← Chapters

အခန်း ၄၈၇

Vol. 33 Ch. 487

အခန်း ၄၈၇

Vol. 33 Ch. 487

အခန်း ( ၄၈၇ ) ရှင် ကျွန်မကို မယုံသင်္ကာ ဖြစ်နေတာလား။

“ စိတ်ထဲမှာ မလုံမလဲ ခံစားနေရလို့ ဘာမှ မပြောတာလား မစ္စစု။ ”

“ မင်းက မင်းနဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်း အဟောင်းနဲ့ စေ့စပ်ကြောင်းလမ်းမှု မဖျက်သိမ်းခင်ကတည်းက အခု လက်ရှိ ခင်ပွန်းနဲ့ အတူတူ အိပ်ပြီးနေပြီလို့ အင်တာနက်ပေါ်မှာ ပြောနေကြတယ်။ မင်းနဲ့ မင်းရဲ့ သတို့သားလောင်း အဟောင်းတို့က တကယ်ပဲ တစ်ယောက်အပေါ် တစ်ယောက် ဖောက်ပြန်ခဲ့ကြပါတယ်တဲ့။ အဲ့ဒါ အမှန်ပဲလား။ ”

“ မင်းရဲ့ ခင်ပွန်းက အက်ဆီးဒင့် တစ်ခုကြောင့် မသန်စွမ်း ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပြီလို့ အတွင်းလူ တစ်ယောက်က ပြောထားတယ် မစ္စစု။ အဲ့ဒါ တကယ်လား။ ”

“ မစ္စစု … ”

စုယန်ယန်ဆီ မေးခွန်းတွေ တစ်ခုပြီး တစ်ခု တရစပ် ရောက်လာခဲ့သည်။ သူတို့ကို လုံခြုံရေး အစောင့်တွေ လမ်းပိတ်ထားတာကို မြင်တော့ သတင်းထောက်များရဲ့ နှလုံးသားသည် စည်းချက် တစ်ချက် လွတ်သွား၏။ သူတို့ရဲ့ မေးခွန်းတွေကို စုယန်ယန် တုံ့ပြန်ဖြေကြားဖို့ ဆက်လက် မျှော်လင့်လို့ မရတော့။

သို့သော်လည်း ထိုအကြောင်းပြချက်ကြောင့်ပင် လူ တချို့က အစီအစဉ်တွေ စပြီး ဆွဲနေခဲ့ကြပြီ ဖြစ်သည်။ အကယ်၍ စုယန်ယန်သာ ဒီအတိုင်း ထွက်သွားလျှင် သူတို့က တုန်ချမ်းရဲ့ လက်ရှိ တာဝန်ရှိသူဟာ သူမရဲ့ အရှုပ်အရှင်း ကိစ္စတွေ အကြောင်း မေးမြန်းလာသည့် မီဒီယာတွေရဲ့ မေးခွန်းကို ရင်ဆိုင်ရချိန်မှာ မလုံမလဲ ဖြစ်သွားသည် ဟူ၍ လုပ်ဇာတ်ခင်းကာ သတင်းရေးနိုင်ပါသည်။

ကိစ္စ တစ်ခုကို အပေါ်ယံ ကြည့်ကာ သတင်းရေးထားသော သတင်းဆောင်းပါးတွေ အများကြီး ရှိ၏။ သတင်းထဲမှာ ‘ သံသယဖြစ်ဖွယ်ကောင်းသည် ’ ဟူသော စကားလုံးကို ထည့်ရေးလိုက်ပါက ထိုသတင်းကို ကောလဟာလဟု သတ်မှတ်ကြမှာ မဟုတ်ပေ။

စုယန်ယန်က ပထမ မေးခွန်း အနည်းငယ်ကို ပြန်‌ဖြေဖို့ စိတ်မပါလက်မပါ ဖြစ်နေခဲ့သော်လည်း ဟောက်ချန်ဟွမ်းကိုပါ ဆွဲထည့်လာတာကို ကြားလိုက်ရလျှင် ခြေလှမ်းရပ်သွားပြီး သူမရဲ့ မျက်လုံးအကြည့်ကလည်း စူးရှသွားသည်။

“ ရှင် အခု ဘာစကား ပြောလိုက်တယ် … ”

စုယန်ယန် တစ်ယောက် ရုတ်တရက် ခြေလှမ်းရပ်သွားပြီး သူမကို ဘာပြောလိုက်တာလဲလို့ အရင်ဆုံး မေးလာလိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားကြပေ။

“ မင်းရဲ့ ခင်ပွန်းက အခုနောက်ပိုင်းမှ ထိခိုက်ဒဏ်ရာ ရထားတာ မဟုတ်ဘဲ ဟိုးအရင်ကတည်းက ရခဲ့တဲ့ ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်း ဖြစ်နေတာ ကြာပြီ ဆိုပြီး အတွင်းလူ တစ်ယောက်က ထုတ်ဖော်ထားပါတယ် မစ္စစု။ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် မင်းရဲ့ ခင်ပွန်းက … ”

စုယန်ယန်က သူ့စကားမဆုံးသေးခင် ဖြတ်ပြောလိုက်သည်။ “ ဟုတ်တယ် ၊ ကျွန်မခင်ပွန်းရဲ့ ခြေထောက်တွေ ထိခိုက်ဒဏ်ရာ ရထားတယ် ဆိုတာ အမှန်ပါပဲ။ ”

စုယန်ယန်ရဲ့ စကားတွေကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။

ရှားကျွင်းရှန့်ပင်လျှင် မျက်မှောင်မကြုတ်မိဘဲ မနေနိုင်။ မကောင်းတဲ့ ကိစ္စ တစ်ခုခု ဖြစ်ပျက်လာတော့မည်ဟု သူ ခံစားလိုက်ရသည်။

သို့‌သော်လည်း သတင်းထောက်တွေ ထပ်မမေးနိုင်သေးခင်မှာပဲ စုယန်ယန်က အရင် ပြောလိုက်သည်။ “ လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက ပရော်ဖက်ရှင်နယ်မကျတဲ့ ဆရာဝန် တစ်ယောက်နဲ့ ကံမကောင်းဘဲ တွေ့ခဲ့ရတဲ့ အတွက် သူ့ရဲ့ ကုသမှု နှောင့်နှေးခဲ့ရတယ် ၊ အဲ့လိုနဲ့ ထိခိုက်ဒဏ်ရာဟောင်း ဖြစ်လာတာပါ။ အခုတော့ သူ့ကို တကယ် ကုသပေးနိုင်တဲ့ ဆရာဝန်နဲ့ တွေ့သွားပြီမို့ သူ လူကောင်း ပကတိ အဖြစ် ပြန်သက်သာလာပါလိမ့်မယ်။ ”

“ မင်းခင်ပွန်းရဲ့ ခြေထောက်တွေကို ကုသလို့ ရတယ်လို့ မင်း ပြောနေတာလား မစ္စစု။ ”

ဒီသတင်းထောက်မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတယ် ဆိုတာ စုယန်ယန် မြင်နိုင်သောကြောင့် ပိုလို့တောင် တင်းမာသော အသံဖြင့် ပြန်ပြောလိုက်သည်။ “ ကျွန်မရဲ့ တရားဝင် အကောင့်မှာ အဲ့အကြောင်းနဲ့ ပတ်သက်လို့ တင်ထားတာ ရှိပါသေးတယ်။ ရှင့်မှာ မျက်လုံး ရှိရင် အဲ့ဒါကို မြင်နိုင်မယ် ထင်ပါတယ်။ ”

သတင်းထောက်သည် လည်ချောင်းနင်သွားသလို ခံစားလိုက်ရပြီး မကျေမနပ် ရေရွတ်လိုက်၏။ “ ဒဏ်ရာဟောင်း တစ်ခုကို ဘယ်လိုလုပ် အဲ့လို ကုသလို့ ရမှာလဲ။ သူမက လူတိုင်းကို အရူးလို့ ထင်နေတာလား။ ”

“ ရှင် ကျွန်မကို မယုံသင်္ကာ ဖြစ်နေတာလား။ ” စုယန်ယန်က သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး တဟင်းဟင်း ရယ်လိုက်သည်။ “ ရှင် ဘာပဲ ပြောနေ ပြောနေ ၊ မကြာခင် လမ်းလျှောက်နိုင်သွားတော့မယ့် သူ့ကို မြင်ရတဲ့အခါ အရမ်း အံ့ဩမသွားဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ”

သတင်းထောက်က တစ်ခုခု ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း အတွေး တစ်ခုကို တွေးမိသွားပုံရကာ လက်လွတ်စပယ် မပြုမူရဲတော့ပေ။

တခြား သတင်းထောက်တွေက ထိုလူကို တွန်းထုတ်ပြီး စုယန်ယန်ထံမှ သတင်းတွေကို ထပ်မံ နှိုက်ထုတ်ဖို့ ကြိုးစားခဲ့ကြသည်။

“ မင်းနဲ့ သခင်လေးဟောက်ရဲ့ လက်ထပ်ပွဲကို မဖျက်သိမ်းခင်ကတည်းက မင်းရဲ့ လက်ရှိ ခင်ပွန်းနဲ့ မင်းနဲ့ တွဲနေတာ ဆိုတဲ့ ကောလဟာလတွေ ထွက်နေတယ်နော် မစ္စစု။ မင်းနဲ့ သခင်လေးဟောက်တို့က တကယ်တော့ သက်ဆိုင်သူတွေအပေါ် ကိုယ်စီ ဖောက်ပြန်ခဲ့ကြတယ်လို့ လူတွေက ပြောနေကြတယ်။ အဲ့ဒါ အမှန်ပဲလား။ မင်းတို့ နှစ်ယောက် ဘယ်အချိန်မှာ တွေ့ပြီး မင်းတို့ရဲ့ ဆက်ဆံရေးကို အတည်ပြုခဲ့တာလဲ။ ”

“ ဟောက်ရှောက်ဖုန်းနဲ့ ကျွန်မရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကို ဖျက်သိမ်းပြီးမှ ကျွန်မနဲ့ ကျွန်မခင်ပွန်းတို့ လက်တွဲခဲ့ကြတာပါ။ တကယ်လို့ စေ့စပ်ပွဲ မဖျက်သိမ်းခင်ကတည်းက ကျွန်မတို့ တွဲနေကြတယ် ဆိုရင် ဟောက်ရှောက်ဖုန်းနဲ့ စေ့စပ်ထားတာကို ဒီတိုင်း အေးအေးဆေးဆေး ဖျက်သိမ်းပြီး ကျွန်မ သဘောကျတဲ့ လူနဲ့ လက်ထပ်လိုက်လို့ ရတာပဲ။ လူတွေကြားမှာ ဒီလို အရုပ်ဆိုးတဲ့ ဇာတ်လမ်းကို ဖန်တီးခဲ့တဲ့ လူက သူတို့ရဲ့ မိသားစုက အမှိုက်လို သုံးစားမရတဲ့ သား တစ်ယောက်ကို မွေးထားတယ် ဆိုတာ လူတိုင်းကို သိစေချင်နေတာလား။ ”

All Chapters