အခန်း ၅၄၂
Vol. 37 Ch. 542
အခန်း ( ၅၄၂ ) လွန်လွန်းတယ်ဟေ့။
ပြတင်းပေါက် အပြင်ဘက်ရှိ မီးရောင်များသည် တလက်လက် မြူးကြွတောက်ပနေသော ကြယ်ပွင့် သေးသေးလေးများနှင့် တူသည်။
တောင်ကုန်းပေါ်မှာ ရှိတဲ့ တောအုပ်ထဲမှ သစ်ပင်များကို ဖြတ်သန်းတိုက်ခတ်လာသော ညလေပြည်ဟာ သစ်ရွက်များကို တရှဲရှဲ အသံမြည်ကာ လှုပ်ခတ်သွားစေပြီး ပြတင်းပေါက်၌ တပ်ဆင်ထားသော ပိုးသား လိုက်ကာကိုလည်း လှုပ်ခါသွားစေသည်။
အလင်းရောင်အောက်တွင် တစ်ယောက်နှင့် တစ်ယောက် တဖြည်းဖြည်း နီးကပ်လာသော လူပုံရိပ် နှစ်ခုကို မပီဝိုးတဝါး မြင်နိုင်သည်။ နောက်ဆုံးမှာတော့ သူတို့ နှစ်ယောက်လုံး လူချင်း ခွဲလို့ မရလောက်အောင် တစ်သားတည်းကျသွားတော့သည်။
နောက်တစ်နေ့ မနက် စောစောတွင် နှစ်ယောက်သား အိပ်ရာ စောစော ထကာ ဟောက်အိမ်တော်သို့ ပြန်လာခဲ့ကြသည်။
တစ်မိသားစုလုံး ဒီအချိန် မနိုးသေးဘူးလို့ စုယန်ယန် ထင်ထားခဲ့သော်လည်း ဟောခန်းကျယ်ကြီးထဲကို လျှောက်ဝင်လိုက်ချိန်မှာပဲ မလှမ်းမကမ်းမှာ အပြုံးလေးဖြင့် ရပ်နေသော ဦးလေးကျန်းနှင့် တည့်တည့် တိုးလေသည်။ “ ဦး .. ဦးလေးကျန်း … ”
“ သခင်လေးနဲ့ သခင်မလေး … ” ဦးလေးကျန်းက နှုတ်ခမ်းတွေ နားရွက်ကို တက်ချိတ်လုမတတ် ပြုံးနေကြကာ သူခိုးတွေကဲ့သို့ ခိုးကြောင်ခိုးဝှက် ဖြစ်နေကြသော သခင်လေးနှင့် သခင်မလေးကို ကြည့်လိုက်သည်။ “ သခင်လေးတို့ မနေ့ညတုန်းက … ”
စုယန်ယန်က ချက်ချင်းလက်ငင်းပဲ အမြီးတက်နင်းခံလိုက်ရသော ကြောင်လေး တစ်ကောင်လို ဖြစ်သွားသည်။ “ ကျွန်မတို့ မနေ့ညတုန်းက ဘာမှ မလုပ်ခဲ့ဘူးနော် ၊ တကယ် ဘာမှ မလုပ်ခဲ့တာပါ။ ”
ဦးလေးကျန်းက စုယန်ယန်ရဲ့ လည်ပင်းပေါ်က အနီရောင် အမှတ်အသားတွေကို ဖျတ်ခနဲ တစ်ချက် ကြည့်လိုက်သည်။ “ သခင်လေးနဲ့ သခင်မလေးက အရွယ်ရောက်ပြီးသား လူတွေပဲ ၊ တစ်ခါတလေ ညဘက် အပြင်ထွက်တာ ဘာမှ မဖြစ်ပါဘူး။ အပြင်မှာ လူကောင်းတွေ ၊ လူဆိုးတွေ ရောနေလို့ ကျွန်တော်က နည်းနည်း စိုးရိမ်တာပါ။ လုံခြုံရေးကို သခင်မလေး ပိုဂရုစိုက်ရမယ်နော်။ အချိန်လည်း အရမ်း မစောတော့ဘူး ဆိုတော့ သခင်လေးနဲ့ သခင်မလေး အပေါ်ထပ် တက်ပြီး မြန်မြန် အဝတ်အစားလဲသင့်နေပြီ။ ကျွန်တော် မီးဖိုချောင်ကို ကြီးကြပ်ပြီး မြန်နိုင်သမျှ အမြန်ဆုံး မနက်စာ ချက်ခိုင်းလိုက်မယ်။ ”
သူတို့ နှစ်ယောက်ရဲ့ ပုံစံက ငှာနမှူးဆီမှာ အမိခံလိုက်ရသည့် မူလတန်းကျောင်းသား ၊ ကျောင်းသူလေးတွေလို ဖြစ်နေသည်။ သူတို့ နာခံစွာ ခေါင်းညိတ်ပြီး အလျင်အမြန် ပြောလိုက်၏။ “ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေးကျန်။ ဒါဆို ကျွန်တော်တို့ အခု အပေါ်ထပ် တက်တော့မယ်နော်။ ”
အလောတကြီး ထွက်ပြေးသွားသော လူ နှစ်ယောက်ကို ကြည့်နေသည့် ဦးလေးကျန်းရဲ့ အပြုံးမျက်လုံးထဲမှာ ဖောက်ထွင်းမြင်နိုင်စွမ်းတွေ ပြည့်နေသည်။
ဟောက်မိသားစုနှင့် မစ်စ် တာ့ရှောက် လက်ထပ်ပြီးကတည်းက မိသားစုမှာ ပျော်ရွှင်စရာတွေ အများကြီး ရှိလာခဲ့သည်။ အခု သခင်လေးရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီမို့ သူမ နည်းနည်းလေး စိတ်ဆိုးသွားပြီ ဖြစ်သည်။
သိပ်ကောင်းသည်။ လူငယ်တွေ ဆိုတာ ပိုအားအင်တက်ကြွပြီး တစ်နေကုန် မြူးကြွသွက်လက်နေသင့်သည်။
စုယန်ယန်သည် မနက်စာကို ရိုးရိုးရှင်းရှင်းပဲ စားပြီး တုန်ချမ်းသို့ ထွက်လာခဲ့လိုက်သည်။ ကားပေါ်ကနေ ဆင်းလာရုံ ရှိသေး ၊ အလုပ်လာသော လင်းရှောင်ချီကို သူမ တွေ့လိုက်ရသည်။
“ ကျွတ် ကျွတ် ကျွတ် ၊ အိမ်ထောင်သည် မိန်းကလေးတွေက တကယ် မတူဘူးပဲ။ ရှက်သွေးဖြာနေတဲ့ ဒီမျက်နှာလေးကို ကြည့်လိုက်ပါဦး ၊ နဖူးပေါ်မှာ ‘ ငါ အရမ်း အစိုဓာတ် ပြည့်ဝနေတယ် ’ လို့ ရေးထားသလိုပဲ။ ”
“ နင် မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ” စုယန်ယန်ရဲ့ မျက်နှာလေး နီရဲသွားကာ လင်းရှောင်ချီ၏ ပါးစပ်ကို ပိတ်ဖို့ ပြေးသွားလိုက်သည်။
အချိန် အကြာကြီး ပြင်ဆင်ထားသော လင်းရှောင်ချီသည် စုယန်ယန်ရဲ့ လျှပ်တစ်ပြက် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ဘေးဘက်သို့ ဖျတ်ခနဲ ယိမ်းလိုက်သည်။
“ နင်ပဲ သွက်တာ မဟုတ်ဘူး ၊ ငါလည်း သွက်တယ်ဟဲ့။ ဟဟဟ … ”
ပစ်မှတ်ကို လွဲသွားသော စုယန်ယန်က အံ့ကြိတ်ပြီး ပြောလိုက်သည်။ “ ငါ့ကို ပြန်ပြောစမ်းပါ ၊ ပြန်ပြော။ ယုံချင်ယုံ ၊ မယုံချင်နေ။ ငါ ဒီညပဲ သွမ်းသွမ်းကို နင်တို့အိမ် ပို့လိုက်မယ်။ ရှေ့လဆို နင်တို့တွေ ခွေးသားပေါက်လေးတွေကို ကောက်နေရလောက်ပြီ။ ”
လင်းရှောင်ချီရဲ့ ရယ်သံက တိခနဲ ရပ်ကျသွားကာ စုယန်ယန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ “ နင်က မကောင်းဆိုးဝါးလား။ ငါ့ပန်းကလေးက ဘေဘီလေးပဲ ရှိသေးတာ။ ”
စုယန်ယန်က သူမ ဆွံ့အသွားတာကို အခွင့်ကောင်းယူကာ အရှေ့တိုးပြီး သူမရဲ့ မျက်နှာလေးကို ဖျစ်ညှစ်လိုက်သည်။ “ နင် ငါ့ကို ရယ်တယ် ၊ အဲ့ဒါက မကောင်းတဲ့ ကိစ္စမှ မဟုတ်တာ။ အဲ့ဒါက တခြား လူတွေကို ကောင်းကောင်း ဆက်ဆံပေးတာပါ။ ”
“ အွန်းးး … ဖန့် .. ခိုင် .. ငါ … ” မျက်နှာကို အဖျစ်ညှစ်ခံထားရ၍ စကား သဲသဲကွဲကွဲ မပြောနိုင်သော လင်းရှောင်ချီသည် စုယန်ယန်ကို မျက်စောင်းထိုးရုံသာ တတ်နိုင်သည်။
စုယန်ယန်က သူမရဲ့ ဒေါသကို လွှတ်ချကာ ခဏအကြာမှာပဲ သူမကို လွှတ်ပေးလိုက်၏။
“ နင် တကယ် ရက်စက်တယ်။ နင် လုပ်လို့ ငါ့မျက်နှာလေး နီရဲသွားပြီ။ ” လင်းရှောင်ချီက သူမရဲ့ မျက်နှာပေါ်က နီရဲနေသော အမှတ်အရာလေးကို ပွတ်သပ်ကာ စုယန်ယန်ကို စူပုပ်ပုပ် ကြည့်လိုက်သည်။
စုယန်ယန်သည် သူမကို ကြည့်ရင်း သူမရဲ့ မျက်နှာပေါ်က အနီရောင် အမှတ်အရာလေး နှစ်ခုကို ခပ်ဖွဖွ ပွတ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ကံကောင်းချင်တော့ ငါ နှစ်ဖက်စလုံးကို ဖျစ်ထားတာ ဆိုတော့ ဘယ်နဲ့ညာ အချိုးညီနေတယ်။ တစ်ဖက်တည်းကိုသာ ဖျစ်ထားရင် နင် အဲ့ဒါကို အတင်း ဖိအားပေးစရာ လိုမှာ မဟုတ်ဘူးလေ။ နင် ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ဘဲ မကောင်းတဲ့ ကိစ္စတွေကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ ရောဂါ ရနေတာလား။ ”
လင်းရှောင်ချီ : “ … ” လွန်လွန်းတယ်ဟေ့။