← Chapters

အခန်း ၄၉၂

Vol. 33 Ch. 492

အခန်း ၄၉၂

Vol. 33 Ch. 492

အခန်း ( ၄၉၂ ) ထူးထူးဆန်းဆန်း သဘောတရားများ။

[ နင့်ပါးစပ်ကို ပိတ်ထားစမ်း။ဥက္ကဌစုနဲ့ သူမခင်ပွန်းရဲ့ အချစ်ကို နင် မနာလိုဖြစ်နေတာ မဟုတ်လား။ ]

[ အပေါ်က ကွန်းမန့် မန့်သူရေ ၊ ငါတော့ နင် အရင်တုန်းက တစ်ခါမှ ရည်းစား မထားဖူးဘူးလားလို့ အံ့ဩမိတယ်။ မိန်းကလေး တစ်ယောက်က နာကျင်နေတဲ့ အချိန်မှာ တကယ့်ကို အထိအရှလွယ်ပြီး အားငယ်နေတတ်တယ်။ အဲ့အချိန်မှာ ယောက်ျား တစ်ယောက်က သူမအပေါ် စိတ်ရင်းနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလာရင် များသောအားဖြင့် ဖြစ်နိုင်ခြေ နှစ်ခု ထွက်လာရော။ ဖြစ်နိုင်ခြေ တစ်ခုက သူမရဲ့ ဆက်ဆံရေး အဟောင်းကြောင့် ဒီတစ်ခေါက်မှာ နှလုံးသားကို လွယ်လွယ်နဲ့ မပေးရဲတာ ၊ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကဝောာ့ ဆက်ဆံရေး အသစ် တစ်ခုကို အချိန် ခဏလေး အတွင်း စတင်လိုက်တာ။ ဥက္ကဌစုက ဒုတိယ ပုံစံမျိုးထဲမှာ ပါတယ် ဆိုတာ အသိအသာကြီးပဲမို့လို့ ဘာမှ နားလည်ရခက်နေစရာ မလိုဘူး။ ]

အဲ့လို ဆိုရင်တောင်မှ လူ တချို့ကတော့ နားမလည်နိုင်ကြသေးပေ။ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းရဲ့ အိမ်ထောင်ရေးဟာ စုယန်ယန်ရဲ့ ယိမ်းယိုင်လွယ်သော ခဏတာ စိတ်ကစားမှုကြောင့်သာ ဖြစ်ပေါ်လာသည် ဟူ၍ ထင်နေကြသူ တချို့ပင် ရှိနေခဲ့သည်။

စိတ်ကစားတယ် ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းရတဲ့ အကြောင်းပြချက်ကတော့ စိတ်ကစားခြင်း ဆိုတာ ယာယီ အခိုက်အတန့်ပဲ ဖြစ်ပြီး ထာဝရ မတည်မြဲနိုင်လို့ပါ။ ထို့ကြောင့် ဒီလို အိမ်ထောင်ရေးကလည်း တည်မြဲမှာ မဟုတ်ဘဲ ကွာရှင်းပြတ်စဲခြင်းနှင့် အဆုံးသတ်သွားဖို့ အလွန် အလားအလာ များ၏။

သူမကို တိတ်တဆိတ် ကာကွယ်ပေးနေခဲ့သူ ၊ သူမ သေဆုံးပြီးနောက်ပိုင်းမှာတောင် အရာရာတိုင်းကို သူမအတွက် စွန့်လွှတ်ခဲ့သူ ၊ သူမနဲ့ သူမမိသားစု အတွက် လက်စားချေပေးဖို့ ငွေကြေး မတတ်နိုင်ခဲ့သူ ၊ ချမ်းသာအောင်မြင်ပြီးနောက်ပိုင်းမှာ သူမအတွက် တွန့်ဆုတ်မှုမရှိ ကိုယ့်ကိုယ်ကိုယ် အနစ်နာခံခဲ့သူ။

နှစ်ဝက်ပဲ ရှိသေးပေမဲ့ ဘဝသက်တမ်း တစ်ခုလို ခံစားရသည်။

အဲ့ဒါတွေ အကုန်လုံးကို သူမမျက်လုံးနဲ့ ကိုယ်တိုင် မြင်ပြီးတာတောင်မှ သူမက ဘယ်လိုလုပ် သူ့ကို မချစ်မိဘဲ နေနိုင်မှာလဲ။

သူမက နှလုံးသား ရှိတဲ့ လူသား တစ်ယောက်။ သူမရဲ့ နှလုံးသားက ဘယ်လောက်ပဲ အေးစက်နေပါစေ ၊ သူက သူမကို အရည်ပျော်ကျ နွေးထွေးစေခဲ့သည်။ သူမနှလုံးသားက သူ့ကို မချစ်မိဘဲ နေနိုင်မှာတဲ့လား။

လူတိုင်းက သူမအပေါ် အာရုံစိုက်နေကြသောကြောင့် စုယန်ယန်နှင့် ဟောက်ရှောက်ဖုန်းတို့၏ စေ့စပ်ပွဲ ဖျက်သိမ်းခြင်း အကြောင်းကလည်း နောက်တစ်ကြိမ် တစ်ကျော့ပြန်ကာ စကားဝိုင်းထဲ ရောက်လာခဲ့သည်။

[ မစ္စစုနဲ့ ဟောက်မိသားစု သခင်လေးတို့ကြား ဖြစ်ခဲ့တဲ့ အဖြစ်အပျက်အကြောင်း ငါ ကြားထားတယ်။ အဲ့ဒါ ပြီးသွားတော့ လူတွေ အများကြီးက စုမိသားစုကို သူတို့နောက်ကွယ်မှာ လှောင်ရယ်နေခဲ့ကြတာ။ မစ္စစုက အသုံးမကျလို့ ကိုယ့်လူကိုယ် မထိန်းနိုင်တာလို့ သူတို့က ထင်ခဲ့ကြတာပေါ့။ သူမက အသုံးမကျတဲ့ အတွက် တိတ်တိတ်ပုန်း ရည်းစား တစ်ယောက်ဆီမှာ သတို့သား အလုခံရဖို့ ထိုက်တန်တယ် တဲ့။ ]

[ ဘုရားရေ ၊ တကယ်ကြီးလား။ အခုခေတ်မှာ တကယ်ပဲ အဲ့လို အတွေး‌နဲ့ လူတွေ ရှိနေသေးတာပဲ။ ယောက်ျားလေးဘက်က အမှား ဆိုတာ သိသာနေတာတောင်မှ သူတို့က မိန်းကလေးဘက်ကိုပဲ ဘာလို့ လှောင်ရယ်နေကြတာလဲ။ သိပ်ကို စိတ်ပျက်စရာကောင်းတဲ့ အတွေးပဲ။ ]

ဤအတွင်းလူက လိမ်ညာနေတာ မဟုတ်။ အမျိုးသားနှင့် အမျိုးသမီးတွေဟာ တန်းတူ ဖြစ်သည်ဟု သူ့ပါးစပ်က ပြောနေပေမဲ့ ကမ္ဘာကြီးကတော့ အမျိုးသမီးတွေကို နှိမ့်ချကာ အမျိုးသားတွေကိုပဲ မျက်စိမှိတ် ဘက်လိုက်နေခဲ့သည်။

စုမိသားစုက ဟောက်မိသားစုကဲ့သို့ မချမ်းသာသော်လည်း အချင်းချင်း သင့်မြတ်ပြီး စည်းလုံးသော မိသားစု တစ်စု ဖြစ်ပါသည်။

အထက်တန်းလွှာ လူ့အသိုင်းအဝိုင်းထဲမှာ အဖေစုကို လူထူးဆန်း တစ်ယောက်ဟု သတ်မှတ်လို့ ရသည်။ သူ့စီးပွားရေးလုပ်ငန်းတွေ အောင်မြင်တိုးတက်လာချိန်မှာ သူက အခက်အခဲတွေကို သူနှင့်အတူ ကျော်ဖြတ်လာခဲ့တဲ့ ဇနီးဖြစ်သူကို စိတ်ကုန် အထင်သေးသွားတာမျိုး မရှိဘဲ ထိုအစား ပိုလို့တောင် မြတ်နိုးလာခဲ့သည်။

ပိုက်ဆံရှိလာတိုင်း အကျင့်ပျက်ပြီး စိတ်အပြောင်းအလဲလွယ်တဲ့ လူတွေထက် သူက အဆပေါင်းများစွာ သာလွန်သည်။

ဟောက်ချီဟန် မိသားစုရဲ့ မစ်စတာ ဟောက်ပင်လျှင် သူတို့ နှစ်ယောက်ဟာ အချင်းချင်း သဟဇာတဖြစ်တဲ့ ပျော်ရွှင်စရာ စုံတွဲ တစ်တွဲလို့ လူတွေကို ထင်မြင်စေတယ် ဆိုတာ သိထားရပါမည်။ သို့သော် သူတို့ အိမ်ပြန်ရောက်သည်နှင့် သူမက သူမခင်ပွန်း အော်ငေါက်တာ ခံရပြီး ခင်ပွန်းဖြစ်သူရဲ့ ဝေယျာဝိစ္စတွေကို လုပ်ပေးရင်း အလုပ်ရှုပ်နေလေ့ရှိသည်။

သူမ အိမ်ထောင်မကျခင်တုန်းက အိမ်မှာ အလိုလိုက်ခံထားရသော သမီး တစ်ယောက် ဖြစ်ခဲ့သည်။ သူမ အိမ်ထောင်ကျသွားတော့ ခင်ပွန်းဖြစ်သူဆီကနေ တုန်နေအောင် ဆက်လက် အချစ်ခံရကာ ဉာဏ်ကောင်းသော ချစ်စရာ သားသမီး နှစ်ယောက်ကို မွေးထားခဲ့သည်။ ချန်ရှို့ချင်သည် အထက်တန်းလွှာ မိန်းမပျိုတွေ အများကြီးရဲ့ အားကျမှု ၊ မနာလိုမှုတွေကို အလွယ်တကူ ရရှိထားခဲ့သည်။

သူမ၏ ဘဝမှာ မှားယွင်းသွားခဲ့တဲ့ တစ်ခုတည်းသော အရာကတော့ သူမသမီးရဲ့ အိမ်ထောင်ရေးပါ။

လူများစွာက သူတို့ရှေ့မှာ ထိုစကားကို မပြောရဲကြသော်လည်း ထေ့ငေါ့ပြောဆို ဝေဖန်မှုတွေကိုတော့ သေချာပေါက် ထိန်းမထားခဲ့ကြ။

[ အဲ့ဒါကို ကောင်းတယ်လို့ ပြောလို့ ရတာပဲ။ နောက်ပိုင်းမှာ မစ္စစုက ဟောက်မိသားစုရဲ့ ဦးလေးနဲ့ လက်ထပ်ဖြစ်ခဲ့တယ်လေ။ မစ္စစုက နာမည်ပျက်သွားလို့ လက်ထပ်လို့ မရတော့ဘူးလို့ သူတို့တွေက ပြောပေမဲ့ သူမကတော့ ကိုယ့်ကိုယ်ကိုယ် လက်လျှော့ပြီး ဘာမှ သုံးစားမရတဲ့ လူ တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ လူတွေက မစ္စစုရဲ့ မိဘတွေကိုတောင်မှ သူတို့သမီးကို ကျော်ကြားမှု အတွက် ရောင်းစားတယ် ဆိုပြီး စွပ်စွဲခဲ့ကြတယ်။ ]

[ ချီးပဲ ၊ ဒီကီးဘုတ်ဖိုက်တာတွေ တရားလွန်သွားပြီလို့ ငါ ထင်တယ်။ အောင်မြင်နေတဲ့ ဒီလူတွေကို ဘာလို့ … ]

All Chapters