← Chapters

အခန်း ၄၉၆

Vol. 34 Ch. 496

အခန်း ၄၉၆

Vol. 34 Ch. 496

အခန်း ( ၄၉၆ ) စစ်မှန်တဲ့ ဟိုလိုဂရပ်ဖစ် ဂိမ်း

ဤဂိမ်းကို အလိမ်အညာ ဂိမ်းလား ဆိုတာ သိချင်နေကြသော ဖြတ်သွားဖြတ်လာများမှာ စူးစမ်းဖို့ အချိန်မရသေးခင်မှာပဲ ပထမဆုံး ဂိမ်းဆော့သူ အုပ်စုသည် နောက်ဆုံးတော့ ထွက်ပေါ်လာခဲ့ကြလေသည်။

[ ဝူးဝူးဝူး ၊ ဒါ ဘယ်လို ဂိမ်းမျိုးလဲ။ ဂရပ်ဖစ်တွေက အရမ်း အသက်ဝင်တယ် ၊ ဇာတ်ကောင်တွေကလည်း တကယ့် လူ အစစ်တွေအတိုင်းပဲ။ အရေးကြီးဆုံး အရာကတော့ တစ်ချိန်တည်းမှာပဲ အွန်လိုင်းပေါ်မှာ လူတွေ အများကြီး ဆော့နေကြတာတောင်မှ ဂရပ်ဖစ်တွေ မတည်မငြိမ် ဖြစ်တာမျိုး မရှိဘူး။ ငါ စကားပြောတာ ရပ်ပြီး ငါ့ရဲ့ ဂိမ်းဆော့တဲ့ အာကာယယာဉ် အခန်းလေးထဲမှာ ဂိမ်းဆော့ဖို့ အိမ်ပြန်တော့မယ်။ အားလုံးပဲ နှုတ်ဆက်ပါတယ်။ ]

[ ငါ တစ်ခေါက်လောက် စမ်းဆော့ကြည့်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆော့ကြည့်ဖြစ်သွားတာ။ ဒီလောက် ကောင်းမယ်လို့ ထင်မထားဘူး။ ငါ့ဘဝမှာ ဟိုလိုဂရပ်ဖစ် ဂိမ်းကို ဆော့နိုင်တယ် ဆိုကတည်းက လူဖြစ်ရကျိုးနပ်သွားပြီ။ ပြီးတော့ သူများတွေ မခံချင်အောင် ပြောရမယ် ဆိုရင်တော့ ငါ့ရဲ့ ဂိမ်းဆော့တဲ့ အာကာသယာဉ်ပုံစံ အခန်းလေးကို ထက်ဝက်ဈေးနဲ့ ရထားတာလေ။ မိုက်ချက်ပဲ။ ]

[ မင်းကလည်း ငါ့အစ်ကို ဝမ်းကွဲ တစ်ယောက်နဲ့ တူတူပဲ အပေါ်က ကွန်းမန့် မန့်သူရေ။ မင်း ကံထူးရှင် အယောက် ၁၅၀၀ ထဲမှာ တစ်နေရာ ရထားတာ မဟုတ်လား။ လခွီး ၊ ငါ့ကိုလည်း ငါ့အစ်ကို ဝမ်းကွဲက အခုလေးတင် ဖုန်းဆက်ထားတာ။ အဲ့ဒါက သူ့ဘဝမှာ ရှားရှားပါးပါး ကံကောင်းတဲ့ အခွင့်အရေး ဆိုပြီး ငါ့ကို ဟောင်ဖွာ ဟောင်ဖွာနဲ့ ကြွားဝါနေခဲ့တာလေ။ စစ်ဆေးမှုအတွက် ရွေးချယ်ခံရရုံတင် မဟုတ်ဘူး ၊ ဂိမ်းဆော့တဲ့ အာကာသယာဉ် ပုံစံ အခန်းလေးကိုလည်း ထက်ဝက်ဈေးနဲ့ ရလိုက်သေးတယ်။ သူ ငါ့ကို မျက်နှာကြီး ရှုံ့မဲ့သွားတဲ့ အထိ မနာလိုအောင် လုပ်မယ် ဆိုလည်း ကိစ္စမရှိပါဘူးကွာ။ ငါ တရားဝင် ဝက်ဘ်ဆိုဒ်ကိုလည်း အခု စစ်ကြည့်ထားလို့ ဂိမ်းဆော့တဲ့ အာကာသယာဉ် ပုံစံ အခန်းတွေနဲ့ ဂိမ်းဆော့တဲ့ ဦးထုပ်တွေ အကုန်လုံး ရောင်းထွက်သွားပြီ ဆိုတာ သိထားတယ်။ နောက်အသုတ်ကို ရောင်းပေးဖို့ လဝက်လောက် ကြာလိမ့်မယ်တဲ့။ အဟင့် အဟင့် အဟင့် … ]

[ ဟဲဟဲဟဲ ၊ ငါက အလှနတ်ဘုရားမလေး ဝေဝေ့ရဲ့ ကြော်ငြာကြောင့် ကံစမ်းမဲနှိုက်ကြည့်ခဲ့တာ။ အခုတော့ ငါ့ဘဝမှာ ငါ လုပ်ခဲ့သမျှ အရာတွေထဲက အကောင်းဆုံး အရာက ဝေဝေ့ရဲ့ ပရိသတ် တစ်ယောက် ဖြစ်လာတာပဲ ဆိုတာ ငါ နားလည်သွားပြီ။ အနုပညာရှင်တွေကို အချိန်ကုန်ခံပြီး အားပေးရတာ အားပေးရကျိုးနပ်တယ်။ စိတ်ဝိညာဉ် စားသောက်ပွဲက အရမ်း မိုက်တယ်။ ]

သူတို့ ပြောနေကြတဲ့ ကံထူးရှင် အယောက် ၁၅၀၀ ဆိုတာ စိတ်ဝိညာဉ် စားသောက်ပွဲရဲ့ တရားဝင် အကောင့်က ဝယ်ယူရမည့် လင့်ခ်ကို ချမပေးခင် အရင် တင်ခဲ့သည့် တခြား Post တစ်ခု ဖြစ်သည်။ ထို Post ထဲမှာ ကွန်းမန့်ထဲမှ ကံကောင်းတဲ့ ကျပန်း ကြည့်ရှုသူ အယောက် ၁၅၀၀ ကို ဟိုလိုဂရပ်ဖစ် ကမ္ဘာအား တစ်နာရီတိတိ တွေ့ကြုံခံစားရစေရန် ရွေးချယ်သွားမည်ဟု ပြောထားသည်။ တစ်နာရီတိတိ ဂိမ်းဆော့ကြည့်ပြီးနောက် တကယ်လို့ ထိုကံထူးရှင် ကြည့်ရှုသူများမှာ ဂိမ်းပစ္စည်းတွေကို ဝယ်ယူဖို့ ဆန္ဒရှိလျှင် ဂိမ်းဆော့သည့် အာကာသယာဉ် ပုံစံ အခန်းနှင့် ဦးထုပ် … နှစ်မျိုးထဲမှ တစ်မျိုးကို ရွေးချယ်နိုင်ပြီး ၅၀ % လျှော့ဈေးနှင့် ရနိုင်မှာ ဖြစ်သည်။

ထိုအကျိုးအမြတ်ကို Post တင်လိုက်သောအခါ သူတို့ကို စီးပွားရေးလုပ်ရာမှာ နှမြောတွန့်တိုတတ်သည်ဟု စွပ်စွဲထားသော တခြား ဂိမ်းကုမ္ပဏီများမှ အတုအယောင် သုံးသပ်သူ အများအပြားက စိတ်ဝင်စားသွားခဲ့ကြခဲ့သည်။ ထိုလူတွေက ကံထူးရှင် အယောက် ၁၅၀၀ ထဲမှ တစ်ယောက် ဖြစ်နိုင်ရုံသာမက ဟိုလိုဂရပ်ဖစ် ဂိမ်းကမ္ဘာမှာလည်း တစ်နာရီတိတိ ဆော့နိုင်မည် ဖြစ်ကာ ဂိမ်းပစ္စည်းတွေကိုလည်း ၅၀ % လျှော့ဈေး ရနိုင်ပါဦးမည်။

ဒီလို ပြောတော့မှ အမှုဆောင် အမျိုးသမီးကလည်း အလွန် သဘောထား တင်းမာသည်။ သူမက လိုက်ခ် အများဆုံး ရထားသော ကွန်းမန့်ကို တိုက်ရိုက် စာပြန်ကာ သူမတို့ကို နှမြောတွန့်တိုသည်ဟု ပြောထားသော လူများအား ကြိမ်းမောင်းခဲ့သည်။ သူမသည် ကုမ္ပဏီက အမှန်တကယ်ပဲ အတော် ဆင်းရဲကြောင်း ဝန်ခံလိုက်၏။ ဂိမ်းထုတ်လုပ်ရေးအပိုင်း အတွက် ရှိသမျှ ပိုက်ဆံတွေ အကုန်လုံးကို သုံးလိုက်ရသောကြောင့် သူတို့မှာ ငွေပိုငွေလျှံ ဆိုလို့ ဘာမှ မကျန်တော့။ “ လူတိုင်းက သိပ်ကို သဘောကောင်းပြီး အကောင်းမြင်တဲ့ သူတော်ကောင်းကြီးတွေ ဆိုရင် အလုပ်ကြိုးစားနေတဲ့ ကျွန်မရဲ့ ဝန်ထမ်းတွေကို ဘာလို့ ပိုက်ဆံ နည်းနည်းပါးပါးလောက် ဆုမချတာတာလဲ။ ” ဟု သူမက စာပြန်လိုက်သည်။

သူတို့က အချောင်လိုချင်နေကြတဲ့ ကပ်ပါးရပ်ပါး လူတွေ ဖြစ်နေတာတောင်မှ ကိုယ့်ကိုယ်ကိုယ် အရမ်း မှန်ကန်သလို ပြုမူနေကြတုန်းပဲ။ အရှက်မရှိတဲ့ လူတွေဟာ တကယ့်ကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေကြသည်။

စုယန်ယန်ရဲ့ စကားတွေက အတုအယောင် သုံးသပ်သူများကို ဆွံ့အသွားစေခဲ့သည်။ အမှန်တရားကို ပြောရတာ ကြိုက်သော အမှုဆောင် အမျိုးသမီးကိုလည်း ရွှယ်ချိုင်ဝေနှင့် လော့ဝေပင်းတို့ရဲ့ ပရိသတ်များကလည်း သဘောကျသွားခဲ့ကြသည်။

ပရိသတ်တွေက သူတို့အိုင်ဒေါတွေကို အားပေးတာ သဘာဝပဲမို့ အနုပညာရှင် နှစ်ယောက်လုံးရဲ့ ပရိသတ်တွေက ကံစမ်းမဲနှိုက်ခြင်းမှာ ပါဝင်ခဲ့ကြလေသည်။ အကျိုးရလဒ်အနေဖြင့် ကံထူးရှင် အယောက် ၁၅၀၀ ရဲ့ တစ်ဝက်ကျော်ကျော် အရေအတွက်ကို နှစ်ဖက်ပရိသတ်တွေက နေရာယူထားခဲ့၏။ ပစ္စည်းကောင်းလေးတွေကို မိသားစု အတွင်းမှာပဲ ဝေမျှထားသည်ဟု ပြောလို့ ရသည်။

အစတုန်းက စူးစမ်းနေခဲ့ကြသော ဖြတ်သွားဖြတ်လာများသည် သူတို့ရဲ့ တုံ့ပြန်စကားတွေကို မြင်ချိန်မှာ အံ့အားသင့်သွားခဲ့ကြသည်။ အချိန် အတော်ကြာအပြီး နောက်ဆုံးမှာမှ သူတို့ သတိဝင်လာကာ မယုံသင်္ကာ မေးလိုက်သည်။

[ … အဲ့တော့ ဒီဂိမ်းက အစစ်အမှန် ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ တကယ်ပဲ ဟိုလိုဂရပ်ဖစ်လား။ ]

[ လွန်ခဲ့တဲ့ တစ်နာရီတုန်းက လူတိုင်းက ဂိမ်းဆော့တဲ့ အာကာသယာဉ်ပုံစံ အခန်းလေးကို ဝယ်ခဲ့ကြတဲ့ လူတွေကို ဦးနှောက်မရှိတဲ့ လူချမ်းသာတွေ ၊ နောက်ပြီး ဂိမ်းကုမ္ပဏီဆီက နောက်တစ်ခေါက် ထပ်အလိမ်ခံလိုက်ရမှန်း သူတို့ နားလည်သွားလောက်ပြီလို့ ထင်ကြေးပေးနေခဲ့ကြတာ။ အခု ငါ အခု စဉ်းစားကြည့်တော့မှ အဲ့လို ထင်နေတဲ့ လူတွေကသာ ဦးနှောက်မရှိကြတာပဲ။ သူတို့က တကယ်ပဲ အလိမ်ခံလိုက်ရတယ် ဆိုရင် ဘယ်လိုလုပ် ဒီလောက် တိတ်ဆိတ်နေနိုင်မှာလဲ။ သူတို့ ဂိမ်းဆော့တဲ့ အခန်းလေးထဲမှာ လဲလျောင်းပြီး ဂိမ်းဆော့ရင်း အပြင်ထွက်မလာချင်တာ ဖြစ်ရမယ်။ ]

ထိုကွန်းမန့်က ပစ်မှတ် အလယ်ဗဟိုတည့်တည့် ချက်ကောင်းကို ထိလုနီးပါး ဖြစ်သွားကာ ထင်ယောင်ထင်မှား ဖြစ်နေကြသူတိုင်းကို လှုပ်နှိုးပေးခဲ့သည်။

အဲ့လို မဟုတ်ဘူးလား။ အကယ်၍ သူတို့သာ တကယ်ပဲ အလိမ်ခံထားရတယ် ဆိုရင် ဘယ်လိုလုပ်ပြီး မကျေမနပ် ထွက်ပြောတဲ့ သူ တစ်ယောက်မှ မရှိရတာလဲ။ ဘေးကနေ ထိုင်ကြည့်နေတဲ့ လူတွေကလည်း အခြေအနေကို အခြေအနေကို သေသေချာချာ မြင်နေကြတာပဲလေ။

အဲ့ဒီ လူတွေက ဂိမ်းဆော့ရင်း ပျော်ရွှင်နေကြတယ် ဆိုတာ အထင်အရှားပဲ ဖြစ်သည်။

All Chapters