← Chapters

အခန်း ၄၉၀

Vol. 33 Ch. 490

အခန်း ၄၉၀

Vol. 33 Ch. 490

အခန်း ( ၄၉၀ ) အရင်ဆုံး ထိုးနှက်ခြင်း

တခြား လူတွေကို မဟုတ်မဟတ် စကားတွေ ပြောခွင့်နှင့် သူတို့ နှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်ခွင့် ပေးရမည့်အစား သူတို့ကို ဘယ်သူကမှ ဘာမှ မလုပ်ကြံ မစွပ်စွဲနိုင်သေးခင်မှာ လက်ဦးမှုရယူပြီး ဒီသတင်းကို အရင်ဆုံး ထုတ်ပြန်လိုက်တာက ပိုကောင်းသည်။

သက်တော်စောင့်က သတိထားလျက် မေးလိုက်သည်။ “ သူတို့ ဘယ်သူတွေလဲ ဆိုတာ ကျွန်တော်တို့ သိပြီးသွားရင် ဘာဆက်ဖြစ်မှာလဲဗျ။ ”

ဟောက်ချန်ဟွမ်းက သူ့ကို ဘာမှ မပြောဘဲ မျက်လုံးလှန်ကြည့်ရုံသာ ကြည့်လိုက်သည်။

အနည်းဆုံး ၁.၈ မီတာ အရပ်အမြင့် ရှိသော သက်တော်စောင့် လူထွားကြီးသည် ကျောထဲ စိမ့်ခနဲ ဖြစ်သွားမိကာ ခပ်တောင့်တောင့် ပြောလိုက်သည်။ “ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် အခုပဲ စီစဉ်စရာရှိတာတွေ သွားစီစဉ်လိုက်ပါ့မယ်။ ”

သူ တံခါးနားကို ရောက်သွားချိန်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ တည်ငြိမ်သော အသံက သူ့နောက်ကျောဘက်ကနေ ထွက်ပေါ်လာသည်။ “ ငါ ဒီလထဲမှာ မင်းရဲ့ ဘောနပ်စ်ကို နှစ်ဆ တိုးပေးမယ်။ ”

သက်တော်စောင့် အစ်ကိုကြီးက ရုတ်တရက် ခြေလှမ်းရပ်သွားကာ သူ့နှလုံးသားထဲမှ ထိတ်လန့်မှုကိုလည်း ပိုက်ဆံ ဆိုတဲ့ လက်နက်ကြီးက တိုက်စားသွား၏။

တကယ့်တကယ်တော့လည်း သခင်မလေးကို ကာကွယ်ပေးရတာ ကောင်းပါသည်။ သူ ဗီဒီယိုလေးတွေ ရိုက်ပေးရုံနှင့် သူ့ဘောနပ်စ်က နှစ်ဆ တိုးသွားလိမ့်မည်။

သက်တော်စောင့် အစ်ကိုကြီးက “ ကျွန်တော် ဒါကို နောက်ထပ် ၃ ၊ ၄ ကြိမ် ထပ်‌လုပ်ပေးရမယ် ဆိုရင်တောင် လုပ်ပေးနိုင်ပါတယ်ဗျာ။ ” ဟု ပြောလိုက်သည်။

ဒီတာဝန်က သူ့ရဲ့ လကုန်ပိုင်း ဘောနပ်စ်နှင့် သက်ဆိုင်နေသောကြောင့် သက်တော်စောင့်ဟာ အစွမ်းကုန် ကြိုးစားခဲ့လေသည်။ သူ ရှားကျွင်းရှန့်ကို ချက်ချင်းပဲ ဖုန်းဆက်ပြီး ကုမ္ပဏီရဲ့ နာမည်အောက်ရှိ အနုပညာရှင် တစ်ယောက်ကို သူ့အား ညွှန်းပေးဖို့ တောင်းဆိုခဲ့သည်။ သူက ထိုအနုပညာရှင် အတွက် ပရိုမိုးရှင်း တစ်ခုကို အခမဲ့ လုပ်ပေးမည်ဟု ပြောလိုက်သည်။

ရှားကျွင်းရှန့်က ခဏ စဉ်းစားကြည့်ပြီး နောက်ဆုံးမှာတော့ ရွှယ်ချိုင်ဝေရဲ့ နာမည်အောက်ရှိ ရေဒီယို တင်ဆက်သူ တစ်ယောက်ကို တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။

ရွှယ်ချိုင်ဝေနှင့် လော့ဝေပင်းတို့ ကြေညာ‌ထားသော ဂိမ်းကိုလည်း ထုတ်လွှင့်ဖို့ ဘယ်လောက်မှ မလိုတော့။ လော့ဝေပင်းက ပြီးခဲ့တဲ့ နှစ်ရက်တုန်းကမှ စုယန်ယန်နှင့် အတူ ကောလဟာလ ထွက်ထားတာမို့ သူ့ပရိသတ်တွေကဝောာ့ လုံးဝ မသင့်တော်ပေမဲ့ ရွှယ်ချိုင်ဝေရဲ့ ပရိသတ်တွေကဝောာ့ အဆင်ပြေသည်။

ဘယ်လောက်မှ မကြာလိုက်ဘဲ အမျိုးသမီး ရေဒီယို တင်ဆက်သူ တစ်ယောက်က ရှားကျွင်းရှန့်နှင့် ပူးပေါင်းကာ ဗီဒီယိုကို တင်ခဲ့သည်။

ထို့အပြင် ထိုရေဒီယို တင်ဆက်သူက ရွှယ်ချိုင်ဝေဟာ ဒီနေ့ ပွဲ တစ်ပွဲ တက်စရာ ရှိသောကြောင့် သူမက ကုမ္ပဏီ အပြင်ဘက်မှာ ထိုင်စောင့်ကာ သူမရဲ့ နတ်ဘုရားမလေး အလုပ်မသွားမီ ဓာတ်ပုံ အနည်းငယ် ရိုက်ရန် ပြင်ဆင်နေခဲ့သည်ဟု အခိုင်အမာ ပြောခဲ့သည်။

ရွှယ်ချိုင်ဝေကို စောင့်နေပေမဲ့ အဆုံးသတ်မှာတော့ သူမရဲ့ နတ်ဘုရားမလေးကို မမြင်ရဘဲ ထိုအစား သတင်းထောက် အုပ်စု ဝိုင်းတာ ခံထားရသော သူမရဲ့ ဘော့စ်ကိုသာ မြင်ခဲ့ရပါသည်တဲ့။

ထို့နောက် ထိုရေဒီယို တင်ဆက်သူက သူမရဲ့ နတ်ဘုရားမလေး ကိုယ်စား ‌ဤ ဘော့စ် အသစ်ကို မျက်နှာချိုသွေးရန် ကြိုးစားလျက် ချီးမွမ်းပြောဆိုနေခဲ့သည်။ ထိုမှသာ ဒီဘော့စ် အသစ်က သူမရဲ့ နတ်ဘုရားမလေး ရွှယ်ချိုင်ဝေကို ကောင်းကောင်း ဆက်ဆံပြီး ရွှယ်ချိုင်ဝေနှင့် ထိုက်တန်သော အခွင့်အလမ်းတွေကို ပိုပေးမှာပင်။

ရွှယ်ချိုင်ဝေရဲ့ ပရိသတ် များစွာက ထိုရေဒီယို တင်ဆက်သူကို အာရုံစိုက်လာခဲ့ကြသည်။ ပြီးတော့ သတင်းတွေကို နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းရတာ ကြိုက်သော မားကတ်တင်း အကောင့် တချို့ကလည်း အနုပညာရှင်တွေကြားမှ နာမည်ကြီး ပရိသတ်တွေကို အများဆုံး အာရုံစိုက်လေ့ရှိသည်။

ဗီဒီယိုကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် လူ များစွာက ထိုဗီဒီယိုကို ချက်ချင်း မြင်သွားခဲ့ကြသည်။

[ ဗီဒီယိုကို ကြည့်ပြီးတော့ ငါ အူကြောင်ကြောင် ဖြစ်သွားတယ်။ ဥက္ကဌစုက သက်ဆိုင်ရာ မေးခွန်းတွေကို အွန်လိုင်းပေါ်မှာ အကုန်လုံး ရှင်းပြပြီးသား မဟုတ်ဘူးလား။ ဒီလူတွေက ဘာလို့ ထပ်ခါတလဲလဲ မေးနေကြတာတုံး။ သူတို့ ဘာလိုချင်နေကြတာလဲ။ ]

[ သူတို့ ဥက္ကဌစုကို စိတ်အနှောင့်အယှက်ပေးချင်နေကြတယ် ဆိုတာ သေချာတယ်။ တကယ်လို့ သူတို့သာ ဒေါသသံ အပြည့်နဲ့ မာမာထန်ထန် ပြောလိုက်ရင် သူတို့မှာ ဘာမှ ရေးစရာ ရှိလာမှာ မဟုတ်ဘူးလေ ၊ ဟုတ်တယ်မို့လား။ ]

[ မကြာခဏ အနှောင့်အယှက်ပေးနေတဲ့ ဒီသတင်းထောက်တွေကို ငါ တကယ် စိတ်ကုန်နေပြီ။ ငါ သူတို့အလုပ်ကို နားလည်ပေမဲ့ သူတို့က လူတိုင်းက လျစ်လျူရှုနေတယ် ဆိုတာ အသိအသာကြီးပဲလေ။ ဒါပေမဲ့ သူတို့ကတော့ ဘယ်သူ့ကိုမှ ထွက်သွားခွင့် မပေးဘဲနဲ့ ယင်ကောင်တွေလို တဝီဝီ လုပ်နေတာ။ ဘယ်လောက်ဝောာင် စိတ်ပျက်စရာကောင်းလိုက်သလဲ။ ]

[ ဥက္ကဌစု မှားနေပြီ။ အနုပညာရှင်တွေမှာတောင်မှ ဒီလူတွေရဲ့ အမှိုက်နဲ့ တူတဲ့ အရည်မရ အဖတ်မရ မေးခွန်းတွေကို ဖြေပေးဖို့ တာဝန် မရှိဘူး။ သူတို့က တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ယင်ရိုက်တံနဲ့ သေအောင် အရိုက်ခံရမယ် ဆိုရင်တောင် ဝေးဝေးကို ပျံမပြေးတဲ့ ယင်ကောင်တွေနဲ့ တူတယ်။ အရင်တုန်းက ငါ့အစ်ကိုလည်း ဒီလို အခြေအနေမျိုးနဲ့ ကြုံဖူးတယ်။ သူတို့က သူ့ကို ဆက်တိုက် အနှောင့်အယှက်ပေးပြီး သူတို့ရဲ့ မေးခွန်းတွေကို ဖြေဖို့ တောင်းဆိုနေခဲ့တာ။ တကယ်လို့ မင်းက သူတို့မေးခွန်းတွေကို မဖြေရင် ကိုယ့်ကိုယ်ကိုယ် အရေးပါ အရာရောက်တဲ့ လူ တစ်ယောက်လို ကြီးကြီးကျယ်ကျယ် ပြုမူနေပြီးတော့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မပေးဘူးလို့ ပြောလိမ့်မယ်။ ပြီးရင်တော့ သူတို့က မင်းရဲ့ စရိုက်ကို မေးခွန်းထုတ်ကြလိမ့်မယ်။ သူတို့ မေးသမျှ မေးခွန်းတွေ အကုန်လုံးကို ဖြေပြီးသွားရင်လည်း သူတို့က ရလေ လိုလေ ၊ အိုတစ္ဆေ ဖြစ်ပြီး အတောမသတ်နိုင်အောင် ထပ်မေးကြလိမ့်မယ်။ သူတို့ ကြည့်ရတာ အနုပညာရှင်တွေရဲ့ သွေးတွေကို တစ်စက်မကျန် စုပ်ချင်နေကြသလိုပဲ။ ကြောက်စရာကောင်းလိုက်တာ။ ]

တခြား အနုပညာရှင်တွေရဲ့ ပရိသတ် တချို့က သတင်းထောက်တွေ မေးနေကျ မေးခွန်းတွေကြောင့် စုယန်ယန်ရဲ့ အတွေ့အကြုံကို စည်းဝါးကျစွာ နားလည်ပေးနိုင်သည်။

စုယန်ယန်နောက်ကို အသည်းအသန် လိုက်နေခဲ့ကြသော သတင်းထောက်များသည် ဒေါသထွက်နေတဲ့ ပရိသတ်များရဲ့ ပစ်မှတ် ဖြစ်သွားခဲ့သည်။

All Chapters