← Chapters

အခန်း ၅၄၄

Vol. 37 Ch. 544

အခန်း ၅၄၄

Vol. 37 Ch. 544

အခန်း ( ၅၄၄ ) IP အစီအစဉ်များ။

“ အဲ့ဒီ အေးဂျင့်က အရင်တုန်းက လွေ့ယွီမှာ ထိပ်တန်းအဆင့်ထိ ရောက်ခဲ့ဖူးတယ်။ ပြီးတော့ အဆင်လည်း ပြေလာရော ထွက်ပြေးသွားတော့တာပဲ။ ”

လော့ဝေပင်းရဲ့ အေးဂျင့်ဟောင်းဟာ အတော် ဆိုးဝါးသော ပြဿနာကောင် တစ်ကောင်ပင်။

လော့ဝေပင်းသည် ပြီးခဲ့တဲ့ နှစ် အနည်းငယ်တုန်းက ထိုအေးဂျင့်ဟောင်းဆီမှာ ဒုက္ခရောက်ခဲ့ရကာ နာမည်ကျော်ကြားလာပြီးနောက်ပိုင်းမှာလည်း ကံမကောင်း အကြောင်းမလှစွာဖြင့် ထပ်မံ ဒုက္ခခံခဲ့ရသေး၏။

ထိုလူက သိုးရေခြုံထားသော ဝံပုလွေမှန်း လော့ဝေပင်း နားလည်သွားတာ သနားစရာကောင်းရဲ့။ လော့ဝေပင်းက သူ့နေရာမှာ တခြား တစ်ယောက်နှင့် အစားမထိုးခဲ့သော်လည်း သူနှင့် အရမ်းကြီး ရင်းရင်းနှီးနှီး မနေတော့။

အဲ့ဒီ အေးဂျင့်ဟောင်းက ထိုကိစ္စကြောင့် နောင်တရသွားခဲ့၏။ စာချုပ် သက်တမ်းတိုးရန် ခေါင်းမာစွာ ငြင်းဆန်နေသော လော့ဝေပင်းကြောင့်လည်း သူ ကုမ္ပဏီရဲ့ အမှုဆောင်တွေဆီမှာ အဆူခံခဲ့ရသည်။ အရာရာတိုင်းက လော့ဝေပင်း တစ်ယောက်တည်းအပေါ်မှာသာ မူတည်နေတာမို့ သူ့နှလုံးသားထဲမှာ နောင်တတွေ ပိုလို့ ပြည့်နှက်လာခဲ့လေသည်။

သူက လော့ဝေပင်းကို ဟိုးအရင်တုန်းက သူပဲ ရှာတွေ့ပြီး အနုပညာ အသိုင်းအဝိုင်းထဲကို ထည့်ပေးထားတာကြောင့် လော့ဝေပင်းအကြောင်းကို ကောင်းကောင်း နားလည်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေတာ ဖြစ်သည်။ လော့ဝေပင်းရဲ့ အပြုအမူတွေ အကုန်လုံးဟာ ကြင်နာခြင်းနှင့် လက်စားချေခြင်းလို့ သူ ယုံကြည်သဖြင့် လော့ဝေပင်းကို ကလဲ့စားချေချင်ခဲ့သည်။

လော့ဝေပင်းနှင့် စုယန်ယန်ရဲ့ ကောလဟာလတွေ ၊ ပြီးတော့ အမျိုးသမီး သရုပ်ဆောင် တစ်ယောက်ကို လော့ဝေပင်းက လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့ပါတယ် ဆိုပြီး နာမည်ဖျက်ခဲ့တာတွေ ၊ ဒါတွေ အကုန်လုံးကို သူ ကိုယ်တိုင် ဖန်တီးခဲ့တာ ဖြစ်သည်။

ဖြစ်ချင်တော့ အဲ့ဒီအချိန်မှာ ကုမ္ပဏီရဲ့ စီနီယာတွေကလည်း စာချုပ် သက်တမ်း ဆက်မတိုးတဲ့ လောဝေပင်းကို တော်တော်လေး မကျေမနပ် ဖြစ်နေကြတာပါ။ သူက လော့ဝေပင်းနှင့် ညှိနှိုင်းချင်ပေမဲ့ လော့ဝေပင်းကတော့ ဘယ်လိုမှ လက်မခံ။ ထိုဖြစ်ရပ်က သူ့ကို ရှက်စိတ် မွှန်သွားစေပြီး ဆိုးဆိုးဝါးဝါး ကိစ္စတွေကို ဖြစ်ပေါ်စေခဲ့သည်။

လော့ဝေပင်းရဲ့ အေးဂျင့်ဟောင်းက ပြဿနာတွေရဲ့ တရားခံ မဟုတ်ရင်တောင် အဓိက ကြံရာပါ တစ်ယောက်ပဲ … အဲ့တော့ သူ့ကို ထွက်ပြေးခွင့်ပြုထားလိုက်ပါမယ်လေ … ။

စုယန်ယန်ရဲ့ အတွေးကို ရှားကျွင်းရှန်ကလည်း သိသည်။

“ သူ ထွက်မပြေးခဲ့ပါဘူး။ ” ရှားကျွင်းရှန်ရဲ့ အတွေးတွေကလည်း စုယန်ယန်နှင့် တစ်ထပ်တည်းကျသည်။ “ အဲ့လူက လော့ဝေပင်းနဲ့ မညှိနှိုင်းခဲ့တဲ့အပြင် တခြား အနုပညာရှင် နည်းနည်းပါးပါးကိုလည်း ထပ်ခေါ်လိုက်သေးတယ်။ သူက ကုမ္ပဏီရဲ့ အကြီးပိုင်း စီနီယာ တစ်ယောက်နဲ့ တော်တော်လေး ရင်းနှီးတော့ အဲ့ဒီ စီနီယာက သူ့ကို ရှက်စရာကောင်းတဲ့ ကိစ္စတွေ လုပ်နိုင်အောင် တိတ်တိတိလေး ကူညီပေးနေခဲ့တာလေ။ အဲ့ဒီ ရာထူးအကြီးပိုင်းထဲက လူ အဖမ်းခံလိုက်ရတဲ့နောက်ပိုင်း အဲ့ကုမ္ပဏီမှာ ရှိတဲ့ လူတွေက သူ့ကို တောက်လျှောက် စောင့်ကြည့်နေခဲ့ကြတာ။ သူ ထွက်ပြေးချင်နေပေမဲ့လည်း တံခါးက ထွက်ရုံပဲရှိသေး အဖမ်းခံလိုက်ရရော။ ”

“ ခွီး … ” စုယန်ယန် မအောင့်နိုင်ဘဲ ရယ်ချလိုက်မိတော့သည်။

“ ဖမ်းလိုက်တာလည်း ကောင်းပါတယ်။ ရာထူးအကြီးပိုင်းထဲက လူနဲ့ တစ်ခုခု ပတ်သက်နေတယ် ဆိုရင် အချိန် ခဏလေးနဲ့ ထောင်ထဲက ထွက်လာဖို့ ဖြစ်နိုင်မယ် မထင်ဘူး။ ”

“ သူ ထောင်ထဲက ထွက်လာရင်တောင် အပြင်မှာ သူ့ကို ပြဿနာရှာမယ့် လူတွေ အများကြီးပဲ။ ထောင်ထဲမှာ နေတာကမှ သူ့အတွက် ပိုလုံခြုံဦးမယ်။ ”

ရှားကျွင်းရှန် ပြောချင်သော အဓိပ္ပာယ်ကို နားလည်သော စုယန်ယန်သည် ထိုလူ့အကြောင်း ဘာမှ ဆက်ပြောမနေတော့ပေ။ “ သူတို့ ကုမ္ပဏီရဲ့ အနုပညာရှင်တွေက ဘယ်မှာလဲ အစ်ကို။ ကုမ္ပဏီကနေ ထွက်ချင်တဲ့ လူတွေ ဘာတွေ မရှိဘူးလား။ ”

“ ရှိတာပေါ့။ တချို့က ထွက်ချင်တယ်။ တချို့ကတော့ မထွက်ချင်ဘူး။ ”

“ အဲ့ဒီ လူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို စစ်ကြည့်ပေးထားပါ အစ်ကို။ အစ်ကို အဆင်ပြေရင် လေ့ကျင့်ရေးကိုပါ တစ်ချက် အာရုံစိုက်ထားပေးပါ။ ညီမတို့ကုမ္ပဏီက အနုပညာရှင်တွေရဲ့ စံချိန်စံနှုန်းတွေ ၊ သတ်မှတ်ချက်တွေနဲ့ သူတို့ကို ယှဉ်ကြည့်ပေါ့။ သူတို့ကို တခြား နည်းလမ်း တစ်မျိုးနဲ့ ဆက်ဆံပေးစရာ မလိုပါဘူး။ မသမာတဲ့ တချို့ လူတွေက စာချုပ်ကို ဖျက်သိမ်းရင် ဖျက်သိမ်းနိုင်သလို မကောင်းတဲ့ အကြံအစည်တွေကိုလည်း ကြံရင် ကြံနေလောက်တယ်။ သူတို့ စိတ်ထဲမှာ ဘာတွေ ရှိနေမှန်း မသိလို့ အစ်ကို သတိတော့ ထားရမယ်။ လွေ့ယွီကနေ ထွက်ချင်တဲ့ လူတွေက ဘေးကင်းမယ်။ မျှမျှတတ တွေးခေါ်တတ်တဲ့ လူတွေကဝောာ့ စာချုပ်ကို အေးအေးဆေးဆေး ဖျက်သိမ်းလို့ ရမယ်။ မကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ပြည့်နေတဲ့ လူတွေကိုတော့ ညီမတို့ဘက်က ယဉ်ကျေးပေးနေဖို့ မလိုဘူး။ ”

ရှားကျွင်းရှန်က စုယန်ယန်ရဲ့ စကားတွေကို ကြားသောအခါ သူမရဲ့ လွေ့ယွီအပေါ် သဘောထားကို ကောင်းကောင်း နားလည်သွားပြီး ခေါင်းညိတိပြလိုက်၏။ “ အစ်ကို နားလည်ပါပြီ။ လွေ့ယွီကို ပိုင်ဆိုင်မှု လွှဲပြောင်းယူဖို့ အစ်ကို လူလွှတ်လိုက်ပါ့မယ်။ နောက်ပြီး … ”

“ ဘာကျန်သေးလို့လဲ အစ်ကို။ ”

“ အစ်ကိုတို့ ကုမ္ပဏီအတွက် အရေးပါတဲ့ IP အစီအစဉ်တွေ အကြောင်း ကျန်သေးလို့ပါ။ ”

စုယန်ယန်သည် သူ ပြောဝာာကို ရုတ်တရက် နားမလည်ဘဲ ကြောင်အမ်းအမ်းလေး ဖြစ်နေပြီးမှ “ ပဉ္စလက် ပွဲတော် ” နှင့် နာမည်တူသော ရုပ်ရှင်ရိုက်ကူးရေးဟာ သူမစိတ်ထဲကို အတွေး တစ်ခု ဝင်ခဲ့စေကြောင်းနှင့် သူမရဲ့ ဝန်ထမ်းတွေကို အလားအလာရှိသော အင်တာနက် IP အနည်းငယ်အား ချက်ချင်းလက်ငင်း ထပ်မံ ဝယ်ခိုင်းထားခဲ့ကြောင်း ပြန်သတိရသွားလေသည်။

ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးနောက် ထို အင်တာနက် IP တွေကို တည်ဆောက်ရန် နှစ်တွေ အများကြီး ၊ ပိုက်ဆံတွေ အများကြီး အကုန်ခံခဲ့ပြီး သူမ ယုံကြည်အားကိုးရသော လော့ဝေပင်းနှင့် ရွယ်ချိုင်ဝေတို့လို လူ အနည်းငယ် အတွက် အကူအညီဖြစ်စေရန် ထို အင်တာနက် IP တွေကို အသုံးပြုခဲ့သည်။

သူမ ဝယ်ယူထားသော အင်တာနက် IP တွေထဲမှာ အမျိုးအစား အစုံအလင် ပါဝင်သည်။ မူရင်း ဝတ္ထုတွေ ၊ ရေဒီယို ဒရာမာတွေနဲ့ ကောမစ်တွေတောင် ပါဝင်သေးရဲ့။ ဇာတ်လမ်းနောက်ခံ အကြောင်းအရာတွေကလည်း မော်ဒန်ခေတ် ၊ ရှေးခေတ် ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် အငတ်ဘေး ဆိုက်ကာ မျိုးတုန်းခြင်းကို ရင်ဆိုင်လာရသော လူသားမျိုးနွယ်တွေ အကြောင်း ရေးထားသည့် သိပ္ပံဇာတ်လမ်းတွေ ၊ ဇွန်ဘီကပ်ဘေး ဇာတ်လမ်းတွေ ၊ နတ်ဘုရားနဲ့ မိစ္ဆာ ဇာတ်လမ်းတွေ ၊ အများကြီးမှ အများကြီးပါပဲ။

စုယန်ယန်က ညည်းညူလိုက်သည်။ “ အစ်ကို ညီမကို အရင်တုန်းက တင်ပြဖူးတဲ့ အစီအစဉ်တွေ အများကြီးထဲမှာ တစ်ခုကို ကောမစ်အဖြစ် အသက်သွင်းထားပြီး တခြား နှစ်ခုကိုတော့ ဝတ္ထုအဖြစ် သရုပ်ဖော်ထားတယ် ဆိုတာ ညီမ မှတ်မိပါတယ်။ ”

All Chapters