← Chapters

အခန်း ၅၀၇

Vol. 34 Ch. 507

အခန်း ၅၀၇

Vol. 34 Ch. 507

အခန်း ( ၅၀၇ ) ဖြတ်လမ်းနည်းကို လူသိရှင်ကြား အသုံးပြုခြင်း

စုယန်ယန်သည် စင်မြင့်ပေါ်သို့ အပြုံးလေးဖြင့် တက်သွားလိုက်သည်။ လူတိုင်းက သူမကို တအံ့တဩ စူးစမ်းချင်စိတ်တို့ဖြင့် ကြည့်နေခဲ့ကြသည်။

အပေါ်ယံအရ သူမက တည်ငြိမ်ပြီး ယုံကြည်ချက်ရှိပုံပေါ်နေပေမဲ့ လက်တွေ့စင်စစ်မှာတော့ သူမရဲ့ လှည့်ဖြားတတ်သော စနစ်ကို အသည်းအသန် ခေါ်နေမိသည်။ “ မြန်မြန် ထွက်လာပြီး ကူညီပေးပါ စနစ်ရေ။ ”

သနားစရာ စနစ်လေးဟာ စက္ကန့် အနည်းငယ် ကြာအောင် တုံ့ဆိုင်းနေပြီးမှ အွန်လိုင်းပေါ် တက်လာခဲ့သည်။

[ မင်း ငါ့ကို မင်းအတွက် ဘာကူညီပေးစေချင်တာလဲ။ ]

“ ကျွန်မကို ဖြတ်လမ်းနည်းနဲ့ လူတွေကို လှည့်စားလို့ ရမယ့် သင်္ကေတစနစ် တစ်ခုကို ပေးပါ ၊ ပြီးတော့ စုံတွဲခွက်ကလေးတွေကို မဲပေါက်အောင် လုပ်ပေးပါ။ ”

စနစ် : “ … ” မင်းက လိမ်ညာခိုင်းဖို့နဲ့ ဒီစုံတွဲခွက်ကလေးတွေကို မင်းအတွက် ကံစမ်းမဲပေါက်အောင် လုပ်ခိုင်းဖို့ ငါ့ကို အသည်းအသန် ခေါ်လိုက်တာပေါ့လေ … ။ အဲ့ဒီ ဘာမဟုတ်တဲ့ ခွက်တွေက ငါ့ဂုဏ်သိက္ခာနဲ့ ထိုက်တန်တယ်လို့ မင်း ထင်နေတာလား။ ချမ်းသာတာနဲ့ပဲ ဇိမ်ခံကားတွေ ၊ စံအိမ်ကြီးတွေကို မင်း ဂရုမစိုက်လို့ ရတယ်လို့ ထင်မနေနဲ့။

စုယန်ယန်က အချိန် အတော် ကြာတဲ့ထိ ဘာမှ တုံ့ပြန်မလာသော စနစ်ကို မြင်သွားကာ သူ့မှာ ထိုအရည်အချင်း မရှိဘူးလို့ ထင်သွား၏။ သူမ နောင်တရစွာ မေးလိုက်သည်။ “ မဖြစ်နိုင်ဘူးလား။ ”

စနစ်ကို အရည်အချင်းရှိသည်ဟု သူမ ထင်ထားခဲ့တာ ဖြစ်သည်။ သူမ တခြား ပစ္စည်းတွေကို လျစ်လျူရှုထားနိုင်သော်လည်း စနစ်ကို အရမ်း သုံးစားမရ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့။

စနစ် : “ …. ” ငါ မင်းရဲ့ စိတ်အတွင်းထဲက အတွေးတွေကို ကြားနိုင်တယ် ဆိုတာ မင်း မသိဘူးလား။ မင်းက ငါ့ကို တော်တော် လက်လွတ်စပယ် အထင်သေးနေတာပဲ။ ငါ မင်းအတွက် ကိစ္စတွေကို ခက်ခဲအောင် လုပ်ဖို့ အခွင့်အရေး တစ်ခု ရှာလိုက်မှာကို မကြောက်ဘူးလား။

စနစ်က မ‌ကျေမနပ် ပြောနေသော်လည်း ဒီလို အရေးကြီးသော အချိန်မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်တရားတွေကိုတော့ စောင့်ထိန်းနေဆဲပင်။

[ ဖြစ်နိုင်ပါတယ်။ ကံကောင်းမှု အလင်းတန်းကို ရဖို့ နှစ်လိုမှု ရမှတ် အမှတ် ၁၀၀၀ ကို သုံးပြီး လဲလှယ်နိုင်ပါတယ်။ ပိုကောင်းတဲ့ ကံကို မင်း လိုချင်လေ ၊ နှစ်လိုမှု ရမှတ်တွေကို ပိုများများ လိုအပ်လေပါပဲ။ ]

နှစ်လိုမှု ရမှတ် အမှတ် ၁၀၀၀ ဆိုတာ စုယန်ယန် အတွက် မများပါ။

သို့သော်လည်း အစပိုင်းမှာ ဟောက်ချန်ဟွမ်းနှင့် နီးကပ်နေသော လူတွေက လွဲလို့ ကျန်တဲ့ လူ အရေအတွက်က တဖြည်းဖြည်း တိုးလာခဲ့သည်။ ဒီ နှစ်လိုမှု ရမှတ် အမှတ် ၁၀၀၀ ဟာ လူ အယောက် ၁၀၀၀ ရှိတယ် ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ တန်ဖိုးမနည်းပေ။

အထူးသဖြင့် သူမ လိုချင်နေတဲ့ ပစ္စည်းတွေ အတွက်ဆို နှစ်လိုမှု ရမှတ်တွေ သိပ်သုံးစရာ မလိုပါ။ အကယ်၍ သူမသာ အိမ် တစ်လုံး ၊ ကား တစ်စီးကို လိုချင်လျှင်တော့ နှစ်လိုမှု ရမှတ်တွေ သန်းချီ၍ ကုန်ကောင်း ကုန်နိုင်သည်။

“ အိုကေလေ။ ကျွန်မ သဘောတူတယ်။ မြန်မြန်လေး လဲပေးပါ။ ”

စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားကာ ရမှတ်တွေကို ကံကောင်းမှု အလင်းတန်းနှင့် လဲလှယ်ခဲ့သည်။ ထို့နောက် ကံစမ်းမဲ ခလုတ်ကို သူမ စိတ်အားထက်သန်စွာ နှိပ်လိုက်လေသည်။

“ ထူးခြားအံ့ဖွယ် ဆုလက်ဆောင်ကတော့ စုံတွဲခွက်ကလေးတွေပဲ ဖြစ်ပါတယ်။ ”

ဘေးကနေ ထိုင်ကြည့်နေသူများသည် စိတ်ပျက်မသွားမိဘဲ မနေနိုင်ပေ။ ဟောက်ချီဟန်နှင့် သူ့မိသားစုက စုယန်ယန်ကို အထင်သေးသွားခဲ့ကြသည်။ သူတို့က စုယန်ယန်ရဲ့ ကံတရားနှင့် ပတ်သက်လို့ အကောင်းမြင်စိတ် မရှိတာ သိသာပါသည်။

ဒါပေမဲ့ မျှော်လင့်မထားစွာဖြင့် စုယန်ယန်က ပျော်ရွှင်ကျေနပ်စွာ ပြုံးကာ ဝန်ထမ်းလေးအား သူမကို ခွက်တွေ ပေးဖို့ တိုက်တွန်းနေခဲ့သည်။

စုံတွဲခွက်လေးတွေ သူမလက်ထဲ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဟောက်ချန်ဟွမ်းဆီသို့ အမြန်ဆုံး ပြန်ပြေးလာလိုက်သည်။ “ ကျွန်မ တော်လား။ ”

ဟောက်ချန်ဟွမ်းက သူမလက်ထဲမှ စုံတွဲခွက်ကလေးတွေကို ယူကာ သူမကို စိတ်ရင်းဖြင့် ချီးကျူးလိုက်သည်။ “ ဒါပေါ့။ မင်းက အတော်ဆုံးပဲ။ ”

သူတို့ဘေးမှာ ထိုင်နေသူများ : “ … ” တော်လောက်ပြီ။ လူကြားထဲမှာ မင်းတို့တွေကို ချစ်ကြည်နူး တစ်တီတူးတာမျိုး မလုပ်ဖို့ တားမြစ်ထားတယ်။

အခမ်းအနားက နှစ်နာရီဝန်းကျင် ကြာမြင့်ခဲ့သည်။ စုယန်ယန်နှသ့် ဟောက်ချန်ဟွမ်းမှာ ပြောစရာ စကားတွေ မကုန်မခမ်းနိုင်အောင် ရှိနေသောကြောင့် နှစ်ယောက်လုံး ပျင်းမနေကြပါ။

သို့သော်လည်း သူတို့အနီးမှာ ထိုင်နေကြသူတွေကတော့ မျက်စိထဲမှာ ဘာမှ မမြင်ရလုနီးပါး ဖြစ်သွားခဲ့လေသည်။

တစ်ခါတရံ ဆက်ဆံရေး တစ်ခုက အဆင်ပြေ ကောင်းမွန်နေသည့်အခါ လူ တစ်ယောက်က စကားတွေ ပြောချင်ရာ လျှောက်ပြောနေစရာ မလိုတော့ပါ။ ဘာမှ မဟုတ်သော အပြုအမူလေး တစ်ခု ၊ ဒါမှမဟုတ် အကြည့်လေး တစ်ချက်ပင် တစ်ခါတလေ လူတွေကို ခွေးစာ‌ အကျွေးခံလိုက်ရသလို ခံစားရစေသည်။

အခမ်းအနား ပြီးသွားတော့ သူတို့ထဲမှ လူနည်းစုက ဘာမှ မပြောကြသော်လည်း အကြောင်းပြချက် တချို့ကြောင့် ဗိုက်ထဲမှာ အလွန် ပြည့်အင်သွားသကဲ့သို့ ခံစားနေကြရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတို့က ဒီကို အခမ်းအနား တက်ရောက်ဖို့ အတွက် ရောက်လာကြတာ ဖြစ်သည်။ အခမ်းအနား ပြီးဆုံးသွားပြီမို့ သူတို့လည်း အိမ်ပြန်ဖို့ အချိန်ကျရောက်လာသည်။

သို့သော် အခြေအနေက သူတို့ ပထမဆုံး ရောက်လာခါစတုန်းကနှင့် မတူတော့ပေ။ ဒီအခမ်းအနား ၊ ဒီလူတွေနှင့် ၂ နာရီကြာ အတူ ရှိနေပြီးနောက်ပိုင်း တဖြည်းဖြည်း အသားကျလာချိန်မှာ လူများစွာသည် အစပိုင်း ထိတ်လန့်နေရာမှ သတိပြန်ဝင်လာကြသည်။ သူတို့စိတ်ထဲမှာ အကြံအစည်လေးတွေ ထွက်လာကာ ဟောက်ချန်ဟွမ်းနှင့် သူ့ဇနီးအနားသို့ သူတို့အားလုံး တိုးကပ်သွားလိုက်ကြသည်။

508 01

All Chapters