← Chapters

အခန်း ၅၄၅

Vol. 37 Ch. 545

အခန်း ၅၄၅

Vol. 37 Ch. 545

အခန်း ( ၅၄၅ ) ပူးပေါင်းဆောင်ရွက်ခြင်း။

အရင်ဆုံး ရွေးချယ်ခံရသော ထို IP အစီအစဉ် သုံးခုက အင်တာနက်ပေါ်မှာ အလွန် နာမည်ကြီးပြီး ပရိသတ်တွေလည်း အများကြီး ရှိသည့် အစီအစဉ်တွေပင်။

ထိုအစီအစဉ် သုံးခုထဲမှ တစ်ခု ဖြစ်သော ကောမစ်ထဲမှာ ရယ်စရာ စာပုဒ်တိုတွေ အဓိက ပါဝင်ပြီး နတ်သမီးတွေ ၊ မိစ္ဆာတွေ စသည့် စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ပေါင်းစပ်ထား၏။ အကယ်၍ ထိုကောမစ်တွေကိုသာ ကောင်းကောင်း ရိုက်ကူးလိုက်လျှင် Web Drama တစ်ပုဒ်ကဲ့သို့ပင် ရေပန်းစား နာမည်ကြီးသွားနိုင်ပါသည်။

ပြီးတော့ ဒီလို ဒရာမာမျိုးက မျက်နှာသစ် သရုပ်ဆောင်လေးတွေ အတွက် အသင့်တော်ဆုံး ဖြစ်သည်။ ပြောရရင် သရုပ်ဆောင် အသစ်လေးတွေမှာ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေ မရှိသော်လည်း သူတို့က သရုပ်ဆောင်ကောင်းသူတွေထက် ပိုအဆင်ပြေသည်။

ဇာတ်ကောင် တစ်ယောက်ရဲ့ အရှိန်အဝါကို ပုံဖော်ပြီ ဆိုသည်နှင့် လူတွေစိတ်မှာ စွဲသွားဖို့ လွယ်သည်။

အနုပညာလောကထဲမှာ ကြောက်စရာအကောင်းဆုံး အရာက ဘာလဲ ဆိုရင် တခြား လူတွေက ကိုယ့်မျက်နှာကို မမှတ်မိကြတာပဲ ဖြစ်သည်။

အဓိက ဇာတ်ဆောင်ပဲ ဖြစ်ဖြစ် ၊ ဗီလိန်ပဲ ဖြစ်ဖြစ် ပရိသတ်တွေက ကိုယ့်မျက်နှာကို မှတ်မိနေလျှင် အောင်မြင်မှု တစ်ဝက် အနေအထားထက် ပိုသည်။

တခြား IP အစီအစဉ် နှစ်ခုကိုတော့ ဝတ္ထုအဖြစ် ပြောင်းလဲပုံဖော်ထားပြီး တစ်ခုကတော့ မော်ဒန်ခေတ် ရန်သူအကြောင်း ဖြစ်ကာ နောက်တစ်ခုကတော့ ပီကင်း အော်ပရာကဇာတ်အကြောင်း ရေးသားထားသည့် ရှေးခေတ် ဒရာမာ တစ်ခု ဖြစ်၏။

ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရွေ့ပြောင်းနေ့ထိုင်ခြင်းနှင့်အတူ ဘဝ အခြေကျလာပြီးနောက်ပိုင်း လူတွေဟာ ရှေးခေတ်ယဉ်ကျေးမှုအတိုင်း ပြန်လည် ဝတ်ဆင်ကြတာကို ပို၍ ပို၍ လေးစားမှုရှိလာခဲ့ကြသည်။

ရှေးခေတ် ဒရာမာတွေကလည်း သမိုင်းတွင်လောက်သော အချိန်မှာ တစ်ကားပြီးတစ်ကား ထွက်ပေါ်လာခဲ့ပေမဲ့ ကံမကောင်းစွာဖြင့် သဘာဝကျသော ရှေးခေတ် ယဉ်ကျေးမှုတွေ လစ်ဟာနေခြင်းကြောင့် ဒရာမာ အများစုဟာ လူတိုင်း သိသော အကြောင်းအရာတွေကိုသာ ထပ်တလဲလဲ ရိုက်ကူးနေပြီး လူတွေ စိတ်ထဲမှာ တသသ စွဲကျန်နေမည့် ဒရာမာမျိုးတွေ ဖြစ်မလာခဲ့။

ရှေးခေတ် ယဉ်ကျေးမှုကို ပုံဖော်ထားသည့် အိုင်ဒေါ ဒရာမာ ဇာတ်ကားများစွာကို အများကြီး ငွေကြေးကုန်ကျခံပြီး ရိုက်ကူးခဲ့ပေမဲ့ ရေပန်းစား လူသိများခဲ့တဲ့ ဇာတ်ကားရယ်လို့ ဘယ်လောက်မှ မရှိပေ။

ထို IP အစီအစဉ်ကို စုယန်ယန် ချက်ချင်း ရွေးချယ်လိုက်ရတဲ့ အဓိက အကြောင်းပြချက်တွေထဲမှာ စာရေးသူဟာ ရှေးခေတ် ယဉ်ကျေးမှုကို ကောင်းကောင်း နားလည်ပြီး ‘ ရှေးခေတ် ယဉ်ကျေးမှု ’ ဟု ခေါင်းစဉ်တပ်ရုံသာ တပ်ကာ လက်လွတ်စပယ် လျှောက်မရေးသည့် ပရော်ဖက်ရှင်နယ် စာရေးသူ တစ်ယောက် ဖြစ်နေခြင်းက တစ်ခု အပါအဝင် ဖြစ်သည်။

နောက်ထပ် အကြောင်းပြချက် တစ်ခုကတော့ စနစ်ကို အဆင့်မြှင့်တင်နေတုန်း ရတနာသေတ္တာပေါ်ကနေ ဆေးပညာနှင့် ဘာမှ မသက်ဆိုင်သော ရုပ်ပုံစာအုပ် တစ်အုပ် ပြုတ်ကျလာခဲ့သည်။ ထိုစာအုပ်က ပီကင်း အော်ပရာပြဇာတ် ဇာတ်လမ်း ဖြစ်၏။

ဒီလို စာကောင်းပေကောင်းနှင့် ပရော်ဖက်ရှင်နယ် တချို့ကြောင့် စုယန်ယန်သည် ဤ IP အစီအစဉ်နှင့် ပတ်သက်လို့ စွန့်စားကြည့်ချင်မိသည်။

“ အဲ့ဒီ IP အစီအစဉ်တွေက ဘာဖြစ်လို့လဲ။ ရန်ပုံငွေ မလုံလောက်လို့လား။ ”

“ မဟုတ်ပါဘူး ၊ ရန်ပုံငွေက လုံလောက်တယ်။ လူ တစ်ယောက်က အစ်ကိုတို့နဲ့ လက်တွဲချင်လို့တဲ့ … ”

“ လက်တွဲချင်လို့ ….. ” စုယန်ယန် မျက်ခုံးပင့်မိသွားသည်။ ဒရာမာထဲမှာ ဇာတ်ကောင်နေရာတွေ အများကြီး ရှိသည်။ သူတို့ကုမ္ပဏီ အနုပညာရှင်တွေကို ဂုဏ်မြှောက်စေရန် အတွက် ရုပ်ရှင်ရိုက်လျှင်တောင် ကိုယ့်ကုမ္ပဏီက လူတွေကိုပဲ သုံးဖို့ ဆိုတာကတော့ မဖြစ်နိုင်ပေ။

“ သုံးခုထဲက ဘယ်ဟာကို သူတို့ မျက်စိကျနေကြတာလဲ။ ”

“ ‘ ပျော်ရွှင်မှု ရန်ဘက် ’ ဆိုတဲ့ တစ်ခုပါ။ ”

‘ ပျော်ရွှင်မှု ရန်ဘက် ’ ဟာ မော်ဒန် IP အစီအစဉ် တစ်ခု ဖြစ်လေသည်။

စုယန်ယန် အနည်းငယ် အံ့ဩသွားသည်။ သူမအတွက်တော့ ထို IP အစီအစဉ် သုံးခုထဲမှာ အလားအလာအရှိဆုံးက ပီကင်း ကော်ပရာပြဇတ် အကြောင်း တီဗီဇာတ်လမ်းတွဲပဲ ဖြစ်သင့်သည်။

သို့သော် သူမ စဉ်းစားကြည့်တော့မှ ဤဒရာမာ အကြောင်းအရာက ပိုလို့ ထိလွယ်ရှလွယ်ပြီး ရိုက်ကူးရခက်သော ဒရာမာမျိူး ဖြစ်သည်။ အပြင်လူတွေရဲ့ မျက်လုံးထဲမှာတော့ ‘ ပျော်ရွှင်မှု ရန်ဘက် ’ ဒရာမာကို ရိုက်ကူးလျှင် အောင်မြင်မည့် အခွင့်အလမ်းက ဤဒရာမာထက် တော်တော်လေး ပိုများသည်။ ထိုလူတွေကလည်း အန္တရာယ်ကို လက်လွယ်စပယ် မရင်းရဲကြ။

“ ဘယ်ကုမ္ပဏီလဲ အစ်ကို။ ”

“ ကြွယ့်ယင်ပါ။ ”

“ ကြွယ့်ယင် … ” စုယန်ယန်သည် တုန်ချမ်းကို လက်ခံလိုက်ခြင်းနှင့်အတူ အနုပညာလောကထဲမှ တခြား ကုမ္ပဏီတွေအကြောင်းကိုလည်း သိလာဖို့ ကြိုးစားခဲ့သည်။

ကြွယ့်ယင်က သူတို့ကုမ္ပဏီနှင့် အရွယ်အစား တူတူပဲ ဖြစ်သည်။ အနုပညာရှင်တွေ အများကြီး မရှိသော်လည်း အသင့်အတင့် လည်ပတ်ဖွံ့ဖြိုးနေပြီး အတော်လေး အလားအလာကောင်းသည့် ကုမ္ပဏီ တစ်ခုလို့ ပြောလို့ ရသည်။

“ သူတို့သဘောထားကရော ဘယ်လိုလဲ။ ”

“ သူတို့က အမျိုးသားဇာတ်ကောင် နေရာ တစ်နေရာနဲ့ အမျိုးသမီးဇာတ်ကောင် နေရာ တစ်နေရာကို လိုချင်ကြတာပါ။ အပြန်အလှန်အနေနဲ့ သူတို့ဘက်က ရင်းနှီးငွေအဖြစ် ( ၁၀ ) သန်း ပေးပါ့မယ် တဲ့။ ”

( ၁၀ ) သန်း ဆိုတဲ့ ပမာဏက မနည်းလှပါ။ ခေတ်ပေါ်မြို့ပြ ဒရာမာတွေဟာ အရင်းအနှီး အများကြီး မလိုသလို ထူးခြားဆန်းပြားသော မိတ်ကပ်တွေ ၊ အဝတ်အစားတွေလည်း မလိုအပ်။ လိုအပ်သည့် ကနဦး ရင်းနှီးငွေက တခြား ဒရာမာ အမျိုးအစားတွေထက် နည်းသည်။

ကြွယ့်ယင်က ထိုဇာတ်ကောင်နေရာ နှစ်နေရာ အတွက် ဒီလောက် ငွေ ပမာဏကို သုံးချင်စိတ်ရှိတယ် ဆိုတာ တကယ့်ကို စေတနာရက်ရောတာ ဖြစ်လေသည်။

“ အဆင်ပြေပေမဲ့ အစ်ကို လူရွေးပွဲ လုပ်ဖို့တော့ လိုလိမ့်မယ်။ ပြီးတော့ ဒါရိုက်တာ စိတ်ကျေနပ်ဖို့လည်း လိုတယ်။ လူရွေးပွဲဝင်မယ့် အနုပညာရှင်က ကုမ္ပဏီတွင်းက အနုပညာရှင်ပဲဖြစ်ဖြစ် ၊ အပြင်က အနုပညာရှင်ပဲဖြစ်ဖြစ် ဇာတ်ညွှန်းက အတည်ဖြစ်သွားပြီ ဆိုတာနဲ့ ဇာတ်ညွှန်းကို ကိုယ့်စိတ်တိုင်းကျ ပြောင်းတာမျိုးလည်း လုပ်လို့ မရဘူး။ အသေးစိတ် အချက်အလက်တွေကို ညီမတို့ ဆွေးနွေးလို့ ရပါတယ်။ တခြား ဇာတ်ကောင်နေရာတွေ အတည်တကျ ဖြစ်သွားပြီ ဆိုတာနဲ့ ညီမကို ချက်ချင်း လာအသိပေးပါ။ ပြီးရင် သူတို့နဲ့ စာချုပ် ချုပ်လို့ ရပြီ။ ”

Chapter 546 - Did You Miss Me?

All Chapters