← Chapters

အခန်း ၅၄၀

Vol. 36 Ch. 540

အခန်း ၅၄၀

Vol. 36 Ch. 540

အခန်း ( ၅၄၀ ) ပန်းချီကားထဲက အမျိုးသမီး။

‘ လက်ဆောင် ’ ဆိုတဲ့ စကားလုံးကို ဟောက်ချန်ဟွမ်း မြင်သောအခါ အနာဂတ် ချွေးမ‌လောင်းလေးအတွက် သူ့အမေ ချန်ထားခဲ့သော အိမ်ကို ပြန်သတိရသွားခဲ့သည်။

စုယန်ယန် ထွက်သွားသည်နှင့် အိမ်ကို သန့်ရှင်းထားဖို့ လူ တစ်ယောက်ကို သူ ချက်ချင်း ညွှန်ကြားခဲ့၏။

ဟောက်ချန်ဟွမ်း ဘာမှ ပြန်မပြောသောကြောင့် စုယန်ယန်ကလည်း ဘာမှ ဆက်မေးမနေတော့။ သူမ သူ့လက်ကို ဆွဲပြီး အိမ်ထဲကို လျှောက်ဝင်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ နေရာကနေ လုံးဝ မရွေ့ဘဲ ရပ်နေတာကို သတိပြုမိသွားသည်။

“ ရှင် … ” စုယန်ယန်ကို သူ့ကို နားမလည်နိုင်စွာ လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးကာ လွန်ဆွဲနေသော အမူအရာကို မြင်တော့မှ သူ့ခံစားချက်ကို သူမ ရုတ်ချည်း နားလည်သွား၏။ သူမ ပြောလိုက်သည်။ “ ရှင် အထဲဝင်ချင်လား။ ရှင် ဝင်ချင်ရင် ကျွန်မလည်း ရှင်နဲ့ လိုက်ဝင်မယ်လေ။ မဝင်ချင်လည်း ကျွန်မတို့ အပြင်မှာပဲ လှည့်ပတ် လျှောက်နေလို့ ရတယ်နော်။ ဒီခြံဝင်းနဲ့ အပြင်ဘက်က ညရှုခင်းက တော်တော်လေး လှတယ်။ ”

ဟောက်ချန်ဟွမ်းက သူမရဲ့ စိတ်ပူနေသည့် အကြည့်ကို ကြည့်ကာ မျက်လုံးထဲမှာ နွေးထွေးမှုတွေ ပြည့်နှက်သွားသည်။

သူ စုယန်ယန်ရဲ့ လက်ကို ဆုပ်ကိုင်ရင်း ပြောလိုက်သည်။ “ ကိုယ် အဆင်ပြေတယ်။ အထဲဝင်ကြရအောင်။ နှစ်တွေ အများကြီး ကြာသွားပြီ ဆိုတော့ အထဲမှာ ဘယ်လို ပုံစံ ဖြစ်နေပြီလဲ ဆိုတာ ကိုယ်လည်း မြင်ချင်တယ်။ ”

စုယန်ယန်က သူ့မျက်နှာ အမူအရာကို သေချာ ကြည့်နေသည်။

သူ့ကိုယ်သူ အတင်းအကျပ် ဖိအားနေတာ မဟုတ်ကြောင်း မြင်တော့မှ သူမလည်း သူ့လက်ကို ဆုပ်ကိုင်ကာ သူနှင့်အတူ အိမ်ထဲ ဝင်ခဲ့လိုက်၏။

တောင်ကုန်းပေါ်က ဗီလာလေးမှာ အထပ် သုံးထပ် ရှိသည်။ အပြင်ဘက်ရှိ အဖြူရောင် နံရံက ဂရုမစိုက်ဘဲ ပစ်ထားသည့် နှစ်ကာလများ၏ တိုက်စားမှုကြောင့် မှေးမှိန်ဟောင်းနွမ်းနေသည်။

ထို့ပြင် ခြံထဲက အပင် တချို့ကလည်း နံရံပေါ်အထိ နွယ်တွေ တက်နေ‌ကြ၍ အပြင်ဘက် နံရံ အဖြူရောင်ထဲမှာ အစိမ်းရောင် တချို့ပါ ရောယှက်နေသည်။

အိမ် အတွင်းပိုင်းကတော့ လောလောလတ်လတ် သန့်ရှင်းထားတာကြောင့်လား မပြောတတ်ဘဲ အတော်လေး သပ်ရပ်နေပါသည်။ နှစ်ပေါင်းများစွာ ကြာအောင် နေထိုင်သူ ကင်းမဲ့ခဲ့တာမို့ နည်းနည်းလေး ပျက်စီးယိုယွင်းနေရုံလေးပါပဲ။

တောက်ပကျယ်ဝန်းသော ဟောခန်းကျယ်ကြီးထဲမှာ နို့နှစ်ရောင် ဆိုဖာ တစ်လုံး ချထားပြီး ရှားပါး နံရံပန်းချီကား မျိုးစုံကိုလည်း နံရံတွေပေါ်မှာ ချိတ်ဆွဲထားသည်။

ထိုပန်းချီကားတွေထဲမှာ လူတွေ ၊ တိရစ္ဆာန်တွေ ၊ အပင်တွေ ရှိသည်။ ပန်းချီကားတိုင်းမှာ ယေဘုယျ တူညီတဲ့ တစ်ခုတည်းသော အရာကတော့ သုံးထားတဲ့ အရောင်တွေ အကုန်လုံး နီးပါးဟာ အရောင်နွေးတွေ ဖြစ်နေတာပင်။ ပန်းချီကားတွေကို ရွေးချယ် ဝယ်ယူခဲ့သူက‌ နှေးထွေးသော စိတ်နှလုံးပိုင်ရှင် တစ်ယောက် ဆိုတာ သိသာသည်။

ပြီးတော့ အလှပန်းအိုး လှလှလေးတွေ ၊ အကြည့်မလွှဲချင်စရာ အိမ်အတွင်းပိုင်း အပြင်အဆင်တွေလည်း ရှိသည်။

ကံမကောင်းစွာဖြင့် ဒီမှာ လူ‌မနေတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ ဖြစ်သောကြောင့် အလှပန်းအိုးထဲမှာ အလှဆင် ထိုးစိုက်ထားသည့် ပန်းလေးတွေတော့ မရှိတော့ပါ။ ကြည့်ရတာ မျက်စိထဲမှာ ဟာလာဟင်းလင်း ဖြစ်ပြီး အေးစက်နေသည်။

“ ဒီပန်းချီကားက … ” နံရံပေါ်ရှိ ပန်းချီကားတွေထဲမှ တစ်ကားက စုယန်ယန်ရဲ့ စိတ်အာရုံကို သိမ်းကျုံးဖမ်းစားသွားသည်။

အမျိုးသမီး တစ်ယောက်ရဲ့ ပုံတူပန်းချီကား ဖြစ်ပါသည်။ ပန်းချီကားထဲမှ အမျိုးသမီးက အသက် သုံးဆယ် အစောပိုင်း ကာလထဲမှာ ရှိနေပုံပေါ်ကာ တင့်တယ်သော ဆံပင်ပုံစံဖြင့် တည်ငြိမ်ရင့်ကျက်ဟန် ပေါ်လွင်နေသည်။

သမင်မျက်လုံးလေးလို ဝိုင်းစက်ရွှန်းလဲ့နေသော မျက်လုံးတွေက အရှေ့တည့်တည့်ကို စိုက်ကြည့်နေကာ နှုတ်ခမ်းလေးကတော့ အနည်းငယ် ကွေးညွှတ်နေသည်။ သိသိသာသာ ပြုံးနေတာ မဟုတ်သော်လည်း ထိုအပြုံးလေးကပင် ပန်းချီကားကို ရပ်ကြည့်နေသူအား သူမနှလုံးသားထဲမှ ပျော်ရွှင်မှုကို ခံစားရစေသည်။

ဤပုံတူပန်းချီကားကို ကြည့်ရုံဖြင့် ပန်းချီကားထဲမှ အမျိုးသမီးရဲ့ နူးညံ့သိမ်မွေ့သော စိတ်နှလုံးနှင့် လှပကျော့ရှင်းမှုကို ခံစားရစေကာ သူမအား အလိုလို နှစ်လိုလာမိစေသည်။

ဟောက်ချန်ဟွမ်းက ပန်းချီကားကို အံ့ဩမှင်သက်စွာ ကြည့်နေမိသည်။

အချိန်တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ ၊ သူ့ကိုယ်သူ ပြန်လိမ်ပြီး ဒီကိစ္စကို မေ့ပစ်နိုင်ဖို့ ဘယ်လောက်ပဲ ကြိုးစားပါစေ … ၊ သူ စုယန်ယန်နှင့် လက်ထပ်နေချိန်မှာတောင် ဒီနေရာအကြောင်း မစဉ်းစားချင် ၊ သူမဆီ လွှဲပြောင်းမပေးချင်ခဲ့သော်လည်း သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ ဒီနေရာက တကယ့်ကို ထူးခြားဆန်းကြယ်စွာ အမြစ်တွယ်နေသည်။

“ ဒီပုံတူပန်းချီကားကို ကိုယ့်အဖေ ကိုယ်တိုင် ဆွဲထားတာ။ ပန်းချီကားထဲက အမျိုးသမီးက … ကိုယ့်အမေလေ။ ”

စုယန်ယန် ထင်ထားပြီးသား ဖြစ်သည်။

ဟောက်ချန်ဟွမ်းရဲ့ စကားကို ကြားချိန်မှာ သူမ ဘယ်လိုမှ မတတ်နိုင်ဘဲ ပင့်သက်ရှိုက်မိလိုက်သည်။ “ ရှင့်အမေက အရမ်း လှပြီး ကျက်သရေလိုက်တာ။ ရှင့်အဖေ သူမကို သည်းသည်းလှုပ် ချစ်တာ အံ့ဩစရာမရှိပါဘူး။ ”

ဟောက်ချန်ဟွမ်းက သူမစကားကြောင့် ရယ်ချင်သွားပြီး သူ့နှလုံးသားထဲက ဝမ်းနည်းမှုလေးလည်း ပျောက်ကွယ်သွားသည်။ “ အဲ့စကားကို ကိုယ့်အမေ ကြားရင် ပျော်သွားမှာ။ ”

ချီးကျူးခံရတာကို မကြိုက်တဲ့ လူရယ်လို့ မရှိပါ။ သူ့အမေလည်း အတူတူပဲ ဖြစ်သည်။

သူ့အမေရဲ့ စိတ်နေစိတ်ထားနှင့် ဆိုလျှင် သူမသာ သက်ရှိထင်ရှား ရှိသေးပါက သူမအတွက် သူ ရှာပေးထားသော ချွေးမလေးကို အလွန် စိတ်တိုင်းကျလိမ့်မည်ဟု ဟောက်ချန်ဟွမ်း ယုံကြည်သည်။

All Chapters