အခန်း ၅၄၉
Vol. 37 Ch. 549
အခန်း ( ၅၄၉ ) ဂန္ဓမာ ပင်လယ် ကကတစ်ငါးဟင်း။
လူတိုင်းက ထိုဟင်းလျာအကြောင်း သိချင်နေကြပါသည်။ ဝက်ပေါင်ရင်းသားဟင်းပွဲကို စုယန်ယန် ပထမဆုံးအကြိမ် ထုတ်ယူလိုက်ချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ကြည်ရှုမှု အခန်းထဲရှိ လူများစွာသည် အလိုလို မျက်မှောင်ကြုတ်သွားခဲ့ကြ၏။
ဝက်ပေါင်ရင်းသားရဲ့ အရသာက လူ အများစုအပေါ်မှာ အားကောင်းသော အကျိုးသက်ရောက်မှု ရှိသည်။ အထဲက အရွတ် ၊ အကြောလုံးတွေကို ဖယ်ရှားလိုက်လျှင်တောင် ဝက်ပေါင်ရင်းသား စတူး ဟင်းပွဲ အရသာကတော့ အချိန် အတော်ကြာထိ စွဲကျန်နေလိမ့်မည်။
ဟင်းပွဲတွေ အဆင်သင့် ဖြစ်သွားတာကို မြင်တော့ လူတိုင်းဟာ သိချင်စိတ်ပြင်းပြသွားသော်လည်း မမြည်းစမ်းကြည့်ရဲကြပေ။
[ ဒီဝက်ပေါင်ရင်းသား ဟင်းပွဲကို တင်ဆက်သူ ထုတ်လာတော့ အရသာကြောင့် ငါ ရူးသွားတော့မလားပဲ။ ချက်ထားတဲ့ ဝက်ပေါင်ရင်းသားက အရမ်း နူးညံ့ပြီး အရသာရှိနေလိမ့်မယ်လို့ ထင်မထားဘူး။ အရင်တုန်းက ချဉ်တဲ့ အရသာတွေ ဘာမှ မကျန်တော့ဘူးပဲ။ ]
[ ဟုတ်တယ် ၊ ဟုတ်တယ်။ ငါ ဒီဟင်းပွဲကို အရင်တုန်းက မစားရဲဘူး။ သူ့အနံ့က အရမ်း ပြင်းတယ်လို့ ငါ အမြဲတမ်း ခံစားခဲ့ရတာ။ တခြား လူတွေရဲ့ ကွန်းမန့်တွေကို မြင်တော့ ငါ မြည်းကြည့်ချင်လို့ တစ်ကိုက်လောက် စမ်းစားကြည့်လိုက်တာ ဒီအရသာကို ကြိုက်သွားပြီဟေ့။ ]
[ ဒါပေါ့ ၊ တင်ဆက်သူရဲ့ လက်ထဲ ရောက်ရင် အရာအားလုံး လက်ဖျားခါလောက်အောင် ပြောင်းလဲသွားတယ်။ ငါးဟင်းမှာ အညှီနံ မရှိတော့သလို သိုးသားဟင်းမှာလည်း ဘာအညှီနံ့မှ မရှိတော့ဘူး။ ဝက်ပေါင်ရင်းသားဟင်းကလည်း အခု အတူတူပဲ။ ကြွပ်ဆတ်ချိုမြနေတဲ့ သခွားသီးလေးတွေနဲ့ပါ ပေါင်းလိုက်တော့ အရသာက ထိပ်တန်းပဲ။ ]
[ မင်းက ငါ့ကို သွားရည်ကျအောင် လုပ်နေတာပဲ။ ငါလည်း စားချင်တာပေါ့လို့။ ]
စုယန်ယန်က အချိန် တချို့ ကြာသွားပြီးမှ ဖန်သားပြင်ကို တစ်ချက် ကြည့်လိုက်သည်။ လူ အများစုက ဝက်ပေါင်းရင်းသား ဟင်းပွဲရဲ့ အရသာကို သဘောကျကြောင်း မြင်သွားတော့မှ သူမ စိတ်သက်သာရာရသွားကာ နောက်ဟင်းပွဲ တစ်ပွဲ ဖြစ်သည့် ဂန္ဓမာ ပင်လယ် ကကတစ်ငါးဟင်းကို ပြင်ဆင်နေလိုက်သည်။
ဂန္ဓမာ ပင်လယ် ကကတစ်ငါးဟင်းလို့ ခေါ်တဲ့ ဟင်းပွဲကို ရရှိစေရန် အတွက် ပင်လယ်ကကတစ် ငါး တစ်ကောင်ရဲ့ အသားကို ဂန္ဓမာပန်း ပုံသဏ္ဍာန်ပေါ်အောင် လှီးဖြတ်ကာ ဝိုင်နှင့် စိမ်ထားရမှာပင်။ ထို့နောက် အရသာမှုန့်တွေနှင့် ရောနယ်ကာ အိုးထဲမှာ ကြော်ရပါမည်။ အဝေးကနေ ကြည့်လျှင် ထိုဟင်းပွဲဟာ ဖူးပွင့်နေသော ဂန္ဓမာပန်း တစ်ပွင့်နှင့် တူသည်။
ဟင်းလျာကို ပန်းကန်ထဲ ထည့်ပြီးသောအခါ ချက်ပြုတ်ထားသည့် အစိမ်းရောင် အသီးအရွက် အပိုင်းအစလေး တချို့ကို ပန်းကန်အောက်ခြေမှာ အလှဆင်ထားလိုက်သည်။ ဟင်းပွဲပန်းကန်တွေက ရုပ်ရှင် ဇာတ်ဝင်ခန်း တစ်ခန်းနှင့် တူပြီး လူတွေဟာ စားဖိုမှုးရဲ့ အံ့ဩဖွယ်ရာ အချက်အပြုတ်စွမ်းရည်နှင့် ဟင်းပွဲတွေရဲ့ ထူးခြားသော ပုံစံတွေကို လက်ဖျားမခါမိဘဲ မနေနိုင်ကြ။
“ ရှင်တို့ ဒီဟင်းပွဲကို ချက်နေရင်းနဲ့ သင့်တော်တဲ့ အချိန်မှာ သံပုရာရည် နည်းနည်းလောက် ညှစ်ထည့်လိုက်လို့ ရတယ်။ အဲ့ဒါကလည်း အညှီနံ့ကို ပျောက်စေတယ် ၊ ပြီးတော့ လတ်ဆတ်တဲ့ အရသာကိုလည်း ပိုပြီး ပေါ်လွင်စေတယ်။ ဒါကို နှုတ်မြိန်စွာဟင်းပွဲ တစ်ပွဲအနေနဲ့လည်း စားလို့ ရတယ်။ ဒါပေမဲ့ ဒီဟင်းပွဲက ကြော်ထားတာ ဆိုတော့ အပူဖုတွေ ပေါက်နေတဲ့ ပါးစပ်ပိုင်ရှင်တွေကတော့ သိပ်မစားတာ ပိုကောင်းမယ်။ ]
[ ရတယ် ရတယ် ၊ ဘာမှ မဖြစ်ဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ ဟင်းပွဲတွေကို အရသာမြည်းကြည့်တာက လက်တွေ့ကမ္ဘာမှာ သက်ရောက်မှုမရှိပါဘူး။ တကယ် စားနေရသလို ခံစားရအောင် လုပ်ပေးတဲ့ ပုံရိပ်ယောင် စနစ်ကို တီထွင်ပေးခဲ့တဲ့ လူကြီးမင်းတွေကိုလည်း နောက်တစ်ခေါက် ထပ်ကျေးဇူးတင်ရမယ်။ ငါ စားကောင်းသောက်ဖွယ်တွေ အကုန်လုံးကို ဗိုက်ပြည့်မှာ စိတ်ပူစရာ မလိုဘဲ မြည်းကြည့်လို့ ရသွားပြီ။ ]
[ အာ ၊ အပေါ်က ကွန်းမန့် မန့်သူရေ။ မင်း အခု အဲ့လို ပြောတော့မှ တင်ဆက်သူရဲ့ အချက်အပြုတ်လက်ရာကို အပြင်လောကမှာ မစားနိုင်လို့ ဝမ်းနည်းနေတဲ့ ငါ့ဝမ်းနည်းမှုတွေ အကုန်လုံး ရုတ်တရက် ပျောက်ကွယ်သွားပြီ။ ]
[ သူ ပြောတာ အဓိပ္ပာယ်ရှိပေမဲ့ အစာစားပြီးတဲ့နောက်မှာတောင် ငါ့အစာအိမ်ထဲမှာ ဟောင်းလောင်း ဖြစ်နေတယ်လို့ သိလိုက်ရတာက ပိုပြီးတောင် အနေရခက်စရာကောင်းတယ်။ အဟင့် အဟင့် ၊ တင်ဆက်သူရဲ့ ဟင်းလျာတွေက ငါ့အစာအိမ်ရဲ့ စားချင်စိတ်ကို အမြဲတမ်း လှုံ့ဆော်ပေးတယ်။ အခြေအနေ ပိုဆိုးလာမယ် ဆိုရင်တောင်မှ ငါကတော့ အဲ့ဒါကို စားချင်နေတုန်းပဲ။ ကျေးဇူးပြုပြီး ခဏနေ ကံစမ်းမဲနှိုက်ရင် ငါ့ကို ရွေးချယ်ပေးပါနော်။ ]
စုယန်ယန်က ဖန်သားပြင်ပေါ်မှာ ညည်းညူနေကြတဲ့ စကားတွေကို ကြည့်ကာ ဘာမှ မပြောဘဲ ပြုံးလိုက်သည်။
စားပွဲပေါ်က ဟင်းပွဲကို သူမ တစ်ချက် ကြည့်လိုက်တော့ အရမ်း နည်းနေသေးသည်ဟု ခံစားရတာကြောင့် နွေဦးမျှစ် နှပ်ချက်နှင့် ပဲစေ့စိမ်း ကြာစွယ် ဟင်းပွဲကို ထပ်ထည့်လိုက်သည်။
တကယ်တော့ ပဲစေ့စိမ်း ကြာစွယ် ဟင်းပွဲက အပူဓာတ်ကို လျှော့ချရန်အတွက် ဟင်းပွဲထဲမှာ ပါဝင်တဲ့ စေးပိုင်သော ထမင်းကို ပဲစေ့စိမ်းတွေနှင့် အစားထိုးမှာ ဖြစ်သည်။ စေးပိုင်သော ထမင်းနေရာမှာ ကြာစွယ်ကို သေးသေးလေးတွေ ဖြစ်အောင် လှီးဖြတ်ကာ အလယ်မှာ မြုပ်ထားသော ပဲစေ့စိမ်းတွေနှင့် ဖြည့်စွက်ထားသည်။
“ ရှင် တစ်ကိုက် ကိုက်လိုက်တဲ့အခါ ရေခဲချောင်းရဲ့ ချိုမြိန်တဲ့ အရသာနဲ့ ပဲစေ့စိမ်းလေးတွေရဲ့ လတ်ဆတ်တဲ့ အရသာက ပါးစပ်ထဲ ပျော်ဝင်သွားမှာပါ။ ကြာစွယ်ရဲ့ ကြွပ်ဆတ်တဲ့ အရသာနဲ့ ပဲစေ့စိမ်း စေးစေးတွေက ချိုတဲ့ အစားအစာတွေကို ကြိုက်တဲ့ ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးပါတယ်။ ”
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ပြီးဆုံးသွားပြီးနောက် စုယန်ယန်သည် စားဖိုမှူး အနည်းငယ်ကို ဟင်းပွဲတွေနှင့် စွပ်ပြုတ်ကို ယူလာဖို့ ပြောလိုက်သည်။
သို့သော်လည်း သူမ မီးဖိုချောင်ထဲမှ ထွက်,ထွက်ချင်းမှာပဲ ဟောက်ချန်ဟွမ်းနှင့် မိသားစု သုံးယောက်ကို မျက်နှာချင်းဆိုင်လိုက်ရ၏။