← Chapters

အခန်း ၅၀၈

Vol. 34 Ch. 508

အခန်း ၅၀၈

Vol. 34 Ch. 508

အခန်း ( ၅၀၈ ) အဘိုးကျန်းရဲ့ မြေးမလေး

“ ချန်ဟွမ်းက အရွယ်ရောက်နေတဲ့ ယောက်ျားကြီး တစ်ယောက် ဖြစ်နေပြီပဲ။ အဘိုးကျန်း ပြောတာကိုသာ မကြားရင် ငါ သူ့ကို မှတ်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့မျက်နှာကတော့ အဘိုးဟောက်နဲ့ ပို,ပိုတူလာတယ်။ ”

“ ဒါက ချန်ဟွမ်းရဲ့ ဇနီးပဲ ဖြစ်ရမယ်နော် … ဟုတ်တယ်မို့လား။ စုမိသားစုရဲ့ သမီးမို့လား။ သူမက လှလိုက်တာ ၊ ပြီးတော့ သူမက မင်းကို ပျော်ရွှင်စေလိမ့်မယ် ဆိုတာ ငါ ပြောနိုင်တယ်။ ဟားဟားဟား ၊ မျက်စိ တစ်မှိတ် အတွင်းမှာပဲ နှစ် ( ၂၀ ) ဆိုတဲ့ အချိန်က ကုန်သွားပြီပဲ။ ငါ ကုန်းပိုးလာခဲ့တဲ့ ကလေးလေးကလည်း မိသားစု တစ်စုကို စပြီး ထူထောင်နေပြီ။ ”

“ မြင်ရတာ စိတ်ချမ်းသာလိုက်တာကွယ်။ မင်းရဲ့ မိဘတွေလည်း မင်းအတွက် သေချာပေါက် ဝမ်းသာကြလိမ့်မယ်။ ”

“ …”

ထိုနှုတ်ဆက်စကားတွေကို သူတို့ကိုယ်သူတို့ ဟောက်ချန်ဟွမ်းနှင့် ရင်းနှီးသလို ဟန်ဆောင်နေသော ၊ မေးထူးခေါ်ပြော လမ်းတွေ့ပြုံးပြ အဆင့်လောက်ပဲ သိကြတဲ့ အသိအကျွမ်းဟောင်းတွေက ပြောနေကြတာပါ။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းသည် အလောတကြီး ပြန်မလာခင် သူတို့ကို အလိုက်သင့်လေး ပြန်ပြောနေခဲ့ရသည်။

သို့သော်လည်း ဟောက်ချန်ဟွမ်းက ပြန်မသွားခင်မှာ နေရာ တစ်နေရာကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်တာကိုတော့ ဘယ်သူမှ သတိမပြုမိကြ။ သူက ဖျတ်ခနဲ အကြည့်မလွှဲမီ လူ တစ်ယောက်နှင့် အပြန်အလှန် စိုက်ကြည့်နေခဲ့၏။

ဟောက်‌ကော်ပိုရေးရှင်းကနေ ထွက်လာပြီးနောက် သူတို့ နှစ်ယောက်သား အိမ်ကို တတ်နိုင်သမျှ အမြန်ဆုံး အပြေး ပြန်လာခဲ့ကြသည်။ ထင်ထားတဲ့အတိုင်းပဲ အိမ်ပြန်ရောက်တော့ ရင်းနှီးနေသော မျက်နှာ တစ်ခုကို သူတို့ မြင်လိုက်ရပါသည်။

“ ချန်ဟွမ်းနဲ့ မစ်စ်စု … ”

“ ဦးလေးကျန်း အဆင်ပြေတယ် ဆိုရင် ကျွန်မကို ယန်ယန်လို့ပဲ ခေါ်ပါ။ ဦးလေးကျန်းကို စောင့်ခိုင်းစေမိလို့ တောင်းပန်ပါတယ်နော်။ ”

မှန်သည်။ သူတို့ရှေ့မှာ ရပ်နေသူက သူတို့နှင့် မကြာသေးခင်တုန်းကမှ တွေ့ထားခဲ့သော ဦးလေးကျန်းပင်။

“ ရတယ် ၊ ရတယ်.. ဦးလေးလည်း အခုမှ ရောက်တာပါ။ ” ဦးလေးကျန်းက သူ့ကိုယ်သူတောင် သတိမထားမိဘဲ ခြေ တစ်လှမ်း ရှေ့တိုးကာ တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်လျက် မျက်နှာ ခပ်မဲ့မဲ့ ဖြစ်သွားလေသည်။ “ တကယ်တော့ ဦးလေး ဒီနေ့ လာခဲ့ရတာက … ”

“ ကျွန်မ သိပါတယ်။ ချန်ဟွမ်းက ကျွန်မကို ကားထဲမှာ အကုန်လုံး ပြောပြထားတယ်။ ”

အဘိုးကျန်းက နှစ်ပတ်လည် အခမ်းအနားသို့ အမှန်တကယ်ပဲ ဟောက်ချန်ဟွမ်းနှင့်အတူ လိုက်လာခဲ့တာ ဖြစ်သည်။ ကားထဲမှာ စုယန်ယန်ကို ကုရှောက်ယန် ပြောပြခဲ့တဲ့ ဧည့်သည် ဆိုတာကလည်း သခင်ကြီးကျန်းပါပဲ။

ဒါပေမဲ့ ကွဲလွဲချက် သေးသေးလေး တစ်ခုတော့ ရှိသည်။ အဲ့ဒါက သူက ဟောက်ချန်ဟွမ်းကို လာရှာတာ မဟုတ်ဘဲ ဟောက်ချန်ဟွမ်း ကိုယ်တိုင်က သူ့ကို ဖိတ်ကြားထားခဲ့တာ ဖြစ်၏။

ပြောရရင် အဘိုးကျန်းက တော်တော်လေး သနားစရာကောင်းတဲ့ လူ တစ်ယောက်။ သူ့ဇနီးက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားကာ သူ့အတွက် သားလေး တစ်ယောက်ကိုပဲ ချန်ရစ်ထားခဲ့သည်။

သူ တစ်ယောက်တည်းပဲ သူ့သားလေးကို အဖေလို တစ်မျိုး ၊ အမေလို တစ်သွယ် အပင်ပန်းခံ ဂရုတစိုက် ပြုစုပျိုးထောင်ပေးခဲ့ရကာ ဘယ်တော့မှ နောက်အိမ်ထောင် မပြုခဲ့ပေ။

သို့သော် သူက ပိုက်ဆံရှာဖို့ကိုသာ အာရုံစိုက်ပြီး သူ့သားရဲ့ ပညာရေးကို လျစ်လျူရှုထားခဲ့သောကြောင့် သူ့သားကလည်း သူ့အပေါ် နှစ်နှစ်ကာကာ မရှိလှဘဲ ဆုံးပါးသွားပြီ ဖြစ်တဲ့ အမေဖြစ်သူအပေါ်ဆို ဘာခံစားချက်မှ မရှိ။ သူ့သားကလည်း လူချမ်းသာ ဒုတိယမျိုးဆက် အမွေဆက်ခံသူ တစ်ယောက် ဖြစ်ပါသည်။

သူ့ချွေးမက လူချမ်းသာ မိသားစုမှ ဆင်းသက်လာပြီး လှပဖြူစင်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူ့သားနှင့် ချွေးမလေးတို့က တက္ကသိုလ်တက်နေစဉ်ကတည်းက တစ်ယောက်ကို တစ်ယောက် သိလာခဲ့ကြပြီး ဘွဲ့ရပြီးသည်နှင့် လက်ထပ်ခဲ့ကြသည်။ နောက်ပိုင်းမှာ သူမက သမီး တစ်ယောက် ၊ သား တစ်ယောက် မွေးခဲ့သည်။

မျှော်လင့်မထားစွာဖြင့် သူမခင်ပွန်းဟာ အပြင်မှာ တတိယ လူ တစ်ယောက်နှင့် တိတ်တိတ်ပုန်း ခြေရှုပ်နေ၏။ ထို တိတ်တိတ်ပုန်း တတိယလူက မရမက တိုက်တွန်း၍ သူသည် ထိုတစ်ယောက်ကို အိမ်ခေါ်လာခဲ့ကာ သူ့ဇနီးကို ဒေါသကြောင့် သွေးဆောင့်တိုးသွားစေခဲ့သည်။

သခင်ကြီးကျန်းရဲ့ မြေးလေးက လူငယ်ပီပီ စိတ်ဆတ်သည်။ သူက သူ့အဖေဟာ သူ့အမေအပေါ် ဖောက်ပြန်ပြီး ဒီအပျော်မယားနှင့် ခြေရှုပ်နေရုံသာမက အပျော်မယားအား သူ့အမေကို ဒေါသထွက်အောင် လုပ်ဖို့ပင် ခွင့်ပြုပေးခဲ့တယ် ဆိုတာ သိသွားသည်။ သူတို့အိမ်ထဲကို လူသတ်သမား မိန်းမ တစ်ယောက် ဝင်လာပြီး သူ့အမေရဲ့ နေရာကို လုယူသွားတာကို သူ ဘယ်လိုလုပ် ရပ်ကြည့်နေနိုင်မှာလဲ။

သူက သူတို့နှင့် ရန်ဖြစ်ငြင်းခုံရန် ပြေးသွားလိုက်သော်လည်း သူ့အဖေက သူ့ကို လှေကားပေါ်ကနေ မတော်တဆ တွန်းချမိသွားခဲ့သည်။

508 02

အဆုံးသတ်မှာ သူ့အစ်မက သူ့ကို ကယ်တင်ခဲ့သော်လည်း သူ့ကို ကယ်တင်ခဲ့ခြင်းကြောင့်ပင် သူမလေးက ဘဝတစ်လျှောက်လုံး မသန်စွမ်း တစ်ယောက် ဖြစ်သွားကာ ပုံမှန် လူ တစ်ယောက်လို လမ်းမလျှောက်နိုင်တော့ပေ။

“ ဒီအဖြစ်အပျက်က မင်းကို အခက်အခဲကြားမှာ ထားခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရွေးချယ်ခဲ့တဲ့ ငါ့ရဲ့ အကျိုးဆက် ဖြစ်နိုင်တယ်လို့ လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက ငါ တွေးနေခဲ့တာ။ ”

သူနှင့် ဟောက်ချန်ဟွမ်းရဲ့ အဖေက ကံကြမ္မာရဲ့ အနိမ့်အမြင့် ၊ အတက်အကျတွေကို အတူတကွ ဖြတ်ကျော်ခဲ့သော ညီအစ်ကိုကောင်းတွေ ဖြစ်ကြသည်။

သို့သော်လည်း သူတို့သားက အခက်ခဲဆုံး အခြေအနေမှာ ကျရောက်နေချိန်တွင် သူကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ ရွေးချယ်ခဲ့လေသည်။ သူက ဟောက်ချန်ဟွမ်း နိမ့်ကျနေတုန်းမှာ ရေနစ်သူ ဝါးကူထိုး ဆိုသလို မတိုက်ခိုက်ခဲ့ပေမဲ့ ကူလည်း ကူညီမပေးဘဲ အကောက်ကြံနေသော ဟောက်ချီဟန်ကို မသိချင်ယောင်ဆောင်ကာ ခွင့်ပြုပေးခဲ့သည်။

509 01

All Chapters