← Chapters

အခန်း ၄၉၇

Vol. 34 Ch. 497

အခန်း ၄၉၇

Vol. 34 Ch. 497

အခန်း ( ၄၉၇ ) ဝယ်ကြ ၊ ဝယ်ကြ၊ ဝယ်ကြ။

အကြို စမ်းသပ်မှု အတွေ့အကြုံ အတွက် ရွေးချယ်ခံထားရသူတွေကသာလျှင် တစ်နာရီတိတိ အလကား ဂိမ်းဆော့ရန် ရွေးချယ်ခံရမှာ ဖြစ်သည်။ အချိန်ကျလာသောအခါ သူတို့က ချက်ချင်းပဲ အထဲကနေ ထွက်လာခဲ့ကြသည်။ အဲ့ဒါက အသက်ရှူမှန်အောင် ခဏ ရပ်နားဖို့ သူတို့ စောစောစီးစီး ထွက်လာရခြင်းရဲ့ အကြောင်းအရင်း ဖြစ်သည်။

အခု သူတို့ အားလုံးဟာ ထက်ဝက်ဈေးနှင့် ရထားသည့် သူတို့ရဲ့ ဂိမ်းကစားသည့် အာကာသယာဉ်ပုံစံ အခန်းတွေကို အိမ်သို့ စိတ်လှုပ်ရှားစွာ သယ်လာခဲ့ကြပြီ ဖြစ်သည်။ ထိုအဖြစ်အပျက်က လူတွေကို အားကျ မနာလိုဖြစ်သွားစေခဲ့သည်။

[ ဟိုလိုဂရပ်ဖစ် ဂိမ်းကို တကယ်ကြီး ထုတ်လွှင့်နေပြီလား။ ငါ့ဘဝမှာ ဟိုလိုဂရပ်ဖစ် ဂိမ်းကို တကယ် မြင်နိုင်ပြီပေါ့လေ။ အား ၊ ဝယ်မယ်ဟေ့။ ]

ဂိမ်းသမား အများအပြားသည် သတင်းတွေက အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးနောက် ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းတွေကို ဝယ်ယူရန် တရားဝင် ဝက်ဘ်ဆိုဒ်သို့ အပြေး ရောက်လာခဲ့ကြသည်။ သို့သော် ခဏအကြာမှာပဲ သူတို့ကိုယ်သူတို့ အလွန် တုံးအကြောင်း နားလည်သွားကြ၏။

“ စိတ်ဝိညာဥ် စားသောက်ပွဲ ” ရဲ့ ဂိမ်းထုတ်လုပ်သူက ရှင်းပြသည်။ “မ‌နေ့တုန်းက မင်းတို့ ငါ့ကို လျစ်လျူရှုခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ငါ မင်းတို့ကို အခွင့်အရေးကောင်းတွေနဲ့ မထိုက်တန်အောင် လုပ်ပြမယ်။ ”

ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းနှင့် ဦးထုပ် ပထမ အသုတ်ကို သူတို့ ဘာမှ မလုပ်နိုင်သေးခင်မှာပဲ ရောင်းချထားခဲ့ပြီးပါပြီ။

“ မင်းတို့ လိုချင်လား။ အင်း ၊ မင်းတို့တွေ ရက်ချိန်း ကြိုယူထားလို့တော့ ရပေမဲ့ လဝက် ကြာမှ ရလိမ့်မယ်။ ပြီးတော့ အရေအတွက်ကိုလည်း ကန့်သတ်ထားတယ်။ ”

လဝက် ဆိုတဲ့ အချိန်က မနည်းလွန်း ၊ မများလွန်းပါ။

သို့သော်လည်း ဟိုလိုဂရပ်ဖစ် ဂိမ်းက သူတို့မျက်စိရှေ့မှာ ရောက်နေပြီး ထိုဂိမ်းကို ကျန်တဲ့ လူတွေ အကုန်လုံး ဆော့နေကြတာကို သိထားသော အမာခံ ဂိမ်းသမားတွေ အတွက်တော့ ဂိမ်းထဲကို ဝင်ပြီး သူတို့နှင့်အတူ မဆော့နိုင်သေးခင် လဝက် ကြာအောင် စောင့်ရမယ် ဆိုတာက တစ်ဘဝလုံး စောင့်ရခြင်းထက်ပင် ပိုရှည်ကြာပါသည်။

မရေမတွက်နိုင်သော လူများသည် ဒုတိယ အသုတ်ကို မြန်နိုင်သမျှ အမြန်ဆုံး ထုတ်လုပ်နိုင်စေရန် အတွက် ကြိုတင် မှာယူမှု အချိန်ကို လျှော့ချပေးဖို့ မျှော်လင့်လျက် တရားဝင် အကောင့်များဆီသို့ အပြေးအလွှား ရောက်လာကာ သူတို့ကို ကူညီပေးဖို့ တောင်းပန်ခဲ့ကြသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အမှုဆောင် အမျိုးသမီးသည် သူမတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်ပစ္စည်းတွေကို စည်းကမ်းတကျ သေသေချာချာ စမ်းသပ်ထားသည်ဟု ဂုဏ်ယူစွာ ထပ်ပြောခဲ့သည်။ သဘာဝကျစွာပင် ထုတ်ကုန်ပစ္စည်းတွေဟာ စက်ရုံထဲကနေ ပြင်ပသို့ မဖြန့်ချီသေးမီ တင်းကျပ်သော အရည်အသွေး စစ်ဆေးမှုတွေကို ဖြတ်ကျော်ဖို့ လိုအပ်သည်။

လူ ဘယ်နှယောက်ပဲ တောင်းပန်နေပါစေ ၊ သူတို့ကတော့ ထိုစကား တစ်ခွန်းတည်းကိုသာ ပြောခဲ့သည်။ လိုချင်လျှင် စောင့်ရမည်။ သူတို့ကို အရင်တုန်းက မယုံကြည်ခဲ့တဲ့ ဒီ “ ကာစတန်မာ ” တွေ အတွက်နှင့် သူတို့ရဲ့ ထုတ်လုပ်ရေး အစီအစဉ်တွေကို ပြောင်းလဲပေးမှာ မဟုတ်ပေ။ သူတို့က သူတို့ရဲ့ ဂရိုပရမ်မာတွေကိုလည်း အတင်းအကျပ် အိုဗာတိုင် လုပ်ခိုင်းမှာ မဟုတ်။ သူတို့က အဲ့ဒီလောက်ကို ခေါင်းမာနေခဲ့ကြတာပါ။

သနားစရာ “ ကာစတန်မာတွေ ” ခမျာ တောင်းပန်ပေမဲ့ ဘာမှ ပြန်မရခဲ့။ သူတို့က မျက်နှာတွေ အစိမ်းပုပ်ရောင် ပြောင်းသွားတဲ့ အထိ နောင်တရသွားခဲ့ကြသည်။ ဖရိုဖရဲဖြစ်နေတဲ့ ကမ္ဘာကြီးကို မြင်ချင်သူတွေ ပြောသော သွေးထိုးစကားတွေကို နားထောင်မိခဲ့တဲ့ သူတို့ကိုယ်သူတို့ နောင်တရသွားကြသည်။

အခု သူတို့တွေလည်း ထိုင်ကြည့်လို့ ပြီးသွားရော ၊ ပစ္စည်းတွေလည်း အကုန် ရောင်းထွက်သွားရော။ သူတို့ ဘယ်မှာ ထပ်သွားဝယ်ရမှာလဲ။

အဆုံးသတ်မှာဝောာ့ ထိုဂိမ်းပစ္စည်းတွေကို ဝယ်ပြီးသွားသော လူတွေ အကြောင်း စတင် တွေးတောရုံက လွဲလို့ သူတို့မှာ တခြား ရွေးချယ်စရာ မရှိတော့။ သူတို့က ပမာဏ များများ ပိုဝယ်ထားကြသူများကို ပြန်ရောင်းပေးပါလားလို့ စတင် တောင်းဆိုနေခဲ့ကြသည်။

ယုံကြည်လို့ ရမလား မသေချာသည့်တိုင် ဂိမ်းပစ္စည်း နှစ်မျိုးကို တစ်ခုစီထက် ပိုပြီး တစ်ပြိုင်တည်း ဝယ်ခဲ့သော လူနည်းစုလေးဝောာ့ ရှိနေသည်။ ပစ္စည်းတွေကို ပိုဝယ်ယူခဲ့ကြသူတွေက ပြောရေးဆိုခွင့်ရှိသူ နှစ်ယောက်ရဲ့ သစ္စာရှိ ပရိသတ်‌များပင်။ သူတို့သည် ပထမဆုံး ဂိမ်းကြော်ငြာ အတောအတွင်း သူတို့အိုင်ဒေါက ဘယ်လောက်မှ မရောင်းရဘဲ ဆန့်ကျင်မုန်းတီးသူတွေထံမှ အလှောင်ခံရမှာကို စိုးရိမ်သောကြောင့် သူတို့ရဲ့ အသုံးစရိတ်ကို လျှော့ချကာ နည်းနည်းလောက် ပိုဝယ်ခဲ့ကြသည်။

ဖိုရမ်‌ပေါ်မှာ အထူးသီးသန့် ရောင်းချပေးဖို့ တောင်းဆိုနေသော Post တွေ တစ်ခုပြီး တစ်ခု တက်လာတာ စိတ်ချမ်းသာစရာကောင်းရဲ့။ ပြန်လည်ရောင်းချမှု ဈေးနှုန်းတွေကလည်း မြင့်သထက် မြင့်တက်လာသည်။ ပစ္စည်း တစ်ခုထက် ပိုဝယ်ထားကြသူတွေဟာ သူတို့ ပိုဝယ်ထားသော ပစ္စည်းတွေထဲမှ တစ်ခုကို အလွယ်တကူ ရောင်းချနိုင်ပြီး သူတို့ရဲ့ အိုင်ဒေါကို ထောက်ပံ့ပေးဖို့ အသုံးစရိတ် လျှော့စရာ မလိုတော့ရုံသာမက အကျိုးအမြတ်လည်း ရနိုင်ပါသေးသည်။

စုယန်ယန်သည် တရားဝင် ဝက်ဘ်ဆိုဒ်ပေါ်ရှိ တိုးပွားများပြားလာသော အသင်းဝင်သူ အရေအတွက်ကို တစ်လှည့် ၊ ဟောက်ချန်ဟွမ်းဆီသို့ ကုရှောက်ယန် အထူးတလည် ပို့ပေးထားသော အွန်လိုင်း ကြည့်ရှုသူ အရေအတွက်ကို တစ်လှည့် ကြည့်နေမိသည်။

သူမရဲ့ အိပ်ကပ်ထဲ ပိုက်ဆံတွေ ဝင်မလာလျှင်တောင်မှ ကိန်းဂဏာန်း တစ်ခုနောက်မှာ သုညတွေ ဘယ်လောက်များများ တိုးလာမလဲ ဆိုတာ သူမ မှန်းဆကြည့်လို့ ရသည်။

ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းနှင့် ဦးထုပ်ကပဲ ပြဿနာရှိနေတာ မဟုတ်ဘူး ဆိုတာကိုတော့ လူတိုင်း သိထားရပါမည်။ ဂိမ်းထဲမှာ မစ်ရှင်တွေကို ပြီးမြောက်အောင် ဆောင်ရွက်မှ ပရိဘောဂ တချို့တဝက်ကို ရတာ ဆိုပေမဲ့ ပရိဘောက အများစုကိုဝောာ့ ပိုက်ဆံနှင့် ဝယ်ရတာ ဖြစ်၏။

အတိတ်တုန်းက လူများစွာက သူတို့ရဲ့ သားတွေ ၊ သမီးတွေကို ကောင်းကောင်း ရပ်တည်နေထိုင်နိုင်စေရန် အတွက် ပိုက်ဆံ အကုန်အကျခံ ကူညီခဲ့ရသည်။ အခုတော့ သဘာဝအတိုင်း မပျက်မယွင်း လှပနေတဲ့ ဒီနေရာကို သူတို့ ရောက်လာပြီး ကိုယ်ပိုင်အိမ်လည်း ရှိနေပြီ ဖြစ်ကာ ပြင်ပ လက်တွေ့ကမ္ဘာမှာ မမြင်နိုင်သော အင်္ကျီ လှလှလေးတွေကလည်း အများကြီးမို့ သူတို့ သေချာပေါက် ဝယ်ရပါမည်။

All Chapters