← Chapters

အခန်း ၅၁၁

Vol. 35 Ch. 511

အခန်း ၅၁၁

Vol. 35 Ch. 511

အခန်း ( ၅၁၁ ) ချိုချဉ်တွေ ပို့ပေးတဲ့ စုံတွဲ ပရိသတ်များ။

[ သူမက အဲ့ဒါနဲ့ ထိုက်တန်တယ်။ သူမခင်ပွန်းရဲ့ ‌ထိခိုက်ထားတဲ့ ခြေထောက်တွေကို ကုသမှု ခံယူနေတယ်လို့ ဥက္ကဌစုက ပြောထားသားပဲ။ သူ မကြာခင် ပြန်သက်လာမှာပါ။ လူ တချို့က သူမ ပြောတာကို မယုံဘဲနဲ့ သူမ ကံမကောင်းတာကို ဝမ်းသာပြီး သူ့ကို ရစရာမရှိအောင် လှောင်ပြောင်ခဲ့ကြတာ။ သူတို့က မျက်နှာကို ဖြတ်အရိုက်ခံရဖို့ ထိုက်တန်တယ်။ ]

[ ဝူးဝူးဝူးဝူးဝူး ၊ ငါ အရမ်း မနာလို ဖြစ်သွားပြီ။ ဦးလေးဟောက်က ဝှီးချဲပေါ်မှာ ထိုင်နေတာတောင်မှ လုံလုံလောက်လောက် ချောနေပြီးသားလေ။ အခု သူ့ခြေထောက်တွေက သက်သာသွားပြီ ဆိုတော့ ဒီပုံရိပ်က အရမ်း ချောလွန်းလို့ ငါ အကြည့်တောင် မလွှဲနိုင်တော့ဘူး။ ငါ အရမ်း အားကျနေမိပြီ။ ဝူးဝူးဝူးဝူး … ]

ဟောက်ချန်ဟွမ်းက ဝှီးချဲပေါ်မှာ ထိုင်နေရဆဲ အခြေအနေမှာ ရှိနေချိန်တွင် လူများစွာက သူ့ကို ချောမောချမ်းသာတဲ့ မသန်စွမ်း တစ်ယောက်လို့ ထင်မြင်ခဲ့ကြတာ ဖြစ်သည်။ သူ့ရုပ်ရည် အသွင်အပြင်တွေကို သူတို့ ဘယ်လောက်ပဲ သဘောကျနေပါစေ ၊ သူတို့မှာလည်း ကန့်သတ်ချက်တွေတော့ ရှိနေပါသေးသည်။

နှ‌မြောစရာကောင်းသည်ဟု သူတို့ ထင်ခဲ့မိသော ချို့ယွင်းချက်လည်း အခု မရှိတော့ပါပြီ။ တစ်ကိုယ်တည်းသမား ကောင်မလေးများသည် ‌စုယန်ယန်ကို မနာလိုနေကြသော ရှောက်သီးလေးတွေ အဖြစ် ပြောင်းလဲသွားသည်။

သေချာပေါက်ပင် စုယန်ယန်နှင့် သူမခင်ပွန်းကို သည်းမခံနိုင်သော ကီးဘုတ်ဖိုက်တာ တချို့လည်း ရှိပါသည်။

[ ဒီနှစ်ယောက်က ဘာလို့ ထပ်ရောက်လာပြန်တာလဲ။ အရင်တုန်းက သူတို့ နာမည်ကြီးအောင်လို့ အနုပညာရှင်တွေ အများကြီးကို အသုံးချခဲ့တယ် ၊ အခု သူတို့က ‘ ခင်ပွန်းက သူ့ဇနီးလေးကို မျက်စိအောက်က အပျောက်မခံတဲ့အထိ ချစ်တယ် ဆိုတဲ့ ပျော်ရွှင်စရာ မိသားစု တစ်စု ’ အဖြစ် နာမည်ကြီးအောင်လို့ စဖန်တီးနေကြပြီလား။ နာမည်ကြီးအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ တွေးရင်း သူတို့ ရူးသွားကြတာ ဖြစ်ရမယ်။ ]

[ ဟုတ်တယ်။ ဒီနှစ်ယောက် ဘယ်လိုလုပ် အရမ်း နာမည်ကြီးလာမှန်း ငါ တကယ် နားမလည်ဘူး။ သူတို့ကို သဘောကျတဲ့ လူတွေ တကယ် ရှိလို့လား။ လူချမ်းသာ မိသားစုတွေမှာ ခံစားချက် အစစ်အမှန်တွေ ရှိတယ်လို့ သူတို့ တကယ်ပဲ ထင်နေကြတာလား။ ရယ်စရာကောင်းလိုက်တာ။ သူတို့က စီးပွားရေးအရ လက်ထပ်ထားကြရုံပဲ။ စီးပွားရေးအရ လက်ထပ်တယ် ဆိုတဲ့ အဓိပ္ပာယ်ကိုရော နင်တို့ သိကြရဲ့လား။ သူတို့က နင်တို့လို ဦးနှောက်မရှိတဲ့ လူတွေကို လှည့်စားဖို့ သူတို့ရဲ့ အပေါ်ယံ ဟန်ဆောင်ပန်ဆောင် ပုံစံတွေကို ရောင်းနေတာထက် ဘာမှ မပိုဘူး။ သူတို့ နာမည်ကြီးလာနဲ့ အဖွဲ့ တစ်ဖွဲ့ ဖွဲ့ပြီး ချစ်စရာကောင်းတဲ့ စုံတွဲလေး ဆိုတဲ့ လူထုအမြင်ကို ဖန်တီးလို့ ရတယ်။ နင်တို့လို ငတုံးငအတွေပဲ သူတို့ကို ယုံလိမ့်မယ်။ ]

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက စကားဝိုင်းထဲမှာ ဆွေးနွေးခံနေရသော ကာယကံရှင်တွေ ဖြစ်သော်လည်း ကွန်းမန့် မန့်သူ့တွေကတော့ လူတွေ အများကြီးကို ရိုင်းပျစော်ကားခဲ့၏။

[ သူမက ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခုရဲ့ ဥက္ကဌ တစ်ယောက် ဖြစ်တဲ့ အပြင် တကယ့်ကို ချမ်းသာစစ်မှန်တဲ့ ဒုတိယမျိုးဆက် မိန်းမပျိုလေး တစ်ယောက်။ သူမက နာမည်ကြီး ကုမ္ပဏီ တစ်ခုရဲ့ ဘော့စ် လုပ်ဖို့ မရွေးဘဲ အနုပညာရှင် တစ်ယောက် ဖြစ်လာဖို့ သူမရဲ့ အဆင့်အတန်းကို နှိမ့်ချပစ်လိုက်တယ်လို့ မင်း ငါ့ကို ပြောနေတာလား။ ဒီ ဦးနှောက်ချောင်နေတဲ့ ကောင်က ဘယ်သူတုံး။ ]

[ မင်းက လူတိုင်း မူးနေတဲ့ အချိန်မှာ ငါ တစ်ယောက်တည်း သတိကပ်နေသလိုမျိုး ပြုမူနေတာပဲ။ အပေါ်က တစ်ယောက် ပြောတဲ့ စကားက တော်တော် တရားနည်းလမ်းကျတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင် တခြား လူတွေရဲ့ မိဘတွေက မင်းထက် ပိုချောပြီး ပိုချစ်စရာကောင်းနေလို့ မင်း မနာလိုဖြစ်နေတာ မဟုတ်လား။ သုံးစားမရတဲ့ လူ့အမှိုက်တွေဆို ထွက်သွားပြီး အနားယူလို့ ရတယ်။ သူတို့ ဘယ်လောက်ပဲ စိတ်ထား မကောင်းပါစေဦးတော့ ၊ သူတို့မှာ ရုပ်ရည်လည်း ရှိတယ် .. ပိုက်ဆံလည်း ရှိတယ်။ မင်း နှစ် ( ၁၀၀ ) တိတိ အလုပ်ကြိုးစားရင်တောင် သူတို့ကို မီနိုင်မှာ မဟုတ်ဘူး။ ]

တကယ်တော့ အင်တာနက် အသုံးပြုသူတွေက စုယန်ယန်တို့ စုံတွဲကို အထူးတလည် ဂရုစိုက်နေတယ် ဆိုတာ လူတိုင်း နားလည်နိုင်သည်။

ဒုတိယမျိုးဆက် လူချမ်းသာတွေနှင့် အာဏာရှိတဲ့ မိသားစုတွေရဲ့ အကြောင်း ဆိုရင် ဘယ်တော့မှ ပွဲကြည့်ပရိသတ်တွေ မပြတ်။ သို့သော်လည်း ထိပ်တန်းအဆင့် လူချမ်းသာ မိသားစုတွေကတော့ ပုံမှန်အားဖြင့် အနေအထိုင် သိုသိပ်ကြသည်။ အဓိက ပါဝင်ပတ်သက်မှု အရှိဆုံးကတော့ လူလတ်တန်းစား မိသားစုတွေ ဖြစ်သည်။

ဖျော်ဖြေရေးလောကထဲမှာ ပေါ်ပေါက်လာကြသော လူ အများစုဟာ သူတို့အဖေတွေရဲ့ စည်းစိမ်ဥစ္စာတွေအပေါ် မှီခိုနေသော XX အန်တာတိန်းမန့်ရဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူများ ဖြစ်ကြသည်။ သူတို့နှင့် ပတ်သက်လို့ ‘ XX အန်တာတိန်းမန့်ရဲ့ လူချမ်းသာ ဒုတိယမျိုးဆက် အမွေဆက်ဆံသူတွေဟာ ဇိမ်ခံကားတွေကို မောင်းရင်း လူတွေကို တိုက်ခဲ့မိပါတယ် ’ ဆိုတဲ့ သတင်းဆိုးတွေ ရှိသည်။

စုယန်ယန်နှင်က သူမခင်ပွန်းက အံ့ဩဖွယ်ရာ ချောမောလှပကြသော်လည်း သူတို့ နှစ်ယောက်လုံး ဖျော်ဖြေရေးလောကထဲမှ မဟုတ်။ သူတို့က တုန်ချမ်းရဲ့ နာမည်ကျော် အနုပညာရှင်တွေထက် ပိုဆွဲဆောင်မှုမရှိလျှင်တောင် တန်းတူ အနေအထားမှာ ရှိသည်။

သူတို့ရဲ့ ရုပ်ရည်တွေက ရုပ်ချောတဲ့ အနုပညာရှင်တွေကို အရူးအမူး သဘောကျသည့် လူတွေရဲ့ စိတ်အာသီသကို ဖြည့်ဆည်းပေးရုံသာမက အာဏာရှိသော လူချမ်းသာ မိသားစုတွေကြား လက်ထပ်ခြင်းနှင့် ပတ်သက်၍ သူတို့ရဲ့ သိချင်စိတ်တွေကိုလည်း ကျေနပ်စေလေသည်။ အဲ့လို ဆိုမှတော့ စုယန်ယန်နဲ့ ဟောက်ချန်ဟွမ်းက ဘယ်လိုလုပ် နာမည်မကြီးဘဲ နေမှာလဲ။

စုံတွဲ ပရိသတ်များသည် ကီးဘုတ်ဖိုက်တာတွေကို ဝေဖန်ပြောဆိုပြီးနောက် ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေကို တင်ထားသော တခြား စုံတွဲ ပရိသတ်တွေမှ ခွေးစာတွေကို စတင် ပိုမို တောင်းဆိုခဲ့ကြသည်။

ထိုစုံတွဲ ပရိသတ်ကလည်း ကွေ့ဝိုက်မနေဘဲ စင်မြင့်နောက်ကွယ်ရှိ သူတို့ နှစ်ယောက်ရဲ့ အပြုအမူတွေကို ရိုက်ယူထားသော ဗီဒီယို အနည်းငယ်ကို ချက်ချင်း တင်ပေးခဲ့သည်။ အဲ့ဒီ ဗီဒီယိုရဲ့ ကြာချိန်ကတော့ နှစ်မိနစ် မပြည့်။

နောက်ဆုံးမှာ သူမက စင်ပေါ်သို့ ကံစမ်းမဲနှိုက်ရန် တက်သွားသော စုယန်ယန်ရဲ့ ဗီဒီယိုကို တင်ပေးခဲ့သည်။ သူမက ပြောလည်း ပြောလိုက်သေးသည်။ “ ဖန်သားပြင်ပေါ်က ကြီးကျယ်ခမ်းနားတဲ့ စကားတွေကြောင့်သာ မဟုတ်ရင် ဥက္ကဌစုက ငါတို့ရဲ့ အထူးဆု ဖြစ်တဲ့ ‘ ပင်လယ်ဘေး တန်ဖိုးကြီး ဇိမ်ခံ ဘန်ဂလိုကြီး ’ ကို ကံစမ်းမဲပေါက်သွားတာလားလို့ ငါ သံသယဖြစ်သွားတော့မှာ။ ”

သူမရဲ့ ရှင်းပြချက်ကြောင့် လူအုပ်ကြီးသည် သူမ ရည်ညွှန်းပြောဆိုနေတဲ့ ဆု အ‌ကြောင်း သိချင်လာခဲ့ကြသည်။ သူတို့ ဗီဒီယိုကို စိတ်ရှည်လက်ရှည် ကြည့်လိုက်ကြ၏။ ဒါပေမဲ့ ဗီဒီယို ဆုံးသွားလျှင် သူတို့ ရယ်ရမှာလား ၊ ငိုရမှာလား မသိကြတော့ပေ။

All Chapters