို ကမူးရှူးတိုးမနိုင်ဖို့ ငါ အကြံပေးမယ်နော်။ တင်ဆက်သူ ချက်ပြနေတာကို ကြည့်တော့သာ လွယ်တဲ့ပုံပေါက်နေပေမဲ့ အဲ့ဒါက အထင်မှားနေတာပဲ။ မင်းကိုယ်တိုင် လက်တွေ့ လုပ်ရင်တော့ အဲ့လောက် လွယ်မှာ မဟုတ်ဘူး။ ]
[ လုပ်ရ မလွယ်မှန်း သိသိကြီးနဲ့ ကိုယ်တိုင် လုပ်ကြည့်ချင်စိတ် ပြင်းပြနေတဲ့ ကလေးတို့ကို ကွန်းမန့်ဆက်ရှင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတဲ့ တစ်ယောက်ကို ကြည့်ပြီး သင်ခန်းစာယူဖို့ အစ်မကြီး အကြံပေးတယ်နော်။ ]
စုယန်ယန်သည် အရင်တုန်းက ငါးကို အပေါင်း ၊ အနှပ် ၊ အပြုတ် စသည့် ပုံစံ အမျိုးမျိုးဖြင့် အကြိမ် အနည်းငယ် ချက်ပြုတ်ဖူးကာ စွပ်ပြုတ်ပင် လုပ်ခဲ့ဖူးသည်။
သူမ ကြော်ထားသော ငါးကြော်က အပေါ်ယံမှာ ရွှေရောင်သမ်းပြီး ကြွပ်ရွကာ အတွင်းထဲမှာတော့ နူးညံ့နေသောကြောင့် တချို့ ပရိသတ်များဟာ သူနရဲ့ ချက်ပြုတ်နည်းကို မြင်ပြီးနောက်မှာ သူတို့ရဲ့ စားချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ငါးကို သူတို့ကိုယ်တိုင် ဝယ်ယူခဲ့ကြလေသည်။
ရလဒ်ကတော့ ထင်ရှား၏။ လူ ၉၉ % က ကျရှုံးသွားကာ ကျန်တဲ့ ၁ % ကတော့ သူတို့ရဲ့ ကိုယ်ပိုင် မီးဖိုချောင်ကိုပင်လျှင် မကယ်တင်နိုင်ခဲ့ကြပေ။
စုယန်ယန်ရဲ့ ပုံစံ အတိုင်း အတုခိုး၍ ငါးကြော်ရာမှာ မအောင်မြင်ဘဲ ကျရှုံးသွားသူတွေ များလွန်းသဖြင့် ထိုအချိန်တွင် ကွန်းမန့်ဆက်ရှင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး ဖားတုလို့ ခရုခုန်လိုက်တာ အခြေအနေ ဆိုးသွားကြသူတွေ အများကြီးကို မြင်နိုင်လေသည်။
စုယန်ယန်က ပထမဆုံး တည်ခင်းဧည့်ခံမည့် ဆီ နည်းနည်းဖြင့် ကြော်ထားသော အာလူး နုပ်နုပ်စဉ်း ကြက်ဥမွှေကြော်ကို ပြင်ဆင်ထားပြီးပါပြီ။
လုံးဝန်းသော ကြက်ဥပန်ကိတ်ပေါ်တွင် နုပ်နုပ်စဉ်းထားသော အာလူးနှင့် ဝက်သား အချပ်ကလေးများကို သေသေချာချာ မြင်နိုင်သည်။ မျက်စိဖြင့် ကြည့်ရုံနှင့် အလွန် ကြွပ်ဆတ်မည့်ပုံ ပေါ်နေပြီး စားကြည့်လိုက်သောအခါ ပိုလို့တောင် ကြွပ်ဆတ်နေခဲ့သည်။
[ ပါးစပ်ထဲမှာ ဝါးရတာ ကောင်းလိုက်တာ။ ကြွပ်ရွပြီး အရသာရှိနေတာပဲ။ ငါ စားရင်း စားရင်းနဲ့ ထပ်,ထပ်ပြီး စားချင်နေတယ်။ ]
[ ကြွပ်ရွနေတာပဲဟေ့။ တကယ့်ကို စားလို့ ကောင်းလွန်းတယ်။ ငါ ဒီပန်ကိတ် အရွယ်အစားတွေ အများကြီးကို တစ်ယောက်တည်း စားနိုင်တယ်။ ]
[ ဆီ နည်းနည်းလေးနဲ့ ကြော်ထားတဲ့ အာလူး နုပ်နုပ်စဉ်း ကြက်ဥမွှေကြော်က အရမ်း စားကောင်းတယ်တဲ့လား။ အဲ့လောက်တော့ ငါလည်း လုပ်နိုင်တယ်လို့ ထင်မိတယ်။ ]
[ စိတ်လျှော့ ၊ စိတ်လျှော့။ ဆီ ပါလေရုံ ထည့်ပြီး ကြော်ထားတဲ့ အာလူး နုပ်နုပ်စဉ်း ကြက်ဥမွှေကြော်ကို နင် လုပ်နိုင်လောက်ပေမဲ့ ဘေကွန်ရဲ့ တရားဝင် ဈေးနှုန်းကိုလည်း ကြည့်လိုက်ဦး။ ပရိသတ်တွေက ဘာလို့ အာလူးတွေ ၊ ဂျုံမှုန့်တွေ ၊ ကြက်ဥတွေကိုပဲ ယူလာတာလဲ ဆိုတာ နင် နားလည်သွားလိမ့်မယ်။ ]
တစ်နှစ်လုံး ပေါ့ပေါ့ပါးပါး အာဟာရ ဖြည့်စွက်စာ ဖျော်ရည်တွေကိုသာ သောက်လာခဲ့ကြသူများသည် ဆီ အရွှဲသားဖြင့် ကြော်ထားသော ဆီကြော်စာတွေကို မနက်စာ အဖြစ် မစားကြပေ။ သူတို့က ဤကြက်ဥမွှေကြော်ကို သူတို့ စိတ်ကြိုက် အဝ စားနိုင်ပါစေလို့ ဆုတောင်းနေခဲ့ကြသည်။ တကယ်လို့ သူတို့မှာ ဝိုင် နည်းနည်းပါးပါးသာ ရှိနိုင်မယ် ဆိုရင်ပေါ့။
ဟောက်ချန်ဟွမ်းက သူ့ဖန်သားပြင်ပေါ်မှာ ဆက်တိုက် တက်နေသော မက်ဆေ့ခ်ျတွေကို ကြည်ကာ ရုတ်တရက် ဗိုက်ဆာလာသလို ခံစားလိုက်ရ၏။ သူ စိတ်ပြန်တည်ငြိမ်မသွားခင် အနည်းငယ် မျက်မှောင်ကြုတ်ခဲ့မိသည်။ ထို့နောက် ဝှီးချဲကို တစ်ဖက်သို့ လှည့်ကာ အောက်ထပ် ဆင်းလာခဲ့လိုက်သည်။
“ တစ်ခေါက် ကြည့်ပြီးပြီ ဆိုတော့ ရှင် နားမလည်တာတွေ ၊ ဘာတွေများ ရှိလားဟင်။ ဘာမှ နားမလည်တာ မရှိဘူး ဆိုရင် ရှင် ကိုယ်တိုင် ချက်ကြည့်လို့ ရတယ်။ ရှင် မပြီးနိုင်ရင်တော့ တခြား စားဖိုမှူး တစ်ယောက်ကို တာဝန် လွှဲပြောင်းပေးနိုင်တယ်နော်။ ” စုယန်ယန်သည် အမျိုးသား စားဖိုမှူးရဲ့ လေ့လာမှု အခြေအနေကို သေချာအောင် အတည်ပြုနေစဉ်မှာပဲ အပြင်ဘက်ကနေ ရင်းနှီးနေသော အသံလေးကို ကြားလိုက်ရသည်။ “ ယန်ယန် … ”
အစတုန်းက ကြက်ဥမွှေကြာ်ကို ချီးကျူးနေကြသော ကွန်းမန့်တွေ ရပ်တန့်သွားပုံရသည်။ ကွန်းမန့်တွေ ဝုန်းခနဲ လျှံတက်မလာခင် ၂ စက္ကန့်လောက် ငြိမ်ကျသွားခဲ့လေသည်။
[ အဲ့ဒီ အသံက တင်ဆက်သူရဲ့ ခင်ပွန်းအသံလား။ အား ၊ ငါ့အိပ်မက်တွေထဲက ဩရှရှ အသံလေးပဲ။ ]
[ အဲ့အသံကို ငါ သဘောကျတယ်။ ဆွဲဆောင်မှုလည်း ရှိတယ် ၊ ပြီးဝောာ့ ဩဩရှရှလေး။ တင်ဆက်သူနဲ့ သူမခင်ပွန်းရဲ့ အသံတွေကို ငါ သဘောကျလိုက်တာ။ အဆိုတော် မလုပ်တာ တကယ် နှမြောစရာကောင်းတယ်။ ]
[ တင်ဆက်သူရဲ့ အသံက နားဝင်ချိုတယ် ၊ သူမခင်ပွန်းရဲ့ အသံကတောင်မှ နားထောင်လို့ ကောင်းနေတယ်။ ယောက်ျားလေး တစ်ယောက်ကသာ ငါ့ကို ညတိုင်း ဒီအသံနဲ့ ကောင်းကောင်း အိပ်ပါလို့ ပြောရင် ငါ လုံးဝ ထပ်အိပ်ရေးပျက်တော့မှာ မဟုတ်ဘူး။ ]
စုယန်ယန် သက်ပြင်းရှိုက်လိုက်၏။ “ ကျွန်မ မီးဖိုချောင်ထဲ ရောက်နေတာ။ ” ဒီလူတွေ သူမခင်ပွန်းရဲ့ အသံကို ဘယ်လောက်တောင် သဘောကျနေကြလဲ ဆိုတာ သူမ ဂရုမစိုက်အားပါ။ မီးဖိုချောင် အပြင်ဘက်ရှိ ဟောက်ချန်ဟွမ်းကို ပြန်ဖြေပြီး သူမ ပြေးထွက်လာခဲ့လိုက်သည်။
ခြေလှမ်း အနည်းငယ် ပြေးလာပြီးမှ သူမ တစ်စုံတစ်ခုကို အတွေးဝင်သွားကာ ဖျတ်ခနဲ ပြန်လှည့်ပြီး လတ်လတ်ဆတ်ဆတ် ကြော်ထားသော ကြက်ဥမွှေကြော် ပန်းကန်ကို ယူလာခဲ့လိုက်ပါသည်။