← Chapters

အခန်း ၅၃၀

Vol. 36 Ch. 530

အခန်း ၅၃၀

Vol. 36 Ch. 530

အခန်း ( ၅၃၀ ) လူတွေကို အဲ့လိုမျိုး အနိုင်မကျင့်ပါနဲ့။

စုယန်ယန်သည် အရုပ်ကို လက်ဟန်ခြေဟန်နှင့် ညွှန်ပြလိုက်၏။ “ အဲ့နေရာက အနူးညံ့ဆုံး ဆိုတော့ ဦးနှောက်ကို ထိခိုက်ဖို့လည်း အလွယ်ကူဆုံးပဲ။ ပုံမှန်ဆိုရင် ကျွန်မတို့တွေ ခေါင်းထဲမှာ ထူပူပြီး စိတ်ပင်ပန်းနေတာကို ဖြေဖျောက်ဖို့ နားထင်ကို ဖွဖွလေး ပွတ်လို့ ရပေမဲ့ ကြမ်းကြမ်းတမ်းတမ်းကြီး သွားလုပ်လို့တော့ မရဘူး။ အထူးသဖြင့် အရမ်း ပြင်းတဲ့ အားနဲ့ပေါ့။ အကယ်၍ ကျွန်မတို့ နားထင်ကို ခပ်ပြင်းပြင်း သွားထုရိုက်မယ် ဆိုရင် လူကို သတိလစ်သွားစေလိမ့်မယ် ၊ ပြီးတော့ ပြင်းထန်တယ် ဆိုရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်။ ”

စုယန်ယန်ရဲ့ စကားတွေက လူ တချို့ကို အော်ငိုစေခဲ့သည်။

“ ငါ အဲ့ဒါကို သိသားပဲ။ ငါ အထက်တန်းကျောင်းသားအရွယ်တုန်းက တစ်ခါ အိမ်ပြန်ရင်းနဲ့ ကျောင်းနားမှာ ရန်ဖြစ်နေကြတဲ့ လူ ( ၂ ) ဖွဲ့နဲ့ အမှတ်မထင် တည့်တည့်တိုးခဲ့တယ်။ သူတို့ထဲက တစ်ယောက်က တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ရန်ဖြစ်နေတာ ၊ တစ်ဖက်အဖွဲ့က တစ်ယောက်ရဲ့ ခေါင်းကိုတောင် ရိုက်လိုက်သေးတယ်။ ခေါင်းကို တုတ်နဲ့ အရိုက်ခံလိုက်ရတဲ့ ကောင်လေးကလည်း မြေကြီးပေါ်ကို လဲကျသွားပြီး ပြန်မထနိုင်တော့ဘူး။ နောက်ပိုင်း ငါ ကြားတာတော့ သူ အဲ့လိုနဲ့ပဲ သေသွားတယ်တဲ့ ၊ သူ့ကို ရိုက်တဲ့ ဟိုတစ်ယောက်ကတော့ အဲ့အမှုနဲ့ အဖမ်းခံလိုက်ရတယ်။ ”

“ မင်း အခုလို ပြောတော့မှ ငါလည်း ကိစ္စ တစ်ခုကို ပြန်သတိရသွားပြီ။ အရင်တုန်းက ငါနဲ့ သွေးဝေးတဲ့ ဆွေမျိုး တစ်ယောက် ရှိတယ် ၊ အသက် ( ၃၀ ) ၊ ( ၄၀ ) လောက်တော့ ရှိပြီ။ မိုးရွာနေတဲ့ ညသန်းခေါင်ကြီး သူ အိမ်သာ ထသွားရင်း လမ်းမှာ ချော်လဲတယ်တဲ့လေ။ မြေပေါ်ကို လဲကျပြီးတာနဲ့ ချက်ချင်း အသက်ထွက်သွားတယ် ဆိုပဲ။ နောက်ပိုင်း တချို့ ဆွေမျိုးတွေ ပြောကြတာတော့ ကျောက်တုံးလေး တစ်တုံးက သူ့ခေါင်း ဘေးဘက်ခြမ်းကို ရိုက်မိသွားတယ် ထင်တယ်တဲ့။ အခု ငါ အဲ့အကြောင်း တွေးကြည့်တော့မှ တကယ် ကြောက်စရာကောင်းတာပဲ။ ”

စုယန်ယန်က လူတိုင်း ဆွေးနွေးနေကြတာကို ကြားသောအခါ စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ထို့နောက် သူမ စကားဆက်လိုက်သည်။ “ အဲ့တော့ အကုန်လုံး သတိထားကြပါ။ လူ့ခန္ဓာကိုယ်ပေါ်က အပ်စိုက်ကုထုံး အမှတ်တွေကို ဝေဒနာတွေ ကုသဖို့ အသုံးချလို့ ရပေမဲ့ အန္တရာယ်လည်း များတယ်။ ကိုယ့်ကိုယ်ကိုယ် မသေချာဘဲနဲ့ စမ်းတဝါးဝါး လျှောက်လုပ်လို့ မရဘူး။ မဟုတ်ရင် စေတနာကနေ ဝေဒနာ ဖြစ်ပြီး တခြား သူတွေကို ထိခိုက်စေလိမ့်မယ်။ ”

လူတိုင်း အလျင်အမြန် ခေါင်းညိတ်ကာ စုယန်ယန်ရဲ့ စကားတွေကို မှတ်သားနေခဲ့ကြသည်။

“ ဒီနေ့ ကျွန်မတို့ရဲ့ လက်ပေါ်မှာ ရှိတဲ့ အပ်စိုက်ကုထုံး အမှတ်တွေအကြောင်း လေ့လာကြည့်ကြရအောင်။ ”

စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် လူတစ်ယောက်က အားလုံး ကိုယ်စား ထပြောခဲ့သည်။ “ အကူအညီလိုလားဟင် မစ်စ်စု။ ပြီးခဲ့တဲ့ အတန်းတုန်းကလိုပဲ ကျွန်တော် စေတနာ့ဝန်ထမ်း လုပ်ပေးလို့ ရပါတယ်။ ”

ကျောက်တုံး တစ်တုံးက ရေပြင်ပေါ်မှာ လှိုင်းဂယက်တွေ အများကြီး ထသွားစေသည်။ ထိုလူ စကားပြောနေစဉ်မှာ အောက်က ဂဏှာမငြိမ်နိုင်အောင် စိတ်လှုပ်ရှားနေသူတွေကလည်း ပြိုင်တူ အော်ပြောခဲ့ကြလေသည်။ “ ကျွန်တော်ရောပဲ စေတနာ့ဝန်ထမ်း လုပ်ချင်တယ် မစ်စ်စု ၊ ကျွန်တော့်ကို ကြည့်ပါ။ ကျွန်တော့်အရပ်က ၁.၈ မီတာ ၊ ခန္ဓာကိုယ်အလေးချိန်က ပေါင် ၁၆၀။ ကျွန်တော် အားကစားလည်း နေ့တိုင်း လုပ်လို့ ခန္ဓာကိုယ် ကြံ့ခိုင်တယ်။ ကျွန်တော့်မှာ မကောင်းတဲ့ အကျင့်ဆိုးတွေလည်း မရှိဘူး။ ”

စုယန်ယန် ဆွံ့အသွားရသည်။ ထိုလူက သူဟာ ကျန်းမာကြံ့ခိုင်ပြီး မကောင်းတဲ့ အကျင့်ဆိုးတွေ မရှိကြောင်း အခိုင်အမာ ပြောနေခဲ့သည်။ “ မင်း ဒီကို ရောက်လာတာ ကြင်ဖက်တွေ့ဖို့လား ၊ အတန်းတက်ဖို့လား။ ”

“ သွား ၊ သွား။ မင်း မစ်စ်စုရဲ့ လက်ထောက် ဖြစ်ချင်ရင် ကျန်းမာရေးမကောင်းတဲ့ လူမျိုး ဖြစ်သင့်တယ်။ မင်းမှာ ရောဂါ ကြီးကြီးမားမားတွေ မရှိဘူး ဆိုရင်တောင် အနည်းဆုံးတော့ အသေးအဖွဲ ရောဂါလေးတွေ ၊ ကိုက်တာ ခဲလေးတွေတော့ ရှိသင့်တယ်။ ”

အပြစ်တင်ခံလိုက်ရသော ကျန်းမာရေးကောင်းတဲ့ ကျောင်းသား : “ … ” အခု နောက်ပိုင်း ကျန်းမာရေးကောင်းတာက အဆင်မပြေတော့ဘူးလား။

စုယန်ယန်မှာ ပြောစရာ စကားပင် မရှိတော့ပေ။ “ ရှင် ကိုယ့်ကိုယ်ကိုယ် အဲ့လို ကျိန်ဆဲဖို့ မလိုဘူးလေ။ ”

အောက်မှာ ထိုင်နေကြသော ကျောင်းသားများသည် ခံစားချက်တွေ အများကြီး လွှမ်းမိုးခံလိုက်ရကာ ရှေ့ဆုံးတန်းရှိ အဘိုးကြီး တချို့သည် ငြိမ်ငြိမ်လေး ဆက်ထိုင်မနေနိုင်တော့ပေ။

“ ခွေးကောင်လေးတွေ .. မြန်မြန် ဘေးဖယ်ကြစမ်း။ မင်းတို့တွေ အကုန်လုံး အခုမှ အသက် နှစ်ဆယ် အစပိုင်းမှာပဲ ရှိသေးတဲ့ ဖျတ်ဖျတ်လတ်လတ် လူငယ်တွေချည်းပဲ။ ငါတို့လို အရိုးရင့်နေတဲ့ အဘိုးကြီးတွေက မင်းတို့ထက် ကျန်းမာရေးကောင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ တကယ်လို့ မစ်စ်စုက ရွေးချင်ရင် ငါတို့ကိုပဲ ရွေးသင့်တယ်။ မင်းတို့လို လူငယ်တွေကို ရွေးလို့ ဘာထူးမှာလဲ။ ”

“ ဟုတ်တယ် ဟုတ်တယ်။ မင်းတို့က ကိုယ့်ကို စာသင်တဲ့ ဆရာ ၊ ဆရာမတွေကို ဘယ်လို လေးစားရမလဲ လုံးဝ မသိကြဘူး။ မင်းတို့ ကိုယ့်ဆရာ ၊ ဆရာမတွေကို လေးစားရမယ် ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း နှိမ့်ချရမယ်။ ငါတို့ကလည်း ပုံမှန်ဆို မသိချင်ယောင်ဆောင်ပေးနေလို့ အဆင်ပြေပေမဲ့ ဒီတစ်ခေါက်တော့ ဘာပဲဖြစ်ဖြစ် မရဘူး။ ”

ကိုယ့်ထက် အသက်ကြီးသူတွေကို လေးစားမှုမရှိဘူးဟု မမျှော်လင့်ဘဲ အစွပ်စွဲခံလိုက်ရသော လူငယ်များ : “ … ” ဘယ်သူက ဘယ်သူ့ကို ဒီလို လုပ်ခိုင်းတာလဲ။ လူတွေကို အဲ့လိုမျိုး အနိုင်မကျင့်နဲ့လေ။

စုယန်ယန်လည်း ဆွံ့အသွားမိသည်။ ‘ ရှင်တို့တွေ အကုန်လုံး အရမ်း အသက်ကြီးနေကြပြီ။ အိန္ဒြေသိက္ခာလေး ထိန်းပြီး ကိစ္စတိုင်းကို ဝင်မပါဘဲ နေလို့ မရဘူးလားဟင်။ ’

‘ ပြီးတော့ သူက နုပျိုသွက်လက်သေးတယ်လို့ ရှင်တို့ပဲ ပြောတာနော်။ ကျွန်မအထင်တော့ ဒီနေရာမှာ အသွက်လက်ဆုံးက ရှင်တို့တွေပဲ။ ”

All Chapters