← Chapters

အခန်း ၄၈၀

Vol. 32 Ch. 480

အခန်း ၄၈၀

Vol. 32 Ch. 480

အခန်း ( ၄၈၀ ) ကျွန်မရဲ့ ခင်ပွန်းက ပိုအရေးပါတယ်လေ

စုယန်ယန်သည် ပရိသတ်တွေ ပြောသော ဟာသကြောင့် အံ့အားသင့်သွားမိသည်။ သူမ လည်ချောင်းရှင်းကာ ရှင်းပြလိုက်ပါသည်။ “ အဲ့ဒါ ကျွန်မရဲ့ ခင်ပွန်းပါ။ သူ မနက်စောစော ဗိုက်ဆာနေမှာကို စိတ်ပူလို့ ကျွန်မ စားစရာ နည်းနည်းပါးပါး သွားပို့ပေးတာပါ။ ”

ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အေးစက်စက် တုံ့ပြန်ခြင်း ~ မျက်နှာဖြတ်ရိုက်ခံရခြင်း ~ ဝမ်းနည်းသွားသော လူ ~ ပြန်မလာခြင်း ~

[ အပေါ်ထပ်မှာ အဆိပ် ရှိတယ်။ ငါ အဲ့ဒီအကြောင်းကို အကျယ်ကြီး ပြောမိတော့မလို့ပဲ။ ]

[ တင်ဆက်သူက သူမရဲ့ ခင်ပွန်း ဗိုက်ဆာနေမှာကိုပဲ စဉ်းစားပေးတယ် ၊ ငါတို့ကိုရော ဗိုက်ဆာနေမယ်လို့ ထင်မထားဘူးလား။ ငါ ဝမ်းနည်းသွားပြီ ၊ ငါ့ကို ဖက်ပြီး အနမ်းပေးမယ့် တင်ဆက်သူကို ငါ လိုအပ်နေပြီ။ ]

စုယန်ယန်က မက်ဆေ့ခ်ျကို ဖတ်ကာ ချက်ချင်း စာပြန်လိုက်၏။ “ ဟုတ်တာပါ့ ၊ ကျွန်မရဲ့ ခင်ပွန်းက ပိုအရေးပါတယ်လေ။ ”

[ … ]

အသည်းကွဲ . jpg

“ ကျွန်မ ရှင့်ကို နမ်းလို့လည်း မရဘူး ၊ ဖက်လို့လည်း မရဘူး။ ကျွန်မရဲ့ ခင်ပွန်းက သဝန်တိုလိမ့်မယ်။ ”

[ … ]

[ ငါ့ကိုယ်ငါ ပါးစပ်လေး ပိတ်ပြီး ဖန် ကလပ်ထဲကနေ တစ်မိနစ် ထွက်သွားတော့မယ်။ ]

စုယန်ယန်က သူမရဲ့ နှာခေါင်းကို မလုံမလဲ ပွတ်ပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။ “ ဟုတ်ပြီ။ စားဖိုမှူး ဘာတွေ ချက်ထားလဲ ဆိုတာ ကြည့်လိုက်ကြရအောင်။ ”

လက်ရှိအချိန်မှာ အမျိုးသား စားဖိုမှူးသည် စုယန်ယန်၏ နည်းလမ်းအတိုင်း ကြက်ဥစွပ်ပြုတ်ကို ပြင်ဆင်ပြီးပြီ ဖြစ်ကာ အိုးထဲသို့ လောင်းထည့်ရန် လုပ်နေခဲ့ပြီ ဖြစ်သည်။

စုယန်ယန်ရဲ့ စကားတွေကို ကြားချိန်မှာ သူ့လက်တွေ တုန်ရီသွားကာ ကြက်ဥစွပ်ပြုတ် ပန်းကန်လုံးကို အိုးရဲ့ ဘေးဘက်သို့ လောင်းထည့်မိတော့မလို ဖြစ်သွားလေသည်။

“ မီးကို လျှော့ထားနော်။ ဒါကို ကြော်တဲ့အခါ ရှင် စိတ်ရှည်ဖို့ လိုတယ်။ မီးအေးအေးလေးနဲ့ အချိန်ယူပြီး ကြော်ပါ။ မဟုတ်ရင် အလွယ်တကူ တူးသွားလိမ့်မယ်။ ”

ကိုယ်ပိုင် စားဖိုမှူး တစ်ယောက်ကို အိမ်ခေါ်ထားတဲ့ ဘယ်သူမဆို အရည်အချင်း တချို့ဝောာ့ ရှိသည်ဟု ပြောလို့ ရသည်။

ကြက်ဥမွှေကြော် အဆင်သင့် ဖြစ်သောအခါ တစ်ဖက်သာ အကောင်းအတိုင်း ရှိတော့သည်။ သူ မီးကို ကောင်းကောင်း မထိန်းခဲ့သောကြောင့် အစိတ်အပိုင်းလေး တစ်ခုဟာ တူးသွားခဲ့သည်။ ကျန်တာတွေကတော့ အကောင်းအတိုင်းပါပဲ။

အမျိုးသား စာဖိုးမှူးက ထိုအရာကိုလည်း ချက်ချင်း သတိပြုမိသွားကာ အနည်းငယ် ရှက်ရွံ့သလို ပုံစံ ဖြစ်သွားခဲ့သည်။

အခြား တစ်ဖက်၌ စုယန်ယန်ကတော့ သူ ဒီလို အနေအထား ရောက်အောင် ကြော်နိုင်ခဲ့တာကပင် အတော်လေး အထင်ကြီးစရာကောင်းသည်ဟု ခံစားနေရသည်။ သူမ တည်ငြိမ်စွာ ပြောလိုက်သည်။ “ ပထမဆုံး အကြိမ်မှာ ဒီလောက် လုပ်နိုင်တာကတင် မဆိုးပါဘူးရှင်။ ဆက်ကြိုးစားပါ။ ”

ထိုစကားကို ပြောပြီးနောက် တခြား စားဖိုမှူးတွေရဲ့ အခြေအနေ ဘယ်လိုလဲ ဆိုတာကို ကြည့်ရန် သူ့ကို တစ်ယောက်တည်း ထားပြီး ထွက်လာခဲ့လိုက်သည်။ ထို့နောက် အရင်တုန်းက အချိုပွဲတွေ လုပ်ဖူးသည်ဟု ပြောထားသော အမျိုးသမီး စားဖိုမှူးဘက်သို့ သူမ လှည့်လိုက်သည်။

“ ပထမဆုံးအနေနဲ့ ဂျုံမုန့်ညက်ကို နယ်ထားလိုက်နော်။ ဂျုံမုန့်ညက်ကို အချဉ်ပေါက်ဖို့ အကြာကြီး အချိန်ယူရတယ် ဆိုတော့ ကျွန်မတို့ ဒီနေ့ သုံးမယ့် ဂျုံမုန့်ညက်တွေ အကုန်လုံးကို ပြင်ဆင်ထားရမယ်။ ”

စုယန်ယန်သည် စကားပြောရင်း ဆန်မှုန့် အမျိုးအစားတွေ အကုန်လုံးကို ထုတ်ယူလိုက်သည်။ “ ကျွန်မတို့ ဒီနေ့ လုပ်ရမယ့် ၊ ဂျုံမှုန့်ကို အခြေခံထားတဲ့ အချိုပွဲ ၃ မျိုး ရှိတယ်။ တစ်မျိုးက ပန်း ဘန်းကိတ် ၊ နောက်တစ်မျိုးက ဘဲသား အစာသွပ် ပေါက်စီ ၊ နောက်ဆုံး တစ်မျိုးကတော့ သက်သက်လွတ် ဝမ်တန်ဖက်ထုပ် ဖြစ်ပါတယ်။ ပန်း ဘန်းကိတ်မှာ သုံးမယ့် ဂျုံမှုန့်ကို အချဉ်ဖောက်ထားဖို့ လိုတယ်။ ဂျုံမုန့်ညက်ကို အရင် နယ်ကြရအောင်နော်။ ”

“ ပန်း ဘန်းကိတ် ” ဆိုသော အချိုပွဲသည် ဂျုံမုန့်ညက် အရသာမျိုးစုံကို ရောထားသည့် အပေါင်းအစပ် တစ်မျိုး ဆိုတာထက် ဘာမှ မပိုပါ။ ထိုသို့ ပေါင်းစပ်ထားခြင်းက ပန်း ဘန်းကိတ်ကို ပိုလို့ အရောင်အသွေး စုံလင်လှပစေရန် အတွက် နည်းလမ်း တချို့ကို အသုံးမပြုသေးခင် ဘန်းကိတ်ထဲမှာ အရသာတွေ အများကြီးကို ပျော်ဝင်နေစေသည်။

စုယန်ယန်က ဟင်းနုနွယ်ကို ကြိတ်ဖျော်ထားသော အရည် ၊ ရွှေဖရုံသီးနှင့် ကန်စွန်းဥတွေကို ရွေးချယ်လိုက်သည်။

ဟင်းနုနွယ် အရည်က အဖြူရောင် ဂျုံမုန့်ညက်ကို အစိမ်းရောင် ပြောင်းပေးနိုင်ပြီး ရွှေဖရုံသီးက အဝါရောင် ၊ ကန်စွန်းဥကတော့ ခရမ်းရောင် ပြောင်းပေးနိုင်သည်။

စုယန်ယန်က ပန်း ဘန်းကိတ်ပေါင်းတွေ အများကြီးကို တစ်ပြိုင်တည်း လုပ်ဖို့ ရည်ရွယ်ထားသည်။ သူမ သဘာဝကျစွာပင် ပါဝင်ပစ္စည်းတွေ အများကြီး လိုအပ်သည်။ သူမ နယ်ရမည့် ဂျုံမုန့်ညက်က ကြီးသည်။

သို့သော်လည်း သူမရော ၊ တခြား အမျိုးသမီး စားဖိုမှုးရဲ့ ခွန်အားရောက အကန့်အသတ် ရှိသဖြင့် အဆုံးသတ်မှာတော့ ကြက်ဥမွှေကြော်တွေနှင့် အလုပ်ရှုပ်နေသော အမျိုးသား စားဖိုမှူးကို အကူအညီတောင်းခဲ့ရတော့သည်။

ပရိသတ်က ထိုအရာကို မြင်သောအခါ ရယ်မောခဲ့ကြသည်။

[ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်လာတာ ကြာလှပြီ ၊ တင်ဆက်သူ ဒီလို အကူအညီတောင်းရတဲ့ အခြေအနေ ရောက်နေတာကို မြင်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပဲ။ သူမ နောက်ဆုံးအချိန်ထိ ဂျုံမုန့်ညက်ကို နယ်ရင်း လက်တွေ နာနေလောက်တယ်။ ]

[ ဟားဟားဟား။ မီးဖိုချောင် တစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင်ရှိတဲ့ တင်ဆက်သူကို မြင်ရတာနဲ့ ငါ အသားကျနေပြီ။ ငါ့နှလုံးသားက နည်းနည်းလေး နာကျင်သွားပေမဲ့ ငါ ရယ်ချင်နေတုန်းပဲ။ ]

[ ဆောရီး ၊ ငါ မရယ်ဘဲ အောင့်ထားနိုင်တယ် ဆိုရင် မရယ်ပါဘူး။ ဟားဟားဟား … ]

[ အကျိုးသင့် အကြောင်းသင့် ပြောရမယ် ဆိုရင်တော့ ဂျုံမုန့်ညက်က အရမ်း ကြီးတယ်လေ။ အချဉ်ဖောက်ပြီးသွားရင် ပိုတောင် ကြီးလာမယ် ထင်တယ်။ တင်ဆက်သူက ပိုစားဖို့ ပြင်ဆင်နေတာများလား။ ]

All Chapters