အခန်း ၅၁၀
Vol. 34 Ch. 510
အခန်း ( ၅၁၀ ) စာရင်းရှင်းခြင်း
ဟောက်ချန်ဟွမ်းရဲ့ တည်ငြိမ်လေးနက်သော အမူအရာကို မြင်ချိန်မှာ စုယန်ယန် ရှက်သွေးဖြာသွားမိသည်။ သူမ သူ့အနားသို့ မသိစိတ်အရ တိုးကပ်သွားချင်မိသည်။
ဟောက်ချန်ဟွမ်းကလည်း အဲ့ဒါကို သတိပြုမိသွားပုံပေါ်သည်။ သူ့မျက်လုံးတွေက နက်ရှိုင်းရီဝေသွားကာ စုယန်ယန်၏ အနားသို့ တိတ်ဆိတ်စွာ စတင် တိုးကပ်လာခဲ့သည်။
သူတို့ နှစ်ယောက်သား နမ်းကြတော့မည့် အချိန်မှာပဲ ဖောင်းခနဲ အသံ တစ်သံက သူတို့အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လေထဲမှာ မျောလွင့်နေကြသော ရောင်စုံ ဖဲကြိုးတွေက သူတို့ နှစ်ယောက်ကို ချက်ချင်း ဖုံးအုပ်သွားကြသည်။
ယုကျစ်ယန်သည် ဆိုဖာနောက်မှ လှစ်ခနဲ ထွက်လာခဲ့လေသည်။ သူ့နောက်မှာတော့ ထိတ်လန့်နေပုံပေါ်တဲ့ လူ နှစ်ယောက်။
“ သခင်လေး အပြည့်အဝ သက်သာသွားတဲ့အတွက် နွေးနွေးထွေးထွေး ကြိုဆိုပါတယ် ခင်ဗျာ။ ”
ယုကျစ်ယန်အနောက်က လူ နှစ်ယောက် : “ … ” ဟူး ၊ ရှက်စရာကောင်းလိုက်တာ။ ဒီအရူးတော့ သခင်လေး နှုတ်ပိတ်တာ ခံရတော့မယ်။
“ မင်းတို့ကောင်တွေ … ” ဟောက်ချန်ဟွမ်းက ထိုအဖျက်သမားတွေကို မည်းမှောင်မှုန်ကုန်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။ အကြည့်တွေကသာ လူသတ်နိုင်လျှင် သူတို့ သုံးယောက်လုံး အခုလောက်ဆို ကျောက်တုံး ပြောင်းနေပြီ ဖြစ်သည်။
သူ့စကား မဆုံးသေးခင်မှာပဲ စုယန်ယန်က စကားဖြတ်ပြောခဲ့သည်။ “ နင်တို့တွေ တော်တော် လွန်သွားပြီနော်။ နင်တို့လည်း ချန်ဟွမ်း သက်သာသွားပြီ ဆိုတာ သိထားကြတာပါလား ၊ အဲ့ဒါတောင် နင်တို့က ငါ့ကို ပြောမပြခဲ့ဘူး။ နင်တို့က ငါ့ကို လိမ်တောင် လိမ်ခဲ့သေးတယ်။ ဒီကိစ္စကို ငါတို့ ဘယ်လို စာရင်းရှင်းကြမလဲ။ ”
စုယန်ယန်ရဲ့ စကားတွေကြောင့် သူတို့ သုံးယောက် ဆွံ့အသွားကြသည်။ ခဏ ကြာတော့မှ သူတို့ ပြန်ပြောလိုက်၏။ “ သခင်လေးက သခင်မလေးကို စပရိုက် တိုက်ချင်နေလို့ပါ။ ကျွန်တော်တို့လည်း လွန်ခဲ့တဲ့ နှစ်ရက်ကမှ အဲ့အကြောင်း သိတာပါ။ ”
သူတို့ရဲ့ သခင်လေး ပြန်မတ်တပ်ရပ်နိုင်တာကို မြင်ချိန်မှာ သူတို့ ဘယ်လောက် အံ့ဩသွားခဲ့ကြတယ် ဆိုတာ ဘုရားပဲ သိသည်။ သူတို့ နေရာမှာတင် ချက်ချင်း သတိလစ်သွားကြတော့မလိုပဲ။
“ ဘာမှ ရှင်းပြမနေနဲ့။ ငါ မကြားချင်ဘူး။ ” စုယန်ယန်က အော်လိုက်သည်။ “ သူတို့ကို သွားဖမ်းချေ ရိုလီပိုလီ။ ငါ ဒီနေ့ သူတို့ကို ခြံထဲမှာ အခြောက်လှမ်းထားမယ်။ ”
သူမ အမိန့်ပေးပြီးသွားသည်နှင့် တစ်ပြိုင်နက် ရိုလီပိုလီနှင့် သွမ်းသွမ်းသည် သူတို့ဆီ တဟုန်ထိုး ပြေးသွားခဲ့ကြသည်။
ယုကျစ်ယန်က ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိ နေရာမှာ ကြောင်အနေဆဲ ရှိသေးသည်။ နောက်ဆုံး၌ ကုရှောက်ယန်က သူ့ပခုံးကို ပုတ်လိုက်သည်။ “ မင်း ဘာလို့ ဆက်ပြီး ရပ်နေတာလဲ။ ပြေးလေ။ ”
“ အာ ၊ အိုးး။ ” ယုကျစ်ယန်ဟာ အခုမှ အိပ်မက်ကနေ နိုးလာပုံ ရကာ သူ့လက်ထဲမှာ ကြယ်ပုံသဏ္ဍာန် မီးပန်းလေးတွေ ထွက်နေသည့် မီးပန်းတိုင်လေးကို လွှင့်ပစ်ပြီး တစ်ချိုးတည်း ထွက်ပြေးတော့သည်။
ခွေး တစ်ကောင်နှင့် စက်ရုပ် တစ်ရုပ်က သူတို့သုံးယောက်နောက်ကို ထပ်ကြပ်မခွာ ပြေးလိုက်လာသည်။ သူတို့နောက်မှာဝောာ့ စစ်ပွဲကို အမိန့်ပေးနေတဲ့ စုယန်ယန်။ ပရမ်းပတာ မြင်ကွင်း တစ်ခုပါပဲ။
ဟောက်ချန်ဟွမ်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ရယ်ရမလား ၊ ငိုရမလား မသိတော့။ သို့သော်လည်း ဘယ်ကနေ ဘယ်လို ရောက်လာသလဲ မပြောတတ်သော ဦးလေးကျန်းလည်း ရုတ်တရက် ရောက်လာကာ ရန်သတ်နေကြသော သူတို့ကို ကြည့်ရင်း ရယ်မောနေခဲ့သည်။
“ သခင်မလေး ရောက်လာတော့မှ ကျွန်တော်တို့အိမ်ကလည်း အရင်ကထက် ပိုအသက်ဝင်သွားတော့တယ်။ ” တကယ့်ကို အသက်ဝင်ပြီး ပျော်စရာကောင်းလာတာ … ။
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာက ပျော့ပျောင်းသွားကာ သူ နူးညံ့စွာ ပြောလိုက်သည်။ “ အဲ့ဒါတော့ ဟုတ်တယ်။ ”
ဦးလေးကျန်းက ရယ်မောနေပြန်သည်။ ထို့နောက် သူက ယုကျစ်ယန် ကိုင်ထားသော တစ်ခုနှင့် တစ်ပုံစံတည်း တူသော မီးပန်းတိုင်ကို ယူကာ မီးညှိလိုက်၏။
ရွှီး … ။
“ သခင်လေး သက်သာသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ ”
ဟောက်ချန်ဟွမ်း : “ ... ”
ဟောက်ကော်ပိုရေးရှင်းရဲ့ နှစ် ( ၄၀ ) ပြည့် နှစ်ပတ်လည် အခမ်းအနားကို စုယန်ယန်က ဟောက်ချန်ဟွမ်းနှင့်အတူ တက်ရောက်ခဲ့တယ် ဆိုတာ လူတိုင်း သိကြသည်။ သူတို့ နှစ်ယောက်ကို တွေ့,တွေ့ချင်း မှတ်မိသွားကြသူတွေလည်း အများကြီး ရှိသည်။
အခမ်းအနား ပြီးဆုံးသွားပြီးနောက် သူတို့စုံတွဲကို သဘောကျစိတ်အား မထိန်းနိုင်တော့ဘဲ အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ တင်၍ အလွှာ အသီးသီးမှ သူငယ်ချင်းတွေကို သူတို့ရဲ့ အသစ်စက်စက် သဘောအကျဆုံး စုံတွဲအား လာကြည့်ရန် ဖိတ်ခေါ်ခဲ့သူတွေ ရှိလေသည်။
လူများစွာသည် အံ့သြဆွံ့အသွားခဲ့ကြသည်။
မကြသေးခင်ကမှ မသန်စွမ်း တစ်ယောက်ဟု လှောင်ပြောင်ခံထားရသော အမျိုးသား တစ်ယောက်ဟာ သာမန် လူကောင်း တစ်ယောက်ကို မတ်တပ်ရပ်ပြီး လျှောက်လမ်းပေါ်က ယောက်ျားလေးမော်ဒယ် တစ်ယောက်လို လမ်းလျှောက်နေခဲ့ပါပြီ။
[ သောက်ကျိုးနည်း ၊ ဒါ ဥက္ကဌစုရဲ့ ခင်ပွန်းလား။ သူ့ခြေထောက် ထိခိုက်ဒဏ်ရာကို ကုသပြီးသွားပြီလား။ ]
510 02
[ ဟားဟားဟားဟား ၊ ငါ့ကို ခဏလောက် ရယ်ခွင့်ပြုပါ … ဥက္ကဌစုကို မသန်စွမ်း တစ်ယောက်နဲ့ လက်ထပ်ထားတာတောင်မှ အဲ့ဒါကို ဝန်ခံဖို့ ငြင်းဆန်နေတယ်လို့ လှောင်ပြောင်ခဲ့တဲ့ လူတွေ ၊ ပြီးတော့ ဥက္ကဌစုရဲ့ခင်ပွန်းက ဘယ်တော့မှ မတ်တပ်ရပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ လူတွေ ဘယ်ရောက်သွားတာလဲ။ မင်းတို့မျက်နှာတွေ ဘယ်လောက် ဖူးရောင်နေပြီလဲ ဆိုတာ ငါ့ကို ထွက်လာပြီး ပြပါဦး။ ]
+++++