← Chapters

အခန်း ၄၉၅

Vol. 33 Ch. 495

အခန်း ၄၉၅

Vol. 33 Ch. 495

အခန်း ( ၄၉၅ ) ဟိုလိုဂရပ်ဖစ်ဂိမ်း ထုတ်လွှင့်ကြေညာခြင်း။

ထင်ထားသည့်အတိုင်း စုယွီရွှမ်းရဲ့ အာရုံကလည်း ပြောင်းသွားခဲ့သည်။ “ မဆိုးပါဘူး။ အမေက ဖက်ထုပ်တွေကို ပိုကြိုက်တယ်။ အဖေကတော့ ကြက်ဥမွှေကြော်ကို ကြိုက်တယ်။ ငါကတော့ ပန်း ဘန်းကိတ်ပေါင်းတွေကို ကြိုက်တယ်။ ”

စုယန်ယန် ဆွံ့အသွားသည်။ သူတို့က အကြိုက်ချင်း မတူကြဘူးပဲ။

“ … အစ်ကိုတို့ ရန်ဖြစ်ကြသေးလား။ ”

“ ရန်ဖြစ်တာရယ်တော့လည်း မဟုတ်ပါဘူး။ အဖေက ဒီတိုင်း အေးအေးဆေးဆေးပဲ စကား နည်းနည်း ပြောလိုက်တာကို အမေက အဖေ့ကို စာကြည့်ခန်းထဲမှာ သွားအိပ်ဖို့ နှင်ထုတ်တယ်။ ”

“ … ” စာကြည့်ခန်းထဲမှာ သွားအိပ်ဖို့ နှင်ထုတ်ခံရတာတောင်မှ အဖေက ဘယ်လိုလုပ် စိတ်တည်ငြိမ်နေနိုင်သေးတာလဲ။

သူမ သူတို့ကို စားစရာတွေ မပေးခင် သုတေသန အရင် လုပ်ရမယ် ထင်တယ်။ မဟုတ်ရင် သူမ သူတို့ကို စားစရာတွေ တစ်ခါ ပို့ပေးတိုင်း စစ်ပွဲ တစ်ပွဲ ဖြစ်လာလိမ့်မည်။ နောက်ဆုံးကျ သူမရဲ့ အစ်ကိုနဲ့ အဖေပဲ ဒုက္ခရောက်မှာ မဟုတ်လား။

ဇီဝဗေဒဆိုင်ရာ အစီအစဉ် အောက်ခြေမှာ ရှိနေသော အစ်ကိုစုနှင့် အဖေစု : “ … ”

စုယန်ယန်သည် နောက်ဆုံးတော့ သူမရဲ့ အစ်ကိုနှင့် ဖုန်းပြောခြင်းကို အပြီးသတ်နိုင်ခဲ့သည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ ပင်ပန်းနေသော မျက်နှာကို ကြည့်ကာ စိတ်မကောင်းဖြစ်သွားမိသည်။ “ မင်း ပင်ပန်းနေပြီလား။ ဒီမနက် ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ပင်ပန်း‌နေတာလား။ ”

စုယန်ယန်က သူ့ဆီသို့ လျှောက်သွားပြီး သူ့ရင်ဘတ်ပေါ် မျက်နှာအပ်လိုက်၏။ “ ကျွန်မကို ကျွန်မရဲ့ အစ်ကိုက အခုလေးတင် ဖုန်းဆက်လာတယ်။ ”

ဟောက်ချန်ဟွမ်း ချက်ချင်း နားလည်သွားသည်။ “ ဒီမနက် ဖြစ်ခဲ့တဲ့ … ကိစ္စကြောင့်လား။ ”

စုယန်ယန်သည် သူ့ကို ခေါင်းမော့ ကြည့်လိုက်သည်။ “ ကျွန်မ ရှင့်အပေါ် ထားတဲ့ ခံစားချက်တွေကို လူကြားထဲမှာ ဖွင့်ဟဝန်ခံပြီးကတည်းက ကျွန်မမှာ ဖိအားတွေ အများကြီး ရှိနေခဲ့တာ။ အဲ့ဒါကြောင့် … ”

“ အဲ့ဒါကြောင့် …. ”

စုယန်ယန်က နှုတ်ခမ်းစူလိုက်သည်။ “ ကျွန်မကို ဆုချ‌ပေးပါ။ ”

ဟောက်ချန်ဟွမ်းက ပြုံးကာ သူမကို ငုံ့နမ်းလိုက်သည်။

စုယန်ယန်ရဲ့ မျက်လုံးတွေဟာ လခြမ်းကွေးလေးတွေ အဖြစ် ကွေးတက်သွားသည်။ သူမ ရင်ခုန်မှုကို ခံစားရသော်လည်း ဘာလုပ်ရမှန်း မသိ လမ်းပျောက်နေတဲ့ ခံစားချက်ကိုလည်း ခံစားရသည်။

ဟောက်ချန်ဟွမ်းကလည်း အဲ့ဒါကို သတိပြုမိသွားကာ တီးတိုး ပြောလိုက်သည်။ “ နည်းနည်းလောက် ထပ်စောင့်ကြရအောင်။ ”

“ ဘာလဲဟင်။ ” စုယန်ယန်က သူ ပြောတာကို သေချာ မကြားဘဲ သူ့ကို နားမလည်စွာ လှည့်ကြည့်လိုက်သည်။

“ ဘာမှ မဟုတ်ဘူး။ ”

စုယန်ယန်က မျက်တောင်လေး တဖျတ်ဖျတ် ခတ်ကာ ထိုအကြောင်း မစဉ်းစားတော့ဘဲ ဟောက်ချန်ဟွမ်း အတွက် မနက်စာ ပြင်ပေးရန် နေရာမှ ထလာလိုက်သည်။

နောက်လရဲ့ ပထမဆုံးနေ့မှာ ‘ စိတ်ဝိညာဉ် စားသောက်ပွဲ ’ ကို အစီအစဉ်ဆွဲထားသည့်အတိုင်း အွန်လိုင်းပေါ်မှာ ထုတ်လွှင့်ကြေညာခဲ့သည်။ ကုမ္ပဏီရဲ့ တရားဝင် အကောင့်သည် ထိုနေ့ မတိုင်ခင် ညကတည်းက ဝယ်ယူရမည့် လင့်ခ်ကို ချပေးထားခဲ့သည်။

စုယန်ယန်က အစတုန်းကတော့ ဂိမ်းတွေ ဆိုတာ ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အရာ တစ်ခု မဟုတ်ဘူးလို့ ထင်ထားခဲ့တာ ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ပထမဆုံး ဟိုလိုဂရပ်ဖစ် ဂိမ်း ဖြစ်သဖြင့် သူတို့ရဲ့ ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းလေးတွေနှင့် ဂိမ်းဆော့သည့် ဦးထုပ်တွေဟာလည်း ဈေးမပေါပါ။ လူအများကြားမှာ ထိုဂိမ်း ရေပန်းစားနိုင်ရန် အတွက် အချိန် တချို့ ယူရလိမ့်မည်။

မျှော်လင့်မထားစွာဖြင့် ထိုဂိမ်းအပေါ် ထားတဲ့ ဂိမ်းပရိသတ်တွေရဲ့ စိတ်အားထက်သန်မှုကို သူမ လျှော့တွက်မိခဲ့သည်။ အဲ့ဒီ ညမှာပဲ ပစ္စည်း နှစ်ခုကို ဝယ်ယူမှု ပမာဏသည် အမြင့်ဆုံး စံချိန်သစ် တစ်ခုကို ရောက်သွားခဲ့သည်။

ဒုတိယနေ့ ရောက်တော့ ဂိမ်းကို တရားဝင် ဖွင့်လှစ်ခဲ့ကာ ဂိမ်းထဲကို လော့ဂ်အင် ဝင်ခဲ့သော ကစားသမား အရေအတွက်ကလည်း မိနစ် အနည်းငယ် အတွင်းမှာပင် ကိန်းဂဏန်း ၇ လုံး အထိ ကျော်လွန်လျက် ဟိုလိုဂရပ်ဖစ် ကမ္ဘာကို အသက်သွင်းခဲ့ကြသည်။ နောက် ၁ နာရီ အကြာမှာဝော့ သူတို့ဟာ အရေအတွက် ကိန်းဂဏန်း ၈ လုံးကို ကျော်ဖြတ်ကာ အလွန် လျင်မြန်သော နှုန်းဖြင့် ဆက်လက် မြင့်တက်များပြားလာခဲ့၏။

ဒီဂိမ်းက သူတို့ကို အရူးလုပ်ထားတာလား ဆိုတာ သိချင်သော ဖြတ်သွားဖြတ်လာများ အားလုံး ဆွံ့အသွားခဲ့ကြသည်။ ဖြစ်ပျက်နေသော အဖြစ်အပျက်ကို သူတို့ နားလည်သွားချိန်မှာတော့ ဒီလူတွေက တကယ့်ကို ဦးနှောက်မရှိတဲ့ လူချမ်းသာတွေပဲဟု ပြောမိကြသည်။ ဂိမ်းကို ရောင်းချသည် သူ့ဂိမ်းကို ဝယ်ယူအောင်လို့ လိမ်နေတာလား ဆိုတာကိုတောင် သူတို့ မသိကြ။ အဲ့လို လူတွေက အလိမ်ခံရဖို့ ထိုက်တန်သည်။

သို့သော် ဂိမ်းကို တရားဝင် ထုတ်ပြန်ပြီး နောက် ၁ နာရီ ကြာသည်ထိ အင်တာနက်ပေါ်မှာ ဘယ်လို တုံ့ပြန်မှုမျိုးမှ ထွက်မလာခဲ့။

ထိုအရာက လူတွေအား ဒီဂိမ်းက အလိမ်အညာ ဂိမ်း တစ်ခု ဆိုတဲ့ သူတို့ရဲ့ ထင်မြင်ချက်ကို မှန်ကန်စေသည်ဟု ခံစားရစေသည်။ ဒါပေမဲ့ တကယ်ပဲ အမှန် ဆိုရင်လည်း အဲ့ဂိမ်းက အလိမ်အညာ ဆိုတဲ့ အကြောင်းကို လူတွေက ဘာလို့ ဒီလောက် ကြာနေတာတောင်မှ ထုတ်မပြောကြသေးတာလဲ။

နောက် ၁ နာရီ ကြာသွားချိန် အထိ ဂိမ်းထုတ်လုပ်သူတွေ လိမ်တာ ခံရ၍ ဒေါသထွက် ၊ မကျေမနပ် ဖြစ်ကာ အင်တာနက်ပေါ်မှာ အမှန်တရားကို ချပြသော ဂိမ်းကစားသူမျိုး မရှိသေးပေ။

သတင်းတွေကို စောင့်နေကြသော ဖြတ်သွားဖြတ်လာများသည် တစ်ခုခု မှားယွင်း‌နေမှန်း နောက်ဆုံးတော့ သဘောပေါက်သွားကြ၏။ ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင် ဂိမ်းများကို လှည့်ကွက် တစ်ခု အဖြစ် သုံးခဲ့ကြသော ဂိမ်းထုတ်လုပ်သူများသည် နာရီဝက်တောင် မကြာလိုက်ဘဲ လိမ်ထားတာတွေ မှန်သမျှ လူထုကြားမှာ ကွက်ကွက်ကွင်းကွင်း ပေါ်လာကာ ကြိမ်းမောင်းခံရလေ့ရှိသည်။

ဒီဂိမ်းက ဘာဖြစ်နေတာလဲ။ ဒီလောက် ကြာနေတာတောင်မှ ဘာသတင်းမှ ထပ်မကြားရသေးပါလား။

All Chapters