← Chapters

အခန်း ၄၉၈

Vol. 34 Ch. 498

အခန်း ၄၉၈

Vol. 34 Ch. 498

အခန်း ( ၄၉၈ ) အပိုဆောင်း အချက်အလက်

စုယန်ယန်သည် တစ်ချိန်တည်းမှာပဲ ပျော်လည်း ပျော် ၊ စိုးလည်း စိုးရိမ်နေမိသည်။

“ ဂိမ်းဆော့တဲ့ အာကာသယာဉ်ပုံစံ အခန်းက အရမ်း ရောင်းအားကောင်းနေတယ်နော်။ မူပိုင်ခွင့်ကို တစ်ယောက်ယောက်ကများ ခွင့်ပြုချက်မရှိ အလွှဲသုံးစားလုပ်ပြီး ခိုးချနိုင်လောက်လား။ ”

“ မဖြစ်နိုင်ဘူး။ ”

စုယန်ယန်က သူ ဘာလို့ အရမ်း သေချာနေတာလဲ ဆိုတာ နားမလည်ဘဲ သူ့ကို ဇဝေဇဝါ ကြည့်လိုက်မိသည်။

ဟောက်ချန်ဟွမ်းက ပြုံးပြီး ဂိမ်းကုမ္ပဏီဘက်ကနေ သူ့ကို ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းငယ်လေးနှင့်အတူ ပေးထားသော ညွှန်ကြားချက် လက်စွဲစာအုပ်ကို လက်ညိုးထိုးပြလိုက်သည်။

ညွှန်ကြားချက် တစ်ချက်ချင်းစီရဲ့ အောက်မှာ ‘ ဒီစက်ပစ္စည်းမှာ မူပိုင်ခွင့် ကာကွယ်မှု စနစ် ရှိပါတယ် ’ ဆိုတဲ့ အပိုဆောင်း အချက်အလက် တစ်ခု ရှိသည်။ ဝယ်သူက ထိုပစ္စည်းကို မကောင်းသော ရည်ရွယ်ချက်ဖြင့် ဖျက်ဆီးလို့ မရသလို သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေကိုလည်း သုတေသနလုပ်လို့ မရ။ ဇွတ်တိုးပြီး ကြိုးစားပါက စက်ပစ္စည်းဟာ အလိုအလျောက် လော့ခ်ချသည့် စနစ်ကို ဖွင့်လိုက်မှာ ဖြစ်ပြီး အန္တာရာယ်‌ကင်းစေရန် အတွက် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးသည့် စနစ်ကိုတောင် ဖွင့်ရင် ဖွင့်နိုင်လေသည်။ အသုံးပြုသူက ထိုအချက်အလက်ကို မလိုက်နာလျှင် ဖြစ်လာသမျှ အကျိုးဆက်တွေ အားလုံး အတွက် တာဝန်ယူရလိမ့်မည်။

ရှုထောင့် တစ်ခုကနေ ကြည့်လျှင်တော့ ထိုအချက်အလက်က ဝယ်သူအား ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းလေးကို သု‌တေသန လုပ်ရန် တစ်စစီ ဖြုတ်ကြည့်ဖို့ ခွင့်မပြုကြောင်း ဗြောင်ကျကျ သတိပေးထားသော သတိပေးချက် ဖြစ်၏။ သတိမပေးဘဲ ဒီတိုင်း ထားရင် အကျိုးဆက်တွေကို သူတို့ပဲ ခေါင်းခံရမှာပင်။

နည်းနည်းလေး ဆောင့်ကြွားကြွားနိုင်တဲ့ ပုံပေါက်ပြီး စားသုံးသူ အခွင့်အရေးတွေကို ချိုးဖောက်တာတောင် ဖြစ်နေနိုင်သည်။ ဘာပဲပြောပြော လူတွေက စက်ပစ္စည်းတွေကို ပိုက်ဆံ အကုန်ခံပြီး ဝယ်ထားတာ ဖြစ်ကာ ထိုပစ္စည်းတွေကို သူတို့ စိတ်တိုင်းကျ တစ်စစီ ဖြုတ်ပစ်နိုင်သည်။

သို့သော်လည်း လူများစွာကတော့ သူတို့ကို ဟိုလိုဂရပ်ဖစ် ကမ္ဘာအား တွေ့ကြုံခံစားရစေရန် အတွက် ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းကိုသာ ကုမ္ပဏီဘက်က ရောင်းချထားတာ ဖြစ်ပြီး နည်းပညာကို ရောင်းချထားတာ မဟုတ်မှန်း မေ့သွားကြပြီ ဖြစ်သည်။

မင်းတို့တွေ ဘာလို့ မင်းတို့ရဲ့ ဂိမ်းဆော့တဲ့ အာကာသယာဉ်ပုံစံ အခန်းကို ကာကွယ်ပြီး ဂိမ်းဆော့ဖို့ မသုံးဘဲ ၊ အဝတ်အစားတွေ ဝယ်ဖို့ မသုံးဘဲ ၊ အိမ်ဆောက်ဖို့ မသုံးဘဲနဲ့ တစ်စစီ ဆွဲဖြုတ်ပစ်နေကြတာလဲ။ အထဲက နည်းပညာတွေကို ခိုးချမလို့ မဟုတ်လား။

အကယ်၍ တစ်စုံတစ်ယောက်က ဒီပစ္စည်းကို သူတို့နှင့် ဆန့်ကျင် အသုံးပြုချင်နေလျှင် ထိုလူမှာ လျို့ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါသည်။

ထို့ကြောင့် ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်း ဝယ်ယူခြင်း အတွေ့အကြုံကို အရင် တွေ့ကြုံထားသော ရောင်းချသူ အများစုသည် သူတို့ကို ကြိုတင် အသိပေးထားခဲ့သည်။ တရားဝင် ဝက်ဘ်ဆိုဒ် ရောင်းချမှု ပေ့ခ်ျမှာလည်း ထိုအကြောင်းကို ထင်သာမြင်သာရှိအောင် ရေးထားသည်။

အများစုက ထိုပစ္စည်းကို ဝယ်ရန် တုံ့ဆိုင်းမနေခဲ့ကြ။ တုံ့ဆိုင်းနေလို့ မဝယ်ရလိုက်ရသူတွေကိုလည်း သူတို့ မသနား။

အချက်အလက်ကို ဖတ်ကြည့်ပြီးနောက် စုယန်ယန်ရဲ့ ခေါင်းထဲ အရင်ဆုံး ရောက်လာတဲ့ အတွေးက “ ဒါက ရိုလီပိုလီရဲ့ ခိုးယူမှုကို တားမြစ်ဆန့်ကျင်ထားတဲ့ စနစ်နဲ့ အတူတူပဲလား။ ” ဆိုတာ ဖြစ်သည်။

“ အင်း။ ”

“ မအံ့ဩတော့ပါဘူး။ ” စုယန်ယန်က စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။ မြင့်တက်နေသော ကိန်းဂဏန်းတွေကို ကြည့်နေတဲ့ သူမပုံစံက လက်ထဲမှာ ပိုက်ဆံတွေကို ဆုပ်ကိုင်ထားသူ တစ်ယောက်နှင့် တူနေသည်။ “ ဒါဆို ကျွန်မ စိတ်အေးသွားပြီ။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ စကားတွေကြောင့် ရယ်ချင်သွား၏။ “ မင်းက ဒီလောက် ပိုက်ဆံ နည်းနည်းလေး ရတာကို ပျော်နေတာလား။ နောက်ပိုင်းကျ အများကြီး ရလာဦးမှာ။ ”

ပြောရရင် ဂိမ်းဆော့သည့် အာကာသယာဉ်ပုံစံ အခန်းတွေကို ရောင်းချရာမှ ရရှိလာတဲ့ ပိုက်ဆံတွေက အကြီးဆုံး ဝင်ငွေ အရင်းအမြစ် မဟုတ်။ တကယ့် ‌ဝင်ငွေက ဂိမ်းရဲ့ အမျိုးမျိုးသော ကုန်ကျစရိတ်တွေကနေ လာမှာ ဖြစ်သည်။ ဒီဂိမ်းက ဥတွေ ဥပေးနိုင်တဲ့ ကြက်မလေး တစ်ကောင်နှင့် တူ၏။ တစ်နှစ် ၊ နှစ်နှစ် အတွင်းမှာပဲ ရွှေကြက်ဥတွေ တစ်ဥပြီး တစ်ဥ ဥပေးမယ် ဆိုတာကို လုံးဝ စိတ်ချထားလို့ ရသည်။

စုယန်ယန်က စိတ်ချမ်းသာနေပုံပေါ်သော်လည်း တစ်စုံတစ်ခုကို တွေးမိပုံပေါ်ကာ မျက်မှောင်ကြုတ်သွားလေသည်။

“ ဘာဖြစ်လို့လဲ။ ”

“ များတော့ များပါတယ်။ ဒါပေမဲ့ မလောက်နိုင်လောက်ဘူး။ ”

“ မလောက်နိုင်ဘူး .. ဟုတ်လား။ ”

“ ရှင် ဟောက်ကော်ပိုရေးရှင်းကို ပြန်လိုချင်တယ်လို့ ပြောထားတယ် မဟုတ်ဘူးလား။ ”

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက ဟောက်ကော်ပိုရေးရှင်းလေ။ အစာရေစာပြတ်နေတဲ့ ကုလားအုတ် တစ်ကောင်က မြင်း တစ်ကောင်ထက်တော့ အရွယ် ပိုကြီးနေသေးသည်။ သူ တကယ်ပဲ ဟောက်ကော်ပိုရေးရှင်းကို အားသုံးပြီး အပြည့်အဝ ပြန်ယူချင်လျှင် သေချာပေါက် ပိုက်ဆံ အများကြီး လိုလိမ့်မည်။

ဟောက်ချန်ဟွမ်းက ပြုံးသည်။ “ အဲ့လောက် အလုပ်ရှုပ်ခံဖို့ မလိုဘူး။ ”

“ ဟမ်။ ”

ဟောက်ချန်ဟွမ်းသည် သူမရဲ့ မေးခွန်းကို တိုက်ရိုက် ပြန်မဖြေဘဲ တခြား စကားကို ပြောခဲ့သည်။ “ သောကြာနေ့က ဟောက်ကော်ပိုရေးရှင်းရဲ့ နှစ် ၄၀ မြောက် နှစ်ပတ်လည်နေ့ပဲ။ ကိုယ်နဲ့ လိုက်ခဲ့နော်။ ”

“ ရှင်က ကျွန်မကိုပါ လိုက်စေချင်တာလား။ ” စုယန်ယန် အံ့ဩသွားမိသည်။

“ အင်း။ ဟောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ တစ်ဝက်ကို ကိုယ် မင်းဆီ အရင်တုန်းက လွှဲပေးထားတယ်လေ။ အခု မင်းက ဟောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာရှင် တစ်ယောက်ပဲ ဆိုတော့ လိုက်ခဲ့လို့ ရတယ်။ ”

စုယန်ယန်သည် ခဏကြာအောင် ဆွံ့အနေပြီးမှ ဒါက အမှန်တကယ် လက်တွေ့ ဖြစ်နေတာမှန်း နားလည်သွားခဲ့သည်။

“ သောကြာနေ့ မနက်လား ၊ နေ့လယ်လား။ ”

“ နေ့လယ်။ ”

“ ကောင်းပြီ။ အဲ့နေ့ကျ ကျွန်မကို စားသောက်ဆိုင်ကနေ လာကြိုပေးနော်။ ”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက ဖျတ်ခနဲ လက်သွားပြီး သူ နူးညံ့စွာ ပြန်ဖြေလိုက်သည်။ “ စိတ်ချ … ”

All Chapters