← Chapters

အခန်း ၄၈၈

Vol. 33 Ch. 488

အခန်း ၄၈၈

Vol. 33 Ch. 488

အခန်း ( ၄၈၈ ) ကျွန်မ ရှင့်ကို အချိန်မရွေး တရားစွဲလို့ ရတယ်။

သတင်းထောက်သည် လည်ပင်းညစ်ခံရသလို ခံစားလိုက်ရပေမဲ့ ဆက်မေးလိုက်သည်။ “ မင်းတို့ နှစ်ယောက် မင်းတို့ရဲ့ ဆက်ဆံရေးကို ဘယ်အချိန်မှာ အတည်ပြုခဲ့တာလဲ။ ”

“ စေ့စပ်ပွဲ ဖျက်သိမ်းပြီး သိပ်မကြာခင်မှာပဲ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို အတည်ပြုခဲ့တာပါ။ ”

တိတိကျကျ ပြောရမည် ဆိုလျှင်ဝောာ့ သူမ စေ့စပ်ပွဲ ဖျက်သိမ်းပြီးသည့်နောက်မှာပဲ သူမတို့ နှစ်ယောက် စေ့စပ်ခဲ့တာ ဖြစ်ပါသည်။ ဒါပေမဲ့ ထိုအကြောင်းကို ထုတ်ပြောလိုက်လျှင် သတင်းထောက်တွေက သူမတို့ကို အပြစ်တင် ဝေဖန်စရာ အကွက်တွေ့သွားလိမ့်မည်။

ယခင်ဘဝမှာ သူမ သေဆုံးတော့မှ ဟောက်ချန်ဟွမ်းကို ချစ်မိနေတယ် ဆိုတာ သေချာ နားလည်သွားခဲ့တာ ဖြစ်သည်။ အဲ့ဒါ မတိုင်ခင် သူတို့ တစ်ခါမှ မတွေ့ဖူးကြပေ။

သို့သော်လည်း ထိုအကြောင်းကို သူမအရှေ့မှ လူတွေ မသိသလို တခြား ဘယ်သူမှလည်း မသိပါ။

“ ဟောက်ရှောက်ဖုန်းက သူ့ကောင်မလေးကို သူ့အဖေရဲ့ မွေးနေ့ပွဲကို ခေါ်လာပြီး သူတို့ကို ကူညီပေးတဲ့ အနေနဲ့ သူနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းပေးဖို့ ကျွန်မကို တောင်းဆိုခဲ့တာပါ။ ငြင်းခုံနေကြရင်းနဲ့ အမျိုးသမီး တစ်ယောက်က ကျွန်မကို လှေကားပေါ်ကနေ တွန်းချခဲ့လို့ ကျွန်မ ဒဏ်ရာရပြီး သတိလစ်သွားခဲ့တယ်။ ကျွန်မခင်ပွန်းက ရပ်ကြည့်မနေနိုင်တော့ဘဲ ကျွန်မကို ဆေးရုံပို့ဖို့ အတွက် ကျွန်မရဲ့ မိဘတွေကို ကူညီဖို့ လူလွှတ်ပေးခဲ့တယ်။ အဲ့လိုနဲ့ ကျွန်မတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်း စခဲ့တာပါ။ ”

ဘယ်သူမှ စုယန်ယန်ရဲ့ စကားတွေထဲမှာ အမှား ရှာမရပေ။ သူတို့ နှစ်ယောက်က စေ့စပ်ပွဲ ဖျက်သိမ်းပြီးတော့မှသာ တရားဝင် တွေ့ဆုံခဲ့ကြတာပါ။

စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူမက လွတ်လပ်တဲ့ လူ တစ်ယောက် ဖြစ်သွားပြီမို့ သူမ ဘယ်သူနဲ့ပဲ ပတ်သက် ပတ်သက် ၊ ဘယ်သူနဲ့ပဲ အတူ ရှိနေ,နေ သူမမှာ ဇနီးဟောင်းနှင့် ဘာပြဿနာမှ ဖြေရှင်းစရာ ရှိမှာ မဟုတ်တော့ပေ။

“ မင်းနဲ့ မင်းခင်ပွန်းရဲ့ လက်ရှိ ဆက်ဆံ‌ရေးကရော အဆင်ပြေရဲ့လား။ ”

“ ကျွန်မနဲ့ ကျွန်မခင်ပွန်းသာ ဆက်ဆံရေး အဆင်မပြေဘူး ဆိုရင် ကျွန်မက တခြား ဘယ်သူနဲ့ အဆင်‌ပြေနိုင်ဦးမှာလဲ။ ရှင်နဲ့လား။ ”

“ ခွီး … ”

ထိုသတင်းထောက်ဟာ အနုပညာနယ်ပယ်ထဲက နာမည်ကျော် အနုပညာရှင်တွေ အများကြီးကို အရင်တုန်းက အင်တာဗျူးဖူးပေမဲ့ သူ လုပ်ကြံလီဆယ်ပြီး မကောင်းတဲ့ အကြောင်းတွေ လျှောက်ရေးမှာ စိုး၍ ဘယ်အနုပညာရှင်မှ သူ့ကို မစော်ကားရဲကြပါ ၊ အားလုံးက သူ့မေးခွန်းတွေကို အမြဲတမ်း ယဉ်ကျေးရည်မွန်စွာ ဖြေလေ့ ရှိသည်။

အကြောတင်းလွန်းတဲ့ လူမျိုးကို သူ မြင်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပင်။ သူ့မျက်နှာ အနီရောင် ပြောင်းသွားကာ မကျေမချမ်း ပြောလိုက်၏။ “ ဒီလောက် ဒေါသထွက်‌နေစရာ လိုလို့လားဗျာ။ ခင်ဗျား ရှက်ရမ်း,ရမ်းပြီး ဒေါသထွက်နေတာလို့တော့ ကျွန်တော့်ကို မပြောနဲ့။ ”

စုယန်ယန်က လှောင်ပြုံး ပြုံးကာ သူ့ကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။ “ ကျေးဇူးပြုပြီး ကင်မရာ‌ရှေ့မှာ ရှင် ပြောသမျှ စကားလုံးတိုင်း အတွက် တာဝန်ယူပေးနော်။ ကျွန်မ ရှင့်ကို အချိန်မရွေး တရားစွဲလို့ ရတယ်။ ”

သတင်းထောက်ရဲ့ မျက်နှာက မည်းခနဲ ဖြစ်သွားသည်။ သူ့စိတ်ထဲမှာ မခံမရပ်နိုင်အောင် ဒေါသထွက်နေသော်လည်း ကြောက်စိတ်ကြောင့် ပါးစပ် ပိတ်နေလိုက်ရ၏။

သူ့ကို တခြား လူတွေက ထိုစကားမျိုး လာပြောလျှင် သူ့စိတ်ထဲ ဘယ်လိုမှ မနေလောက်သော်လည်း စုယန်ယန် ပြောသောအခါ ရှင်းပြရခက်သော ကြောက်စိတ်ကို ခံစားရလေသည်။

လွန်ခဲ့တဲ့ နှစ်ရက်တုန်းက အင်တာနက်ပေါ်က နာမည်ကြီးတွေ အများကြီးကို ဥက္ကဌစု တရားစွဲထားတယ် ဆိုတာ လူတိုင်း သိကြသည်။ သူမက သူမရဲ့ အနုပညာရှင်ကို လာရှုပ်ရဲသော အေဂျင်စီ တစ်ခုကိုပင် တိုက်ရိုက် ဝယ်ယူခဲ့ပါသည်။

မဟုတ်ရင် အမျိုးသမီး တစ်ယောက်ထက် ဗီလိန် တစ်ယောက်ကို သွားပြဿနာရှာတာက ပိုအန္တာရာယ်ကင်းတယ်လို့ သူတို့တွေ ဘာလို့ ပြောမှာလဲ။ အမျိုးသမီး တစ်ယောက်ကသာ တကယ်ပဲ ရက်စက်ချင်ရင် အမျိုးသားတွေ ဘာမှ မတတ်နိုင်ပါဘူး။

တခြား သတင်းထောက် တစ်ယောက်က အခွင့်အရေးကို အမိအရ ယူခဲ့သည်။ “ ရှင့်ခင်ပွန်းကို ဘယ်လို လူစားမျိုးလို့ ရှင် ထင်လဲ။ ”

စုယန်ယန်က တုံ့ဆိုင်းမှုမရှိ ချက်ချင်း ပြန်ဖြေခဲ့သည်။ “ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ယောက်ျား ဆိုတာ သေချာပါတယ်။ ”

“ ရှင့်ခင်ပွန်းကို ရှင် သိပ်ချစ်တယ် ဆိုတာ ကျွန်မ ပြောနိုင်တယ်။ ”

စုယန်ယန်က ‘ ဒါပေါ့။ ငါ့ခင်ပွန်းကို ငါ မချစ်ဘဲနဲ့ ငါက ဒီသတင်းထောက် ယောက်ျားတွေကို ချစ်ရမှာလား ’ ဟု စိတ်ထဲကနေ တွေးလိုက်မိသည်။

ထိုစကားတွေကို‌ ပြောဖို့ ပါးစပ်ပြင်လိုက်သော်လည်း သူမရဲ့ သဝန်တိုလွယ်သည့် ခင်ပွန်းကို ပြန်သတိရသွားသည်။

စုယန်ယန်ရဲ့ မျက်လုံးလေးတွေက ချက်ချင်းပဲ ဝေ့လည်ကြောင်ပတ် ဖြစ်သွားကာ စိတ်ပြောင်းလိုက်သည်။ “ ကျွန်မ ဒီလို ပြောတာကို ရှင်တို့ကတော့ နားမလည်လောက်ဘူး။ ”

သတင်းထောက်များ : “ … ” ဘာလဲ။ သူတို့တွေ စင်ဂယ်လ် ဖြစ်နေလို့ အလှောင်ခံလိုက်ရတာလား။

“ ဒီလို ပြောကြရအောင်။ ရှင်တို့တွေ နာမည်ကြီး အနုပညာရှင်တွေနောက် လိုက်ဖူးလား။ ”

လူတိုင်း ဆွံ့အသွားကြသည်။ သတင်းထောက် ကောင်လေးနှင့် သ‌တင်းထောက် ကောင်မလေးတို့ နှစ်ယောက် အနည်းငယ် အိုးတိုးအမ်းတမ်း ခံစားလိုက်ရ၏။

စုယန်ယန်က အဲ့ဒါကို ချက်ချင်း နားလည်လိုက်သည်။ သူမ ပြုံးပြီး ပြောလိုက်ပါသည်။ “ ကိုယ် သဘောကျတဲ့ အိုင်ဒေါတွေနဲ့ အတူ ရှိနေတဲ့ အချိန်မှာ ဘယ်လို ခံစားရမယ်လို့ ရှင်တို့ ထင်လဲ။ ”

“ !!! ” သူတို့ ပျော်လွန်းလို့ ရင်ကို ခွဲပြီး နှလုံးသားကိုတောင် ထုတ်ပေးချင်မိမှာ သေချာတယ်။

သူတို့ရဲ့ အမူအရာ ပြောင်းလဲသွားတာကို စုယန်ယန် သတိပြုမိလိုက်သည်။ သူမရဲ့ မျက်လုံးထောင့်စွန်းတွေ ကွေးတက်သွားပြီး နူးညံ့ချိုမြိန်စွာ ပြောလိုက်သည်။ “ ကျွန်မ သူနဲ့ အတူ ရှိနေချိန်မှာ ခံစားရတဲ့ ခံစားချက်ကလည်း အဲ့လိုမျိုးပါပဲ။ ”

All Chapters