← Chapters

အခန်း ၄၈၁

Vol. 33 Ch. 481

အခန်း ၄၈၁

Vol. 33 Ch. 481

အခန်း ( ၄၈၁ ) မင်းကတော့ မင်းရဲ့ ကလေးလေးကို ဆုံးရှုံးရတော့မယ်။

စုယန်ယန်သည် ခဏ အကြာတွင် စိတ်အဆင်ပြေသွားခဲ့သည်။ သူမ မက်ဆေ့ခ်ျတွေကို မြင်ဝောာ့ ပြုံးပြီး ပြောလိုက်၏။ “ ကျွန်မ များများ‌လေး ပိုလုပ်ထားဖို့ လိုလို့ပါ။ ”

ကြည့်ရှုသူ ပရိသတ်‌တွေကတော့ ဘန်းကိတ် အပိုတွေကို သူတို့အတွက် ပြင်ဆင်ပေးထားတာလို့ ထင်ကာ အပျော်လွန်သွားခဲ့ကြသည်။

[ ဒါက ခဏနေလို့ ကံစမ်းမဲနှိုက်တဲ့အခါ ငါတို့ နေရာ နည်းနည်း ပိုရနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်လား။ နောက်ဆုံးဝောာ့ ကံစမ်း‌မဲပေါက်နိုင်ချေတွေ မြင့်တက်လာပြီဟေ့။ ]

စုယန်ယန်သည် သူတို့တွေ စိတ်လှုပ်ရှားလို့ မဝသေးခင်မှာပဲ သူတို့ရဲ့ ရင်ဝကို ဆောင့်ကန်သော စကားကို ပြောလိုက်လေသည်။

“ အဲ့လို မဟုတ်ပါဘူး။ ဒါက ဒီနေ့ အလုပ်ကြိုးစားပေးခဲ့ကြတဲ့ ဝန်ထမ်းတွေ အတွက်ပါ။ ”

ကြည့်ရှုသူ ပရိသတ် အများစုမှာ မျှော်လင့်စောင့်စားချင်တွေ ပြည့်နှက်နေပေမဲ့ အခုမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲ ဝင်လာကြတဲ့ ကြည့်ရှုသူ အသစ်များကတော့ စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။

[ ငါ နေရာမှား ရောက်လာတာလား။ ဒါ တကယ်ပဲ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ဟုတ်လို့လား။ တင်ဆက်သူ အများစုက သူတို့ရဲ့ ကြည့်ရှုသူတွေကို ကောင်းကောင်း ဆက်ဆံရင် ဆက်ဆံ ၊ မဟုတ်ရင် အခွင့်အရေးတွေ ပေးပြီးတော့တောင် မျက်နှာချိုသွေးကြတယ် မဟုတ်ဘူးလား။ ဒီတင်ဆက်သူက ဘာလို့ ငါတို့ကို အခွင့်အရေး မပေး ၊ မျက်နှာချိုမသွေးတဲ့ အပြင် ရင်ဝကို ဆောင့်ကန်တဲ့ စကားမျိုး ပြောရတာလဲ။ ]

ပိုလို့တောင် အံ့ဩစရာကောင်းတာကတော့ သူမက သူတို့ကို အခွင့်အရေးတွေ သိပ်မပေးခဲ့ပေမဲ့ သူမကို စိတ်မဆိုးတဲ့ ၊ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲကနေ ထွက်မသွားတဲ့ လူတွေ အများကြီး ရှိနေသေးတာပါပဲ။

ကြည့်ရှုသူ အဟောင်းတွေကတော့ ဘာမှ မတတ်နိုင်ကြ‌ပေ။ သူတို့ စိတ်လည်း ဆိုး ၊ ရယ်လည်း ရယ်ချင် ဖြစ်နေသော်လည်း သူတို့ ချစ်ရတဲ့ တင်ဆက်သူအပေါ် အဆိုးမမြင်နိုင်ကြပေ။

[ ဒါပေါ့ ၊ ငါ သူမကို ခွင့်လွှတ်ဖို့ ရွေးချယ်ခဲ့တယ်။ ခွင့်မလွှတ်ရင်ရော ငါ သူမကို စွန့်ပစ်နိုင်မှာမို့လို့လား။ ]

[ တင်ဆက်သူ ဒီနေ့ အရမ်း ပျော်နေတယ် ဆိုတာ ငါ ပြောနိုင်တယ်။ တင်ဆက်သူအတွက် ဝမ်းသာစိတ်နဲ့ ငါ့ကိုယ်ငါ လေထဲ လွင့်နေသလို ခံစားရတယ်။ အဟင့် အဟင့် အဟင့်။ တင်ဆက်သူရဲ့ အသံ ဩရှရှ ခင်ပွန်း အကြောင်း တွေးကြည့်ရုံနဲ့ ငါ ငိုချင်လာတယ်။ ငါလည်း ငါ့ကို ‘ ချစ်တယ် ’ လို့ နေ့တိုင်း ပြောပြီး အနမ်းပေးမယ့် ၊ ငါ့ကို လေထဲ မြောက်နေတဲ့ အထိ ပွေ့ဖက်ပေးထားမယ့် ဩရှရှ အသံပိုင်ရှင် ခင်ပွန်း တစ်ယောက်လောက် လိုချင်တယ်။ ]

[ စားသောက်ဆိုင်ထဲက ဝန်ထမ်းတွေက ချစ်စရာလေးတွေပါ ၊ ဒါပေမဲ့ ငါတို့ကလည်း ချစ်စရာလေးတွေပဲ မဟုတ်ဘူးလား။ ဝန်ထမ်းတွေကို ငှားရမ်းထားသေးလား ဆိုတာ တဆိတ်လောက် မေးကြည့်လိုက်စမ်းပါ။ ငါက တက္ကသိုလ် တက်ထားပြီး ကွန်ပျူတာ ပရိုဂရမ်တွေ ဆွဲနိုင်တဲ့ လူတွေကို ပြောနေတာနော်။ ]

တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲရှိ ပရိသတ် တစ်ယောက်ဟာ စုယန်ယန် ပြောတဲ့ ဝန်ထမ်းတွေကို စုယန်ယန်ရဲ့ စားသောက်ဆိုင်က ဝန်ထမ်းတွေလိုပဲ သဘာဝကျကျ ဆက်ဆံခဲ့သည်။ သူတို့က ငှားရမ်းခံရရန် အတွက် ချက်ချင်းပဲ သူတို့ကိုယ်သူတို့ ရွှန်းရွှန်းဝေနေအောင် ညွှန်းဆိုတော့သည်။

သူမ မသိခဲ့တာကတော့ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကို ပိတ်ထားတာ တစ်ရက် ကြာပြီ ဖြစ်ပြီး တစ်ခါမှ ပြန်မဖွင့်ရသေးဘူး ဆိုတဲ့ အကြောင်းပဲ ဖြစ်သည်။

ထိုမက်ဆေ့ခ်ျကို စုယန်ယန် မြင်လျှင် ဟိုတလောတုန်းက ဟောက်ချန်ဟွမ်း ပြောထားသော ဟာသကို ရုတ်တရက် ပြန်သတိရသွားသည်။ သူမရဲ့ မျက်လုံးတွေ ဟိုကြည့် ဒီကြည့် ဖြစ်သွားပြီး နောက်နောက်ပြောင်ပြောင် ပြောလိုက်၏။ “ အင်း ၊ ကျွန်မတို့ လာမယ့် တစ်လ ၊ နှစ်လလောက်ထိ လူတွေကို ငှားရမ်းနေမှာပါ။ ပရိုဂရမ်တွေ ဘယ်လို ရေးရမလဲ သိတဲ့ လူတွေကတော့ ဦးစားပေးခံရပါလိမ့်မယ်။ ”

ကြည့်ရှုသူတွေက ဒီတိုင်း စနောက်နေကြတာပင်။ စုယန်ယန် အဲ့ဒါကို မြင်သွားပြီး စကားတုံ့ပြန်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။

ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိသည်ဟု ထင်သော ပရိုဂရမ်မာ တချို့သည် ချက်ချင်းပဲ အပျော်လွန်သွားကာ ဆက်တိုက် မေးမြန်းနေခဲ့ကြတော့သည်။ “ အဲ့ဒါ တကယ်လား။ ” ၊ “ ငါတို့ ဘယ်တော့ စရမှာလဲဟင်။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ စကားတွေကို ကြားသောအခါ သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို တန်းသိလိုက်သည်။ အဲ့ဒါက ရယ်စရာကောင်းပေမဲ့ တစ်ချိန်တည်းမှာပဲ ရယ်ရမလား ၊ ငိုရမလား မသိ ခံစားရသည်ဟု သူ ထင်မိသည်။

သူ့ဇနီးကို တစ်နေ့ကျ မှီခိုအားထားနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ပေ။ ဒါပေမဲ့ ဒီခံစားချက်က … ဆိုးတော့ မဆိုးဘူးပဲ။

နေရာ တစ်နေရာမှာ တော်တဲ့ လူနည်းစုက ပျော်နေကြပေမဲ့ ထိုအကြောင်း ဘာမှ မသိသော လူတွေ အတွက်လည်း သူတို့က ဝမ်းနည်းနေခဲ့ကြပါသည်။

[ မင်းကတော့ မင်းရဲ့ ချစ်စရာ ကလေးလေးကို ဆုံးရှုံးရတော့မယ်။ ]

[ မင်းကတော့ မင်းရဲ့ ချစ်စရာ ကလေးလေးကို ဆုံးရှုံးရတော့မယ်။ ]

[ … ]

ဖန်သားပြင်ပေါ်မှာ စုယန်ယန်ကို ရယ်ချင်စိတ်ပေါက်စေသော အီမိုဂျီတွေ ပြည့်နှက်သွားခဲ့သည်။

ကံကောင်းစွာဖြင့် သူတို့ရဲ့ စိတ်အာရုံက စက္ကန့်ပိုင်းအတွင်းမှာပဲ စုယန်ယန်ရဲ့ လက်ထဲမှ စားစရာဆီ ပြောင်းသွားသည်။ စုယန်ယန်သည် ဂျုံမုန့်ညက်ကို နယ်ပြီးနောက် ဖက်ထုပ်တွေ စတင် ပြုလုပ်ခဲ့သည်။

စုယန်ယန်က ဖက်ထုပ်ကို ပိုအမြင်လှသွားအောင် လုပ်ရန် ဂျုံမှုန့်နှင့် ခေါက်ဆွဲတွေကို ရွေးချယ်ထားသည်။

“ ဒီဟင်းလျာရဲ့ နာမည်ကတော့ အကြည်ရောင် ခေါက်ဆွဲပြုတ်ပါ။ ကစီဓာတ် ပါတဲ့ ဂျယ်လီအရည်နဲ့ ရောပြုတ်ပြီးမှသာ ဖောက်မြင်နိုင်လောက်‌တဲ့ မနောက်တနောက် ဟင်းရည် အနေအထားကို ရနိုင်မှာ ဖြစ်ပါတယ်။ ဖက်ထုပ်ပေါင်းတွေကတော့ ပိတ်ကျဲစလေးတွေလို ပါးပါးလျလျလေးရယ်ပါ။ ”

[ အကြည်ရောင် ခေါက်ဆွဲပြုတ် ဆိုတာ ဘာလဲ။ ငါ တစ်ခါမှ အဲ့နာမည်မျိုး မကြားဖူးဘူး။ ]

[ ကစီဓာတ် ပါတဲ့ ဂျယ်လီအရည် ဆိုတာကရော ဘာကြီးလဲ။ တင်ဆက်သူမှာ ထူးထူးဆန်းဆန်း ပစ္စည်းတွေ ဘာလို့ အမြဲ ရှိနေတာလဲ။ ]

[ အဲ့ဒါက စားဖိုမှုးတွေပဲ သိတဲ့ ဟာ ဖြစ်ရမယ်။ ငါ ရှာကြည့်လိုက်တာ အဲ့ဒီ ပစ္စည်းတွေကိုဝော့ တွေပေမဲ့ ဘာတွေလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ တင်ဆက်သူကြောင့်သာ မဟုတ်ရင် ဂျုံမှုန့် အမျိုးအစားတွေ အဲ့လောက် များမှန်း ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ]

All Chapters