← Chapters

အခန်း ၅၂၁

Vol. 35 Ch. 521

အခန်း ၅၂၁

Vol. 35 Ch. 521

အခန်း ( ၅၂၁ ) အစ်ကိုကြီးစု ထပ်မံ အထိနာသွားခြင်း။

စုယန်ယန် အောက်ထပ် ဆင်းလာချိန်မှာ ဟောက်ချန်ဟွမ်းကလည်း စာကြည့်ခန်းထဲကနေ စုယွီရွှမ်းနှင့်အတူ အချိန်ကိုက် ထွက်လာခဲ့သည်။

စုယန်ယန်က သူ့ကို မြင်သည်နှင့် ချက်ချင်းပဲ သူ့ဆီ ပြေးသွားပြီး နူးညံ့စွာ မေးလိုက်သည်။ “ ရှင် အဆင်ပြေရဲ့လား။ ”

“ ကိုယ် ဘာဖြစ်နိုင်မှာမို့လို့လဲ။ အဖေနဲ့ အစ်ကိုက ကိုယ် ပြန်သက်သာလာလို့ ဂရုစိုက်ပေးနေကြတာပါ။ ကိုယ့်ကို မေးခွန်း နည်းနည်းပါးပါး မေးရုံလောက်ပါပဲ။ ”

အဖေစုနှင့် အစ်ကိုစု : “ … ” ဘယ်သူက မင်းကို ဂရုစိုက်ပေးလို့လဲ။ အရှက်ကို မရှိဘူး။ ဟမ့်။

စုယန်ယန်က သူတို့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။ “ ဟုတ်လို့လား။ ”

စုယွီရွှမ်းနှင့် သူ့အဖေဟာ သူတို့ရဲ့ ညီမငယ်လေး ( သမီးလေး ) ထံမှ သံသယအကြည့်ဖြင့် အကြည့်ခံလိုက်ရ၏။ သူတို့ရဲ့ နှလုံးသားတွေကို နှစ်ချို့ ငံပြာရည်ထဲမှာ ၁၀ နှစ်ကျော် စိမ်ထားရလို့ တကယ့်ကို ချဉ်စူးနေသလိုမျိုး စိတ်ထဲမှာ မနာလိုမှုတွေ ပြည့်နှက်သွားကြလေသည်။

ဒီမုန်းချင်စရာ အကောင်ကို ကာကွယ်ပေးဖို့ အတွက်နှင့် သူတို့ရဲ့ ဘေဘီလေးက သူတို့ကို ယုံတောင် မယုံကြည်တော့ဘဲ အခုလို သံသယအကြည့်ဖြင့် ကြည့်နေခဲ့သည်။ ဟူး ၊ သူတို့နှလုံးသားတွေ နာကျင်သွားပြီ။

ချိန်ရှို့ချင်က သားအဖ နှစ်ယောက်ရဲ့ အပြုအမူကို တစ်ချက်လောက် ကြည့်ရုံနှင့် ခရေစေ့ကွင်းကျ နားလည်သွားကာ စိတ်ပျက်လက်ပျက် မျက်လုံးလှိမ့်လိုက်မိသည်။ “ ကဲ … ကဲ … ၊ သမီးရဲ့ အဖေနဲ့ အစ်ကိုက သူ အချိန် ခဏလေး အတွင်း ဘယ်လို သက်သာလာတာလဲလို့ သိချင်နေကြရုံပါကွယ်။ သူတို့က လူသားစား သတ္တဝါကြီးတွေ မဟုတ်လို့ ဟောက်ချန်ဟွမ်းကို ကိုက်လည်း ကိုက်မစားနိုင်ပါဘူး။ ”

စုယန်ယန်က သူမရဲ့ နှာခေါင်းကို အနေရခက်စွာ ပွတ်ကာ ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်။

အဲ့ဒါကို မြင်သော ချိန်ရှို့ချင်သည် သူမရဲ့ စိတ်အာရုံကို သားအဖ နှစ်ယောက်ဆီ အပြည့်အဝ လွှဲပြောင်းလိုက်၏။ “ ယန်ယန်နဲ့ ချန်ဟွမ်းက အိမ်ပြန်လာတယ် ဆိုတာ ရှားတယ်နော်။ ရှင်တို့ စပ်စုချင်နေတယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတာ ကောင်းမယ်။ ရှင်တို့ သူတို့ကို ကြောက်ပြီး ပြန်သွားအောင် လုပ်ရင် ကျွန်မ ရှင်တို့နဲ့ ပြီးမှ စာရင်းရှင်းမယ်။ ”

စု မိသားစုရဲ့ သားအဖ နှစ်ယောက် : “ … ” မင်းကပါ ဘယ်လိုလုပ် သူတို့ဘက်တော်သား ဖြစ်သွားရတာလဲ။ နောက်ဆုံးကျ မင်းလည်း ငါတို့ကို သစ္စာဖောက်တယ်။

သို့သော် သူတို့ ဘာမှတော့ ပြန်မပြောနိုင်ကြ။ အစာကွင်းဆက်ရဲ့ ဟိုး အောက်ဆုံးမှာ ရှိနေတဲ့ လူတွေက တကယ့်ကို အထိအရှမခံနိုင်ပါဘူး။ အဟင့် အဟင့် အဟင့် ~

တစ်မိသားစုလုံး နေ့လယ်စာကို ငြိမ်းငြိမ်းချမ်းချမ်း စားပြီးနောက် ချိန်ကျွင်းဟောက်ကို ‌ဗီဒီယိုကောလ် လှမ်းခေါ်ခဲ့ကြသည်။

ဗီဒီယိုထဲမှာ ချင်ရွှယ်ရူရဲ့ မျက်နှာက အတော်လေး မို့ဖောင်းထွက်နေပြီး သူမရဲ့ မျက်နှာကလည်း အရင်ကထက် ပိုမို ဖောင်းပြည့်နေသည်။

“ ယန်ယန်လား။ နင် အိမ်ရောက်နေတာလား။ ”

“ ဟုတ်။ ချန်ဟွမ်းနဲ့ ညီမတို့ အိမ်ပြန်လာတာရယ်။ ”

ချင်ရွှယ်ရူက ပြုံးပြီး ပြောသည်။ “‌ ဒေါ်လေး ချန်ဟွမ်းသတင်း ကြားထားပါတယ်။ နင့်တို့ နှစ်ယောက်လုံးကို ဂုဏ်ပြုပါတယ်နော်။ ”

စုယန်ယန်က ပျော်ရွှင်မှုတွေ ပြည့်နှက်နေသော မျက်နှာလေးဖြင့် ခပ်တိုးတိုး ရယ်လိုက်မိသည်။

အခန်းထဲမှာ ရှိနေတဲ့ လူတွေ အကုန်လုံးက အဲ့ဒါကို မြင်တော့ ပြုံးမိသွားကြသည်။ “ ဒေါ်လေး အခုတလော နေရထိုင်ရတာ အဆင်ပြေ နေကောင်းရဲ့လား။ ဘေဘီစုလေးရော ဘယ်လိုလဲ။ ”

ချိန်မိသားစုဆီ ချင်ရွှယ်ရူ ပြန်သွားပြီးနောက်ပိုင်း သူမတို့ နှစ်ယောက်ဟာ ပုံမှန်အားဖြင့် ( ၁၅ ) ရက် တစ်ခါ ဗီဒီယိုကောလ် ပြောဖြစ်ကြသည်။ စုယန်ယန်က ချင်ရွှယ်ရူနှင့် ဗီဒီယိုကောလ် ပြောရင်း သူမရဲ့ ကိုယ်ဝန် ဆေးစစ်ချက် အစီရင်ခံစာအပေါ် မူတည်ကာ နေ့စဉ် ချက်ပြုတ်နည်းတွေကို အခြေအနေနှင့် ကိုက်ညီအောင် ထိန်းညှိပေးသွားလေ့ ရှိသည်။

“ ဒေါ်လေးတို့ နှစ်ယောက်လုံး တကယ့်ကို ကျန်းကျန်းမာမာပါပဲကွယ်။ အခုတလော ကလေးက ခဏ ခဏ ပိုလှုပ်ရှားလာတယ်။ နင့်ဦးလေး ပြောတာဝောာ့ ကလေးက အရမ်း ဆော့လို့ ယောက်ျားလေး ဖြစ်ဖို့ များတယ်တဲ့။ ”

“ အဲ့လို တွက်လို့ မရဘူး။ ” ချင်ရွှယ်ရူရဲ့ စကား ဆုံးရုံ ရှိသေး ၊ ချိန်ရှို့ချင်က စိတ်မရှည်စွာ ဝင်ပြောလာသည်။ “ ငါ ယန်ယန့်ကို ကိုယ်ဝန်လွယ်ထားရတုန်းကဆို သူမက ယွီရွှမ်းထက်တောင်မှ ဗိုက်ထဲမှာ ပို‌ဆော့သေးတယ်။ သူမရဲ့ အဖေနဲ့ ငါနဲ့ကလည်း သူမကို ဝဝဖြိုးဖြိုး ယောက်ျားလေး တစ်ယောက် ဖြစ်မယ်လို့ ထင်ထားကြတာ ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ မိန်းကလေး မွေးလာခဲ့တယ်။ ”

ချိန်ရှို့ချင် ဒီအကြောင်း ပြောတာကို စုယန်ယန် ကြားဖူးတာ ဒါ ပထမဆုံးပါ။ သူမ အံ့ဩသွားပြီး မေးလိုက်သည်။ “ တကယ်လား။ သမီး ဘာလို့ အဲ့အကြောင်း နည်းနည်းလေးမှ မမှတ်မိတာပါလိမ့်။ ”

ချိန်ရှို့ချင်သည် ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ “ သမီးက အဲ့ဒီတုန်းက မွေးကင်းစ ကလေးလေးပဲ ရှိသေးတာကို ဘယ်လိုလုပ် မှတ်မိမှာလဲ။ ဒါပေမဲ့ ဒီလို ပြောတော့မှ တကယ့်ကို တော်တော်လေး အံ့ဩစရာကောင်းတဲ့ ကိစ္စ ရှိတယ်။ အမေ သမီးရဲ့ အစ်ကို,ကို ကိုယ်ဝန်လွယ်ထားရတုန်းက သူက အရမ်း လိမ္မာတာ ၊ ဗိုက်ထဲမှာ ဘာမှ လှုပ်လှုပ်ရှားရှား မလုပ်သလောက်ပဲ။ သမီးရဲ့ အဖေနဲ့ အမေတို့ကလည်း ကလေး တစ်ခုခု ဖြစ်နေတာလားလို့ စိတ်ပူပြီး ဆေးစစ်ချက်တွေ အများကြီး လုပ်လိုက်တော့မှ ကလေးက ဒေါင်ဒေါင်မြည် ကျန်းမာနေမှန်း သိလိုက်ရတာ။ အဲ့ဒါနဲ့ အမေတို့လည်း သူ့ကို တော်တော်လေး လိမ္မာတဲ့ သမီးလေး တစ်ယောက်လို့ ထင်ထားကြတာပေါ့။ ”

“ သူ့ကို မျောက်ရှုံးအောင် ဆော့တဲ့ ကလေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ အမေ ထင်မထားခဲ့ဘူး။ အရမ်း ဆိုးလွန်းလို့ သူ့အဖေက သူ့ကို နေ့တိုင်း လိုက်ဖမ်းပြီး ရိုက်ချင်နေတဲ့အထိပဲ။ သမီးကတော့ ဗိုက်ထဲမှာ ရှိနေတုန်းက အရမ်း ဆော့ပေမဲ့ မွေးလာပြီးကတည်းက အော်လည်း မငိုဘူး ၊ ကကြီကကြောင်လည်း မလုပ်ဘူး။ သမီးကို ပျိုးထောင်ရတာ တကယ့်ကို အဆင်ပြေ လွယ်ကူခဲ့တာ။ ”

ချိန်ရှို့ချင်သည် ပြောနေရင်း သူမရဲ့ အကြီးဆုံး သားကိုလည်း စိတ်ပျက်လက်ပျက် တစ်ချက် ကြည့်လိုက်သေး၏။ အတိတ်တုန်းက ဒီခွေးကောင်ကလေးဆီမှာ နှစ် ( ၂၀ ) ကျော် ကြာအောင် ဒုက္ခခံရတဲ့ ကြောက်ရွံမှုကို သူမ ပြန်သတိရသွားတာ သိသိသာသာပဲ ဖြစ်သည်။

All Chapters