← Chapters

အခန်း ၄၉၃

Vol. 33 Ch. 493

အခန်း ၄၉၃

Vol. 33 Ch. 493

အခန်း ( ၄၉၃ ) နှစ်ပတ်လည် အခမ်းအနား

[ မနာလိုမှု ဆိုတဲ့ သဘောတရားက မင်း အောင်မြင်လား .. မအောင်မြင်ဘူးလား ဆိုတာ ငါ ဂရုမစိုက်ဘူး ၊ တစ်ဖက်လူက မင်းထက် သာတဲ့ ဘဝမှာ နေထိုင်နေလား ဆိုတာကိုပဲ ငါ သိချင်တယ် ဆိုတာမျိုး။ တစ်ဖက်လူက ပျော်ရွှင်နေ,နေ ၊ ဆင်းရဲဒုက္ခရောက်နေ,နေ မင်း သူတို့ကို နှိုင်းယှဉ်ကြည့်လိုက်ရင် အကုန်လုံးက ဆက်စပ်နေတယ်။ ]

[ ချစ်စရာကောင်းတဲ့ အပေါ်က ကွန်းမန့် မန့်သူလေး ရှိနေသေးလားဟေ့။ မြန်မြန် ဆက်ပြောပါဦး။ အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်လဲ။ ]

[ ဟားဟားဟား ၊ တခြား ဘာရှိရဦးမလဲ။ ဟောက်မိသားစုရဲ့ ဦးလေးက သူ့ဇနီးလေး အတွက် လက်စားချေပေးဖို့ ကိုယ်ပိုင် ကျွန်း တစ်ကျွန်းပေါ်မှာ မင်္ဂလာပွဲ ကျင်းပခဲ့တယ်လေ။ ကျွန်းပေါ်မှာ လှပတဲ့ စံအိမ်ကြီး တစ်လုံးလည်း ရှိတယ် ၊ ခြံဝန်းထဲမှာတော့ အပြာရောင် နှင်းဆီပန်း လှလှလေးတွေ စိုက်ထားတယ်။ မစ္စစုက အပြာရောင် နှင်းဆီတွေကို သဘောကျလို့ မင်္ဂလာပွဲ ပြီး,ပြီးချင်းမှာပဲ စံအိမ်နဲ့ ကျွန်းကို မစ္စစုကို လက်ဆောင်အဖြစ် ပေးခဲ့တာ။ ]

လက်ရှိ အချိန်ထိ အွန်လိုင်းပေါ်မှာ အော်ဟစ်နေသေးတဲ့ လူတွေ အများကြီးဟာ လူငယ် တစ်ကိုယ်တည်းသမားတွေလို့ ‌ပြောရမည်။ ထိုအသက်အရွယ် ယောက်ျားလေး ၊ မိန်းကလေး အကုန်လုံးမှာ အချစ်နှင့် ပတ်သက်လို့ စိတ်ကူးယဉ်အိပ်မက်တွေ ရှိကြသည်။

[ အား ၊ ဒါက အချစ်စစ်ပဲ။ ရှေးခေတ် အသုံးအနှုန်းတွေထဲမှာ ဒါမျိုးကို ‘ ကိုယ် မင်းကို ကိုယ့်ဇနီး အဖြစ် ငွေ အသပြာတွေ အများကြီးနဲ့ ငှားရမ်းချင်တယ် ’ လို့ ပြောကြတယ်။ မှန်လိုက်တာနော်။ သမီး အချစ်ကို ထပ်ယုံကြည်သွားပြီ ‌အမေရေ။ ]

[ ဟောက်မိသားစုရဲ့ ဦးလေးက သူ့ကျန်းမာရေးကြောင့် သူ ချစ်ရတဲ့ လူကို ဆွဲမချချင်လို့ တခြား တစ်ယောက်နဲ့ သူ ချစ်ရတဲ့ အမျိုးသမီးနဲ့ လက်ထပ်တာကို တိတ်တိတ်လေး ရပ်ကြည့်ပြီး သူမရဲ့ ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး သူမကို တိတ်တဆိတ် ကာကွယ်ပေးဖို့ စီစဉ်ထားတယ်လို့ ငါတော့ ထင်မိတယ်။ သူ ချစ်ရတဲ့ အမျိုးသမီးက စက်ဆုပ်စရာ ယောက်ျား တစ်ယောက်နဲ့ တွေ့သွားလိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ဘူး။ သူ ချစ်ရတဲ့ မိန်းမလှလေး အဲ့ဒီလို ဆက်ဆံခံလိုက်ရတာကို ဒေါသထွက်သွားတဲ့ ဦးလေးက သူ စုဆောင်းထားတဲ့ စည်းစိမ်းဥစ္စာတွေ အကုန်လုံးကို သုံးပြီး သူမနဲ့ လက်ထပ်ခဲ့တာပဲ။ ]

[ ဟဟဟ။ ဇာတ်လမ်း ကောင်းသားပဲ။ လာ ၊ လာ။ ငါ မင်းကို ဘောပင် ပေးမယ် ၊ မင်း အဲ့ဇာတ်လမ်းကို စာအုပ်ထဲမှာ ရေးပေးပါဦး။ ]

[ သဘောထားကြီးပြီး ပဟေဠိဆန်တဲ့ ဘော့စ် X က ဘုရင်တွေ ၊ ဘုရင်မတွေကို ခေါင်းမဖော်နိုင်အောင် နှိပ်ကွပ်ပစ်လိုက်ပြီ။ သူတို့တွေက ရုပ်ချောတယ် ၊ ကြင်နာတတ်တယ် ၊ ဆင်ခြင်တုံတရား ရှိတယ် ၊ ချမ်းသာတယ် ၊ သူတို့ဇနီးတွေကိုလည်း ငုံထားမတတ် ချစ်တယ်။ ငါ ဒီစုံတွဲလေးကို ပါးစပ်အမြုပ်ထွက်မတတ် ချီးကျူးမယ် ဆိုရင် ဂုရုကြီးတွေကရော ဘာကို စောင့်နေကြတာလဲ။ ]

[ မစ္စစုမှာ သူမခင်ပွန်းရဲ့ ဓာတ်ပုံ ဆိုလို့ တစ်ပုံတည်း ရှိတာ နှမြောစရာကောင်းတယ်။ မဟုတ်မမှန် စွပ်စွဲတိုက်ခိုက်တဲ့ လူတွေကို သူမ ပြန်ချေပထားတဲ့ ဗီဒီယိုနဲ့ ဒီဓာတ်ပုံက လွဲလို့ သူက သူ့မျက်နှာကို ပြတာ ရှားတယ်။ မဟုတ်ရင် ငါတို့လည်း ငါတို့ရဲ့ ကိုယ်ပိုင် အတင်းအဖျင်း အကြောင်းအရာကို ဖန်တီးနိုင်မှာ။ ]

စိတ်ကူးယဉ်လွန်းတာက တစ်ခါတရံမှာ မကောင်းတဲ့ အရာတော့ မဟုတ်။ သူတို့က ဘာကိုမှ သေချာ သိမထားတာတောင် အမှန်တရားကို ဖော်ထုတ်နိုင်ကြသည်။

သူနှင့် စုယန်ယန်အကြောင်း စတင် ရေးသားနေကြတဲ့ ၊ တခြား လုပ်စရာ မယ်မယ်ရရ မရှိသော အင်တာနက် အသုံးပြုသူတွေကို မြင်ချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေ ကွေးတက်သွားသည်။

သူ စုယန်ယန်ကို လက်ထပ်ခဲ့ချိန်တုန်းက သူမ ရရှိခဲ့သော ဝေဖန်မှုတွေကို ပြန်သတိရမိတော့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ မည်းမှောင်သွားသည်။

အခန်းထဲ ဝင်လာသော ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်း၏ မည်းမှောင်နေသော မျက်နှာကြီးကို အရင်ဆုံး မြင်လိုက်ရ၍ ကြောက်ဒူးတုန်ချင်သွားသည်။ သူ့အင်္ကျီကို သူ သပ်ရပ်သွားအောင် ဆွဲဆန့်ပြီး ဟောက်ချန်ဟွမ်းနံဘေးသို့ လျှောက်လာလိုက်၏။ “ ဟောက်ကော်ပိုရေးရှင်းရဲ့ နှစ် ( ၄၀ ) ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပဖို့ ရက် နည်းနည်းပဲ လိုပါတော့တယ် သခင်လေး။ အရင် နှစ်တွေတုန်းက သခင်လေး တစ်ခါမှ မတက်ရောက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ … ”

ဟောက်ချန်ဟွမ်းကလည်း ဟောက်မိသားစုရဲ့ မိသားစုဝင် တစ်ယောက် ဆိုတာ လူတိုင်း အသိ။ သခင်ကြီးဟောက်က ဟောက် က်ောပိုရေးရှင်းကို ဟောက်ချီဟန်ထံ လွှဲပြောင်းပေးခဲ့သော်လည်း သူ့အငယ်ဆုံး သားလေးကို ဘယ်တော့မှ မမျှမတ ဆက်ဆံတာမျိုး မရှိဘဲ ကုမ္ပဏီရဲ့ ရှယ်ယာ ပမာဏ လုံလုံလောက်လောက်ကို ပေးထားပါသေးသည်။

ထို့ကြောင့် ဟောက်ချန်ဟွမ်းက ဟောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်နေဆဲ။

သို့သော်လည်း ဟောက်ချန်ဟွမ်းသည် ရှယ်ယာရှင် တစ်ယောက်အနေဖြင့် ဟောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၂၀ % ကို ပိုင်ဆိုင်ထားသည့်တိုင် ကုမ္ပဏီ အရေးကိစ္စတွေထဲ ဝင်ပါတာ အလွန် ရှားသည်။ လွန်ခဲ့တဲ့ နှစ်တွေ အတွင်း သူ ဟောက်ကော်ပိုရေးရှင်းကို သွားတာ လက် ၅ ချောင်းပင် မပြည့်တာမို့ လူ အများစုက လူရှေ့မထွက်တဲ့ ရှယ်ယာရှင် သူ့ကို မေ့ရင် မေ့နေလောက်ပါပြီ။

“ ဟောက်ကော်ပိုရေးရှင်းရဲ့ နှစ် ( ၄၀ ) ပြည့် နှစ်ပတ်လည် အခမ်းအနား … ဟုတ်လား။ ” ဟောက်ချန်ဟွမ်း အလိုလို လက်ဆီးဆုပ်လိုက်မိသည်။ “ ငါ ငါ့ရှယ်ယာတွေထဲက တချို့တစ်ဝက်ကို ယန်ယန့်ဆီ လွှဲပြောင်းပေးထားတယ် မဟုတ်လား။ ”

“ ဟုတ်ကဲ့။ ၁၀ % ကို သခင်မလေးဆီ လွှဲပြောင်းပေးထားပါတယ်။ ”

ဟောက်ချန်ဟွမ်းက ပြုံးလိုက်သည်။ မင်္ဂလာပွဲနောက်ပိုင်း ဟောက်ချန်ဟွမ်း ဒီလို ပျော်ပျော်ရွှင်ရွှင် ပြုံးတာကို ကျိုးယန်ပိုင် မြင်ဖူးတာ ဒါ ပထမဆုံး အကြိမ်ပင်။

ဒါပေမဲ့ အဲ့ဒီတုန်းက အပြုံးက သူ့စိတ်ကို နွေးထွေးစေပေမဲ့ ဒီအပြုံးကတော့ သူ့ကို ကျောချမ်းစေသည်။

“ ငါ သွားမယ်။ ”

“ ခင်ဗျာ။ ”

“ ယန်ယန်နဲ့ ငါ ဒီနှစ် အခမ်းအနားကို တက်မယ်။ ”

ကျိုးယန်ပိုင်ရဲ့ နှလုံးသားက စည်းချက် တစ်ချက် လွတ်သွားကာ သူ တစ်စုံတစ်ရာကို ချက်ချင်း နားလည်သွား၏။ “ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် အရာအားလုံးကို ကြိုတင် စီစဉ်ထားလိုက်ပါ့မယ်။ ”

“ ကောင်းပြီ။ ”

All Chapters