← Chapters

အခန်း ၅၃၂

Vol. 36 Ch. 532

အခန်း ၅၃၂

Vol. 36 Ch. 532

အခန်း ( ၅၃၂ ) လက်ပေါ်က အပ်စိုက်ကုထုံး အမှတ်များ။

သူနှင့် ရင်းနှီးသော ပရော်ဖက်ဆာ အဘိုးကြီးများက ဘာမှ မပြောဘဲ အကြာကြီး ငြိမ်နေတဲ့ သူ့ကို သတိထားမိသွားပြီး အလောတကြီး မေးခွန်းထုတ်ခဲ့ကြသည်။ “ မင်း ဘယ်လို နေလို့လဲ အဘိုးလီ။ ”

“ ဟုတ်တယ်။ မင်း ဘယ်လို ခံစားနေရလဲ ငါ့ကို ပြောပြ။ ”

လူတိုင်းရဲ့ အာရုံစိုက်မှု အလယ်ဗဟိုမှာ ရှိနေသော အဘိုးလီရဲ့ မျက်နှာပေါ်မှာ နူးညံ့သိမ်မွေ့သော အမူအရာလေး ရှိနေသည်။ သူ့ခန္ဓာကိုယ်ထဲမှာ ပြောင်းလဲမှု တစ်ခုကို အမှန်တကယ် ခံစားနေရသော်လည်း ထိုခံစားချက်က သိမ်မွေ့လွန်းပါသည်။ စကားနှင့် ဘယ်လို ဖော်ပြရမလဲ ဆိုတာ သူ မသိ။

“ ငါ့ … ငါ့အစာအိမ်က နည်းနည်းလေး နွေးထွေးလာသလို ခံစားရတယ် ၊ ငါ့ခန္ဓာကိုယ်ကလည်း နည်းနည်း နွေးလာသလိုပဲ။ ပြီးတော့ … ”

“ ဂွီ — ”

သူ ဘာမှ ထပ်ပြောနေစရာ မလိုတော့ပါ။ သူ ဘယ်လို ခံစားနေရမှန်း လူတိုင်း နားလည်သွားကြ၏။

သူ့အစာအိမ်က လူတွေ အများကြီးရှေ့မှာ ဂွီခနဲ အသံမြည်သွားခဲ့သည်။ အဘိုးလုရဲ့ မျက်နှာက ရဲခနဲ ဖြစ်သွားသော်လည်း အံ့ဩဖွယ်ရာ အပ်စိုက်ကုထုံး အမှတ်တွေကို လက်ဖျားမခါမိဘဲ မနေနိုင်ပေ။

သူ့အစာခြေစနစ်က ဘယ်တော့မှ ကောင်းခဲ့တာ မဟုတ်။ အသက်ကြီးလာတာနှင့်အမျှ ခန္ဓာကိုယ်တွင်း လုပ်ငန်းစဉ်တွေကလည်း တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။ ပုံမှန်အားဖြင့် သူ အစာစားချင်စိတ် သိပ်မရှိပါ။

သူ ဘာမှ မစားဘဲ နေလျှင် ကျန်းမာရေးမကောင်းမှာကို စိုးရိမ်နေကြသော မိသားစုကြောင့်သာ မဟုတ်ပါက သူ တစ်ခုခု စားဖို့ တွေးတောင် တွေးမှာ မဟုတ်ပေ။

အရမ်း ဗိုက်ဆာပြီး အစာစားချင်စိတ် ပေါ်ပေါက်လာတာ သူ့အတွက် ဒါက ပထမဆုံးအကြိမ် ဖြစ်သည်။

စုယန်ယန်က သူ ရှက်ရွံနေတာကို သတိပြုမိသွားကာ ပြုံးလိုက်၏။ “ အလုပ်‌တွေ ရှုပ်နေရင်တောင် ကိုယ့်ကိုယ်ကိုယ်တော့ ဂရုစိုက်ရမယ်လေ ပရော်ဖက်ဆာ။ ဗိုက်အဆာခံတာ ကျန်းမာရေးအတွက်လည်း မကောင်ဘူး။ ကျန်းမာရေး မကောင်းရင် ရှင် လူတွေကို ဆက်ပြီး အသိပညာပေးနိုင်မှာ မဟုတ်ဘူး။ ”

အဘိုးလုက သူမဟာ သူ့အတွက် ကိစ္စတွေကို အဆင်ပြေ ချောမွေ့အောင် လုပ်ပေးဖို့ ကြိုးစားနေမှန်း သိသောကြောင့် ချက်ချင်းပဲ အလိုက်အထိုက် ပြန်ပြောလိုက်သည်။ “ ငါ အခုတလော တကယ့်ကို နည်းနည်းလေး အလုပ်ရှုပ်နေလို့ပါ။‌ နောက်တစ်ခါ အဲ့လို ထပ်မနေတော့ပါဘူး။ ”

စုယန်ယန်သည် အပြုံးတစ်ပွင့်နှင့်အတူ လျင်မြန်စွာ စကားလမ်းကြောင်းပြောင်းလိုက်၏။ “ ဟောက်ရှီး အပ်စိုက်ကုထုံး အမှတ်အကြောင်း ဆက်ပြောရအောင်။ ဟောက်ရှီး အပ်စိုက်ကုထုံး အမှတ်က လက်ဆစ်ရဲ့ အနောက်ဘက် မျဉ်းကြောင်း အဆုံးမှာ ရှိတယ်။ အဲ့ဒီ အပ်စိုက်ကုထုံး အမှတ်မှာ လည်ပင်းရိုး အဆစ်တွေ ၊ ခါးရိုး အဆစ်တွေနဲ့ မျက်လုံးနဲ့ ဆိုင်တဲ့ ဝေဒနာတွေကို သက်သာစေတဲ့ အာနိသင် ရှိတယ်။ အချိန် အကြာကြီး စာလေ့လာနေရတဲ့ လူတွေ အတွက် အဲ့ဒါက အရမ်း အသုံးဝင်တယ်။ ”

“ နောက်တစ်ခုက ယန်ရှီး အပ်စိုက်ကုထုံး အမှတ်။ အဲ့ဒီ အပ်စိုက်ကုထုံး အမှတ်က လက်မနဲ့ လက်ညိုးကြားမှာ ရှိတဲ့ ၊ လက်ချောင်းတွေကို လှုပ်ရှားလို့ ရအောင် ဆက်စပ်ပေးထားတဲ့ အကြောအဆစ် နှစ်ခုကြားက ချိုင့်ခွက်နေရာလေးမှာ ရှိပါတယ်။ လက်ရဲ့ အဲ့ဒီနေရာကို နေ့တိုင်း သုံးမိနစ် ၊ ငါးမိနစ်လောက် ဖိထားမယ် ဆိုရင် ကျွန်မတို့ကို အာရုံစူးစိုက်မှုအားကောင်းစေပြီး ခေါင်းကိုက်တာကိုလည်း သက်သာစေပါတယ်။ စာသင်ချိန်အတွင်း အိမ်ပျော်သွားတာကိုလည်း တားဆီးပေးပါလိမ့်မယ်။ ”

စုယန်ယန်ရဲ့ စကားကြောင့် လူတိုင်း ပွဲကျသွားကြသည်။

ပြောရရင် ဘယ်သူမဆို အထူးသဖြင့် ပူပြင်းတဲ့ နွေရာသီ နေ့ရက်တွေဆို အတန်းထဲမှာ သင်သွားတဲ့ စာတွေကို နားမလည်ဘဲ ခေါင်းရှုပ်ရင်း အိပ်ငိုက်ဖူးကြလိမ့်မည်။ အကယ်၍ ကိုယ်က သင်ခန်းစာတွေကို တကယ် နားထောင်ချင်နေလျှင်တောင် အိပ်စက်ခြင်းနတ်ဘုရားရဲ့ ခေါ်သံကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘဲ အိပ်မောကျသွားလိမ့်မည်။

သင်ခန်းစာ အနည်းငယ် သင်အပြီးတွင် လူတိုင်းဟာ သူတို့ရဲ့ လက်တွေကို အရင်တုန်းကနှင့် မတူသော အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။

သူတို့ရဲ့ ဒီ လက်သေးသေးလေးတွေမှာ အပ်စိုက်ကုထုံး အမှတ်တွေ အများကြီး ရှိနေပြီး အမှတ် တစ်မှတ်ချင်းစီမှာလည်း သူမတူတဲ့ ကုသမှု အာနိသင်တွေ ရှိနေလိမ့်မည်ဟု သူတို့ အရင်က တစ်ခါမှ တွေးကြည့်ဖူးကြမှာ မဟုတ်ပေ။

အကုန်လုံးက အပ်စိုက်ကုထုံး အမှတ်တွေကို စိတ်ဝင်စားနေကြပြီ ဆိုတာ စုယန်ယန် နားလည်သောကြောင့် သူမကိုယ်သူမတောင် သတိမထားဘဲ ဆက်လက် ရှင်းပြနေမိသည်။ အဆုံးသတ်၌ သူမမှာ အပ်စိုက်ကုထုံးကို လက်တွေ့ သရုပ်ပြဖို့ အခွင့်အရေးလေးတောင် မရတော့။

ရွေးချယ်ခံထားရသော ပရော်ဖက်ဆာ အဘိုးကြီး တချို့သည် ထိုအဖြစ်ကြောင့် အလွန် နောင်တရသွားကြ၏။ သူတို့က စုယန်ယန်အား ဤ ‘ အကျိုးအမြတ် ’ ကို နောက်အတန်း အထိ ဆွဲဆန့်သွားစေချင်သော်လည်း ဘာပြောလို့ ပြောရမှန်း စဉ်းစားမရပေ။

စုယန်ယန် ပြောစရာစကားမရှိ ဖြစ်သွားရသည်။

‘ လာမယ့်ဘေး ဝေးဝေးကရှောင် ’ ဆိုတဲ့ စကားအတိုင်း အတန်းပြီး,ပြီးချင်း စုယန်ယန် ဝေးနိုင်သမျှ အဝေးဆုံး ထွက်ပြေးသွားသင့်သော်လည်း ဒီတစ်ခေါက်တော့ ယဲ့ချီလျန့်နှင့် ဆွေးနွေးစရာ ရှိနေ၍ ထွက်ပြေးသွားလို့ မရ။ “ ခဏလောက် နေပါဦး ပရော်ဖက်ဆာယဲ့။ ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ။ ”

ယဲ့ချီလျန့် အံ့ဩသွားပြီးမှ သူ့မျက်လုံးတွေ တောက်ပသွားသည်။ “ ဘာများလဲ။ ငါ လုပ်ပေးဖို့ လိုတဲ့ အထူး သင်ကြားရေး ပစ္စည်းတွေ ရှိလို့လား။ ”

All Chapters