အခန်း ၄၈၂
Vol. 33 Ch. 482
အခန်း ( ၄၈၂ ) ကိုယ့်အကြောင်းကိုယ် မသိဘဲ မတန်မရာ လျှောက်လုပ်မိခြင်း။
လူတွေ အများကြီးရဲ့ အမြင်က ထိုအတိုင်းပဲ ဖြစ်သည်။ သူတို့ အဲ့ဒီ ဟင်းလျာတွေကို စားရလျှင်တောင် ပုံမှန်အားဖြင့် ပြင်ပ အထက်တန်း စားသောက်ဆိုင်တွေကိုတော့ သွားချင်ကြသည်။
သို့သော် ထိုစားသောက်ဆိုင်တွေမှာ ရောင်းသော ဟင်းလျာတွေ အကုန်လုံးက ချက်ပြီး ပြုတ်ပြီးသားတွေမို့ ဘယ်လို ပါဝင်ပစ္စည်းတွေနှင့် ချက်ပြုတ်ထားလဲ ဆိုတာကို သူတို့ မသိကြဘူး။
စုယန်ယန်က ဂျုံမုန့်ညက်ကို နယ်ပြီးချိန်မှာ ဖက်ထုပ် အရွက်ကို စတင် လိပ်လိုက်သည်။ သူမ ဖက်ထုပ် အနည်းငယ်ကို လိပ်ပြီးနောက် အမျိုးသမီး စားဖိုမှူးထံသို့ တာဝန်လွှဲပြောင်းပေးလိုက်သည်။
သူမကတော့ ဘေးကနေ ဖက်ထုပ်တွေကို အစာသွပ်ရန် ပြင်ဆင်ပေးနေခဲ့သည်။ ဖက်ထုပ်တွေထဲမှာ သွပ်ရမည့် အစာ အတွက် ပုံသေ သတ်မှတ်ထားတဲ့ ဟင်းချက်နည်းရယ်လို့ မရှိပါ။ ဖက်ထုပ်ထဲ သွပ်ရမည့် အစာကို များသောအားဖြင့် သူမ သဘောကျသည့် အရသာအပေါ် မူတည် ရွေးချယ်လေ့ ရှိသည်။
စုယန်ယန်က သူမနှင့် ဟောက်ချန်ဟွမ်းအကြိုက် ဟင်းလျာ အနည်းငယ်ကို ရွေးချယ်လိုက်၏။ အသီးအရွက် အနည်းငယ်ကို သူမ လှီးကာ အပိုင်းအစ သေးသေးလေးတွေ ဖြစ်တဲ့အထိ နုပ်နုပ်စဉ်းလိုက်သည်။ သူမရဲ့ လှုပ်ရှားမှုတွေဟာ မြန်ဆန်သပ်ရပ်နေလျက်။
မျက်စိ တစ်မှိတ် အတွင်းမှာပဲ အသီးအရွက် အနည်းငယ်က ဖက်ထုပ်ထဲ သွပ်ရမည့် အရောင်အသွေး စုံလင်သော အစာပလာ တစ်ပန်းကန် ဖြစ်လာခဲ့လေသည်။
မီးဖိုချောင်ထဲမှာ ချက်ရင်း ပြုတ်ရင်း အလုပ်ရှုပ်နေကြသူတွေပင်လျှင် စုယန်ယန်ရဲ့ လှုပ်ရှားမှုတွေကို အငေးသား စိုက်မကြည့်မိဘဲ မနေနိုင်ကြပေ။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ကြည့်ရှုသူတွေ ဆိုရင် ပြောမနေပါနဲ့ဝောာ့။
ဒီနေ့ခေတ်မှာ စားဖိုမှူးတွေ အများကြီး မရှိပေမဲ့ စားဖိုမှူးတွေကို ငှားရမ်းဖို့ ပိုက်ဆံတတ်နိုင်တဲ့ မိသားစုတွေ ဆိုတာ ချမ်းချမ်းသာသာတွေထဲကပင်။ ယေဘုယျ ပြောရလျှင် သူတို့က မီးဖိုချောင်ထဲမှာ လိုအပ်တဲ့ ရိုးရိုးရှင်းရှင်း ပစ္စည်း တချို့ကို ထည့်သွင်းထားပေးနိုင်သည်။ အသီးအရွက် လှီးစက်ကဝောာ့ ထိုပစ္စည်းတွေထဲမှ တစ်ခုပါ။
ထိုပစ္စည်းကြောင့် စားဖိုမှူးများစွာရဲ့ ဓားကိုင်စွမ်းရည်တွေက သိပ်မကောင်းတော့။
အာလူး နုပ်နုပ်စဉ်း ကြက်ဥမွှေကြော်ကို ကြော်ဖို့ တာဝန်ပေးခံထားရတဲ့ စားဖိုမှူးကိုပဲ ဥပမာပေးကြပါစို့။ အကယ်၍ စုယန်ယန်သာ အာလူးကို သူမကိုယ်တိုင် နုပ်နုပ်စဉ်းမပေးလျှင် သူက သူကိုယ်တိုင် လုပ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။
သို့သော်လည်း ဟင်းသီးဟင်းရွက်တွေကို ခဏကြာအောင် လှီးဖြတ်အပြီး နောက်ဆုံးမှာတော့ ထိုစားဖိုမှူးသည် သူ့ကိုယ်သူ စုယန်ယန်နှင့် ကွာခြားကြောင်း နားလည်သွားသည်။ သူက အာလူးတွေကို အသီးအရွက် လှီးစက်ထဲ ပစ်ထည့်လိုက်၏။
လူတွေက သူတို့ မလုပ်နိုင်တဲ့ အရာကို တခြား လူတွေ လုပ်နိုင်နေလျှင် အနည်းငယ် လေးစားအားကျတတ်ကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက လူတွေလည်း အဲ့လို ခံစားချက်မျိုးကို ခံစားကြရတာ ဖြစ်သည်။
စုယန်ယန်ကတော့ ထိုအကြောင်း မသိပါ။ သူမက အဆာပလာတွေကို ပြင်ဆင်ပြီးသွားတော့ အမျိုးသမီး စားဖိုးမှူးနှင့် အတူ ဖက်ထုပ်တွေကို စတင် လုပ်နေခဲ့သည်။
ဖက်ထုပ်တွေရဲ့ ထူးခြားတဲ့ ဝိသေသ လက္ခဏာတွေထဲက တစ်ခုကတော့ ပုံသဏ္ဍာန်ပါပဲ။ အဆာပလာတွေကို ဖက်ထုပ်ရွက်ထဲမှာ ရစ်ပတ်ထုပ်ပိုးပြီးသည်နှင့် ဖက်ထုပ်ကို ပိတ်လိုက်ရမည်။ ထို့နောက် ဖက်ထုပ်တွေကို အလယ်ကနေ ညှစ်ရမည် ဖြစ်ပြီး ဘေးဘက်တွေကနေ အလယ်ဆီသို့လည်း ထပ်ညှစ်ရမည်။ နှစ်ဖက်စလုံးကို တင်းတင်းကျပ်ကျပ် ညှစ်ပြီးသွားပါက လှော်ထားသော ဂျုံစေ့တွေကဲ့သို့ အထဲမှာ အချိုင့်ခွက်ကလေး ရှိသည့် ဖက်ထုပ် တစ်ခု ဖြစ်လာလိမ့်မည်။
လူ များစွာက သူတို့ရှေ့မှာ ဖက်ထုပ်ကလေး တစ်ခု ရောက်မလာခင် အချိန်ထိ စုယန်ယန်ရဲ့ လှုပ်ရှားမှုတွေကို သတိပင် မထားမိခဲ့ကြဘူး။
[ ??? ]
ဖန်သားပြင်ပေါ်မှာ အမေး သင်္ကေတတွေ ထပ်မံ ဖုံးလွှမ်းသွားပြီး အမျိုးသမီး စားဖိုမှူး ဆွံ့အသွားခဲ့ရသည်။
စုယန်ယန်လည်း အဲ့ဒါကို သတိထားမိသွားပြီး အဟမ်း အဟမ်းဟု လည်ချောင်းရှင်းကာ ပြောလိုက်၏။ “ ကျွန်မ အခု အရမ်း မြန်သွားတယ်။ ဒီတစ်ခေါက်တော့ နှေးပေးပါ့မယ်။ ဒီလို အရင် လုပ်ရမယ် ၊ ပြီးတော့မှ ဒီလိုလေး … ”
ဒုတိယ အကြိမ်မှာတော့ စုယန်ယန်ရဲ့ လှုပ်ရှားမှုတွေက အများကြီး အရှိန်နှေးသွားသည်။ အမျိုးသမီး စားဖိုမှူးသည် စုယန်ယန် လုပ်ပြသွားတာကို သေချာ မြင်နိုင်သော်လည်း ဖက်ထုပ် လိပ်နည်းနှင့် သူမ သိပ်အသားမကျသေးပေ။
ထို့နောက် စုယန်ယန်သည် ပြီးပြည့်စုံသော ဖက်ထုပ် တစ်ခုကို အမျိုးသမီး စားဖိုမှုူး မလုပ်နိုင်သေးခင် အချိန်ထိ သူမရှေ့မှာ အကြိမ်ပေါင်းများစွာ ထပ်လုပ်ပြခဲ့သည်။ ဒါပေမဲ့ အမျိုးသမီး စားဖိုမှူး လုပ်တဲ့ ဖက်ထုပ် ပုံသဏ္ဍာန်က နည်းနည်းလေး ပုံမကျ ပန်းမကျ ဖြစ်နေဆဲပင်။
အမျိုးသမီး စားဖိုမှုးဟာ အတော်လေး ရှက်သွားခဲ့သည်။ သူမက အထူးတလည် ငှားရမ်းခံထားရသော တကယ့်ကို ပရော်ဖက်ရှင် စားဖိုမှူး တစ်ယောက် ဖြစ်သော်လည်း အဆုံးသတ်မှာတော့ သူမရဲ့ အချက်အပြုတ် စွမ်းရည်တွေက အလုပ်ရှင် သူဌေးမလေးလောက်တောင် ကောင်းမနေခဲ့။ သူမကိုယ်သူမ အသုံးမကျသလို နည်းနည်းလေး ခံစားလိုက်ရသည်။
ဒီနေ့က ဤလူတွေ အတွက် အရှုံးသမား ဖြစ်လာဖို့ ကံကြမ္မာ သတ်မှတ်ထားသော နေ့ တစ်နေ့ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှ လူတွေက သိချင်စိတ် ပြင်းပြပြီး စုယန်ယန်အတိုင်း လိုက်လုပ်ကြပေမဲ့ သူတို့ အားလုံး ကျရှုံးသွားခဲ့ကြ၏။
[ ခုနတုန်းက ပြောထားတဲ့ စကားကိုပဲ ထပ်တလဲလဲ ထပ်ပြောမယ်။ ကြည့်တော့သာ ရိုးရှင်းတယ်လို့ ထင်ရတဲ့ တင်ဆက်သူရဲ့ ဟင်းချက်နည်းတွေကို ငါတို့ လိုက်ချက်ရင် ဟင်းဖိုး ကုန်တာပဲ အဖတ်တင်သွားလိမ့်မယ်။ တင်ဆက်သူရဲ့ လှုပ်ရှားမှုတွေကို ငါ အခုလေးတင် လိုက်အတုယူဖို့ ကြိုးစားကြည့်တာ လက်အကြောညပ်လုနီးပါး ဖြစ်သွားတဲ့ အထိပဲ။ အခု ငါ့လက်က ကြက်လက်သည်းလို ဖြစ်နေပြီ ၊ ပြီးတော့ ငါ့လက်ကို ဘယ်လို ပြန်ကောင်းအောင် လုပ်ရမလဲ မသိတော့ဘူး။ တချို့ အရာတွေက မျက်စိနဲ့ ကြည့်ဝောာ့ နှစ်လိုစရာကောင်းနေပေမဲ့ ငါကဝောာ့ ကိုယ့်အကြောင်းကိုယ် မသိဘဲ မတန်မရာ လျှောက်လုပ်မိတာပဲ။ ငါလေးက အသုံးကို မကျဘူး။ ]