← Chapters

အခန်း ၅၀၉

Vol. 34 Ch. 509

အခန်း ၅၀၉

Vol. 34 Ch. 509

အခန်း ( ၅၀၉ ) မင်းက ငါ့ရဲ့ ကယ်တင်ရှင်ပါ။

အခုဝောာ့ သူ့မြေးလေးက ဟောက်ချန်ဟွမ်းလို မသန်စွမ်း ဖြစ်သွားပါပြီ။ အဲ့ဒါက ဟောက်ချန်ဟွမ်း ခက်ခဲနိမ့်ကျနေတာကို ဘေးကနေ ရပ်ကြည့်နေခဲ့လို့ သူ ပြန်ဝဋ်လည်တာ မဟုတ်လား။

စုယန်ယန် ဘာမှ မတတ်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ “ ဒါဆို ချန်ဟွမ်း ပြန်မတ်တပ်ရပ်နိုင်တာကို ဦးလေး မြင်သွားတော့ ကျွန်မကို ဦးလေးရဲ့ မြေးမလေးအတွက် လာကြည့်ပေးစေချင်တာပေါ့ … ။ ”

သခင်ကြီးကျန်းက သူမ ပြောသော စကားကို ကြား‌ချိန်မှာ တစ်ဖက်နှင့် တစ်ဖက် ယှက်ကာ ဆုပ်ကိုင်ထားသော သူ့လက်တွေက ချက်ချင်း မြဲမြံတင်းကျပ်သွားသည်။ သူ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ မင်း သူ့ခြေထောက်တွေကို ကုပေးခဲ့တယ်လို့ ချန်ဟွမ်း ပြောတာကို ဦးလေး ကြားထားတယ်။ ”

“ ဟုတ်ပါတယ်။ ”

“ ဒီလိုဆိုရင် … ”

စုယန်ယန်က အကြာကြီး စောင့်နေခဲ့သော်လည်း အဘိုးကျန်းထံမှ ဘာစကားမှ ထပ်ထွက်မလာ။ သူမ ဟောက်ချန်ဟွမ်းကို လှမ်းကြည့်လိုက်သည်။

ဟောက်ချန်ဟွမ်းက သူမနံဘေးမှာ ဝင်ထိုင်ကာ အရင်ဆုံး ရှင်းပြခဲ့သည်။ “ မင်းအပေါ်ပဲ မူတည်တယ်လို့ ကိုယ် ဦးလေးကျန်းကို ပြောပြီးသားပါ။ မင်း သူမကို ကုသပေးချင်တယ် ဆိုရင် ကုသပေးလိုက်ပေါ့။ မကုသပေးချင်ဘူး ဆိုရင်တော့ ဘာမှ စိတ်ထဲ ထည့်မနေနဲ့။ ”

စုယန်ယန်သည် ခဏလောက် တိတ်ဆိတ်သွားမိသည်။ “ အကျိုးအမြတ်‌တွေရော မပါဘူးလား။ ”

“ အဲ့ဒါ ပြဿနာ မရှိပါဘူး။ ” ဘယ်လိုပဲဖြစ်ဖြစ် သူက ဟောက် ကော်ပိုးရေးရှင်းကို အနှေးနှင့် အမြန် ချုပ်ကိုင်နိုင်လိမ့်မည်။ သခင်ကြီးကျန်းရဲ့ အကူအညီ မပါရင် အချိန် နည်းနည်းလေး ပိုကြာမှာ တစ်ခုပဲ ရှိသည်။

စုယန်ယန်က သူ ပြောချင်သော အဓိပ္ပာယ်ကို နားလည်သွားသည်။ ဒါပေမဲ့ ဟောက်ချန်ဟွမ်းက သခင်ကြီးကျန်းကို အရင်ဆုံး ဖိတ်ခေါ်ထားတယ် ဆိုကတည်းက သူ ကူညီပေးချင်နေတာ အသိအသာပဲ ဖြစ်သည်။

အချိန် အတော်ကြာ တိတ်ဆိတ်သွားပြီး နောက်ဆုံးမှာမှ သူမ သနားစိတ် ဝင်လာကာ ပြောလိုက်တော့သည်။ “ ကျွန်မ တစ်ချက်လောက် လာကြည့်ပေးတာလောက်ထိတော့ ကူညီ‌ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို ကုသပေးနိုင်လိမ့်မယ်လို့တော့ အာမ,မခံနိုင်ဘူး။ သူမရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက အကြောသေနေတယ် ဆိုရင်တောင် သူမရဲ့ အခြေအနေက ချန်ဟွမ်းရဲ့ အခြေအနေနဲ့ တူချင်မှ တူမှာ။ မတူညီတဲ့ လူနာ အမျိုးမျိုးမှာ မတူညီတဲ့ ကုသမှု နည်းလမ်းတွေ ရှိတယ်။ အဲ့ဒါမတိုင်ခင် သူမရဲ့ ဆေးစစ်ချက် အစီအရင်ခံစာကို ကျွန်မ အရင်ဆုံး ကြည့်ဖို့ လိုတယ်။ လိုအပ်လာရင် ကျွန်မ သူနဲ့ လူကိုယ်တိုင် တွေ့ဖို့လည်း လိုတယ်။ ”

“ ဒါပေါ့ ၊ ဒါပေါ့။ ” သခင်ကြီးကျန်းသည် စုယန်ယန်က ကူညီပေးချင်နေတယ် ဆိုတာကို ကြားလျှင် အပျော်ကြီး ပျော်သွားပြီး သူ့မြေးမလေးရဲ့ ဆေးစစ်ချက် အစီရင်ခံစာကို ချက်ချင်းပဲ စုယန်ယန်ဆီ လွှဲပေးခဲ့သည်။

ဟောက် မိသားစု အိမ်တော်မှ သူ ပြန်လာပြီးနောက် သူ့လူတွေကို အိမ်ကို အမြန် သွားပြီး ဆေးစစ်ချက် အစီရင်ခံစာကို ယူလာရန် ညွှန်ကြားခဲ့သည်။ သူ့အကြီးဆုံး မြေးမလေးက မရွေ့မလျားနိုင်တာကြောင့်သာ မဟုတ်လျှင် သူမကို စုယန်ယန်ဆီ ခေါ်လာခဲ့မှာ ဖြစ်သည်။

သူ ဘယ်လောက်တောင် စေ့စေ့စပ်စပ် ပြင်ဆင်ထားလဲ ဆိုတာကို မြင်သော စုယန်ယန်သည် ဆွံ့အသွားခဲ့ရသည်။ သူမ ဘာမှ မပြောတော့ဘဲ ဆေးစစ်ချက်ကို ယူလိုက်၏။

“ မြီးညှောင့်ပိုင်းမှာ ရှိတဲ့ ကျောရိုး အဆစ်တွေနဲ့ မြီးညှောင့်ရိုးပိုင်းမှာ ရှိတဲ့ ကျောရိုး အဆစ်တွေက ကျိုးနေတာပဲ။ အာရုံကြောကို ထိခိုက်သွားလို့ ခန္ဓာကိုယ် အောက်ပိုင်းက လှုပ်ရှားမရ ဖြစ်သွားတာ။ ”

စုယန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ အကယ်၍ သူမရဲ့ ကျောရိုးနှင့် မြီးညှောင့်ရိုးသာ ထိခိုက်ကျိုးပဲ့သွားလျှင် သူမ အကြောသေမှာ မဟုတ်ဘဲ ပြန်သက်သာလာနိုင်သည်။ သူမရဲ့ အခြေအနေက ဟောက်ချန်ဟွမ်းနှင့် တူပြီး အာရုံကြောတွေ ထိခိုက်သွားတာကြောင့် အခုလို ဖြစ်သွားတာပင်။

ကျန်း မိသားစုဟာ ဒီ မစ်စ်စွင်း ထိခိုက်ပြီးသွားတဲ့နောက်ပိုင်းမှာ သူမကို ကုသပေးဖို့ တကယ့်ကို အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ် ဆိုတာ မြင်နိုင်သည်။ သူမရဲ့ ကျောရိုးနှင့် မြီးညှောင့်ရိုးက တော်တော်လေး ပြန်သက်သာနေပြီ ဆိုပေမဲ့ ထိခိုက်သွားတဲ့ အာရုံကြောတွေကတော့ ပြန်မသက်သာနိုင်သဖြင့် ဆက်လက် အကြောသေနေတာ ဖြစ်ပါသည်။

“ ကြည့်ပါ မစ်စ်စု … ”

“ ကျွန်မ ကြိုးစားကြည့်ပါ့မယ် ၊ ဒါပေမဲ့ အောင်မြင်မယ်လို့တော့ အာမ,မခံနိုင်ဘူးနော်။ နောက်တစ်ပတ်ထဲမှာ ကျွန်မကို လူနာနဲ့ တွေးပေးဖို့ အချိန် တစ်ချိန် စီစဉ်ထားပေးပါ။ သူမကို ဘယ်လို ကုသမလဲ ဆိုတာကိုတော့ ကျွန်မတို့ နောက်မှ ဆွေးနွေးလို့ ရပါတယ်။ ”

“ ဟုတ်ပြီ ဟုတ်ပြီ။ မိန်းကလေး နောက်အပတ် ဘယ်အချိန် အားလဲ။ မိန်းကလေး ငါ့ကို အချိန်မရွေး ဖုန်းဆက်လို့ ရတယ်။ ” သခင်ကြီးကျန်းက သူ့မြေးမလေးလေး အတွက် မာနတွေကို ခဝါချကာ စုယန်ယန်ကိုပင် လေးလေးစားစား ခေါ်ဝေါ်လာခဲ့သည်။

509 02

သခင်ကြီးကျန်း ပြန်မသွားခင် သူမတို့တွေ စကား အနည်းငယ် ပြောဖြစ်ခဲ့ကြသည်။ သူ ပြန်သွားချိန်မှာဝောာ့ သူ့မျက်နှာပေါ်မှာ မျှော်လင့်ချက်တွေ ပါဝင်သော အပြုံးလေး တစ်ပွင့် ကပ်ပါသွားခဲ့သည်။

စုယန်ယန်က အလောတကြီး ပြန်သွားသော သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ “ ကျွန်မ ကြိုးစားကြည့်ရုံပဲ ကြိုးစားကြည့်မှုပါလို့ သူ့ကို ၃ ၊ ၄ ခေါက်လောက် ပြောထားတာတောင်မှ သူက ဘာလို့ အရမ်း ပျော်နေတာလဲ။ ”

“ လွတ်လမ်း မရှိတဲ့ အလုံပိတ် အခန်းထဲမှာ ပိတ်မိနေတဲ့ လူတွေက အသက်ရှူပေါက် တစ်ပေါက်ကို ရုတ်တရက် မြင်သွားရင် အဲ့ဒီ အသက်ရှူပေါက် အနောက်မှာ ဘာတွေ ရှိနေမှန်း မသိရင်တောင်မှ မျှော်လင့်ချက်ကို မလွတ်တမ်း ဖမ်းဆုပ်ထားတတ်ကြတယ်။ ” ဘာလို့လဲ ဆိုတော့ သူတို့မှာ ဘာမှ ဆုံးရှုံးစရာ မကျန်တော့လို့ပါ။

စုယန်ယန်က အနည်းငယ် တုံ့ဆိုင်းသွားပြီး ဟောက်ချန်ဟွမ်းကိူ လှည့်ကြည့်ကာ တီးတိုး ပြောလိုက်သည်။ “ ကျွန်မကရော ရှင့်မျက်လုံးထဲမှာ အသက်ရှုူပေါက်လား။ ”

“ အင်း။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက တောက်ပနေကာ အမှန်အတိုင်း ပြောလိုက်သည်။ “ မင်းက ကိုယ့်ရဲ့ ကယ်တင်ရှင်ပါ။ ”

မင်းကြောင့်သာ မဟုတ်ရင် ကိုယ် ဟိုးအောက်က ငရဲကို ဒလိမ့်ခေါက်ကွေး ကျသွားခဲ့မှာ …

510 01

All Chapters