← Chapters

အခန်း ၅၁၃

Vol. 35 Ch. 513

အခန်း ၅၁၃

Vol. 35 Ch. 513

အခန်း ( ၅၁၃ ) မနာလိုနေတဲ့ ယောက်ဖ။

“ ဗု‌ဒ္ဓေါ … ” ဝန်ထမ်းလေးသည် လည်ချောင်းနင်သွားသလို ခံစားလိုက်ရ၏။ “ သူတို့က မောင်နှမတွေ မဟုတ်ဘူးလား။ ဘာလို့ လူတွေက သူ့ညီမကို သူ့သမီးလို့ ထင်သွားကြတာလဲ။ ”

“ ညီမထိ ဓားကြည့် ဆိုတဲ့ အစ်ကို,ကို အဖေနဲ့ မနှိုင်းလို့ ဘယ်သူနဲ့ နှိုင်းရမှာလဲ။ ငါတို့ဥက္ကဌစု ( စုယွီရွှမ်း ) က ဥက္ကဌစုလေး ( စုယန်ယန် ) ကို သူ မွေးထားတဲ့ သမီးလေးလိုမျိုး ဆက်ဆံတာ။ ” သူ ပြောနေရင်း ရုတ်တရက်ပဲ ဗီဒီယိုထဲရှိ ဥက္ကဌစု ( စုယန်ယန် ) နံဘေးမှ ခပ်ချောချော လူ တစ်ယောက်ကို မြင်သွားသည်။ “ အာ ၊ ဒီလူက ဘယ်သူလဲ။ သူက ဘာလို့ ဥက္ကဌစုနဲ့ အရမ်း အနေနီးတဲ့ ပုံစံ ပေါက်နေရတာလဲ။ ”

“ … သူက သူမရဲ့ ခင်ပွန်းလေ။ ”

“ ခင်ပွန်း … ဟုတ်လား။ အဲ့တော့ ဥက္ကဌစု ( စုယန်ယန် ) က လက်ထပ်ပြီးသား အိမ်ထောင်သည်ပေါ့။ ” ထို့နောက် သူ တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ အံ့ဩတကြီး ပြောလိုက်‌သည်။ “ ဘယ်လို။ ဥက္ကဌစုလေးက အိမ်ထောင်သည်တဲ့လား။ ”

ဝန်ထမ်း ကောင်လေးက ထိတ်လန့်သွားသည်။ “ ဥက္ကဌစုလေးကို အိမ်ထောင်သည်မှန်း သိရုံနဲ့ မင်း ဘာလို့ အရမ်း အံ့ဩသွားတာလဲ။ ”

အမျိုးသားက စိတ်ပျက်လက်ပျက် မျက်လုံးလှိမ့်ကာ တစ်ယောက်တည်း တွေးတောလိုက်သည်။ ‘ ဥက္ကဌစု ( စုယွီရွှမ်း ) က ညီမထိ ဓားကြည့် ဆိုတဲ့ လူစားမျိုးလေ။ လူတိုင်းက ဥက္ကဌစု ( စုယန်ယန် ) ကို အနည်းဆုံး အသက် သုံးဆယ် ရောက်မှ လက်ထပ်နိုင်မယ်လို့ ထင်ထားကြတာ။ သူမ ဒီလောက် မြန်မြန်ဆန်ဆန် လက်ထပ်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ’

“ ဥက္ကဌစု ( စုယွီရွှမ်း ) က မင်းရဲ့ ကွန်ပျူတာကို ကြည့်နေတုန်း ဒီလူက ကွန်ပျူတာ စခရင်ပေါ်မှာ ပေါ်လာတာလား။ ”

“ ငါတော့ … အဲ့လို ထင်တာပဲ။ ”

သူ့လုပ်ဖော်ကိုင်ဖက်က သူ့ကို ကရုဏာသက်သော အကြည့်ဖြင့် ကြည့်ကာ ပခုံးကိုပင် လှမ်းပုတ်ခဲ့သည်။ “ ထပ်တူ ဝမ်းနည်းပါတယ်ကွာ။ ”

ဝန်ထမ်းလေး : “ !!! ” ဘာကို ထပ်တူ ဝမ်းနည်းတာလဲ။ သူ ပြောတဲ့ ပုံစံက မသိရင်ပဲ ငါက ချက်ချင်းလက်ငင်း သေသွားတော့မလို … ။

ဝန်ထမ်းလေး မသိခဲ့တာကတော့ သူ တကယ်လည်း သေခါနီး အခြေအနေ ဖြစ်သွားခဲ့တယ် ဆိုတာကိုပါ။ သူ့ဝန်ထုပ်ဝန်ပိုးကို မျှယူပေးသော တစ်စုံတစ်ယောက်ကြောင့်သာ သူ ဆက်လက် ရှင်သန်နိုင်တာ ဖြစ်သည်။

စုယွီရွှမ်းသည် ကုမ္ပဏီကနေ ပြန်လာပြီးနောက် ဗီဒီယို ခေါင်းစဉ်ကို ရိုက်ရှာကြည့်လိုက်လျှင် သတင်းပေးသူ တစ်ယောက်ရဲ့ တရားဝင် အကောင့်ကို ရှာတွေ့သွားခဲ့သည်။ သူ ဗီဒီယိုထဲ ဝင်လိုက်ချိန်မှာဝောာ့ ချက်ချင်းပဲ ဒေါသထွက်သွားမိလေသည်။

စုယွီရွှမ်း : “ … ” ဒေါသတွေနဲ့ ပြည့်ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံး‌ ပေါက်ထွက်သွားတော့မလိုပဲ။

စုယွီရွှမ်းသည် သတင်းတွေ အကုန်လုံးကို ဖတ်ရှုသွားပြီးနောက် သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက “ ငါတော့ မရတော့ဘူး ၊ ဒေါသထွက်နေပြီ။ ” ဆိုတာပဲ ဖြစ်သည်။

သူ့အဖိုးတန် ညီမလေးဟာ ယောက်ျား တစ်ယောက်က လိုချင်နေတဲ့ ဘာမဟုတ်တဲ့ ပစ္စည်းလေး အတွက်နှင့် စင်ပေါ် တက်ကာ ကံစမ်းမဲနှိုက်ခဲ့ရုံသာမက စုံတွဲ ခွက်လေးတွေကို ရသွားချိန်မှာ အံ့ဩစွာ ပြုံးတောင် ပြုံးလိုက်သေးရဲ့။

အကြောင်းမသိတဲ့ လူတွေက သူတို့မိသားစုဟာ ဆင်းရဲလွန်းလို့ စုံတွဲ ခွက်ကလေးတွေကို မဝယ်နိုင်ဘူးလို့ ထင်သွားကြတော့မည်။

လူ တစ်ယောက်ကို ခွက်တွေ လက်ဆောင်ပေးတာက ကိုယ့်ဘဝ တစ်ခုလုံးကို သူ့ဆီမှာ ပုံအပ်လိုက်တဲ့ အဓိပ္ပာယ်ပဲ ဆိုတာကို ဟောက်ချန်ဟွမ်း မသိတာ မဖြစ်နိုင်ဘူး။ အဲ့ခွေးကောင်က သူ့ညီမကို အမြတ်ထုတ်နေတာ။

‘ ချီး ၊ အဲ့သူတောင်းစားက ပြန်မတ်တပ်ရပ်နိုင်သွားပြီတဲ့လား။ သူ့ခြေထောက်တွေ အကောင်းအတိုင်း ပြန်ဖြစ်သွားပြီ‌ပေါ့လေ။ ’ ဟူသော ဒုတိယ အတွေးက သူ့စိတ်ထဲ ဝင်ရောက်လာသည်။

စုယွီရွှမ်းသည် ဒီကိစ္စရဲ့ အမှန်တရားကို အတည်ပြုရန် သူ့ညီမကို ဖုန်းဆက်ချင်နေသော်လည်း တစ်ဖက်က ဖုန်းမကိုင်သေးခင်မှာပဲ သူ ဖုန်းချပစ်လိုက်သည်။

သူ့ရဲ့ အလိုလို သိစိတ်က သူ့ကို ဒီကိစ္စဟာ သူ့ညီမနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု ပြောနေတာမို့ အဲ့ဒါကို သူ့မိဘတွေနှင့် အရင်ဆုံး ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

မျှော်လင့်ထားသလိုပင် သူတို့ အိမ်ပြန်ရောက်သောအခါ မစ်စတာ စုနှင့် မစ်စ်စုတို့ကလည်း ထိုသတင်းကို ကြားထားပြီးသား ဖြစ်နေကြသည်။ သူတို့ ပျော်လည်း ပျော် ၊ စိုးလည်း စိုးရိမ်နေခဲ့ကြသည်။

“ မင်းလည်း အဲ့သတင်းကို ကြားထားတယ်လား။ ကြည့်ရတာ သတင်းတွေ ပြန့်နေပြီနဲ့ တူတယ်။ ”

“ ဘယ်လိုလုပ် သတင်းမပြန့်ဘဲ နေမှာလဲ။ ” စုယွီရွှမ်းရဲ့ မျက်နှာက မည်းမှောင်နေသည်။ သူ ဒေါသစိတ်ကို ချိုးနှိမ်ရင်း ပြောလိုက်သည်။ “ ဝှီးချဲ‌ပေါ်မှာပဲ နှစ်ပေါင်းများစွာ ကြာအောင် ထိုင်နေခဲ့ရတဲ့ လူက ရုတ်တရက် မတ်တပ်ရပ်နိုင်မယ် ဆိုရင် ဘယ်သူမဆို အံ့ဩကြမှာပဲ။ ”

ချိန်ရှုချင်က သူမရဲ့ သား ပြောသော စကားကို ကြားလျှင် အနည်းငယ် မျက်မှောင်ကြုတ်မိသွား၏။ သူမ အနည်းငယ် နားမလည်နိုင် ဖြစ်သွားမိသည်။ “ သား ဘာလို့ မပျော်တဲ့ ပုံစံ ဖြစ်နေတာလဲ ယွီရွှမ်း။ ”

ချိန်ရှုချင်သည် သူမသမီးနှင့် ဟောက်ချန်ဟွမ်းတို့က ချစ်ကျွမ်းဝင်နေကြတယ် ဆိုတာကို သိသော်လည်း ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ အကြောသေနေခြင်းက သူမနှလုံးသားထဲမှာ ဆူး တစ်ချောင်းလို အမြဲ စိုက်ဝင်နေခဲ့သည်။ ပါးစပ်ကနေတော့ ထုတ်မပြောပေမဲ့ သူမ နည်းနည်းလေး နှမြောတသ ဖြစ်မိပြီး သူ့ခြေထောက်တွေ သက်သာသွားရင် ကောင်းမှာပဲလို့ တွေးနေမိဆဲ ဖြစ်လေသည်။

လ အနည်းငယ်သာ ရှိသေးပေမဲ့ သူကတော့ မတ်တပ်ရပ်နိုင်သွားပါပြီ။

“ ကျွန်တော် မပျော်တာ မဟုတ်ပါဘူး။ သူ မတ်တပ်ရပ်နိုင်သွားလို့ ကျွန်တော် ဝမ်းသာပါတယ်။ အနည်းဆုံးဝောာ့ ယန်ယန် ထပ်ပြီး အတင်းမပြောခံရတော့ဘူးပေါ့။ သူ့ခြေထောက်တွေ ပြန်သက်သာလာတာက ယန်ယန်နဲ့ တစ်ခုခု ပတ်သက်နေမှာကို ကျွန်တော်က စိုးရိမ်တာပါ။ အဲ့လိုသာ ဆိုရင် ယန်ယန် အန္တာရာယ်ရှိမှာလား … ။ ”

ချိန်ရှုချင် ထိတ်လန့်သွားသည်။ “ အန္တာရာယ် … ။ ဘာအန္တာရာယ်လဲ … ။ ”

“ သူက ဘာကုသမှုမှ မခံယူဘဲ ရုတ်တရက်ကြီး သက်သာလာခဲ့တာလို့ ဆရာဝန်က ပြောထားတယ်လေ။ ဒီကိစ္စက တကယ်ပဲ ယန်ယန်နဲ့ ပတ်သက်နေမယ် ဆိုရင် အဲ့ဒါက ပြဿနာတွေကို ဆွဲခေါ်လာမှာ ကျွန်တော် စိုးရိမ်တယ်။ ပြီးတော့ … ”

All Chapters