← Chapters

အခန်း ၄၉၁

Vol. 33 Ch. 491

အခန်း ၄၉၁

Vol. 33 Ch. 491

အခန်း ( ၄၉၁ ) သံသယ

သက်တော်စောင့် မျှော်လင့်ထားသလိုပင် ထိုလူတွေက မြှောက်ပင့်ခံရခြင်းနှင့် အသားကျနေကြပါပြီ။ အခု စုယန်ယန်က သူတို့အပေါ် အမြတ်ထုတ်လိုက်သောအခါ သူတို့က သဘာဝကျစွာပင် အလျှော့ပေးမှာ မဟုတ်ပေ။

သူတို့ အလုပ်ကို ပြန်ရောက်တော့ စုယန်ယန်နှင့် ပတ်သက်၍ ဟိုလိုလို ဒီလိုလို မဟုတ်မမှန် သတင်းတွေကို လုပ်ကြံရေးသားရန် အတွက် သူတို့ ရထားသော အချက်အလက်တွေကို သုံးရန် စီစဉ်နေခဲ့ကြသည်။

အနုပညာ လောက ဆိုတာ အဲ့လို ပုံစံမျိုးပါပဲ။ ကောလဟာလတွေ အရမ်း များလာလျှင် အစစ်အမှန် မဟုတ်တဲ့ ကောလဟာလတွေ ဆိုလျှင်တောင်မှ အနည်းဆုံးတော့ လူ တချို့အပေါ် ထားရှိတဲ့ လူထုအမြင်ကို ဖျက်ဆီးပစ်နိုင်သည်။

ထိုအကြောင်းပြချက်ကြောင့် အနုပညာ လောကထဲမှ နာမည်ကျော် အနုပညာရှင်တွေက သတင်းထောက်တွေကို အလွန် ကြောက်ကြတာ ဖြစ်သည်။ လူတွေ အများကြီး အာရုံစိုက်တာကို ခံရလျှင် လူ တချို့ရဲ့ မနာလိုမှုကိုလည်း သေချာပေါက် ဆွဲဆောင်ပြီးသား ဖြစ်လိမ့်မည်။

ကောလဟာလဖြန့်သူက တစ်ယောက်တည်း ဆိုလျှင် တော်သေးသော်လည်း နှစ်ယောက် ဆိုလျှင်တော့ ကောလဟာလ အဖြန့်ခံရသော အနုပညာရှင်ခမျာ အနုပညာ လောကထဲမှာ နာမည်ပျက်မသွားလျှင်တောင်မှ လူတွေ စက်ဆုပ်ရွံရှာတာ ခံရဖို့တော့ လုံလောက်သည်။

ထိုလူတွေက စုယန်ယန်ကိုလည်း တခြား အနုပညာရှင်တွေနဲ့ အတူတူပဲလို့ ထင်ထားကြတာပင်။ သူမအား ကိုယ့်ကိုယ်ကိုယ် အလွန် ယုံကြည်မှုရှိပြီး မဟုတ်မခံ ဆတ်ဆတ်ကျဲနေလိမ့်မည်ဟု သူတို့ ထင်မထားကြ။

သူမဟာ သူတို့မျက်နှာကို စေ့စေ့ ကြည့်ပြီး ငြင်းခုံပြီးနောက်မှာ ဗီဒီယို တစ်ခုလုံးကိုပင် အွန်လိုင်းပေါ် တင်ခဲ့လေသည်။ သူတို့မှာ မဟုတ်မမှန် သတင်းတွေကို လုပ်ကြံရေးသားဖို့ အချိန်လေးတောင် မရလိုက်ပါဘူး။

သူတို့သည် မခံမရပ်နိုင်အောင် ဒေါသူပုန်ထနေခဲ့ကြသော်လည်း အနှေးနှင့် အမြန် ပြန်လက်စားချေရန် စီစဉ်လိုက်ကြသည်။

သို့သော်လည်း သူတို့ ထိုမေးခွန်းတွေကို မေးလိုက်ချိန်မှ စ၍ သူတို့မှာ ဒီလောကထဲ ဆက်လက် ကျင်လည်ဖို့ အခွင့်အရေး မရှိတော့ပါ။

လူ တချို့က သတင်းထောက်တွေကို ဒေါသထွက်တာအပြင် စုယန်ယန်နှင့် ဟောက်ချန်းဟွမ်း၏ ဆက်ဆံရေး သမိုင်းကြောင်းကိုလည်း စိတ်ဝင်စားနေခဲ့ကြသည်။

[ ဒါဆို သူတို့ နှစ်ယောက်က အဲ့လိုနဲ့ စုံတွဲ ဖြစ်သွားကြတာပေါ့။ အတိအကျ ပြောရရင် အဲ့ဒီ သတို့သားလောင်း အဟောင်း အောင်သွယ်တော် မြားနတ်မောင်ပေါ့လေ … ။ သူ အခု အရမ်း ဒေါသထွက်နေပြီလား ဆိုတာ ငါ သိချင်တယ်။ ]

ဟောက်ရှောက်ဖုန်းသည် သေချာပေါက်ကို ဒေါသထွက်နေခဲ့၏။ စုယန်ယန်နှင့် သူနှင့် စေ့စပ်ထားတာကို ဖျက်သိမ်းပြီးခဲ့ပြီ ဆိုပေမဲ့ သူ မလိုချင်တဲ့ မိန်းကလေးကို တခြား ယောက်ျား တစ်ယောက်က လာယူသွားလို့ မရဘူးဟု ထင်မိသည်။

အဲ့ဒီ ယောက်ျားက သူ့ကို စိတ်အနှောင့်အယှက်အပေးဆုံး သူ့ဦးလေး ဖြစ်နေတယ် ဆိုတာကိုတော့ ထည့်မပြောဝောာ့ဘူး။

သူ့ဦးလေးက သုံးစားမရတဲ့ လူ တစ်ယောက်ထက် ဘာမှ မပိုဘူးလေ။ ဘယ်လိုလုပ် သူ့ကို သဘောကျတဲ့ လူ ရှိနေနိုင်ရတာလဲ။

ဟောက်ရှောက်ဖုန်းက ဗီဒီယိုထဲမှ စုယန်ယန်ရဲ့ ဝံ့ဝံ့ကြွားကြွား အမူအရာကို ကြည့်နေမိသည်။ သတင်းထောက်တွေကို ဟောက်ချန်ဟွမ်းအပေါ် ထားတဲ့ သူမရဲ့ ခံစားချက်တွေ အကြောင်း ပြောနေချိန်မှာ သူမ ဘယ်လောက် လေးနက်နေလဲ ဆိုတာကို မြင်လျှင် သူ သွေးမျက်ရည်ကျတော့မလို ဖြစ်သွားရသည်။

မကြာခင်မှာ မတ်တပ်ရပ်တော့မည်ဟု စုယန်ယန် ပြောတာကို ကြားတော့ သူ လှောင်ရယ်မိသည်။ “ ဟားဟား ၊ ပြန်ပြီး မတ်တပ်ရပ်မယ် .. ဟုတ်လား။ ” ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လိမ်နေတာ ၊ အလိမ်အညာတွေ။ အဲ့ဒီ သုံးစားမရတဲ့ လူက သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး ဒုက္ခိတ တစ်ယောက်ပဲ ဆက်ဖြစ်နေဦးမှာပဲ။ “

လူ တချို့ကဝောာ့ စုယန်ယန်ရဲ့ စကားတွေကို ယုံကြည်ကြသော်လည်း မယုံကြည်ကြသူ တချို့လည်း ရှိနေပါသေးသည်။

[ သူက မင်းကို ဆေးရုံပို့ပေးဖို့ လူ တစ်ယောက်ကို ခိုင်းလိုက်တာနဲ့ပဲ မင်းက သူ့ကို ချစ်မိသွားတာပေါ့လေ။ ဒါ အရမ်း ချဲ့ကား ပြောနေတာပဲ။ ]

[ အဲ့ဒါက တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်တာ သေချာတယ်။ မင်းရဲ့ သတို့သားလောင်းက ရုတ်တရက်ကြီး သူ့ခြေထောက်ကို ချိုးခဲ့တာလေ ၊ သူ မင်းအပေါ် ဖောက်ပြန်နေခဲ့တယ်လို့တောင် ပြောလို့ ရတယ်။ ပြီးတော့ သူက လူတိုင်းရှေ့မှာ မင်းနဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ သူ့ရဲ့ တိတ်တိတ်ပုန်း ကောင်မလေးကို ခေါ်လာခဲ့တယ်။ အဲ့ဒါက မိန်းကလေး တစ်ယောက်ကို ဘယ်လောက်တောင် စိတ်ထိခိုက်စေမလဲ ဆိုတာ လူတိုင်း တွေးကြည့်လို့ ရတယ်။ အဲ့အချိန်မှာ နူးညံ့ကြင်နာတတ်တဲ့ ယောက်ျား တစ်ယောက်က မင်းအတွက် စိတ်ပူပေးလာရင် သူ့ကို မင်း ချစ်မိသွားဖို့ ဘယ်လောက်မှ ကြာလိုက်မှာ မဟုတ်ဘူး။ ဆိုရိုးစကားလေး အတိုင်းပဲပေါ့ ၊ နာကျင်စရာ ဆက်ဆံရေး ဒဏ်ရာဟောင်းကို ကုသဖို့ အကောင်းဆုံး နည်းလမ်းက ဆက်ဆံရေး အသစ် တစ်ခုကို စတင်တာပါပဲ တဲ့။ ]

[ အိုး … တကယ်ပဲ အဲ့လို ဆိုရင် ဥက္ကဌစုရဲ့ ခင်ပွန်းက ပွဲလန့်တုန်း ဖျာခင်းခဲ့တာ မဟုတ်ဘူးလား။ ]

[ သောက်ကျိုးနည်း … ဘယ်သူက ပွဲလန့်တုန်း ဖျာခင်းနေလို့လဲ။ ဟိုမကောင်းတဲ့ကောင်က တိတ်တိတ်ပုန်း ရည်းစားနဲ့ သူမအပေါ် အရင်ဆုံး ဖောက်ပြန်နေခဲ့ဝာာလေ ၊ အဲ့ဒါတောင်မှ ဒင်းက သူ့သတို့သမီးလောင်းလေးကို စေ့စပ်ပွဲ ဖျက်သိမ်းဖို့ အတင်းအကျပ် ဖိအားပေးနေတုန်းပဲ။ ဥက္ကဌစုက ဆက်ဖောက်ပြန်ခံရပြီး အဲ့ဒီ မကောင်းတဲ့ ကောင် အတွက် သူမရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး ခြောက်ပြစ်ကင်း သဲလဲစင်အောင် နေသွားရမယ် ဆိုတာ ဖြစ်ရော ဖြစ်သင့်ရဲ့လား။ အဓိပ္ပာယ်မရှိတဲ့ ဒီအတွေးကြီးက ဘယ်ကနေ ရောက်လာတာလဲ။ သူက သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ရှိသမျှ မိန်းကလေးတွေ အကုန်လုံး သူ့ကိုပဲ ဗဟိုပြုပြီး လည်ပတ်နေရမယ့် ရှေးခေတ် ဘုရင် တစ်ပါးလို့ တကယ် ထင်နေတာလား။ ]

[ ငါကတော့ ဒီအမျိုးသမီးရဲ့ စကားတွေက အရမ်းကို ချဲ့ကားလွန်းတယ်လို့ ခံစားနေရတုန်းပဲ။ သူမ စိတ်အားငယ်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က သူမကို ကယ်တင်ပေး ၊ နှစ်သိမ့်ပေးတာနဲ့ပဲ သူမက သူ့ကို အချစ်စစ်နဲ့ ချစ်သွားပြီး နတ်ဘုရား တစ်ပါးလို ဆက်ဆံတယ်တဲ့လား။ ဒါ ဟန်ဆောင်နေတာသာ မဟုတ်ရင် သူတို့ နှစ်ယောက် ဟိုးအစောကြီးကတည်းက အတူတူ အိပ်ထားတာ ဖြစ်လိမ့်မယ်။ ]

All Chapters