← Chapters

အခန်း ၄၇၉

Vol. 32 Ch. 479

အခန်း ၄၇၉

Vol. 32 Ch. 479

အခန်း ( ၄၇၉ ) အဲ့ဒါ ခွေးကောင် မဟုတ်ပါဘူး။ နေပါဦး ၊ သူမ ကြက်ဥမွှေကြော်တွေကို ယူသွားတာလား။

[ ??? ]

[ ???? ]

[ ????? ]

[ ဟေး ဟေး ဟေး။ မင်း ဘယ်ကို သွားတာလဲ တင်ဆက်သူ။ ကြက်ဥမွှေကြော်ကို ငါတို့ အတွက် ချန်ထားခဲ့လေ။ ( ကြောက်ရွံ့ထိတ်လန့်နေသော အားခန် . jpg ) ]

[ မင်းရဲ့ ခင်ပွန်းကို သွားရှာချင်တယ် ဆိုရင် သွားရှာပါ တင်ဆက်သူရယ်။ ဒါပေမဲ့ ပန်ကိတ်တွေကိုတော့ မင်းနဲ့အတူ ယူမသွားပါနဲ့။ ]

[ ဝူး ဝူး ဝူး ဝူး။ ငါ ပန်ကိတ်ကို နှစ်လုတ်စာ စားပြီး လျှာပေါ်မှာ စွဲကျန်ခဲ့တဲ့ အရသာလေးကို မက်မက်မောမော ခံစားနေတုန်း ရှိသေးတယ် ၊ ကြက်ဥမွှေကြော်က မရှိတော့ဘူး။ ငါ့ကြက်ဥမွှေကြော်ကို ပြန်ပေး ၊ ပြန်ပေး။ ]

အဲ့ဒါက ဖြစ်နိုင်ချေ မရှိတုန်းပါပဲ။

ဟင်းလျာ ရလဒ်တွေကို စစ်ဆေးရန် ချန်ထားခဲ့သော အမျိုးသား စားဖိုမှူးသည် အာလူး နုပ်နုပ်စဥ်း‌တွေကို အေးစက်သော မျက်နှာဖြင့် လှီးဖြတ်နေခဲ့၏။ တစ်ခါတရံ သူ့အထက် ဖန်သားပြင်ပေါ်မှာ တက်နေသော ကွန်းမန့်တွေကို ကြည့်ကာ အလွန် အထင်သေးနေတတ်သည်။

သူတို့ရဲ့ သခင်လေးကို ပို့ဖို့ သခင်မလေး ယူသွားတဲ့ ကြက်ဥမွှေကြော်တွေကို သူတို့ ဘယ်လိုလုပ် ပြန်တောင်းနိုင်ရတာလဲ။ ညံ့ဖျင်းလိုက်တာ။

ပရိသတ်များသည် အမျိုးသား စားဖိုမှူးရဲ့ အပြစ်တင်‌ ဝေဖန်ခြင်းအောက်တွင် ပါးစပ်ပေါက်တွေ ပိတ်မသွားခင် ခဏ ကြာအောင် စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့က စုယန်ယန်ရဲ့ နေရာကို ဝင်ယူလိုက်သော အမျိုးသား စားဖိုမှူးကို ကြည့်ကာ ရယ်လည်း ရယ်ချင် ၊ ဒေါသလည်း ထွက်သွားခဲ့ကြသည်။

[ ဝူး ဝူး ဝူး ၊ ပြန်လာခဲ့ပါ တင်ဆင်သူရေ။ ငါတို့က ချစ်စရာ မိန်းမလှလေးကိုပဲ လိုချင်တာ ၊ ဒီလို ရုပ်ဆိုးကောင်ကို လိုချင်တာ မဟုတ်ဘူး။ ]

အမျိုးသား စားဖိုမှူး : “ … ” ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ များလိုက်တာ။ သူက အဲ့လောက် ရုပ်မဆိုးပါဘူး။

[ ဒါက ယန်ယန်ရဲ့ မီးဖိုချောင်လေးလေ။ ယန်ယန် မရှိရင် ယန်ယန်ရဲ့ မီးဖိုချောင် ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ]

[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်နေတုန်း ချစ်ကြည်နူးဖို့ အတွက်နဲ့ တာဝန်ဝတ္တရားကို ခေါင်းရှောင်ခဲ့တဲ့ တင်ဆက်သူကို ရီပို့ထုပါ။ သူမက လူ တစ်ယောက်ကိုတောင် သူမရဲ့ နေရာမှာ အစားထိုးခိုင်းခဲ့တယ်။ ]

[ ပြန်လာခဲ့ပါ တင်ဆက်သူရေ။ ငါ ဒါကို တစ်ယောက်တည်း ခံနိုင်ရည် မရှိဘူး။ ( အားခန် . jpg ) ]

အမျိုးသား စားဖိုမှူး : “ … ” ဒီနေ့ခေတ် လူငယ်တွေ အကုန်လုံး အရမ်း ဒရာမာဆန်လွန်းနေတာလား။

သူမရဲ့ ခင်ပွန်းဆို အပြေးအလွှား သွားနေသော စုယန်ယန်ကတော့ ပရိသတ်တွေ ဘာဖြစ်နေကြလဲ ဆိုတာ လုံးဝ မသိပေ။ သူမ ရှိမနေချိန်မှာတောင် သူတို့က အလွန် ကျယ်လောင်စွာ အော်ဟစ်နေနိုင်ဆဲ ဖြစ်သည်။

စုယန်ယန်က ဟောက်ချန်ဟွမ်း ရှိရာဆီသို့ လက်ထဲမှာ လတ်လတ်ဆတ်ဆတ် ကြော်ထားသော ကြက်ဥမွှေကြော်လေးကို ကိုင်ထားလျက်သား ချဉ်းကပ်သွားခဲ့သည်။

“ ရှင် ဘာလို့ အစောကြီး အိပ်ရာထလာတာလဲ။ ”

“ ကိုယ် အိပ်ရာနိုးတာနဲ့ မင်း ချက်ထားတဲ့ စားစရာ‌တွေရဲ့ အနံ့ကို တန်းရတယ်။ ”

စုယန်ယန် နားမလည်နိုင်စွာ မျက်တောင် တဖျတ်ဖျတ် ခတ်မိသည်။ ကြက်ဥမွှေကြော်က အဲ့လောက် မွှေးလို့လား။ အနံ့က ပထမထပ်ကနေ သူမတို့ရဲ့ အိပ်ခန်း အထိ အဝေးကြီး ပျံ့လာနိုင်လို့လား။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ထိုမေးခွန်းက သူမကို အကြာကြီး စိတ်မရှုပ်ထွေးစေပါ။

“ ရှင် ဗိုက်ဆာနေပြီလား။ ကျွန်မ ကြက်ဥမွှေကြော်တွေ ကြော်လာခဲ့တာ အခုမှ ပူတုန်းပဲ ရှိသေးတယ်။ ဗိုက်ပြည့်သွားအောင် ပူတုန်း စားလိုက်နော်။ ခဏနေရင် အရသာရှိတဲ့ တခြား စားစရာတွေ ကျွန်မ လာပို့ပေးမယ်။ ”

“ ဟုတ်ပါပြီ။ ” ဟောက်ချန်ဟွမ်းက ပန်းကန်ကို ယူလိုက်သည်။ စုယန်ယန်သည် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဆက်လွှင့်နေတုန်းပဲ ဆိုတာ တွေးမိသွားကာ မီးဖိုချောင်သို့ ပြန်သွားရန် လှည့်လိုက်သည်။

“ ခဏလေး။ ”

စုယန်ယန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “ ဘာဖြစ်လို့လဲဟင်။ ”

စုယန်ယန်က လှည့်ကြည့်လိုက်တော့ လှီးဖြတ်ထားသော ကြက်ဥမွှေကြော်လေး သူမရှေ့မှာ ပေါ်လာခဲ့သည်။ “ တစ်ဝက် အရင် စားလိုက်။ ”

သူမ ဘာမစားဘဲ ဗိုက်ဟောင်းလောင်းဖြင့် ချက်ပြုတ်နေမှာကို သူ စိတ်ပူနေမှန်း စုယန်ယန် သိသည်။ သူမ ပါးစပ်ဟ,ကာ ကြက်ဥမွှေကြော်ကို တစ်ကိုက် ကိုက်လိုက်၏။ ဝါးစားပြီးချိန်မှာ သူမရဲ့ အတွေးတွေကို ပြောပြဖို့လည်း မမေ့လျော့ခဲ့။ “ ကြွပ်ရွနေတာပဲ။ ငန်လည်း မငန်ဘူး .. ပေါ့လည်း မပေါ့ဘူး ၊ အရသာက အနေတော်ပဲ။ ဖြည်းဖြည်း စားနော်။ ကျွန်မ အရင် သွားလိုက်ဦးမယ်။ ”

“ အင်း။ ”

ဟောက်ချန်ဟွမ်းသည် စုယန်ယန် မီးဖိုချောင်ထဲ ဝင်သွားတာကို ကြည့်နေပြီးမှ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲ အေးအေးဆေးဆေး ပြန်ဝင်ခဲ့သည်။ သူ ကြက်ဥမွှေကြော်ကို ယူကာ စားနေလိုက်သည်။

ဖန်သားပြင်ပေါ်မှာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေကြသူတွေကို ကြည့်ကာ သူမ ပျော်ရွှင်စွာ မျက်ခုံးပင့်လိုက်မိသည်။

[ တင်ဆက်သူ ပြန်လာပြီ။ ငါတို့ရဲ့ ကြက်ဥမွှေကြော်တွေ ဘယ်မှာလဲဟင်။ ကြက်ဥမွှေကြော်တွေ ဘယ်ရောက်သွားတာလဲ။ ကြက်ဥမွှေကြော်တွေ ဘယ်မှာလဲ။ ]

[ တင်ဆက်သူ ပြန်ရောက်လာပြီ ဆိုပေမဲ့ ကြက်ဥမွှေကြော်တွေကတော့ မရှိတော့ဘူးပဲ။ အဟင့် ~ ]

[ မင်း အခုလေးတင် စကားပြောနေတဲ့ လူက မင်းရဲ့ ခင်ပွန်းလား တင်ဆက်သူ။ သူ့ကို မင်းရဲ့ ကြက်ဥမွှေကြော်တွေ ပေးလိုက်တာလား။ ]

[ မေးနေစရာ လိုသေးလို့လား။ ဒါပေါ့ ၊ သူက တင်ဆက်သူရဲ့ ခင်ပွန်းပဲ။ ]

[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု အခန်းထဲက ချစ်စရာ ပရိသတ်လေးတွေကို စိတ်ထဲ ရှိသေးရဲ့လား တင်ဆက်သူ။ သူမက ချစ်စရာ ပရိသတ်လေးတွေ ဖြစ်တဲ့ ငါတို့ကို တကယ်ကြီး စွန့်လွှတ်ပြီး အပြင်က ခွေးကောင်ကို ကြက်ဥမွှေကြော်တွေ ပေးလိုက်တာပဲ။ ငါ အခဲမကျေနိုင်ဘူး။ ]

[ အဲ့ဒါ ခွေးကောင် မဟုတ်ဘူး ၊ တင်ဆက်သူရဲ့ ခင်ပွန်း။ ဝါး — ငါ အကျယ်ကြီး အော်ငိုလိုက်တာ ငါ့အမေတောင် လန့်သွားတယ်။ ]

စုယန်ယန် တစ်ယောက် ပြောစရာ စကားပင် မရှိတော့ … ။

All Chapters