← Chapters

အခန်း ၅၁၄

Vol. 35 Ch. 514

အခန်း ၅၁၄

Vol. 35 Ch. 514

အခန်း ( ၅၁၄ ) ရှင် ကြမ်းတမ်းလို့ ရပါတယ်။

စုယွီရွှမ်းရဲ့ စကား မဆုံးသေးခင်မှာပဲ မစ်စ်စုက သူ့ကိုယ်စား ဆက်ပြောပေးခဲ့သည်။ “ ပြီးတော့ တချို့ လူတွေရဲ့ မျက်လုံးထဲမှာ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေက မလှုပ်ရှားနိုင်လို့ သူက သတိထားစရာ လူ တစ်ယောက် မဟုတ်ဘူး ဆိုပေမဲ့ အခုတော့ သူ့ခြေထောက်တွေက သက်သာသွားပြီ ဆိုတော့ တချို့က သူ့ကို သတိထားလာကြတော့မယ် ဆိုတာ သေချာတယ်။ ကောင်းကောင်း မြင်နိုင်တဲ့ ဘယ်သူမဆို ယန်ယန်က အခုအချိန်မှာ ယန်ယန်က သူ့ရဲ့ ပျော့ကွက် ဖြစ်သွားပြီမှန်း မြင်နိုင်တယ်။ တချို့ လူတွေက မခံမရပ်နိုင်ဖြစ်ပြီး အကြမ်းဖက်ရင် ဖက်လာနိုင်တယ်။ ”

ချိန်ရှုချင် တစ်ယောက် ထိတ်လန့်သွားသည်။ အဖေစု ဘယ်သူ့ကို ပြောနေလဲ ဆိုတာ သူမ ချက်ချင်း နားလည်သွားပြီး သူမရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှု အနည်းငယ် ထင်ဟပ်လာခဲ့သည်။ “ ဒါဆို ကျွန်မတို့ ဘာလုပ်သင့်လဲ။ ”

“ အရင်ဆုံ ယန်ယန့်ကို ဖုန်းဆက်ပြီး မနက်ဖြန်ကျ အဲ့ကောင်လေးနဲ့ လာခဲ့ဖို့ ပြောလိုက်။ တချို့ ကိစ္စတွေ ဆိုတာ လူချင်း တိုက်ရိုက် ပြောမှ ကောင်းတာ။ ”

“ ဟုတ်ပြီ ၊ ဟုတ်ပြီ။ ကျွန်မ သူမကို အခုချက်ချင်း ဖုန်းဆက်လိုက်မယ်။ ”

ချိန်ရှုချင်က စုယန်ယန်ကို ဖုန်းဆက်လိုက်သောအခါ စုယန်ယန်က ယုကျစ်ယန် ၊ ရိုလီပိုလီတို့နှင့် လုပ်စရာ ရှိတာတွေ လုပ်ပြီးရုံပဲ ရှိသေးသည်။ သူမ စိတ်ချမ်းသာနေကာ သူတို့အတွက် စားသောက်ပွဲကြီး ပြင်ဆင်ပေးနေခဲ့သည်။

အစတုန်းက ယုကျစ်ယန်နှင့် ကျန်လူတွေက ဖရိုဖရဲ အခြေအနေ ပြီးဆုံးသွားပြီးနောက် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့အား ကိုယ်ပိုင် အချိန် ပေးရန် နှစ်ယောက်တည်း ချန်ထားခဲ့ဖို့ စီစဉ်ထားတာ ဖြစ်သည်။

သို့သော်လည်း စုယန်ယန်ကတော့ ဒီလို အချိန်အခါကောင်းကို ဒီတိုင်း အလဟဿအဖြစ်မခံသင့်ဘူးဟု ထင်လေသည်။ လူတွေ အကုန်လုံး စုပြီး အောင်ပွဲခံတာက ပိုအဓိပ္ပာယ်ရှိသည်ဟု သူမ ခံစားရသည်။

ပြီးတော့ သူတို့က စုယန်ယန်ရဲ့ ဟင်းချက်စွမ်းရည်တွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် နားလည်ထားကြသည်။ ဘာမှ မစားဘဲ ဒီတိုင်း ပြန်သွားရမှာ နှမြောစရာကောင်းသည်လေ။

အဆုံးသတ်၌ ဟောက်ချန်ဟွမ်းရဲ့ ရေခဲမျက်စောင်းကို အားတင်းသည်းခံပြီး စံအိမ်ကြီးမှာ တစ်နပ်စာ စားဖို့က လွဲလို့ သူတို့မှာ တခြား ရွေးချယ်စရာ မရှိတော့ပေ။ စားသောက်ပြီးတော့ သူတို့ ချက်ချင်းပဲ ပြန်လာခဲ့ကြသည်။

သူတို့ ပြန်သွားပြီးနောက် စုယန်ယန်သည် ခပ်တိုးတိုး မညည်းညူမိဘဲ မနေနိုင်ပေ။ “ သိပ်မရက်စက်ပါနဲ့ရှင်။ သူတို့က ရှင့်အတွက် ဝမ်းသာနေကြတာလေ။ သူတို့မှာ ကျွန်မတို့ကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ”

ဟောက်ချန်ဟွမ်းက သူမကို တစ်ချက် ကြည့်ပြီး သူ့စိတ်ထဲက အရှိအတိုင်း ပြောလိုက်သည်။ “ မင်းက ခုနတုန်းကဆို ကိုယ့်ထက်တောင်မှ ပိုရက်စက်နေသေးတာပါ။ ”

စုယန်ယန်က ခဏလောက် ဆွံ့အသွားပြီးမှ ကျိုးကြောင်းဆီလျော်စွာ ပြောလိုက်သည်။ “ ကျွန်မ သူတို့ကို ကြိမ်းမောင်းပြီးသွားပြီလေ။ အဲ့ဒါကို ရှင်က ဘာလို့ သူတို့ကို ထပ်ကြိမ်းမောင်းနေတာလဲ။”

“ မင်း ရက်စက်လို့ ရရင် ကိုယ်လည်း ရက်စက်လို့ ရတယ်။ ဘာမှ မဖြစ်ဘူး။ ”

စုယန်ယန် ပြောစရာစကားမဲ့သွားရသည်။ ရပြီ ၊ ရှင် နိုင်တယ်ပဲ ထားလိုက်တော့။

သူမရဲ့ ခင်ပွန်းကြောင့် ဆွံ့အသွားသော စုယန်ယန်သည် မကြာသေးခင်တုန်းက သခင်ကြီးကျန်း ပြောခဲ့သော စကားကို ရုတ်တရက် ပြန်သတိရသွားမိသည်။ တစ်စုံတစ်ယောက်က တချို့ နေရာတွေမှာ အရမ်းကို သဘောထားသေးနိုင်သည်တဲ့။

သူမခင်ပွန်းနှင့် ပတ်သက်လို့ သူမ ရှာဖွေတွေ့ရှိ‌လာသော အကြောင်းအရာ အသစ်ထဲမှာ နစ်မျောနေသော စုယန်ယန်သည် သူမရှေ့မှာ ‌ရပ်နေသော ဟောက်ချန်ဟွမ်းကို သတိမပြုမိခဲ့။ “ ယန်ယန် … ”

“ ဟမ်။ ” စုယန်ယန်က အူကြောင်ကြောင်လေး ခေါင်းမော့လိုက်ချိန်မှာ အနမ်းခံလိုက်ရ၏။

သူတို့ အရင်တုန်းက တစ်ခါမှ မနမ်းဖူးတာ မဟုတ်ပါ။ ဒါပေမဲ့ သူတို့ နမ်းခဲ့ဖူးတဲ့ အနမ်း အများစုက ညင်သာနူးညံ့ပြီး မထိတထိ စနောက်ကြသော အနမ်းများသာ ဖြစ်သည်။

နူးညံ့တဲ့ အနမ်းနောက်မှာ လွှမ်းမိုးချုပ်ကိုင်မှုတွေပါ ကပ်ပါလာပြီး သူမကို ရုန်းဖယ်လွတ်မြောက်ဖို့ရာ မတတ်နိုင်စေတဲ့ အခုလို အနမ်းမျိုး မဟုတ်။

စုယန်ယန်သည် သူ့အနမ်းကြောင့် မှင်သက်နေသော်လည်း သူမရဲ့ နှလုံးသားကတော့ တဒိန်းဒိန်း ခုန်နေခဲ့သည်။ တစ်စုံတစ်ယောက်ဟာ ဒီတစ်ခေါက်တော့ အဆုံးထိ သွားတော့မည်ဟု သူမ ခံစားနေရသည်။

ဒါပေမဲ့ ဟောက်ချန်ဟွမ်းက သူမရဲ့ နားထဲသို့ တမင်တကာ ပြောခဲ့သည်။ “ ယန်ယန် … ”

“ ဟမ်။ ”

“ ဒီည ကိုယ့်အပိုင် ဖြစ်ပေးပါ။ ဟုတ်ပြီလား။ ”

သူ့ရဲ့ သံလိုက်လို ဆွဲငင်နိုင်သော ဩရှရှ အသံထဲမှာ စိတ်အားထက်သန်မှုတွေ တစ်စွန်းတစ ပျော်ဝင်နေသည်။ စုယန်ယန်က စက္ကန့် အနည်းငယ် ကြောင်အသွားပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်သော အဓိပ္ပာယ်ကို နားလည်သွားသည်။ သူမမျက်နှာပေါ်မှ ပူနွေးမှုသည် တဖြည်းဖြည်း ငြိမ်ကျသွားပြီ ရုတ်တရက် ပူထူသွားပြန်သည်။

စဉ်းစားကြည့်တော့မှ သူမတို့ လက်ထပ်ပြီးကတည်းကနေ အခုချိန်ထိ … တစ်ခါမှ မနီးစပ်ဖူးသေးဘူးပဲ။

ဖြစ်နိုင်တာက သူတို့ …

“ အဆင်ပြေလား။ ” သူ့အသံထဲမှာ ကလူချွဲမြူခြင်းနှင့် မျှော်လင့်ခြင်းတွေ ပါးပါးလေး ထင်ဟပ်နေသည်။

စုယန်ယန်က သူမကို တောင်းပန်နေတဲ့ လူတွေကို တောင့်မခံနိုင်ပါ။ အထူးသဖြင့် ဟောက်ချန်ဟွမ်း။

“ ဒါဆို … ”

စုယန်ယန် စကားပြောလို့ မဆုံးသေးခင်မှာပဲ ရှည်လျားသော ဖုန်းမြည်သံက သူမစကားကို ဖြတ်တောက်ပစ်လိုက်လေသည်။

သူမ ဆွံအသွားသည်။

ဟောက်ချန်ဟွမ်း : “ … ” ငါ အရမ်း ဒေါသထွက်နေပြီဟေ့။ ငါ တစ်ယောက်ယောက်ကို ဆွဲထိုးပစ်ချင်နေပြီ။

All Chapters