← Chapters

အခန်း ၅၃၅

Vol. 36 Ch. 535

အခန်း ၅၃၅

Vol. 36 Ch. 535

အခန်း ( ၅၃၅ ) ခြေတံတိုတဲ့ ကလေးလေး။

အဆုံးသတ်မှာတော့ စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို စိတ်ပြောင်းသွားအောင် မလုပ်နိုင်ပါ။ စုယန်ယန်သည် လက်များကို ဆန့်ထုတ်ကာ သူ့ရင်ခွင်ထဲမှာ ပွေ့ချီခံထားရသော အနေအထားကနေ သူ့ကျောပြင်ပေါ် တွယ်တက်နေသော အနေအထားသို့ နေရာပြောင်းလိုက်၏။

“ ရှင် ပင်ပန်းနေရင် ကျွန်မကို ပြောနော်။ ကျွန်မ ကိုယ့်ဘာသာ လမ်းလျှောက်လို့ ရတယ်။ ”

သူ့နောက်မှာ ခြေလှမ်းတွေ ရာချီ ထောင်ချီ ရှိသေးရဲ့။ သူ အရမ်း ပင်ပန်းနေလျှင် သူ့ခြေထောက်တွေ ပျော့ခွေယိုင်နဲ့လာလိမ့်မည်။ အဲ့ဒါဆို အကုန်လုံး အခက်တွေ့ကုန်မှာပင်။

“ စိတ်မပူပါနဲ့။ မင်းရဲ့ ခန္ဓာကိုယ် အလေးချိန်လိုမျိုး နောက်တစ်ယောက်ကို ထပ်ပြီး ကုန်းပိုးထားရရင်တောင် ကိုယ် ဘာမှ ဖြစ်မှာ မဟုတ်ဘူး။ ”

စုယန်ယန် ဆွံ့အသွားသည်။ “ ရှင် လိမ်နေတယ်လို့ သံသယရှိပေမဲ့ ကျွန်မမှာ ဘာသက်သေမှ မရှိဘူး။ ”

တောင်တန်း သေးသေးလေးက ညဘက် ဆိုလျှင် သစ်ရွက်လေတိုးသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သည်။ အထူးသဖြင့် ဘေးပတ်ဝန်းကျင်မှာ လူ ဘယ်လောက်မှ မရှိတဲ့ အချိန်မျိုးတွင် ဖြစ်သည်။ သဘာဝတရားကြီးရဲ့ အင်းဆက် အော်မြည်သံတွေ ၊ ငှက်တွေရဲ့ ကျီကျီကျာကျာ အသံတွေက ပူလောင်လှုပ်ရှားနေသော စိတ်ကို ဖြည်းဖြည်းချင်း ငြိမ်းအေးလာစေသည်။

တစ်စုံတစ်ရာအတွက် ဝမ်းနည်းကြေကွဲနေသကဲ့သို့ တောင်ထိပ်မှာ ရပ်နေသော ဟောက်ချန်ဟွမ်းကို စုယန်ယန် ကြည့်နေမိသည်။ ထို့နောက် သူမခေါင်းထဲ အတွေး တစ်ခု ဝင်လာကာ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိလေသည်။

ဟောက်ချန်ဟွမ်းက ချက်ချင်းပဲ သတိပြုမိသွားကာ အသံတိုးတိုးဖြင့် လာမေးသည်။ “ မင်း ဘာကို ရယ်နေတာလဲ။ ”

“ ကျွန်မတို့ရဲ့ သားလေးအကြောင်း တွေးမိသွားလို့ပါ။ ”

သားလေးအကြောင်း … ။ ဟောက်ချန်ဟွမ်း မျက်ခုံးပင့်လိုက်သည်။ “ သွမ်းသွမ်းကို ပြောတာလား။”

“ အင်း။ ” စုယန်ယန်က သူမ လောလောလတ်လတ် ရှာဖွေ့သိရှိထားသော အကြောင်းအရာအား ဟောက်ချန်ဟွမ်းကို ပြောပြခဲ့သည်။ “ ကျွန်မတို့သားလေးမှာ ခြေတံတိုလေးတွေ ရှိတယ် မဟုတ်လား။ အိမ်တော်ကြီးရဲ့ လှေကားတွေက ကျွန်မအိမ်မှာ ရှိတဲ့ လှေကားတွေထက် ပိုမြင့်တယ်လေ။ ကျွန်မအိမ်က လှေကားတွေကိုတော့ သူ့ခြေတံတိုလေးတွေနဲ့ တက်လို့ အဆင်ပြေပေမဲ့ အိမ်တော်ကြီးမှာ ရှိတဲ့ လှေကားတွေကို တက်ဖို့ကတော့ သိပ်အဆင်မပြေဘူး။ ပြီးခဲ့တဲ့ နှစ်ရက်တုန်းက ကျွန်မတို့ အိမ်မှာ မရှိတုန်း သူ ကြိုးစားပြီး လှေကားပေါ် ခိုးကြောင်ခိုးဝှက် တက်နေတာကို ဦးလေးကျန်း မြင်ခဲ့တယ်တဲ့။ ဒါပေမဲ့ လှေကားထစ်ပေါ်ကို သူ့ခန္ဓာကိုယ် အပေါ်ပိုင်းပဲ ရောက်ပြီး ခြေထောက် တိုတိုလေးတွေကတော့ အောက်မှာ ရုန်းကန်ရင်း ကျန်ခဲ့တယ်တဲ့လေ။ သူ ဘယ်လောက်ပဲ ကြိုးစားပါစေ ၊ တက်လို့ မရဘူး ဆိုပဲ။ ”

ခုန်ဖို့ တစ်ခုတည်းပဲ သိတဲ့ သူမတို့ရဲ့ ခွေးလေးဟာ လှေကားတက်တဲ့‌ နေရာမှာ အရည်အချင်း သိပ်မရှိပေ။ သူ့ခြေထောက် တိုတိုလေးတွေက ခုန်ဖို့ ကြိုးစားနေစဉ်မှာ သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက အရင် ခုန်တက်သွားလိမ့်မည်။

“ ဦးလေးကျန်းက အဲ့ဒါကို သဘောကျသွားပြီး ဓာတ်ပုံတောင် ရိုက်ခဲ့သေးတယ်။ အဲ့ဒီ ခွေးဆိုးလေးသာ သူ့ရဲ့ လူသိခံလို့ မရတဲ့ အတိတ်ကို သူများတွေဆီ အပို့ခံလိုက်ရပြီမှန်း သိသွားရင် စိတ်ဆိုးပြီး အိမ်ကနေ နောက်တစ်ခေါက် ထွက်ပြေးသွားလောက်တယ်။ ”

ထိုစကားကို ပြောနေရင်း စုယန်ယန် မသိခဲ့တဲ့ အရာကတော့ သူ့သခင်မနှင့် အဖေ မရှိတုန်း အပေါ်ထပ်ကို တိတ်တိတ်လေး တက်ဖို့ ကြိုးစားနေတဲ့ ခွေးလေးဟာ လှေကားထစ် တစ်ဝက်တစ်ပျက်မှာ နောက်တစ်ခေါက် ရပ်သွားပြန်ပြီ ဆိုတာပါပဲ။

သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက လှေကားထစ်တွေပေါ်မှာ ‌ဝမ်းလျားမှောက် ထိကပ်နေကာ သူ့ခြေတံ သေးသေးလေးတွေ အတွက် နေရာမကျန်တော့ပေ။

သူ့ဘဝရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးကို ဆုံးရှုံးလိုက်ရသကဲ့သို့ သူ့ခန္ဓာကိုယ် တစ်ခုလုံးထဲမှာ ဝမ်းနည်းမှုနှင့် စိတ်အားငယ်မှုတို့ ပြည့်နှက်သွားလေသည်။

ရိုလီပိုလီကတော့ ဘာလုပ်ရမှန်း မသိတော့ပါ။ အိမ်ကို ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ကင်းလှည့်နေသော ရိုလီပိုလီသည် သွမ်းသွမ်းရဲ့ အခက်အခဲကို သတိပြုမိသွားကာ သူလေးကို ကယ်တင်ရန် အလျင်အမြန် ပြေးလာခဲ့လိုက်သည်။

“ အိမ်မွေးခွေးလေး လှေကားတက်တဲ့ နေရာမှာ အခက်တွေ့နေတာကို ရှာဖွေ့တွေ့ရှိပါတယ်။ ကယ်ဆယ်ရေး စနစ်ကို ချက်ချင်း ခလုတ်ဖွင့်လိုက်ပါပြီ။ ” ရိုလီပိုလီရဲ့ ခပ်ကြီးကြီး အနက်ရောင် မျက်လုံးတွေက အကြိမ် အနည်းငယ် တောက်ပသွားသည်။ သူမလေးရဲ့ လုံးဝိုင်းသော လက်လေးက ချက်ခနဲ အသံနှင့်အတူ လက်သည်းနှင့် တူသော လက်တံ တစ်ခု အဖြစ် အသွင်ပြောင်း ဆန့်ထွက်သွားလျက် သွမ်းသွမ်းအား အရုပ်ကလေး တစ်ရုပ်လို ဆုပ်ကိုင်လိုက်၏။

“ ??? ” ဒါ ဘာလုပ်တာလဲ။ ငါက အရုပ် မဟုတ်ဘူးလေ။

သူ့ကို ကြမ်းပြင်ပေါ် ချပြီးချိန်ထိ သွမ်းသွမ်းဟာ ကြောင်တောင်တောင် ဖြစ်နေဆဲပင်။

အချိန် အတော် ကြာသွားပြီးနောက် အဆုံးသတ်မှာတော့ သူ သတိဝင်လာကာ ရိုလီပိုလီကို ဟောင်ပါတော့သည်။

“ ငါ့ကို ကယ်တင်ပေးတာနဲ့ပဲ မင်းလို အပြင်လူ တစ်ယောက်ကို လက်ခံမယ်လို့ ထင်မနေနဲ့။ ငါ ဘယ်တော့မှ မင်းကို အရှုံးပေးမှာ မဟုတ်ဘူး။ ”

ခွေးဘာသာစကားကို နားမလည်သော ရိုလီပိုလီကတော့ ခေါင်းလေးကို စောင်းငဲ့လို့ နေခဲ့သည်။

သူမလေး ဘာမှ ပြန်မပြောတာကို မြင်တော့ သွမ်းသွမ်းသည် ‘ နှုတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်း ’ လို့ ယူဆလိုက်၏။ သွမ်းသွမ်းရဲ့ အရည်လဲ့နေသော မျက်လုံးများက သူမလေးရဲ့ လုံးဝန်းသော ခန္ဓာကိုယ်နှင့် ဦးခေါင်းထံ တစ်လှည့်စီ အကြည့်ရောက်သွားပြီးနောက် မျက်လုံးတွေ တောက်ပသွားခဲ့သည်။

သူလေးဟာ ချက်ချင်းပဲ ရိုလီပိုလီရဲ့ ခြေထောက် လုံးလုံးလေးတွေပေါ် ခုန်အုပ်ကာ တွယ်တက်ရန် ကြိုးစားလေသည်။

ကံမကောင်းစွာဖြင့် ရိုလီပိုလီရဲ့ ခန္ဓာကိုယ်ကို သတ္ထုတွေဖြင့် ဖုံးအုပ်ထားသဖြင့် တွယ်တက်လို့ မရသလို သွမ်းသွမ်းမှာ ခွန်အားလည်း မရှိပေ။

လှေကားပေါ်ကို တက်ဖို့ အကြာကြီး ကြိုးစားခဲ့တာတောင်မှ ဘယ်လိုမှ တက်မရဘူး။ ကြမ်းပြင်ပေါ်ကို ခွေးပုံစံ ပန်ကိတ်လေး တစ်ချပ်လို ပြုတ်ကျသွားတာ အရမ်း ပင်ပန်းတယ်။ လှေကားပေါ်ကို တက်ရတာထက်တောင် ပိုပင်ပန်းသေးတယ်။ ငါက ငါ့သခင်မ မရှိတုန်း အပေါ်ထပ် တက်ပြီး ပျော်ပျော်ပါးပါး နေချင်ရုံလေးပါ .. ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ … ။

All Chapters