← Chapters

အခန်း ၅၂၆

Vol. 36 Ch. 526

အခန်း ၅၂၆

Vol. 36 Ch. 526

အခန်း ( ၅၂၆ ) ကျွန်မယောက်ျားကို အတတ်ကောင်းတွေ သင်ပေးတာ ဘယ်သူလဲ။

သူမအကြည့်ကြောင့် ဟောက်ချန်ဟွမ်းက ပြာယာခတ်သွားပြီး နူးနူးညံ့ညံ့ မေးလိုက်သည်။ “ မင်း ဘာဖြစ်လို့လဲ။ ”

“ မနေ့ညတုန်းက ကိစ္စက ရှင့်ရဲ့ ပထမဆုံး အကြိမ် ဆိုတာရော တကယ် ဟုတ်ရဲ့လား။ ”

ဟောက်ချန်ဟွမ်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ အဲ့ဒီ မေးခွန်းကို ဘာလို့ မေးမှန်း သူ နားမလည်ပါ။ သူ့စွမ်းဆောင်ရည်တွေက လုံလောက်တဲ့ အတိုင်းအတာ တစိခုထိ မကောင်းဘူးလို့ ထင်လို့ ဒီလို မေးတာများလား။

“ အဲ့ဒါ ကိုယ့်ရဲ့ ပထမဆုံး အကြိမ်ပါ။ ”

“ အဲ့ဒါဆို ရှင် ဘာလို့ … အရမ်း ကျွမ်းကျင်နေရတာလဲ။ ”

ဟောက်ချန်ဟွမ်း အံ့ဩသွားသည်။ သူ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိသည်။ “ ဒါ မင်း ကိုယ့်ကို ချီးကျူးနေတာလို့ ကိုယ် မှတ်ရမှာလား။ ”

စုယန်ယန်ရဲ့ ပါးလေးတွေ ရဲတက်သွားပြီး သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ စကားလမ်း‌ကြောင်း မလွှဲနဲ့။ ”

ဟောက်ချန်ဟွမ်း ရယ်မောလိုက်၏။ “ မတော်တဆမှု ဖြစ်တုန်းက ကိုယ် အသက်မပြည့်သေးဘူး။ ”

ဟောက်ချန်ဟွမ်း ပြောတဲ့ စကားနောက်မှာ တစ်ခါတည်း ကပ်ပါလာတဲ့ အဓိပ္ပာယ်ကတော့ အသက်မပြည့်သေးတဲ့ လူ တစ်ယောက် အတွက် အဲ့လို ကိစ္စမျိုးတွေ ဖြစ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာပါ။ ပြီးတော့ ခန္ဓာကိုယ် ချို့ယွင်းချက် ရှိနေတဲ့ လူ တစ်ယောက် အတွက် ဆိုလျှင် အသက်ပြည့်သွားချိန်မှာတောင် ထိုကိစ္စမျိုး ဖြစ်နိုင်စရာ အကြောင်း မရှိပေ။ ဒါ့ကြောင့် ဒါက သူ့အတွက် ပထမဆုံးအကြိမ်ပါပဲ။

“ ဒါဆို ရှင် … ”

“ မင်းက ဗီဒီယိုတွေ ကြည့်လို့ ရရင် ကိုယ်လည်း ဇာတ်လမ်းတွေ ဖတ်လို့ ရတာပဲ‌လေ။ ”

“ ဇာတ်လမ်းတွေ ဖတ်တယ် .. ဟုတ်လား။ ” စုယန်ယန် အံ့ဩစွာ မျက်လုံးပြူးသွားသည်။

“ အင်း။ ”

စုယန်ယန် မျက်မှောင်ကြုတ်လိုက်၏။ “ ရှင် အဲ့လို စာအုပ်မျိုး ဘယ်က ရတာလဲ။ ရှင့်ကို ဘယ်သူ ညွှန်းပေးတာလဲ။ ဘယ်သူလဲ။ ကျွန်မယောက်ျားကို အတတ်‌ကောင်းတွေ သင်ပေးတာ ဘယ်သူလဲ။ ”

သူတို့ သုံးယောက်လုံး သူတို့သခင်လေးအတွက် စိုးရိမ်လွန်းလို့ နေမကောင်းဖြစ်ချင်သွားကြသည်။ “ ဟပ်ချိုး … ”

ဟောက်ချန်ဟွမ်းက သူမရဲ့ မေးခွန်းကို မဖြေဘဲ ထိုအစား မေးခွန်းပြန်ထုတိလိုက်သည်။ “ ဒါဆို မင်းကို ဗီဒီယို ပို့လိုက်တာကရော ဘယ်သူလဲ။ ”

စုယန်ယန် တစ်ယောက် လည်ချောင်းနင်သွားသလို ခံစားလိုက်ရသည်။ “ ကျွန်မ ရှင့်ကို အရင် မေးတာ။ ”

“ ကျစ်ယန် ၊ ရှောက်ယန်နဲ့ ယန်ပိုင်။ ” ဟောက်ချန်ဟွမ်းသည် သူ့ရဲ့ လူယုံတော် ဝန်ထမ်းလေးတွေကို စတေးရန် ပြတ်ပြတ်သားသား ‌ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ စုယန်ယန်ကို လက်ဟန်ခြေဟန် ပြလိုက်၏။ “ အခု မင်း ပြောပြရမယ့် အလှည့်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းက မျက်လုံးချင်း မဆုံအောင် အကြည့်လွှဲနေခဲ့သည်။

ဟောက်ချန်ဟွမ်းက သူမ အဲ့ဒီလို ဖြစ်နေတာကို မြင်သောအခါ တစ်စုံတစ်ယောက်ကို အလိုလို ခန့်မှန်းမိသွားသည်။ “ လင်းရှောင်ချီလား။ ”

စုယန်ယန်ကတော့ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွားကာ ဆက်လက် နှုတ်ဆိတ်နေခဲ့သည်။

ဒါပေမဲ့ ဟောက်ချန်ဟွမ်းမှာ အဖြေရှိနေခဲ့ပါပြီ။ တောက်ပသော အမည်းရောင် အလင်းတန်း တစ်တန်း သူ့မျက်လုံးတွေထဲ ဖြတ်ပြေးသွားသည်။

စုယန်ယန်က ခဏလောက် မလုံမလဲ ဖြစ်နေပြီးမှ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ယုံကြည်ချက် ရှိသွားသည်။ “ ရှင်က ဇာတ်လမ်းတွေ ဖတ်တယ် ၊ ကျွန်မက ဗီဒီယို‌ ကြည့်တယ်။ ကျွန်မတို့ ညီတူညီမျှ ဖြစ်သွားပြီ။ ”

“ ညီတူညီမျှ ဘယ်ဟုတ်မလဲ။ ” ဟောက်ချန်ဟွမ်းက တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။ “ မင်းကို အဲ့လို ဗီဒီယိုတွေ ထပ်ကြည့်ခွင့်မပြုဘူး။ ”

စုယန်ယန်က သူ့ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။ “ ဘာလို့ မကြည့်ခိုင်းတာလဲ။ ”

“ စာတွေက ဗီဒီယိုတွေလောက် တည့်တိုးမဆန်ဘူးလေ။ မင်း ကိုယ့်ကို မြင်နေရတာ မလုံလောက်သေးဘူးလား။ မင်း တခြား ယောကျ်ားတွေကို ကြည့်ချင်သေးလို့လား။ ”

ဘာပဲပြောပြော သူ ဖတ်ဖူးသမျှ ညစ်ညမ်းဇာတ်လမ်းတွေ ဆိုတာ စာချည်းသက်သက်ပင်။ ဗီဒီယိုကဲ့သို့ ရုပ်ပုံတွေ မပါ,ပါ။

သူ အသိအမြင်ကျယ်ဖို့ ထိုဇာတ်လမ်းတွေကို ဖတ်တာ ဖြစ်သော်လည်း တခြား မိန်း‌ကလေးတွေရဲ့ ခန္ဓာကိုယ်ကိုတော့ လုံးဝ မကြည့်ခဲ့ပေ။ ယန်ယန်ကတော့ သူ့လို မဟုတ်ဘူး … ။

ဟောက်ချန်ဟွမ်းသည် ထိုအတွေးကြောင့် ဗီဒီယိုထဲက ယောက်ျား ၊ မိန်းမတွေကို မီးလောင်တိုက်သွင်းချင်သွားမိလေသည်။

သူမဘက်က မှားနေမှန်း စုယန်ယန်လည်း သိတာမို့ ယုံကြည်ချက် အားလျော့သွားမိသည်။ “ အင်းပါ။ မကြည့်တော့ဘူး။ ”

“ အဲ့လောက်နဲ့ ပြီးပြီလား။ ”

“ ဒါဆို ရှင် တခြား ဘာလိုချင်သေးတာလဲ။ ” စုယန်ယန် သူ့ကို နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်သည်။ ဒီလူကြီး တဖြည်းဖြည်းနဲ့ လောဘကြီးလာပြီ မဟုတ်လား။

“ ကိုယ် နစ်နာကြေး လိုချင်တယ်။ ”

“ ဘယ်လို … ။ အု …. ” စုယန်ယန် ပြောတာ စကားဆုံးရုံပဲရှိသေး ၊ ထပ်အနမ်းခံလိုက်ရသည်။

ခဏအကြာမှာတော့ စောင်အောက်မှာ သူတို့ နှစ်ယောက် အကြီးအကျယ် ရုန်းကန်နေခဲ့ကြပါသည်။ တစ်ခါတရံ စုယန်ယန် ကန့်ကွက်နေသံကိုတောင် ကြားနိုင်သည်။

“ ဟင့်အင်း ၊ တော်ပြီ။ မြန်မြန် အိပ်ရာထတော့။ နေ့ခင်းကျ ကျွန်မ အတန်းရှိသေးတယ်။ ”

“ ဟောက်ချန်ဟွမ်း ၊ ရှင် မကောင်းတဲ့ လူ။ ”

ကံကောင်းစွာဖြင့် ဟောက်ချန်ဟွမ်းမှာ အသိစိတ် တချို့တော့ ကျန်နေသေးသည်။ စုယန်ယန်မှာ နေ့လယ် အတန်းရှိသေးကြောင်း သူ သိသောကြောင့် သူမကို လွှတ်ပေးလိုက်သည်။

ရုန်းကန်လွတ်မြောက်သွားသော စုယန်ယန်သည် သူမရဲ့ လည်ပင်းပေါ်က အနီရောင် အမှတ်အသားတွေကို မြင်ချိန်မှာ ဒေါသတကြီး အံ့ကြိတ်လိုက်မိသည်။

ဒီ မကောင်းတဲ့ သတ္တဝါကြီးကဝောာ့ … ။ ဒီလို ထင်သာမြင်သာတဲ့ နေရာမျိုးမှာ အမှတ်အသားတွေ ကျန်ခဲ့အောင် မလုပ်ဖို့ ပြောထားတာတောင် နားမထောင်ဘူး။

အခု သူမမှာ နေ့ခင်းဘက် အတန်းတွေလည်း ရှိသေးတယ်။ တကယ်လို့ တခြား လူတွေသာ အဲ့ဒါကို သတိထားမိသွားရင် …

ရှက်ရွံ့ နောင်တရသွားသူ စုယန်ယန်ရဲ့ မျက်နှာဟာ မည်းမှောင်ကျနေခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ထိန်းချုပ်ရမှန်း မသိတဲ့ လူ တစ်ယောက် အတွက် အခုနောက်ပိုင်း ဆေးဖက်ဝင် စွပ်ပြုတ်တွေ ချက်ပြုတ်ပေးလာခဲ့မိတာလားဟု အံ့ဩမိသည်။

သူမ သူ့ကို ပြန်သက်သာအောင် ကူညီဖို့ တခြား တစ်ခု လုပ်သင့်တာများလား။

All Chapters